VAS » Blacklist and Stop feature
Blacklist and Stop feature
1. ထပ်ဆောင်းဝန်ဆောင်မှုကိုပယ်ဖျက်ခြင်း ဆိုတာဘာလဲ?
1414 အောက်ပါအချက်များကို ပေးပို့ပြီး အောက်ဖော်ပြပါလုပ်ဆောင်မှုများကိုပြုလုပ်နိုင်သည်။
- “ Stop” ” ဟု စာတို ပေးပို့ခြင်းဖြင့် ထပ်ဆောင်း ဝန်ဆောင်မှုများကို စစ်ဆေး၊ ပယ်ဖျက်နိုင်ပါသည်။
- “ Blacklist / BL” ဟု စာတိုပေးပို့ခြင်းဖြင့် ထပ်ဆောင်းဝန်ဆောင်မှုအားလုံးကို Blacklist ပြုလုပ်နိုင်ပါသည်။
2. ထပ်ဆောင်းဝန်ဆောင်မှုအားလုံးကို တစ်ချိန်ထဲတွင် ပယ်ဖျက်လို့ရနိုင်ပါသလား?
ထပ်ဆောင်းဝန်ဆောင်မှုအားလုံးကို တစ်ချိန်ထဲတွင် ပယ်ဖျက်လို့ရနိုင်ပါသည်။
1> 1414 သို့ “ Stop” ဟုစာတို ပေးပို့ပါ။
2> ထို့နောက် သင်ရယူထားသော ထပ်ဆောင်းဝန်ဆောင်မှုများကို ဖော်ပြထားသည့်စာရင်း မှ သင် ပယ်ဖျက်လိုသော ဝန်ဆောင်မှုအား ရွေးချယ်ပယ်ဖျက်နိုင်ပါသည်။
3. ထပ်ဆောင်းဝန်ဆောင်မှုများကို Blacklist ပြုလုပ်လို့ရပါသလား?
ဟုတ်ကဲ့။ သင် အနေဖြင့်ထပ်ဆောင်းဝန်ဆောင်မှုများအားလုံးကို blacklist ပြုလုပ်နိုင်ပါသည်။
1414 သို့ “ BL” ဟု ပေးပို့ပြီးတာနဲ့ သင်လက်ရှိ ရယူထားသော ဝန်ဆောင်မှုများနှင့် MPT ring tune မှလွဲ၍ တခြား ထပ်ဆောင်းဝန်ဆောင်မှုအသစ်များ အားလုံးကို ရယူအသုံးပြုနိုင်တော့မည်မဟုတ်ပါ။
4. ထပ်ဆောင်းဝန်ဆောင်မှုများကို SMS မှတဆင့် Blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများ အားလုံးပါ ပယ်ဖျက်သွားမည်လား?
Blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများအားလုံး မပယ်ဖျက်သွားနိုင်ပါ။ လက်ရှိရယူထား သော ဝန်ဆောင်မှုများကို ပယ်ဖျက်လိုပါက unsubscribe လုပ်ရန်လိုအပ်ပါသည်။
5. ဖုန်းနံပါတ်က Blacklist ထဲရှိနေပါက တခြားဝန်ဆောင်မှုများကို ဘယ်လိုရယူနိုင်မလဲ?
၁၀၆ သို့ခေါ်ဆို မေးမြန်း၍ အခြား ဝန်ဆောင်မှု အသစ်ကို ရယူနိုင်ပါသည်။
6.ထပ်ဆောင်းဝန်ဆောင်မှုများကို Blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများအားလုံးကို ဆက်လက်အသုံးပြုရနိုင်မည်လား။?
ထပ်ဆောင်းဝန်ဆောင်မှုများကို blacklist ပြုလုပ်ပါက လက်ရှိရယူထားသော ဝန်ဆောင်မှုများအားလုံးကို ဆက်လက်အသုံးပြုနိုင်ပါသည်။