MPT Myanmar | Moving Myanmar ForwardBooking mm - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

Booking.com သည်အွန်လိုင်းခရီးသွားအေဂျင်စီတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင်အကြီးဆုံးနေရာအခန်းများကို ပံပိုးပေးသူဖြစ်သည်။

MPT Club ဆုလက်ဆောင်

MPT Club အဖွဲ့ဝင်များအတွက် : Booking.com တွင် မိမိ အသုံးပြုလိုက်သောအခန်းခ ကျပ်ငွေပမာဏ အပေါ်မူတည်ပြီး 2% MPT Point များပြန်လည်ရရှိမည်ဖြစ်သည်။ (ဥပမာ ၁,၀၀၀ကျပ် သုံးစွဲတိုင်း MPT Point (၂၀) ရရှိမည်ဖြစ်သည်)

ဆုလက်ဆောင်ကိုဘယ်လိုရယူမလဲ?

၁။ MPT အမှတ်တံဆိပ်ပါရှိသော Booking.com webpage:  www.booking.com/mptclub အားဝင်ရောက်ပါ။
၂။ သင်၏ booking.com အကောင့်အားစာရင်းပေးသွင်းပါ (သို့) ဝင်ရောက်ပါ။
၃။ သင် တည်းခိုရန် အခန်းများကို ရှာဖွေပြီး ရွေးချယ်ပါ။
၄။ သင်၏ အခန်းကြိုတင်စာရင်းပေးသွင်းမှုကို အတည်ပြုပြီး၊ သင်၏ MPT Club ဖုန်းနံပါတ်အားထည့်သွင်းပါ။
၅။ Booking ပြုလုပ်မှုအားလုံး အတည်ပြုပြီးလျှင် ပျော်ရွှင်စွာနေထိုင်နိုင်ပါပြီ။
၆။ သင်၏ MPT Point များကို သင် booking ပြုလုပ်နေထိုင်ပြီးသည့်နောက် ရက်ပ်ေါင်း (၆၄) ရက် (သို့) ထက်ပိုသောရက် အတွင်း ရရှိမည်ဖြစ်သည်။

စည်းမျဉ်းစည်းကမ်းများ

၁။ ယခုပရိုမိုးရှင်းအစီအစဥ်သည် MPT Club အဖွဲ့ဝင်များအတွက်သာ ဖြစ်သည်။
၂။ MPT အမှတ်တံဆိပ်ပါရှိသော Booking.com webpage:  www.booking.com/mptclub မှတဆင့်ပြုလုပ်သော အခန်း booking များသာလျှင် ယခုပရိုမိုးရှင်းအစီအစဥ်အတွက် အကျုံးဝင်သည်။
၃။ www.booking.com (သို့) Booking.com ၏ mobile app များ မှတဆင့်ပြုလုပ်သော အခန်း booking များသည် ယခုပရိုမိုးရှင်းအစီအစဥ်အတွက် အကျုံးမဝင်ပါ။
၄။ Booking ပြုလုပ်နေစဥ် (သို့) ပြုလုပ်အပြီး တွင် သင်၏ MPT Club ဖုန်းနံပါတ်အားထည့်သွင်းရန်လိုအပ်သည်။
၅။ သင်၏ MPT Point များကို သင် booking ပြုလုပ်နေထိုင်ပြီးသည့်နောက် ရက်ပေါင်း (၆၄) ရက် (သို့) ထိုရက်ထက်ပိုသော ရက်အတွင်း ရရှိမည်ဖြစ်သည်။
၆။ သင်၏ MPT Point များကို MPT မှထည့်သွင်းပေးမည်ဖြစ်သည်။
၇။ ယခင် နေထိုင်ခဲ့သော booking များ မှ ပြန်လည်၍ MPT Point များအား တောင်းခံ၍မရပါ။
၈။ သင်သည် အချက်အလက်များဖြည့်သွင်းရာတွင် MPT Club အချက်အလက် နှင့် booking ပြုလုပ်ရာတွင်ထည့်သွင်းသော အချက်အလက် အချို့အား MPT သို့ မျှဝေရာတွင် သဘောတူညီသည်။