×

Call Me Back

လက်ခံရရှိသူထံသို့ဤ “Call Me Back “တောင်းဆိုသည့်SMS မည်သို့ပေါ်မည်နည်း။

MPT ၏ “Call Me Back” ဝန်ဆောင်မှုကို အကျုံးဝင်သည့် လက်ခံရရှိသူမအနေဖြင့် အောက်ပါ စာသားဖြင့် စာတိုတစ်စောင်ကို လက်ခံရရှိမည်ဖြစ်ပါသည်။ “Hello, please call me back at 09XXXXXXXX!”

ဤအခမဲ့ “Call Me Back “ဝန်ဆောင်မှုSMS တွင် ကိုယ်ရေးကိုယ်တာ မှတ်စုများကို ထပ်မံထည့်သွင်း၍ပေးပို့/လက်ခံနိုင်ပါသလား။

ဤအခမဲ့ “Call Me Back “ SMS တွင်ပါဝင်သည့် အကြောင်းအရာမှာ လတ်တလောတွင် ပုံသေသတ်မှတ်ထားပြီး ဖြစ်ပါသည်။ သို့သော်ငြား သုံးစွဲသူအနေဖြင် ့အသက်သာဆုံး နှုန်းထားဖြစ်သော SMS တစောင်လျှင်၁ဝကျပ်နှုန်းဖြင့်ပေးပို့နိုင်ပါသည်။

ဤအခမဲ့ “Call Me Back “ ဝန်ဆောင်မှုအား နိုင်ငံရပ်ခြားသို့ ခရီးသွားနေသော အချိန်တွင်ပေးပို့/လက်ခံနိုင်ပါသလား။

ဤအခမဲ့ “Call Me Back “ ဝန်ဆောင်မှုသည် မြန်မာနိုင်ငံအတွင်း၌ရှိသောMPT prepaid and postpaid GSM/WCDMA သုံးစွဲသူများအတွက်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပြင်ပသို့ ရောက်ရှိနေသော အချိန်တွင်ပေးပို့ခြင်း/လက်ခံခြင်းအတွက် ပြုလုပ်နိုင်မည်မဟုတ်ပါ။

ဤ “Call Me Back “ဝန်ဆောင်မှုကိုမြန်မာဘာသာဖြင့်SMS ပေးပို့၍ရနိုင်ပါသလား။

လတ်တလောမှာတော့ ဤဝန်ဆောင်မှုအား အင်္ဂလိပ် ဘာသာဖြင့်သာလျှင် စာတို (SMS) ပေးပို့/လက်ခံနိုင်ပါသည်။ သို့သော်လည်းMPT မှမြန်မာဘာသာဖြင့်ပေးပို့/ လက်ခံ ရရှိရန် ဆောင်ရွက်နေလျှက်ရှိရာ မကြာမီအချိန်မှာ ပေးပို့/လက်ခံရရှိတော့မည့်ဖြစ်ပါသည်။

ဤအခမဲ့ “Call Me Back “ ဝန်ဆောင်မှုအား တခြား MECTel/Telenor/Ooredoo သုံးစွဲသူများအား ပေးပို့၍ရနိုင်ပါသလား။

ဤအခမဲ့ “Call Me Back “ ဝန်ဆောင်မှုသည်MPT prepaid and postpaid GSM/WCDMA သုံးစွဲသူများအတွက်သာဖြစ်ပါသည်။သို့သော်ငြားလည်း သုံးစွဲသူအနေဖြင့် တခြား MECTel/Telenor/Ooredoo သုံးစွဲသူများအား အသက်သာဆုံးနှုန်းထားဖြစ်သော SMS တစောင်လျှင် ၁ဝကျပ်နှုန်းဖြင့် ပေးပို့နိုင်ပါသည်။

အကယ်၍သုံးစွဲသူမှ “Call Me Back “ မဟုတ်ဘဲမိမိတို့၏ ကိုယ်ရေးကိုယ်တာ မှတ်စုများကို ထပ်မံထည့်သွင်းခြင်း(သို့) MPT မဟုတ်သောတခြားoperator နံပါတ်သို့SMS ပို့မည်ဆိုပါက SMS အခမဲ့ ပေးပို့ခွင့်ရနိုင်ပါသလား။

အကယ်၍သုံးစွဲသူမှ “Call Me Back “ မဟုတ်ဘဲမိမိတို့၏ ကိုယ်ရေးကိုယ်တာမှတ်စုများကို ထပ်မံထည့်သွင်းခြင်း(သို့) MPT မဟုတ်သောတခြားoperator နံပါတ်သို့SMS ပို့မည်ဆိုပါက MPT၏ စျေးအသက်သာဆုံးဖြစ်သော SMS တစ်စောင်လျှင် ၁ဝကျပ်နှုန်းဖြင့် ပေးပို့နိုင်ကြောင်း အသိပေးရမည်ဖြစ်ပါသည်။