MPT Myanmar | Moving Myanmar Forward Call Forwarding Service MM - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

Call Forward ဝန်ဆောင်မှု

Call Forward ဝန်ဆောင်မှုကို မည်သို့ ရယူရမည်နည်း။

Call Forward ဝန်ဆောင်မှုစတင်အသုံးပြုရန် “CF” ဟုရိုက်ကာ 1331 သို့ SMS ပေးပို့ပါ။ ဝန်ဆောင်မှုအားလျှောက်ထားရယူရန်မှာ အခမဲ့ဖြစ်ပါသည်။ လစဉ်ကြေးပေးရန်မလိုပါ။

လက်ခံရရှိသော အဝင်ခေါ်ဆိုမှုများအား အခြားနံပါတ်တစ်ခုသို့ လွှဲပြောင်းပေးနိုင်ပါသလား။

လက်ခံရရှိသော အဝင်ခေါ်ဆိုမှုများအား MPT ဖုန်းနံပါတ်များသို့သာ လွှဲပြောင်းပေးနိုင်ပါသည်။

Call Forward ဝန်ဆောင်မှုအား အသုံးမပြုလိုတော့ပါက မည်သို့ပြုလုပ်ရမည်နည်း။

“CF OFF” ဟုရိုက်ကာ 1331 သို့ မက်ဆေ့ ပေးပို့ရမှာဖြစ်ပါသည်။

Call Forward ဝန်ဆောင်မှုအား ဘယ်လိုအသုံးပြုရပါသလဲ။

Call Forward ဝန်ဆောင်မှုမှာ လက်ခံရရှိသော အဝင်ခေါ်ဆိုမှုများအား အခြားနံပါတ်တစ်ခုသို့ လွှဲပြောင်း
ပေးနိုင်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။ လက်ခံရရှိသောအဝင်ခေါ်ဆိုုမှုကို လွှဲပြောင်းပေးလိုပါက အောက်ပါ
အတိုင်း ပြုလုပ်နိုင်ပါသည်။
၁)
*21*လွှဲပြောင်းပေးလိုသောဖုန်းနံပါတ်# ကိုခေါ်ဆိုရပါမည် (ဥပမာ – *21*09xxxxxxx#)
၂)
မိမိ၏ဖုန်းရှိ Settings သို့ သွားရောက်ပြီး always forward, forward when busy, forward when unanswered, forward when unreachable အစရှိသည်တို့ကို ရွေးချယ်ပေးပြီး လွှဲပြောင်းပေးလိုသော
ဖုန်းနံပါတ်ကို ထည့်ထားရပါမည်။ ပုံမှန်အားဖြင့် Settings များကို Calls တွင် တွေ့ရှိနိုင်ပါသည်။

လွှဲပြောင်းပေးသောအဝင်ခေါ်ဆိုမှုများအတွက် မည်မ ျှပေးဆောင်ရပါသလဲ။

Call Forwarding ဝန်ဆောင်မှုကိုရယူခြင်းမှာအခမဲ့ဖြစ်ပါသည်။
Call Forwarding ဝန်ဆောင်မှုကို အသုံးပြုရာတွင် အဆိုပါဝန်ဆောင်မှုကို လျှောက်ထားအသုံးပြုသူမှ ခေါ်ဆိုခနှုန်းထားအတိုင်း ကျသင့်မည် ဖြစ်ပါသည်။
အသုံးပြုပုံမှာ-
A (ခေါ်ဆိုသူ) -> B (လွှဲပြောင်းသူ) ->; C (လက်ခံရရှိသူ)
ယခု ဝန်ဆောင်မှုအားအသုံးပြုရာတွင် လွှဲပြောင်းသူမှာ ဆွေသဟာအသုံးပြုပါက တစ်မိနစ်လျှင် ၂၃ ကျပ်နှုန်းဖြင့်ကျသင့်မည်ဖြစ်ပြီ၊ ရိုးရိုးနှုန်းထားအသုံးပြုပါက တစ်မိနစ်လ ျှင် ၅၀ ကျပ် (အသုံးပြုသူနည်းသည့်အချိန် ည ၁၁ နာရီိနောက်ပိုင်းအတွက် ၂၅ ကျပ်) တို့အသီးသီးကျသင့်ပါမည်။