×

CANAL+ နှင့် MPT တို့မှ အခပေး အထူးရုပ်သံလိုင်း ၉ လိုင်း နှင့် အခမဲ့ ရုပ်သံလိုင်း ၂ လိုင်းအား မိုဘိုင်းလ်ဖုန်းများပေါ်တွင် လွယ်ကူစွာ တိုက်ရိုက်ကြည့်ရှုနိုင်မည့် “အမိုက်စား အစီအစဉ်” တစ်ရပ်အား ပူးပေါင်းတင်ဆက်

14 Nov 2019

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်၊ ရန်ကုန်မြို့) – မြန်မာနိုင်ငံ၏အခပေးရုပ်သံလိုင်း စီစဉ်တင်ဆက်သူ ဖြစ်သည့် CANAL+နှင့် မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် ထိပ်တန်းမှဦးဆောင်လျက်ရှိသော ဆက်သွယ်ရေးလုပ်ငန်း ဖြစ်သည့် MPT တို့သည် MPT ဆင်းမ်ကတ်အသုံးပြုသူများ အားလုံးအတွက် အခပေး အထူးရုပ်သံလိုင်း ၉ လိုင်းနှင့် အခမဲ့ ရုပ်သံလိုင်း ၂ လိုင်း တို့အား myCANAL Myanmar မိုဘိုင်းလ်ဖုန်းအက်ပလီကေးရှင်းမှ တစ်ဆင့် တိုက်ရိုက်ကြည့်ရှုခွင့်ရမည့် “အမိုက်စား အစီအစဉ်” တစ်ရပ်ကို တရားဝင် ပူးပေါင်း တင်ဆက်သွားမည် ဖြစ်ပါသည်။

MPT အသုံးပြုသူများ သည် အမျိုးအစားစုံလင်သော CANAL+ ကိုယ်ပိုင်ဖန်တီးမှုရုပ်သံဇာတ်လမ်းတွဲများ၊ လက်ဝှေ့ နှင့် အားကစားအစီအစဉ် ၊ တိုက်ရိုက်ထုတ်လွှင့်မှုများ၊ မြန်မာပရိသတ်အကြိုက် ရုံတင်ရုပ်ရှင်ဇာတ်ကားကောင်းများ၊ နာမည်ကြီးအဆိုတော်များ၏ တေးသီချင်းဗွီဒီယိုများ၊ ပညာပေး ဖျော်ဖြေရေး အစီအစဉ်များကို မြန်မာပရိသတ်အတွက် ၁၀၀ ရာနှုန်းပြည့် မြန်မာစာတန်းထိုး၊ မြန်မာနောက်ခံစကားပြောတို့ဖြင် တင်ဆက်ပေးနေသော အခပေး ရုပ်သံလိုင်း ၉ လိုင်း နှင့် အခမဲ့ ရုပ်သံလိုင်း ၂ လိုင်းကို တိုက်ရိုက်ကြည့်ရှုနိုင်မည့်အစီအစဉ်အား တရားဝင်စတင်မိတ်ဆက်သည့် အနေနှင့် တစ်ပတ်လျှင် အထူးစျေးနှုန်း ၈၀၀ ကျပ်တည်းဖြင့် ခံစားနိုင်မည် ဖြစ်ပါသည်။

ဒီဂျစ်တယ် မိုဘိုင်းလ်ဖျော်ဖြေရေး အက်ပလီကေးရှင်း myCANAL Myanmar မှ တစ်ဆင့် MPT အသုံးပြုသူများ နှင့် မြန်မာရုပ်ရှင်ချစ်သူများသည် ရုပ်ရှင်ဇာတ်ကားကောင်းများ နှင့် ဇာတ်လမ်းတွဲများအား ၄င်းတို့၏ မိုဘိုင်းလ်ဖုန်းပေါ်တွင် တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ myCANAL Myanmar မိုဘိုင်းလ်ဖုန်း အက်ပလီကေးရှင်းတွင် ကြည့်ရှုနိုင်မည့် အထူးရုပ်သံလိုင်းများမှာ CANAL+ ZAT LENN (ဇာတ်လမ်း)၊ CANAL+ SPORTS (အားကစား)၊ CANAL+ ACTION (အက်ရှင်)၊ CANAL+ MAE MADI (မယ်မဒီ)၊ CANAL+ SU SANN (စူးစမ်း)၊ CANAL+ GITA (ဂီတ)၊ CANAL+ HA HA (ဟဟ)၊ CANAL+ CHATATE (ချာတိတ်)၊ CANAL+ PUPTUTUE (ပူတူတူး) တို့ဖြစ်ပြီး အခမဲ့ရုပ်သံလိုင်းများဖြစ်သည့် MRTV-4 နှင့် Channel 7 တို့လည်း ပါဝင်ပါသည်။

MPT အသုံးပြုသူများသည် အားကစားအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုများ၊ စိတ်ဝင်စားဖွယ်တီဗီအစီအစဉ်များ နှင့် ရုံတင် ရုပ်ရှင်ဇာတ်ကားကြီးများကို အထူးစျေးနှုန်း တစ်ပတ်လျှင် ၈၀၀ ကျပ်ဖြင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ စိတ်ကြိုက်ခံစားကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ထို့နောက်တွင်မူ ပုံမှန်စျေးနှုန်း တစ်ပတ်လျှင် ၉၉၉ ကျပ်ဖြင့် ဆက်လက် ခံစားကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

“ကျွန်တော်တို့ MPT အနေနဲ့ မြန်မာပရိသတ်အကြိုက် မြန်မာမှုပြုထားတဲ့ အစီအစဉ်တွေကို ဖန်တီးထုတ်လုပ်သူတွေ၊ ဆန်းသစ်တဲ့ မိုဘိုင်းလ်ဖုန်း အက်ပလီကေးရှင်းတွေကို တီထွင်သူတွေနဲ့ လက်တွဲ ပူးပေါင်းမှုတွေ ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် နဲ့ အမျိုးအစား အများအပြား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ စားသုံးသူတွေရဲ့ ဒီဂျစ်တယ် လူနေမှုပုံစံများကို ပိုမိုမြှင့်တင်ပေးဖို့ ရည်မှန်းထားပါတယ်။ CANAL+ နဲ့ ယခုလို လက်တွဲ ပူးပေါင်း လိုက်တဲ့အတွက်အဆင့်မြင့် ဖျော်ဖြေရေး အစီအစဉ်တွေကို အလွန်သက်သာ တဲ့စျေးနှုန်းတွေ နဲ့ လွယ်ကူစွာ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် အခွင့်အရေးကို ကမ်းလှမ်းနိုင်ခဲ့ပါတယ်။ CANAL+ အနေနဲ့လည်း မြန်မာ ပရိသတ်တွေရဲ့ အကြိုက်ကိုသိရှိပြီး အမျိုးအစားစုံလင်လှတဲ့ ဖျော်ဖြေရေးဝန်ဆောင်မှုတွေကို ပိုမို တိုးမြှင့်ပြီး လုပ်ဆောင်သွားမယ်လို့ ယုံကြည်ပါတယ်” ဟု MPT – KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့ပါသည်။

“CANAL+ အနေနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမှဦးဆောင်လျက်ရှိသော ဆက်သွယ်ရေးလုပ်ငန်း ဖြစ်တဲ့ MPT နဲ့ အခုလို ပထမဦးဆုံး အကြိမ် လက်တွဲပူးပေါင်းခွင့်ရတဲ့ အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့နှစ်ဦးနှစ်ဖက်လုံးက သုံးစွဲသူတွေအတွက် MPT နဲ့ myCANAL Myanmar မိုဘိုင်းလ်အက်ပလီကေးရှင်းက တစ်ဆင့် အချိန်မရွေး၊ နေရာမရွေးတီဗီအစီအစဉ်တွေ ကိုကြည့်ရှုနိုင်မယ့် အခွင့်အရေးကို သာမကပဲ နောက်ထပ် နောက်ထပ် ဝန်ဆောင်မှုအသစ်တွေကိုလည်း အစဉ်အမြဲ တီထွင်ကြံဆပြီးပေးအပ်သွားမှာ ဖြစ်ပါတယ်။ MPT အသုံးပြုသူများအနေနဲ့ CANAL+ ရုပ်သံလိုုင်းတွေ မှာ တင်ဆက်ပေးနေတဲ့ အစီအစဉ်ကောင်းများကို မလွဲမသွေ နှစ်သက်ကြမှာ သေချာပါတယ်” ဟု CANAL+ Myanmar FG ၏ Chief Executive Officer ဖြစ်သူ Mr. Erwan Luherne မှ ပြောကြားခဲ့ပါသည်။

myCANAL Myanmar မိုဘိုင်းလ်အက်ပလီကေးရှင်းကို ယခုဆိုလျင် Google Play Store https://goo.gl/oncZGP  နှင့် Apple App Store https://goo.gl/3WRAqN မှ တစ်ဆင့် ဒေါင်းလုတ်ဆွဲရယူနိုင်ပြီ ဖြစ်ပါသည်။ ဒေါင်းလုတ်ဆွဲပြီးနောက် MPTကွန်ရက်အသုံးပြု၍ လွယ်ကူသောအဆင့်အချို့ကို ဖြတ်သန်း ရုံမျှဖြင့် မိုဘိုင်းလ် အက်ပလီကေးရှင်းထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး တီဗီအစီအစဉ်များကို စတင်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

MPT အသုံးပြုသူများသည်အက်ပလီကေးရှင်းစတင်အသုံးပြုရန် ပထမဆုံးအဆင့်အဖြစ် http://mycanal.canal-plus.com.mm/mpt မှ တစ်ဆင့် ဝင်ရောက်ရန် သို့မဟုတ် နံပါတ် 8434 သို့ “ON” ဟု SMS ပို့ရန် လိုအပ်ပါသည်။ ထို့နောက် MPT အင်တာနက်အသုံးပြုကာ မိုဘိုင်းလ်ဖုန်း အက်ပလီကေးရှင်းတွင် ပေါ်လာသော “MPT Subscribers” ဆိုသော ခလုတ်ကို ရွေးချယ်ရုံဖြင့် OTP (မိမိတို့ ဖုန်းနံပါတ်အား ယာယီ ကုတ်နံပါတ် တစ်ခု ပို့ဆောင်ပေးသွားမည့်)  နည်းလမ်းဖြင့် Log In ဝင်ရောက်နိုင်သည့် အချက်အလက်များကို လုံခြုံစွာဖြင့် ရရှိနိုင်မည် ဖြစ်ပါသည်။

အဆိုပါ မိုဘိုင်းလ်အက်ပလီကေးရှင်း တွင် အချိန်ပြည့်မအားလပ်သည့် MPT အသုံးပြုသူများအတွက် လွယ်ကူစွာ နှင့် အချိန်ကုန် သက်သာစွာ အသုံးပြုနိုင်သော Feature များစွာပါဝင်ပါသည်။ myCanal Myanmar မိုဘိုင်းလ် အက်ပလီကေးရှင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် အကူအညီလိုအပ်ပါက သုံးစွဲသူများ အနေနှင့် MPT Call Center နံပါတ် ၁၀၆ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

MPT သုံးစွဲသူများအနေဖြင့်ဝန်ဆောင်မှုများ နှင့် ပတ်သက်၍ ပိုမို သိရှိလိုပါက MPT Call Center နံပါတ် ၁၀၆ သို့ ဆက်သွယ်မေးမြန်းခြင်း၊ MPT official Facebook Page ဖြစ်သည့်  https://www.facebook.com/mptofficialpage/  သို့မဟုတ် MPT official website www.mpt.com.mm တို့သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။