×

CDMA သုံးစွဲသူများအနေဖြင့် GSM ငွေဖြည့်ကတ်များဖြင့်လည်း ငွေဖြည့်နိုင်ပြီဖြစ်သည်။

13 Dec 2016

လေးစားရပါသော MPT မိုဘိုင်းဖုန်းအသုံးပြုသူများခင်ဗျာ,
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းအသုံးပြုသူများအား အရည်အသွေးပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများပေးနို်င်ရန် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း ကိုအောင်မြင်စွာ ပြုလုပ်ပြီး ဖြစ်ပါတယ်။ CDMA သုံးစွဲသူများဟာ ယခုချိန်မှာဆိုရင် CDMA ငွေဖြည့်ကတ်ရှာဝယ်ရန်မလိုတော့ဘဲ GSM ငွေဖြည့်ကတ်များဖြင့်လည်း ငွေဖြည့်နိုင်ပြီဖြစ်ပါတယ်။ လက်ရှိစျေးကွက်တွင်ရောက်ရှိနေသော CDMA ငွေဖြည့်ကတ်များကိုလည်း ပုံမှန်အတိုင်း အသုံးပြုနိုင်မှာဖြစ်ပြီး နောင်တွင် MPT အနေဖြင့် CDMA ငွေဖြည့်ကတ်ဟု သီးခြား ထပ်မံထုတ်လုပ်တော့မှာမဟုတ်ဘဲ GSM ငွေဖြည့်ကတ်ဖြင့် အားလုံးအသုံးပြုနိုင်ပြီဖြစ်ပါတယ်။