×

COCA-COLA နှင့် MPT တို့ရဲ့ “REFRESH & TOP-UP PROMOTION”

30 Sep 2015

အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး

ရန်ကုန်-မြန်မာ ၊ စက်တင်ဘာလ ၃၀ ရက်၂၀၁၅၊ Coca-Cola နှင့် MPT တို့၏ “Refresh & Top-up Promotion” အစီအစဉ်မှ ကံထူးသူများ နေ့စဉ်နှင့်အမျှ ပေါ်ထွက်လျက်ရှိရာ ကြုံတောင့်ကြံုခဲ အထူးဆု ကျပ်ငွေ ၁၀သိန်း တန်ဖိုးရှိသော MPT ဖုန်းငွေဖြည့်ဆု ကံထူးရှင်များလည်းအပါအဝင်ဖြစ်ပါသည်။ တစ်နိုင်ငံလုံးအနေဖြင့် သန်းပေါင်းများစွာသော ဆုမဲများကို ရယူဖို့ရန်အလို့ငှာ ဤအစီအစဉ်အား ၂၀၁၅ခုနှစ် နှစ်ကုန်အထိ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအနှံ့မှ အရသာရှိသော Coca-Cola အေးအေးလေး သောက်သုံးသူ အားလုံးအတွက် လန်းဆန်းမှုများ ခံစားနိုင်စေရန်နှင့် MPT ဖြင့် ချစ်ခင်ရတဲ့  မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့်လည်း ဆက်သွယ်မှု ရှိနေစေနိုင်ရန် ဤအစီအစဉ်ကို စီစဉ်တင်ဆက်ရခြင်း ဖြစ်ပါသည်။

“ဒီ ကံစမ်းမဲ အစီအစဉ်အကြောင်းကို ကျွန်တော့်အမေဆီက သိရတာလေ။ အမေက ဒီ “Coca-Cola MPT Refresh & Top-up Promotion” အတွက်  ပုလင်းအဖုံးလေးကို ကျွန်တော် ကံစမ်းရအောင်လို့ သိမ်းထားပေးတယ်”  ဟု  အထူးဆုကို ဆွတ်ခူးခဲ့သော ကိုငြိမ်းဇော်ကို (အသက် ၁၈နှစ်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ တွင် နေထိုင်သူ) မှ ပြောပြသွားပါသည်။ “ကျွန်တော် ခဏခဏ ကံစမ်းကြည့်ဖြစ်တယ်။ ကျပ် (၁၀)သိန်းတန် ဆုကြီးပေါက်တယ်လည်း ဆိုရော ကျွန်တော် စိတ်လှုပ်ရှားပြီး ပျော်လိုက်ရတာ ဆိုတာလေ။ အမေလည်း အံသြပြီးအရမ်းပျော်တယ်” ဟု ယင်းက ဆိုသည်။

ကိုငြိမ်းဇော်ကို အပါအဝင် အထူးဆုကံထူးရှင်များ ဖြစ်ကြသော သာကေတမြို့နယ်နေ ဒေါ်ကြည်ကြည်ဝင်းနှင့် ရွှေပြည်သာ မြို့နယ်နေ ကိုအေးသိန်းနှင့် မမြတ်ယုမွန်တို့အား စက်တင်ဘာလ ၁၈ရက်နေ့က Coca-Cola  Myanmar ၏ အခမ်းအနား သို့ ဖိတ်ခေါ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် Coca-Cola Myanmar ၏ Marketing Director ဖြစ်သူ Rommal P.Fuentebella နှင့် MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Koichi Kawase တို့မှ အဆိုပါ အခမ်းအနားကို ဝမ်းမြောက်စွာ ပါဝင်တက်ရောက် ခဲ့ပါသည်။

“ဒီအစီအစဉ်မှာ ကံထူးတဲ့လူတွေကို ကျွန်တော်တို့ က ဂုဏ်ပြုကြိုဆိုသလို တစ်ဖက်ကလည်း ၂၀၁၅ နှစ်ကုန်အထိ ကံစမ်းမဲ ကံထူးတဲ့သူတွေ အများကြီးကို မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ သိထားတာကတော့ လူတော်တော်များများအတွက် ပြည့်စုံကောင်းမွန်တဲ့ အားလပ်ချိန်ဆိုတာ Coca-Cola အချိုရည်အေးအေးလေးကို သောက်ရင်း သူတို့ရဲ့ ချစ်ခင်သူတွေနဲ့ဆက်သွယ်ပြောဆိုလို့ ရတဲ့ အချိန်ကို ခေါ်တာပါ ။ မြန်မာပြည်သူပြည်သားတွေအနေနဲ့ အခု ဒီ Refresh & Top-Up Promotion အစီအစဉ်ကနေပြီး တက်ကြွလန်းဆန်းပြီး ချိတ်ဆက်နိုင်မယ့် အခွင့်အရေးကို ရရှိစေမှာ ဖြစ်ပါတယ်” ဟု Mr.Fuentebella မှ ပြောပြခဲ့ပါသည်။

Coca-Cola နှင့် MPT တို့ရဲ့ “Refresh & Top-Up Promotion” အစီအစဉ်မှ ငွေကျပ် (၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့်ကဒ် အထူးဆုသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အရောင်းမြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့်အားလျော်စွာ ကံထူးသူများအနေဖြင့် နှစ်နှင့်ချီ၍ ချစ်ခင်သူ မိသားစု၊ သူငယ်ချင်းများနှင့် အခမဲ့ ဆက်သွယ်နိုင်မှာလည်းဖြစ်ပါသည်။ သတ်မှတ်နှုန်းထားများအရ အထူးဆုအားဖြင့် SMS အရေအတွက် ၆၆,၀၀၀ စောင် တိတိ ပေးပို့နိုင်သည် သို့မဟုတ် တယ်လီဖုန်းခေါ်ဆိုချိန်ပေါင်း ၄၃,၀၀၀မိနစ်ကျော် ကြာမြင့်အောင် ပြောဆိုနိုင်မှာဖြစ်ပြီး ယင်းအချိန်ကာလသည် တစ်လလုံးအဆက်မပြတ် ဖုန်းခေါ်ဆိုသည့် အချိန်ထက်ပင်် ပိုမိုကြာမြင့်ပါသည်။ ယင်းအထူးဆုဖြင့် မြန်နှုန်းမြင့် data များကို ၁၃၃ GBအထိ အသုံးပြုနိုင်မည် ဖြစ်ပြီး ယင်းပမာဏသည် သီချင်းအပုဒ်ရေ ၃၃,၀၀၀ ကျော်ကို download ဆွဲသည်နှင့် ညီမျှပြီး online video များအား ၆၆,၀၀၀  မိနစ်ကြာ ကြည့်ရှုနိုင်သည့် ပမာဏနှင့်လည်း ညီမျှပါသည်။

“ကျွန်မရဲ့ ခဲအိုက Coca-Cola နှင့် MPT တို့ရဲ့ “Refresh & Top-Up Promotion” အကြောင်း တီဗွီမှာ ကြော်ငြာ တွေ့လို့ ကျွန်မကို ပြန်ပြောပြတယ်။ အဲဒါနဲ့ပဲ ကျွန်မလည်း အိမ်အနီးအနား ဆိုင်တစ်ဆိုင်ကနေပြီး Coca-Cola ကထုတ်တဲ့အချိုရည် ဝယ်ခဲ့တယ်။ ပေါက်တာကတော့  အဲဒီ ပထမဆုံးအကြိမ်မှာတင် (၁၀)သိန်း တန်ဖိုး ရှိတဲ့ ဆုကြီးပေါက်ပါလေရော” ဟု ဒေါ်ကြည်ကြည်ဝင်းက ဆိုသည် ။ “အစတုန်းကတော့ ကျွန်မ ကံစမ်းမဲပေါက်တာ တစ်သိန်းလောက်ပဲထင်ထားတာ။ နောက်မှ ကျပ်(၁၀)သိန်းဖိုးဖုန်းငွေ ဖြစ်နေမှန်း သိရတယ်။ ကျွန်မဖြင့် ပျော်လိုက်တာ နှစ်ညလောက်ကို အိပ်လို့ မရဘူး” “MPT ရဲ့ဝန်ဆောင်မှုကအင်မတန်ကောင်းပါတယ်။ အခုလို Coca-Cola နဲ့အတူ ပူးတွဲစီစဉ်တဲ့အတွက်လည်းအရမ်းပျော်ပါတယ်” ဟု သူမက ဆိုခဲ့ပါသည်။

“ကျွန်တော့်အနေနဲ့ လူတွေအများကြီး ဒီ MPT ဖုန်းငွေဖြည့်ကံစမ်းမဲတွေပေါက်ပြီး နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ ကိုယ့်ရဲ့မိဘ၊မိတ်ဆွေ၊သူငယ်ချင်းတွေကို ဖုန်း၊မေ့ဆေ့ချ်၊အင်တာနက်တွေကနေတဆင့် ဆက်သွယ်ခွင့်တွေ ပိုရရှိနိုင်တာကို အထူးပဲစိတ်လှုပ်ရှားဝမ်းမြောက်မိပါတယ်” လို့ Mr.Kawase ကဆိုပါတယ်။ “ဆက်လက်ပြီးတော့ တခြားလူတွေလည်း ဒီ Coca-Cola နှင့် MPT တို့ရဲ့ “Refresh & Top-Up Promotion” မှာထပ်မံဝင်ရောက်ကံစမ်းရင်း ကျန်ရှိနေသေးတဲ့သိန်းချီတန် ဖုန်းငွေဖြည့်ကံစမ်းမဲတွေအရယူနိုင်ကြဖို့လည်း မျှော်လင့်ပါတယ်” လို့သူကဆိုပါသည်။

Coca-Cola နှင့် MPT တို့သည် “Refresh & Top-Up Promotion” ၏ ပျော်ရွင်ရင်ခုန်စရာများကို  မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၁၅ခုနှစ် ဇူလိုင်လမှ စတင် မျှဝေခဲ့ပါသည်။ Coca-Cola ရောင်းချရာ အနယ်နယ်အရပ်ရပ်တွင် ကံစမ်းမဲအစီအစဉ် အတွက် အထူးပြုလုပ်ထားသော ကြော်ငြာဆိုင်းဘုတ်များဖြင့် လူအများသိရှိအောင် ထားရှိပါပြီး တက်ကြွလန်းဆန်းနေပြီး သူငယ်ချင်းများနှင့် အမြဲချိတ်ဆက်နေနိုင်ဖို့အတွက် ဤအစီအစဉ်တွင်ပါဝင်ခြင်းက အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ကြောင်း ရုပ်မြင်သံကြားကြော်ငြာနှင့် ရေဒီယိုကြော်ငြာများလည်း ဖော်ပြထားပါသည်။  လူမှုကွန်ယက်မီဒီယာများမှတဆင့် နိုင်ငံတစ်ဝှမ်းမှ ဆုမဲကံထူးရှင်များကို ၎င်းတို့၏ အပျော်များ မျှဝေနိုင်ရန် Coca-Cola Myanmar ၏ Facebook Page မှတဆင့် ဖိတ်ခေါ်လျက်ရှိပြီး ကံစမ်းမဲ အစီအစဉ်၏ နောက်ဆုံးရ သတင်းများကို ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ လူငယ်များ MPT မှတဆင့် ဆက်သွယ်သုံးစွဲနိုင်ရန်နှင့် ပွဲ၏ ပျော်ရွှင်စရာ အမှတ်တရများကို ချက်ချင်းမျှဝေနိုင်ရန်အတွက် Coca-Cola နှင့် MPT တို့သည် “Refresh & Top-Up Promotion” ကို Coca-Cola ရဲ့တက်ကြွလန်းဆန်းစေမည့် အားလပ်ချိန် ဂီတဖျော်ဖြေပွဲများ ပါဝင်သည့် Coca-Cola ပျော်ရွှင်ခြင်း ခရီးစဉ်များတွင် ပေါင်းစပ်ပြုလုပ်လျက်ရှိပါသည်။ Coca-Cola နှင့် MPT တို့ရဲ့ “Refresh & Top-Up Promotion” ကာလအတွင်း ပရိသတ်များသည် Refresh & Top-up Promotion မှာ ပါဝင်ခြင်းအားဖြင့်Coca-Cola နှင့် MPT တို့ရဲ့ ဖုန်းငွေဖြည့်ဆုမဲများကို ကံထူးနိုင်မည့် အခွင့်အရေးသာမက Coca-Cola ဖြင့် လန်းဆန်းနိုင်မည်လည်း ဖြစ်ပါသည်။ နောက်ထပ် ပျော်ရွှင်ခြင်းခရီးစဉ် ကိုလည်း အောက်တိုဘာလ ၃ရက်တွင် ရွှေဘိုမြို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တဆထက်တဆ တိုးပွားကျယ်ပြန့်စွာကျင်းပလျက်ရှိသော အရောင်းမြှင့်တင်မှု အစီအစဉ်များအနက် Coca-Cola နှင့် MPT တို့ရဲ့ “Refresh & Top-Up Promotion” သည် အဖုံးတွင်း ကံစမ်းမဲများအနက် ကံထူးသူများအား အခမဲ့ တိုက်ရိုက်ဖုန်းငွေဖြည့်ပေးမည့် ပထမဦးဆုံးသော အစီအစဉ်လည်း ဖြစ်ပါသည်။ သန်း ၉၀ ထက်ပိုသော MPT မိုဘိုင်းငွေဖြည့် ကံစမ်းမဲကုတ်နံပါတ် များကို မြန်မာပြည်အနှံ့ ဖြန့်ချိရောင်းချလျက်ရှိသည့် Coca-Cola, Coca-Cola Zero, Sprite နှင့် Max+ အချိုရည် ပလပ်စတစ်ဘူး၊ ပုလင်း နှင့် သံဗူးများ၏ အဖုံးများတွင် ပုံနှိပ်ထုတ်လုပ်ထားပါသည်။ MPT ၏ 2626 သို့ အခမဲ့ SMS ဖြင့် code နံပါတ်ကို ပေးပို့နိုင်ပြီး ဖုန်းငွေဖြည့် ပေါက်မဲနှင့် တန်ဖိုးကို သိရှိနိုင်ပါသည်။ ကံထူးသူများသည် ၂၀၀၊ ၁၀၀၀၊ ၁၀,၀၀၀ နှင့် ကျပ်၁၀သိန်း တန်ဖိုးရှိ ဖုန်းငွေဖြည့်ပေးမှုများကို ၎င်းတို့၏ ကုဒ်နံပါတ် ပေးပို့သည့် MPT မှ GSM/WCDMA ဖုန်းများထဲသို့ တိုက်ရိုက် ချက်ချင်းရရှိနိုင်မည် ဖြစ်ပါသည်။ ကံစမ်းမဲပေါက်သွားသော ဖုန်းဘေလ်ပမာဏကို 1331 သို့ BAL ဟု SMS ပေးပို့ခြင်းဖြင့် ပြန်လည်စစ်ဆေးကြည့်ရှုနိုင်ပါသည်။ ကံထူးသူများသည် ပေါက်မဲ MPT ဖုန်းငွေဖြည့်မှု များဖြင့် MPT ဖုန်းအချင်းချင်းခေါ်ဆိုခြင်း၊ မက်ဆေ့ချ်ပေးပို့ခြင်းနှင့် အင်တာနက် ချိတ်ဆက်မှု တို့အတွက် အသုံးပြုနိုင်ပါသည်။

မြန်မာနိုင်ငံအတွင်းရှိ စားသုံးသူများအနေဖြင့် MPT ဖုန်းငွေဖြည့်မှုများကို ရယူရန် များစွာသောအချိန်များ ကျန်ရှိသေးသည့်အတွက် တက်ကြွလန်းဆန်းစေမည့် Coca-Cola သောက်သုံးရင်း အခွင့်အရေးများအား ရယူဖို့ရန် အလို့ငှာ အဆိုပါ အစီအစဉ်အား ဒီဇင်ဘာလ ၃၁ ရက်အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်ပါသည်။ ပေါက်မဲ ဖုန်းငွေဖြည့်တန်ဖိုးများသည် ကံစမ်းမဲပေါက်သည့် နေ့မှစတင်၍ တစ်နှစ်သက်တမ်းအထိ ရှိပါသည်။ ထို့အပြင် တန်ဖိုးအမြင့်ဆုံး ကျပ် ၁၀သိန်းရရှိသူ၏ ဖုန်းငွေဖြည့်မှုသည် ၄ နှစ်သက်တမ်းအထိ ခံစားခွင့်ရှိပါသည်။ အထူးဆု အခု ၁၀၀ အပါအဝင် ၁၅ သန်းသော ဆုမဲများအား ကံစမ်းရန် အရသာရှိသော Coca-Cola အေးအေးလေး သောက်သုံးသူအားလုံးအတွက် သန်းနှင့်ချီသောအခွင့်အရေးများနှင့်အတူ လန်းဆန်းမှုများ ခံစားရစေရန် နှင့် ပျော်ရွှင်စရာ အခိုက်အတန့်များ အတူမျှဝေနိုင်မည်ဖြစ်ပါသည်။

Coca-Cola နှင့် MPT တို့ရဲ “Refresh & Top-Up Promotion” နှင့် နောက်ထပ် ကျင်းပမည့် ပျော်ရွှင်ခြင်းခရီးစဉ် အစီအစဉ်များ နှင့် ၎င်းပျော်ရွှင်ခြင်း ခရီးစဉ်အတွက်  လက်မှတ်ရရှိနိုင်မည့် နေရာများ အပါအဝင် နောက်ဆုံးရသတင်း အချက်အလက်များကို Coca-Cola Myanmar Facebook Pagewww.facebook.com/CocaColaMyanmar နှင့် MPT Facebook Page www.facebook.com/mptofficialpage တို့တွင် အသေးစိတ် ဝင်ရာက်လေ့လာနိုင်ပါသည်။