×

Coca-Cola နှင့် MPT တို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အောင်မြင်မှုများစွာရရှိခဲ့သည့် “Refresh and Top-up” ပရိုမိုးရှင်းအစီအစဉ်အား (၃) နှစ်မြောက်အဖြစ် ထပ်မံပြုလုပ်

22 May 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ မေလ ၂၂ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT က Coca-Cola မြန်မာ နှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အောင်မြင်မှုများစွာ ရရှိခဲ့သည့် “Refresh and Top-up” ပရိုမိုးရှင်းအစီအစဉ်အား (၃) နှစ်မြောက်အဖြစ် ထပ်မံပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့သတင်း ထုတ်ပြန်ကြေညာလိုက်သည်။ MPT သုံးစွဲသူများသည် “Refresh and Top-up” ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ဖြင်းဖြင့် MPT မိုဘိုင်းလ်ဖုန်းငွေဖြည့် ဆုလက်ဆောင်များ ရရှိမည်ဖြစ်ပြီး ၎င်းတို့၏မိသားစု၊ မိတ်ဆွေသူငယ်ချင်းများ နှင့် အမြဲဆက်သွယ်နိုင်တော့မည်ဖြစ်သည်။

ပရိုမိုးရှင်းကာလဖြစ်သည့် မေလ (၁) ရက်နေ့ မှ သြဂုတ်လ (၃၁) ရက်နေ့အတွင်း Coca-Cola ထုတ်ကုန်များဖြစ်သော Coca-Cola ၊ Coca-Cola Zero ၊ Max+ ၊ Minute Maid ၊ Aquarius ၊ Heaven and Earth ၊ Max Power နှင့် Sprite တို့ကို ဝယ်ယူသည့် MPT သုံးစွဲသူများသည် အဝါရောင်ပုလင်းအဖုံးများ၊ သံကွင်းများအောက်တွင် ကုတ်နံပါတ်များကို ရှာဖွေနိုင်မည်ဖြစ်သည်။ အဆိုပါ ပရိုမိုးရှင်းအစီအစဉ်မှာ သံဘူးများတွင်သာမက ပလတ်စတစ်ဘူးဖြင့် ထုတ်လုပ်ထားသည့် Coca-Cola ထုတ်ကုန်များအားလုံး အကျုံးဝင်မည် ဖြစ်ပါသည်။ MPT သုံးစွဲသူများသည် ၎င်းကုတ်နံပါတ်များကို 2626 သို့ အခမဲ့စာတိုပေးပို့ ခြင်းဖြင့် ၂၀၀၊ ၁,၀၀၀၊ ၅,၀၀၀၊ ၁၀,၀၀၀ ကျပ် နှင့် (၁၀) သိန်းကျပ်တန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုလက်ဆောင်များကို ရရှိမည်ဖြစ်ပြီး ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများသို့ တိုက်ရိုက်ဖြည့်သွင်းပေးသွားမည် ဖြစ်ပါသည်။

Coca-Cola နှင့် MPT တို့၏ “Refresh and Top-up” ပရိုမိုးရှင်းအစီအစဉ်သည် MPT သုံးစွဲသူများအတွက် မိသားစုနှင့် မိတ်ဆွေများအကြား အဆက်အသွယ်မပြတ် ချိတ်ဆက်နိုင်စေရန်နှင့် ၎င်းတို့၏ ကြည်နူးပျော်ရွှင်ဖွယ်အချိန်များအား ပိုမိုမျှဝေစေနိုင်ရန် လုပ်ဆောင်ပေးထားခြင်း ဖြစ်သည်။ သုံးစွဲသူများအတွက် ကုန်ကျစရိတ် သက်သက်သာသာဖြင့် မိသားစုဝင်များနှင့် သူငယ်ချင်းများကို အဆင်ပြေစွာဆက်သွယ်ပြောဆိုနိုင်မည့်အခွင့်အရေးများကို ပံ့ပိုးပေးရန်အတွက် အဆိုပါ ပရိုမိုးရှင်းအစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “၂၀၁၈ ခုနှစ်အတွက် Coca-Cola နဲ့ MPT တို့ရဲ့ “Refresh and Top-up ” ပရိုမိုရှင်းအစီအစဉ်ကို ပြန်ပြီးစတင်နိုင်လို့ အလွန်ပဲဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေက သူတို့ရဲ့ သူငယ်ချင်းတွေန့အဲ တူတူ အပန်းဖြေတဲ့အချိန်တွေမှာ Coca-Cola ရဲ့ ပုလင်းအဖုံးတွေ ဒါမှမဟုတ် သံဘူးတွေမှာပါတဲ့ ကုတ်တွေကနေ MPT ဖုန်းငွေဖြည့်ဆုလက်ဆောင်တွေရရှိနိုင်မယ့် အခွင့်အရေးတွေ ရရှိမှာပါ။ အထူးအမှတ်အသားပါတဲ့ Coca-Cola ထုတ်ကုန်တွေ တိုင်းမှာ (၁၀) သိန်းဆု ၁၀ ဆုအပါအဝင် ကျပ်သိန်းပေါင်း(၃)သောင်းကျော် တန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုလက်ဆောင်တွေကို သုံးစွဲသူတွေဆီ ပေးအပ်သွားမှာ ဖြစ်သလို Coca-Cola နဲ့ MPT တို့ရဲ့ “Refresh and Top-up” ပရိုမိုးရှင်း အစီအစဉ်ကို နှစ်သက်ကြမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

Coca-Cola Myanmar မှ General Manager ဖြစ်သူ Mr. Rehan Khan က “ကျွန်တော်တို့ Coca Cola နဲ့ MPTတို့ ရေရှည်လက်တွပဲ ူးပေါင်းဆောင်ရွက်ခဲ့တဲ့ “ Refresh and Top Up” ပရိုမိုးရှင်း အစီအစဉ်ဟာ အလွန်ပဲအောင်မြင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက စားသုံးသူတွေရဲ့ လူနေမှုဘဝအစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေရမယ်ဆိုတဲ့ ကတိကဝတ်နဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို မိတ်ဆက်ပေးလိုက်ပြီး အခုလို ကမ္ဘာ့အဆင့်ပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်အောင်ပွဲခံနိုင်စေဖို့
ဆောင်ရွက်ပေးထားတာလည်း ဖြစ်ပါတယ်။ ဘောလုံးအားကစားဟာ ပေါင်းစည်းမှုကို ကိုယ်စားပြုပြီးမြန်မာပြည်သူတွေရဲ့ နှလုံးသားထဲမှာလည်း နက်နက်ရှိုင်းရှိုင်း အမြဲ နေရာယူထားပါတယ်။ ပြိုင်ပွဲရဲ့ official partner အနေနဲ့ ပြိုင်ပွဲတွေထက်ပိုမိုတဲ့ နှစ်သက်မှုကို ရရှိနိုင်မှာဖြစ်သလို စားသုံးသူအားလုံး ကို မိမိတို့ ချစ်ခင်ရသူတွေနဲ့ပါ ပြန်လည်ဆက်သွယ်နိုင်စေမယ့် စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေကိုလည်း ဆောင်ရွက်ပေးသွားမှာပါ” ဟု ပြောကြားသည်။

MPT ၏ GSM/WCDMA သုံးစွဲသူများအားလုံး Coca-Cola ၏ အထူးထုတ်ကုန်များ၏ ပုလင်းအဖုံးနှင့် သံကွင်းများအောက်တွင်ရှိသော ကုတ်နံပါတ်များကို 2626 သို့ အခမဲ့စာတိုပေးပို့ပြီးသည်နှင့် ၎င်းကုတ်နံပါတ်သည် ကံထူးသည့်နံပါတ်ဖြစ်ပါက ပေးပို့သည့် ဖုန်းနံပါတ်အတွင်းသို့ ဖုန်းငွေဖြည့် ဆုလက်ဆောင်ကို အလိုအလျောက် ဖြည့်သွင်းပေးသွားမည်ဖြစ်သည်။ ဆုမဲရရှိသည့် MPT ဖုန်းငြွေဖည့်ပမာဏဖြင့် MPT အချင်းချင်းဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့ခြင်း (SMS) နှင့် မိုဘိုင်းလ်အင်တာနက်ချိတ်ဆက်မှုများ အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းငွေဖြည့် ဆုလက်ဆောင်များကို လက်ခံရရှိသည့် နေ့မှစ၍ (၁၂) လအတွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး (၁၀) သိန်းဆုအတွက် (၂၄) လ အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများက ၂၀၁၈ ခုနှစ် သြဂုတ်လ (၃၁) ရက်အထိသာ ကုတ်နံပါတ်များကို ပေးပို့နိုင်မည်ဖြစ်ကာ တစ်ရက်လျှင် ကုတ်နံပါတ်များကို (၅) ကြိမ်အထိ ပေးပို့ကံစမ်းနိုင်မည် ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် စတင်ပြုလုပ်ခဲ့သည့် “ Refresh and Top Up” ပရိုမိုးရှင်း အစီအစဉ်သည် မြန်မာနိုင်ငံအနှံ့အပြားရှိ သုံးစွဲသူများအတွက် ဖုန်းငွေဖြည့်ဆုလက်ဆောင်များ ပေးအပ်ခဲ့သည့် ပထမဆုံးသော အဖုံးတွင်း ကံစမ်းမဲ အစီအစဉ်ဖြစ်ပြီး (၃) နှစ်တာကာလအတွင်း ပါဝင်ဆင်နွှဲသူပေါင်း (၂၈.၅) သန်းကျော်ထိ ရှိခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ပါဝင်ဆင်နွဲသူအရေအတွက် အများဆုံးနှင့် ဆုငွေ ပမာဏအများဆုံးသော ပရိုမိုးရှင်း အစီအစဉ်အဖြစ် စံချိန်တင်ခဲ့သည်အထိ အောင်မြင်မှုများ ရရှိခဲ့ပါသည်။ ထို့အပြင်ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင်လည်း ၎င်းအစီအစဉ်သည် ကမ္ဘာ့ဈေးကွက်နှင့် အကောင်းဆုံးကြော်ငြာဆု (၃) ဆုကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်ရရှိထားခဲ့သည်။

“Refresh and Top-Up” ပရိုမိုးရှင်းအစီအစဉ်၏ နောက်ဆုံးရသတင်းများ၊ MPT နှင့် Coca-Cola ၏ အသေးစိတ်ပရိုမိုးရှင်းအစီအစဉ်များအကြောင်းသိရှိလိုပါက Hotline နံပါတ် ၁၀၆ သို့ ခေါ်ဆိုခြင်း ၊ MPT ၏ တရားဝင် Facebook စာမျက်နှာ facebook.com/mptofficialpage သို့မဟုတ် Coca-Cola Myanmar Facebook စာမျက်နှာ facebook.com/cocacolamyanmar တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။