×

Communicast Myanmar 2015 အိုင်စီတီပွဲကြီးတွင် MPT မှ ပါဝင်မည်

13 Nov 2015

[:my]ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၇ မှ ၁၉ အထိ ရန်ကုန် Myanmar Event Park တွင်ပြုလုပ်မည့် Communicast Myanmar 2015 အိုင်စီတီ ပြပွဲတွင် ပါဝင်ပြသမည်ဟု သတင်းထုတ်ပြန် ကြေညာလိုက်သည်။

 

MPT မှ စီးပွားရေးလုပ်ငန်းဖောက်သည်များအား  D1 ရှိ MPT ပြခန်းသို့ လာရောက်လေ့လာရန်ဖိတ်ခေါ်ပါသည်။ အရောင်းပြခန်းတွင် MPT ၏ ကျွမ်းကျင်ပညာရှင်များမှ MPT ၏ ၀န်ဆောင်မှုအသစ်ဖြစ်သော စီးပွားရေးလုပ်ငန်းသုံးဆိုင်ရာ ဒေတာကွန်ရက် ဝန်ဆောင်မှုများ (Data Network Services for Enterprise) နှင့် မိုဘိုင်းဝန်ဆောင်မှုများ (Mobile Services for Enterprises)အကြောင်းကို ရှင်းလင်းတင်ပြချက်များနှင့်အတူ စီးပွားရေးဆိုင်ရာဆွေးနွေးမှုများပါ ပြုလုပ်ပေးမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးဈေးကွက်အတွင်း နှစ်ပေါင်း ၆၀ ကျော်လုပ်ငန်းအတွေ့အကြုံမှ သိရှိခဲ့ရသည့်အကြောင်းအရာများကို ပြန်လည်ဝေမျှပေးခြင်းအားဖြင့် MPT ၏ “ ရှေ့သို့လှမ်းချီမြန်မာပြည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျင့်သုံးလျက်ရှိသည်။

 

Communicast Myanmar ကို ၂၀၁၄ ခုနှစ်က ပထမအကြိမ်ကျင်းပခဲ့ပြီး ကုမ္ပဏီပေါင်း ၉၀ ၊ ပညာရှင်ပေါင်း ၂၀၈၆ ကျော် လာရောက်ခဲ့ပြီး ယခုနှစ်တွင် ပိုမိုများပြားမည်ဟု ခန့်မှန်းထားသည့်။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ ကြီးမှူးကျင်းပသော နိုင်ငံတကာမြန်မာအိုင်စီတီပြပွဲကိုလည်း ယခုကျင်းပသော Myanmar Event Park တွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး စိတ်ဝင်တစားလာရောက်သူများပြားခဲ့သည်။ ထိုသို့ အိုင်စီတီပွဲများလုပ်ရာ နေရာဖြစ်သည့်အတွက် အိုင်စီတီကဏ္ဍကိုစိတ်ဝင်စားသူများအနေဖြင့် တစ်နေရာထဲတွင်  ဂြိုလ်တု (Satallite) နှင့် broadband နည်းပညာမှစ၍ မိုဘိုင်းနှင့်စီးပွားရေးလုပ်ငန်းသုံးများအထိ သိရှိနိုင်မည်ဖြစ်သည်။ လာရောက်ကြည့်ရှုလေ့လာသူများကိုလည်း ပြပွဲကျင်းပချိန် အတွင်း ဗဟုသုတများနှင့် လက်တွေ့ပြသမှုများကိုပါ ရရှိခံစားစေနိုင်မည်ဖြစ်သည်။[:]