×

COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း

10 Nov 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်)

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ MPT Own Shop ဆိုင်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦး၌ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ ထပ်မံစစ်ဆေး တွေ့ရှိမှုနှင့် စပ်လျဉ်း၍ လိုအပ်သည့် ဆောင်ရွက်ရန်ရှိသည်များကို နှောင့်နှေးမှုမရှိဘဲ လုပ်ဆောင်လျက်ရှိပြီး အဆိုပါ ဝန်ထမ်းသည် နိုဝင်ဘာလ ၆ ရက်နေ့အထိ ဆိုင်တွင် တာဝန် ထမ်းဆောင်ခဲ့ကြောင်း MPT ကသတင်း ထုတ်ပြန်လိုက်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်စဥ်ဆက်မပြတ် ဆက်သွယ်ကာ လုပ်ငန်းတွင်းနှင့်လုပ်ငန်းပြင်ပမှ ထိတွေ့မှု ရှိသူများကို ခြေရာခံခြင်းနှင့် အဆိုပါ ရောဂါကူးစက်မှု တွေ့ရှိရသူနှင့်အတူ ဆက်စပ်နိုင်သည့် မိမိတို့၏သုံးစွဲသူများနှင့် ဝန်ထမ်းများသို့ လိုအပ်သည်များကို ကူညီဆောင်ရွက်သွား မည်ဖြစ်သည်။ ရောဂါပိုးတွေ့ရှိခဲ့ရသည့် ဝန်ထမ်းများကို ရောဂါကုသရေးဌာနသို့လွှဲပြောင်းပို့ဆောင်ခဲ့ပြီး အပြည့်အဝ ပြန်လည် ကောင်းမွန်နိုင်ရန်အတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ကုသမှုများကို ဆောင်ရွက် လျက်ရှိပါသည်။

MPT အနေဖြင့် ယခုကဲ့သို့ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် ဆက်လက်လိုက်နာ ဆောင်ရွက်လျက်ရှိပါသည်။ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ စတင်ပြန့်ပွားချိန်ကပင်စတင်ပြီး MPT Own Shop ဆိုင်များတွင် တိကျခိုင်မာသော ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ချက်များကို ဆောင်ရွက်လျက်ရှိကာ မိမိတို့၏ သုံးစွဲသူများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုတို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိပါသည်။

ယခုဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းခွင်အတွင်းနှင့် လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို ကိုဗစ်-၁၉ ကူးစက်မှု အရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ထို့အပြင် MPT ၏ ဝန်ဆောင်မှုများ ကို သုံးစွဲသူများ အနေဖြင့် နေအိမ်မှပင် MPT4U App အသုံးပြုခြင်း၊ MPT Call Center 106 နှင့် MPT Facebook messenger တို့မှတစ်ဆင့်လည်း အဆင်ပြေချောမွေ့စွာ ရယူသုံးစွဲနိုင်ပါသည်။

ယခုကဲ့သို့ဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။