×

COVID-19 ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

16 Oct 2020

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မိုက္ကရိုဝေ့ စခန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ မရမ်းကုန်းရုံး၊ မောင်ထော်လေးရုံး နှင့် အလုံရုံး တို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၄) ဦး၊စုစုပေါင်း ဝန်ထမ်း (၅)ဦး တို့တွင် COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်းများ သည် Facility Quarantine ဝင်ထားသူ ဖြစ်သောကြောင့် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခုလို ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့် ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။