latest news

COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း  

Published 02 Jul 2021

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၂)ဦး၊ မူဆယ်မြို့ တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦး နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း(၁)ဦး စုစုပေါင်းဝန်ထမ်း (၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသည့်ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် သက်ဆိုင်ရာရုံးများအတွင်း ဆေးဖြန်းခြင်း နှင့် ထိတွေ့ခဲ့သူများအား စုံစမ်းစစ်ဆေးပြီး လိုအပ်သော ကာကွယ်မှုအစီအစဉ်များကိုလျင်လျင်မြန်မြန်ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပါသည်။ ကိုရိုနာ ဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ စတင်ပြန့်ပွားချိန်ကပင်စတင်ပြီး တိကျခိုင်မာသော ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ချက်များကို ဆောင်ရွက်လျက်ရှိကာ မိမိတို့၏ သုံးစွဲသူများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုတို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိပါသည်။

မိမိတို့အနေဖြင့်  လုပ်ငန်းခွင်အတွင်းနှင့်လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှုမရှိစေရန် အတွက် အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူး တင်ရှိပါသည်။

best operator in Myanmar