×

နာမည်ကျော်အဆိုတော် တင်ဇာမော် ပါဝင်သည့် “High-Street Live Concert” နှင့်အတူ ပျော်ရွှင်စရာ သီတင်းကျွတ်ပွဲတော်ကို ဆင်နွှဲကြစို့

20 Oct 2020

(ယခုလို ခက်ခဲသောကာလအတွင်း အွန်လိုင်းမှတိုက်ရိုက် ဖျော်ဖြေခြင်း အစီအစဉ်သည် MPT သုံးစွဲသူများအတွက် စိတ်ကြည်နူး ပျော်ရွှင်ဖွယ်ရာများ၊ ရင်ခုန်စိတ်လှုပ်ရှားမှုများနှင့် ကောင်းမွန်သော ဖျော်ဖြေရေးရသကို ပေးစွမ်းနိုင်မည်)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်) – MPT သည် Nine Planets Entertainment နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သီတင်းကျွတ်ပွဲတော် ကျင်းပလေ့ရှိသော အချိန်အခါတွင် မိမိတို့နေအိမ်မှာပင် နေထိုင်ရသော မြန်မာပြည်သူပြည်သားများကို စိတ်ကြည်နူး ပျော်ရွှင်ဖွယ်ရာများ၊ ရင်ခုန်စိတ်လှုပ်ရှားမှုများနှင့် စိတ်ခွန်အားမြှင့်တင်နိုင်ရန်အတွက် ထူးခြားကောင်းမွန်သော ဖျော်ဖြေရေးများနှင့် စိတ်အပန်းပြေစေလိုသော ရည်ရွယ်ချက်ကောင်းများဖြင့် မြန်မာနိုင်ငံ ၏ နာမည်ကျော်ကြားသော အနုပညာရှင်များဖြစ်သည့် အဆိုတော် တင်ဇာမော်၊ ဖြိုးပြည့်စုံနှင့် ဂျူဝယ်တို့မှ ပါဝင်ဖျော်ဖြေသွားမည့် အွန်လိုင်းမှတိုက်ရိုက်ဖျော်ဖြေခြင်း အစီအစဉ် “High-Street Live Concert” ကို စီစဉ်တင်ဆက် ပေးသွားမည် ဖြစ်သည်။
Nine Planets Entertainment (9P) သည် မြန်မာနိုင်ငံရှိ ဖျော်ဖြေရေးအေဂျင်စီများအနက် တစ်ခုဖြစ်ပြီး 9P သည် ပြည်တွင်းပရိသတ်များအကြား ကြီးမားလှသော ဖျော်ဖြေပွဲတချို့ပြုလုပ်ခဲ့ပြီး ROCK ဂီတကို ကြိုက်နှစ်သက်သော ပရိသတ်များအတွက် ဦးတည်သည့် ဂီတပွဲများ ကျင်းပခဲ့သည်။ “High-Street Live Concert” ကို ၂၀၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ ည(၈)နာရီမှ (၁၀) နာရီအထိ MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ www.facebook.com/mptofficial နှင့် “High Street Live Concert” ၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာ https://www.facebook.com/Highstreetliveconcert များတွင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ထို့အပြင် ဂီတချစ်သူများ ပျော်ရွှင်စေရန်အတွက် အောက်တိုဘာလ (၂၃) ရက်တွင် “High-Street Live Concert” ဖေ့စ်ဘုတ်ခ်စာမျက်နှာ၌ တင်ဇာမော်နှင့်အတူ Live Chat အစီအစဉ်တွင် ပါဝင်နိုင်ပြီး တေးသီချင်းများကို တိုက်ရိုက်တောင်းဆိုနိုင်မည် ဖြစ်သည်။
တေးဂီတသည် ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်း၊ ယုံကြည်စိတ်ချမှုရှိခြင်းနှင့် စိတ်ဓါတ်တက်ကြွမှုများကို ခံစားနားလည်စေရန် ယူဆောင်ပေးနိုင်ပြီး တစ်ကမ္ဘာလုံးနှင့်ဆိုင်သော ဘာသာစကားတစ်ရပ်ပင်ဖြစ်သည်။ တေးဂီတသည် စိတ်ဖိစီးမှုများနှင့် ခက်ခဲသောအခြေအနေများတွင် လူ၏ စိတ်ကို သက်သာစေနိုင်သော အဓိကဖြေဆေးတစ်မျိုးလည်း ဖြစ်သည်။ ထို့အပြင် ဂီတသည် ကမ္ဘာအနှံ့အပြားရှိ လူများနှင့် လူမှုအသိုက်အဝန်း များကို တစ်ညီတစ်ညွတ်တည်း စုစည်းပေးနိုင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရာတွင် ရောဂါကူးစက်မှုများထပ်မံမဖြစ်ပွားရေးအတွက် လိုအပ်ချက်အရဆောင်ရွက်ထားသော အစီအမံများကြား စိတ်ပျော်ရွှင်မှုနှင့် အကောင်းမြင်စိတ်များကို ရရှိအောင် များစွာအထောက်အပံ့ပေးနိုင်ပါသည်။
MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှအရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ “ဒီနှစ် သီတင်းကျွတ်ကာလမှာ ကိုဗစ်-၁၉ ရောဂါ အခြေအနေတွေကြောင့် စိတ်ပင်ပန်းမှုတွေကို ခဏတာ ဖြေဖျောက်ဖို့ တေးသီချင်း တွေကနေတစ်ဆင့် မြန်မာပြည်တစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူလူထု၊ လူမှုအသိုက်အဝန်း အားလုံးကို အတူတကွ စုစည်းကာ စိတ်ပျော်ရွင်မှုနဲ့အကောင်းမြင်စိတ်တွေနဲ့အတူ ချစ်ခင်ရင်းနှီးစွာ အတူတူ ဖြတ်သန်းနိုင်အောင် ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်ပေးချင်ပါတယ်။ ကျွန်တော်တို့ MPT အနေနဲ့ အစဉ်အမြဲတန်ဖိုးထားရတဲ့သုံးစွဲသူတွေကို စိတ်အပန်းပြေစေတဲ့ စစ်မှန်တဲ့ဖျော်ဖြေမှု၊ သုံးစွဲမှုအတွေ့အကြုံကောင်း တွေကို ပေးနိုင်ဖို့ ရည်ရွယ်ပြီး Nine Planets Entertainment နဲ့အတူ ပူးပေါင်းကာ အွန်လိုင်းကနေ တိုက်ရိုက် Live ဖျော်ဖြေပွဲကို စီစဉ်တင်ဆက် ပေးသွားမှာပဲ ဖြစ်ပါတယ်။ MPT ရဲ့ မြန်နှုန်းမြင့် 3G/ LTE+ ကွန်ရက်ကတစ်ဆင့် ဒီဂျစ်တယ်ဖျော်ဖြေမှုတွေ၊ အထူးသဖြင့် တေးဂီတဖျော်ဖြေမှုတွေက အိမ်မှာနေရတဲ့ သီတင်းကျွတ် အခါသမယမှာ သုံးစွဲသူတွေရဲ့ စိတ်ကို အပန်းပြေစေမယ်၊ စိတ်ပျော်ရွှင်မှုနဲ့ အမှတ်တရကောင်းတွေ ဖန်တီးပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုတော် တင်ဇာမော် ကလည်း “အခုလို COVID-19 အချိန်မှာ လုံလုံခြုံခြုံ နဲ့ အွန်လိုင်းကနေတစ်ဆင့် တိုက်ရိုက် ဖျော်ဖြေခွင့်ရရှိတဲ့အပေါ် အလွန်ကျေနပ် ပီတိဖြစ်ရပါတယ်။ အခုလို ဖျော်ဖြေခွင့်ရအောင် စီစဥ်ဆောင်ရွက်ပေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပံ့ပိုးပေးသူများအားလုံးကို ပရိသတ်တွေရဲ့ကိုယ်စား ကျေးဇူးအထူးတင်ပါ တယ်လို့ပြောပါရစေ” ဟု ပြောကြားခဲ့သည်။
“High-Street Live Concert” သည် MPT သုံးစွဲသူများအတွက် ပုံမှန်အတိုင်းဖျော်ဖြေသည့် ဂီတဖျော်ဖြေပွဲ စစ်စစ်များကဲ့သို့ ခံစားနိုင်ရန် စီစဥ်တင်ဆက်သွားမည်ဖြစ်ပြီး အဆိုတော်တင်ဇာမော်နှင့် သူမ၏ သူငယ်ချင်းများမှ လူကြိုက်များခဲ့သော သီချင်းကောင်းများ အပါအဝင် တေးသီချင်းကောင်း ၁၄ ပုဒ်ကို ပုံစံအသစ်များဖြင့် ပြန်လည်ဖျော်ဖြေတင်ဆက်ပေးသွားမည် ဖြစ်သည်။ ဤကဲ့သို့ ထူးခြားသော အွန်လိုင်းမှတိုက်ရိုက်ဖျော်ဖြေခြင်း ဂီတပွဲကြီးကို နိုင်ငံတစ်ဝန်းရှိ MPT ၏ ဂီတချစ်သူများအားလုံးက ၄င်းတို့၏မိုဘိုင်းလ်ဖုန်းများနှင့် အလွယ်တကူဝင်ရောက် ကြည့်ရှုနိုင်တော့မည် ဖြစ်ပါသည်။
MPT သုံးစွဲသူများအနေဖြင့် High-Street Live Concert” ကို မိမိတို့၏ နေအိမ်၌ပင် သက်သောင့်သက်သာရှိစွာဖြင့် ခံစားကြည့်ရှုနိုင်ရန် စျေးနှုန်းချိုသာသော ပက်ကေ့ချ်များဖြစ်သည့် “စုံစုံလင်လင်” နှင့် “ရှယ်ကြည့်” ဒေတာပက်ကေ့ချ်များကို ဝယ်ယူ၍ ကြည့်ရှုခံစားနိုင်ပြီး အင်တာနက်ဒေတာအသုံးပြုမှု ကုန်ကျစရိတ်ကိုလည်း များစွာ သက်သာစေမည်ဖြစ်သည်။ ဒေတာပက်ကေ့ချ်များကို MPT4U App သို့မဟုတ် “စုံစုံလင်လင်” ပက်ကေ့ချ်အား USSD Code *4998# သို့မဟုတ် “ရှယ်ကြည့်” ဒေတာပက်ကေ့ချ်အား USSD Code *8208# ဖြင့် ဝယ်ယူအသုံးပြု နိုင်ပါသည်။
MPT သည် သုံးစွဲသူများ၏ ဒီဂျစ်တယ်လူမှုဘဝကို ကြွယ်ဝပြည့်စုံစေပြီး မြန်မာနိုင်ငံ၏ တေးဂီတနှင့် ဖျော်ဖြေရေး ကဏ္ဍကို ထောက်ပံ့ပေးခြင်းအားဖြင့် အရည်အသွေးမြင့်ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဟု ကတိကဝတ်ပြု ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အထူးအဆင့်မြှင့်တင်ထားသော MPT ၏ မြန်နှုန်းမြင့် 4G LTE+ ကွန်ရက် အသစ်ကို အသုံးပြုခြင်းအားဖြင့် MPT သည် နိုင်ငံတစ်ဝန်းလုံးသို့ ထူးခြားဆန်းသစ်သော ဒီဂျစ်တယ် ဖျော်ဖြေမှုများကို သယ်ဆောင်လာပေးခြင်း ဖြစ်သည်။
MPT ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင် ပါသည်။