MPT Myanmar | Moving Myanmar Forward Data Carry Combo FAQs MM - MPT Myanmar | Moving Myanmar Forward
×

Data Carry Combo

၁။ Data Carry Combo Pack ဆိုတာဘာလဲ? ဘယ်လိုဝယ်ယူလို့ရနိုင်မှာလဲ?

Data Carry Combo Pack ဆိုတာ အင်တာနက်အသုံးပြုမှုအားလုံးအတွက်ဒေတာနှင့် Social ဒေတာ အသုံးပြုနိုင်သော Package များ ဖြစ်ပါတယ်။ Data Carry Combo Pack များကို အောက်ပါအတိုင်း ဝယ်ယူနိုင်ပါတယ်။

ဈေးနှုန်း [ကုန်သွယ်ခွန်ပါဝင်ပြီး] Social
ဒေတာပမာဏ(MB)
 Data Volume(MB) သက်တမ်း ၀ယ်ယူရန်
699 Ks 400 MB 15 MB  

 

 

၃၀ ရက်
[သက်တမ်းကုန်ဆုံးပြီး(၇)ရက် အတွင်း ဒေတာသယ်ဆောင်ခွင့်ရှိသည်]

*777*1#
999 Ks 900 MB 100 MB *777*2#(and)*777*3#
1399 Ks 1250 MB 150MB *777*4#
1999 Ks 1800 MB 200 MB *777*5#
2999 Ks 2700 MB 300 MB *777*6#
4999 Ks 4500 MB 500 MB *777*7#
9,999 Ks 9000 MB 1000 MB *777*8#
19,999 Ks 18000 MB 2000 MB *777*9#
29,999 Ks 27000 MB 3000 MB *777*0#

၂။ Social ပမာဏဆိုတာဘာလဲ? ဘာတွေအသုံးပြုလို့ရမှာလဲ?

Social ပမာဏဆိုတာ Facebook, Messenger, Instagram, Line, Viber Apps များအတွက် အသုံးပြုနိုင်သောဒေတာပမာဏဖြစ်ပါတယ်။

၃။ Data Carry Combo Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA အသုံးပြုသူများနှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA နှင့် Base Tariff အသုံးပြုသူများ ဝယ်ယူနိုင်မည် မဟုတ်ပါ။

၄။ Data Carry Combo Pack ရဲ့ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး Data Carry Combo Pack ၏ လက်ကျန်ပမာဏကို စစ်ဆေးနိုင်ပါတယ်။

၅။ Data Carry Combo Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မှာဖြစ်ပြီး အင်တာနက်အသုံးပြုမှုအားလုံးအတွက်ဒေတာပမာဏနှင့် သက်တမ်းကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Social ဒေတာပမာဏနှင့် သက်တမ်းကို ပေါင်းစည်းအသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

၆။ Data Carry Combo Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

Package တစ်ခု၏ သက်တမ်းက (၃၀)ရက်ဖြစ်ပြီး ဒေတာသယ်ယူနိုင်သောကာလမှာ (၇)ရက် ဖြစ်ပါတယ်။ ဒေတာသယ်ယူနိုင်သောကာလတွင် Pack အသစ်ဝယ်ယူပါက အင်တာနက်အသုံးပြုမှုအားလုံးအတွက်ဒေတာပမာဏနှင့် သက်တမ်းကို ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Social ဒေတာပမာဏနှင့် သက်တမ်းကို သယ်ဆောင်အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

၇။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?

ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်) အတွင်းမှာ ကျန်ရှိနေသော ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ် တစ်ခုဝယ်လျှင်အသုံးပြုရန်ကျန်ရှိနေသော အင်တာနက်အသုံးပြုမှုအားလုံးအတွက်ဒေတာပမာဏနှင့် သက်တမ်းကို ပေါင်းစည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Social ဒေတာပမာဏနှင့် သက်တမ်းကို သယ်ဆောင်အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

၈။ ယခင် New Data Carry Pack ရဲ့ဒေတာကျန်ရှိနေတဲ့အချိန်မှာ Data Carry Combo Pack ကိုဝယ်ယူပါက ဘယ်လိုဖြစ်သွားမှာလဲ။

ယခင် Pack မှ ကျန်ရှိနေသော ဒေတာလက်ကျန်နှင့် Data Carry Combo Pack မှ ဝယ်ယူထားသော အင်တာနက်အသုံးပြုမှုအားလုံးအတွက်ဒေတာများမှာ ပေါင်းသွားမည်ဖြစ်ပြီး သက်တမ်းမှာလည်း ပေါင်းစည်းသွားမည် ဖြစ်ပါသည်။

၉။ Data Carry Combo အပြင် Social Pack ပါ ဝယ်ယူထားပါတယ်။ Facebook အသုံးပြုခြင်းအတွက် ဘယ် pack မှ အရင်ဖြတ်တောက်မှာပါလဲ။

Social Pack မှ အရင်ဖြတ်တောက်မှာ ဖြစ်ပါတယ်။

၁၀။ Data Carry Combo Pack ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။

*106*2# (သို့) *777# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2.လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့်ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး တခြားသူများသို့ လက်ဆောင်ပေးနိုင်ပါတယ်။

၁၁။ လက်ရှိ အသုံးပြုနေတဲ့ Data Carry Combo packs (၅)ခုရှိပါတယ်။ (၆)ခုမြောက်ဝယ်တဲ့အချိန်မှာ “လုပ်ဆောင်မှုမအောင်မြင်ပါ။ သင့်မှာ လက်ရှိအသုံးပြုနေတဲ့ Data Carry Combo packs (၅)ခုရှိပါတယ်။” ဆိုတဲ့ စာတိုရရှိပါတယ်။ ဘာကြောင့်ပါလဲ။

Data Carry Combo pack ကို တစ်ပြိုင်နက် (၅)ခုသာအသုံးပြုနိုင်ပါတယ်။

၁၂။ ပရိုမိုးရှင်းကာလက ဘယ်အထိလဲ ?

၂၀၁၉ မေလ (၉) ရက်နေ့မှ ထပ်မံမကြေညာခင်အထိ။