
Data Roaming on MPT
20 Mar 2017MPT သုံးစွဲသူမိဘပြည်သူများအနေနဲ့ နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုခု ကိုရောက်ရှိနေတဲ့အချိန်မှာလည်း MPT ရဲ့ International Roaming ၀န်ဆောင်မှုကိုအသုံးပြုပြီး ဖုန်းခေါ်ဆိုခြင်း၊ SMS ပို့ခြင်း နှင့် Data အသုံးပြုခြင်းတို့ကို MPT ရဲ့ကွန်ရက်ပေါ်ကနေ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
International Data Roaming ၀န်ဆောင်မှုကို ရယူလိုပါက ကြိုတင်ငွေဖြည့်စနစ်သုံး ဆင်းမ်ကတ် အသုံးပြုသူတွေအနေနဲ့ 1332 သို့ RMDON ဟု စာတိုပေးပို့ပြီး ၀န်ဆောင်မှုကို ရယူနိုင်မှာဖြစ်ပါတယ်။ လစဉ်ပေးစနစ်သုံးဆင်းမ်ကတ် အသုံးပြုသူ တွေကတော့ MPT အမှတ်တံဆိပ်ဆိုင်တွေကတစ်ဆင့် လျောက်ထားရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ Roaming နှင့် နိုင်ငံတကာခေါ်ဆိုမှု စာမျက်နှာမှာ ၀န်ဆောင်ခနဲ့ ၀န်ဆောင်မှု အသုံးပြုနိုင်တဲ့နို်င်ငံတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဖော်ပြပေး ထားပါတယ်။ http://mpt.com.mm/mm/home-mm/mobile-services-mm/roaming-international-mm/ မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
Country | Ks/MB |
China | 2500 |
India | 2500 |
Japan | 2500 |
Malaysia | 500 |
Singapore | 2500 |
South Korea | 2500 |
Thailand | 500 |
Vietnam | 2500 |
Hong Kong | 2500 |
Belgium | 2500 |
USA | 2500 |
Canada | 2500 |