၁။ ဆွေ/ရှယ်/ရွှေ အစီအစဉ် ရယူထားသော MPT GSM/WCDMA prepaid၊ Postpaid စနစ် (လက်ရှိ) ဖုန်းအသုံးပြုသူများ ဝယ်ယူနိုင်ပါသည်။၂။ CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။၃။ သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာနည်းလမ်းမှတစ်ဆင့် ဝယ်ယူအသုံးနိုင်ပါသည်။
၄။ ရက်၃၀သုံး 30GB + MPT-Any-net ၄၅၀မိနစ် ပက်ကေ့ချ် နှင့် ၇ရက်သုံး 7GB + MPT-Any-net ၁၀၅ မိနစ် ပက်ကေ့ချ်မှ ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်ကိုရွေးချယ်ဝယ်ယူနိုင်ပြီး တစ်ရက်လျှင် 1GB နှင့် နှင့် မည်သည့် Operatorsကို မဆို ခေါ် ဆိုရန် ၁၅ မိနစ် ကို နေ့စဉ် သုံးစွဲနိုင်မှာဖြစ်ပါသည်။
၅။ DaVo ပက်ကေ့ချ် ဝယ်ယူရုံနှင့် အင်တာနက်အသုံးပြုမှုအားလုံးအတွက် သုံးစွဲနိုင်သလို ပြည်တွင်းမည်သည့်ဖုန်းလိုင်းကိုမဆို အသက်သာဆုံးနှုန်းထားဖြင့် စိတ်ကြိုက်ခေါ် နိုင်မှာ ဖြစ်ပါသည်။ [Special / Premium / Call Center / VAS related numbers မပါဝင်ပါ]
၆။ နေ့စဉ်သုံး 1GB+15 any-net voice min ကို (23:59:59)နာရီ မတိုင်ခင်သုံးစွဲပြီးပါက internet နှင့် phone calls သုံးစွဲခြင်းများ ဆက်လက် ရှိပါက ဝယ်ယူထားသော အခြား data/voice pack မှအရင်ကျသင့်မည်ဖြစ်သည်။ data/voice pack များ ဝယ်ယူထားခြင်းမရှိလျှင် သက်သာသောနှုန်းထား 1MB လျှင် ၁ကျပ်နှုန်း(အခွန်မပါ)၊ တစ်မိနစ်လျှင် ၁၅ကျပ်နှုန်း(အခွန်မပါ) ဖြင့် ဆက်လက်သုံးစွဲနိုင်ပြီး ဖုန်းဘေလ် (သို့) အခြား bonus (FRC bonus, SRC Bonus, Top-up Bonus, etc,..) မှ ကျသင့်မှာ ဖြစ်ပါတယ်။
၇။ Carried over function မပါရှိပါ။ DaVo pack တွင် နေ့စဉ်ရရှိမည့် data နှင့် voice minutes များမှာ နေ့စဉ် (23:59:59)နာရီတွင် ကုန်ဆုံးမှာ ဖြစ်ပြီး ကျန်ရှိနေသည့် data နှင့် voice minutes များကို သယ်ယူအသုံးပြု၍ မရနိုင်ပါ။
၈။ ပက်ကေ့ချ်များ၏သက်တမ်းမှာ (၃၀) ရက်/ (၇) ရက် ဖြစ်ပါသည်။ နေ့စဉ် ခံစားခွင့်သက်တမ်းမှာ 23:59:59 နာရီတွင် နေ့စဉ်ကုန်ဆုံးမှာ ဖြစ်သည်။
၉။ ပက်ကေ့ချ် ကို အကြိမ်အရေအတွက် အကန့်အသတ်မရှိဝယ်ယူနိုင်ပြီး ပထမ ပက်ကေ့ချ်၏ သက်တမ်းမကုန်ခင် တူညီသော/မတူညီသော ပက်ကေ့ချ်ထပ်မံဝယ်ယူပါက ပက်ကေ့ချ်များ၏ နေ့စဉ်ရရှိမည့် ပမာဏအချင်းချင်း မပေါင်းစည်းပါ။
၁၀။ တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U app (သို့) *995# မှတစ်ဆင့် အမှတ်စဉ် “2”. Gift/ 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ် ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။
၁၁။ *224# သို့ဖုန်းခေါ်ဆို၍လည်းကောင်း(သို့) MPT4U App မှတဆင့် လည်းကောင်း ပက်ကေ့ချ် ရဲ့ သက်တမ်း ကို စစ်ဆေးကြည့်နိုင်ပါသည်။
၁၂။ မည်သည့် ပက်ကေ့ချ် ဝယ်ဝယ် ထိပေါက် chance ၁ခု ရရှိမှာဖြစ်သည်။
၁၃။ ပရိုမိုးရှင်းကာလသည် ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့မှ ထပ်မံမကြေညာခင်အချိန်အထိ အကျုံးဝင်ပါသည်။