MPT4U မှတစ်ဆင့် e-invoice များ ရယူခြင်း ဆိုတာဘာလဲ?
လူကြီးမင်းတို့ အသုံးပြုထားသော ဝန်ဆောင်မှု၏ လစဉ်ကြေး/အသုံးပြုခ ငွေတောင်းခံလွှာ အချက်အလက် များကို ပိုမို အဆင်ပြေ မြန်ဆန်စွာဖြင့် MPT4U Application တွင် ရယူနိုင်ခြင်း ဖြစ်ပါသည်။
ဘယ်သူတွေ စာရင်းပေးသွင်းနိုင်လဲ?
လစဉ်ငွေတောင်းခံလွှာ လက်ခံရရှိသော Postpaid service (PSTN, ADSL, GSM, CDMA, IPStar)နှင့် FTTH သုံးစွဲသူများအားလုံးသည် MPT ၏ GSM ဖုန်း တစ်လုံး ရှိရုံဖြင့် MPT4U application တွင် E-invoice အား စာရင်းပေးသွင်း ရယူနိုင်မည် ဖြစ်ပါသည်။
MPT4U မှ E-invoice ရဲ့ အားသာချက်တွေက ဘာလဲ?
သုံးစွဲသူများသည် နောက်ဆုံးထွက်ရှိထားသည့် ၆လစာ ငွေတောင်းခံလွှာ နှင့် ငွေပေးချေမှုဆိုင်ရာ အချက်အလက်များ အား ဒီဂျစ်တယ်နည်းလမ်းဖြင့် စစ်ဆေးနိုင်ခြင်း
ယခင် စာရွက်ငွေတောင်းခံလွှာ များထက် ပိုမိုစောလျင်စွာ နှင့် အချိန်မှန် လက်ခံရရှိနိုင်ခြင်း
စက္ကူအသုံးပြုမှုကို လျှော့ချနိုင်သည့်အတွက် သစ်ပင်များကိုကယ်တင်နိုင်ပြီး စွမ်းအင်နှင့်ပတ်ဝန်းကျင်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများကို လျှော့ချရန် ကူညီနိုင်ခြင်း
MPT4U တွင် e-invoice ကို ဘယ်လို စာရင်းသွင်းရမလဲ?
MPT4U ရဲ့ ပင်မစာမျက်နှာ(သို့) ဝန်ဆောင်မှုစာမျက်နှာ(သို့) side menu ရှိ “ အခြားဘေလ်များ” မှတစ်ဆင့် လစဉ်ကြေးငွေတောင်းခံလွှာ ထွက်ရှိသည့် ဝန်ဆောင်မှုများအား စာရင်းသွင်းနိုင်ပါသည်။
MPT4U တွင် e-invoice စာရင်းသွင်းဖို့ ဘာတွေလိုအပ်မလဲ?
စာရင်းသွင်းရန် အောက်ပါအချက်အလက်များကို ဖြည့်သွင်းရပါမည်။
• စာရင်းပေးသွင်းလိုသည့် ၀န်ဆောင်မှုအမျိုးအစား (Service Type)
• စာရင်းပေးသွင်းလိုသည့် ၀န်ဆောင်မှုနံပါတ် (Service Number)
• ငွေစာရင်းအမှတ် (Account Code)
(၀န်ဆောင်မှု အမျိုးအစား၊ ၀န်ဆောင်မှု နံပါတ်၊ ငွေစာရင်းနံမှတ် များကို သိရှိလိုပါက လစဉ်ကျသင့်ငွေတောင်းခံလွှာ စာရွက်တွင် စစ်ဆေးကြည့်ရှုနိုင်ပါသည်။ သို့မဟုတ် မြန်မာ့ဆက်သွယ်ရေး၏ တယ်လီဖုန်းအခွန်ဌာနများ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။)