E-invoice ဆိုတာဘာလဲ?
E-invoice သည် လစဉ် ပေးပို့နေသော ငွေတောင်းခံလွှာများအား ပိုမို အဆင်ပြေ ချောမွေ့စွာ လက်ခံ ရရှိနိုင်ရန်အတွက် SMS နှင့် Email မှ တဆင့် ပေးပို့ခြင်း ဖြစ်ပါသည်။
ဘယ်သူတွေ စာရင်းပေးသွင်းနိုင်လဲ?
လစဉ်ငွေတောင်းခံလွှာ လက်ခံရရှိသော Postpaid service (PSTN, ADSL, GSM, CDMA, IPStar)နှင့် FTTH သုံးစွဲသူများအားလုံးသည် E-invoice အစီအစဉ်တွင် ဝန်ဆောင်ခ ထပ်မံပေးဆောင်ရန် မလိုဘဲ ပါဝင် လျောက်ထား နိုင်ပါသည်။
E-invoice ရဲ့ အားသာချက်တွေက ဘာလဲ?
- လစဉ်ငွေတောင်းခံလွှာ များအား ဒီဂျစ်တယ်နည်းလမ်းများဖြင့် ရယူခြင်းဖြင့် ယခင်စာရွက်ငွေတောင်းခံလွှာများထက် ပိုမိုစောလျင်စွာ နှင့် အချိန်မှန် လက်ခံရရှိနိုင်ခြင်း
- ဒီဂျစ်တယ်ငွေတောင်းခံလွှာတွင် သုံးစွဲသူများအနေဖြင့် မိုဘိုင်းဖုန်း (သို့မဟုတ်) ကွန်ပျူတာထဲတွင် အလွယ်တကူ သိမ်းဆည်းနိုင်ခြင်း၊ ငွေပေးချေမှု နှင့် အထောက်အထားများ အတွက်အသုံးပြုရန် အဆင်ပြေခြင်း
- စက္ကူအသုံးပြုမှုကိုလျှော့ချခြင်းသည်သစ်ပင်များကိုကယ်တင်ရန်၊ စွမ်းအင်နှင့်ပတ်ဝန်းကျင်ဆိုင်ရာစွန့်ပစ်ပစ္စည်းများကိုလျှော့ချရန်ကူညီနိုင်ခြင်း