E-invoice via USSD More Information
၁။ USSD ဝန်ဆောင်မှု (*260#) အသစ်ဖြင့် မည်သည့် လစဉ်ငွေတောင်းခံလွှာများကို ရယူနိုင်ပါသလဲ ?
MPT Postpaid Service (PSTN, ADSL, GSM, CDMA, IPStar) နှင့် FTTH ဝန်ဆောင်မှု အမျိုးအစားအားလုံး၏ လစဥ်ငွေတောင်းခံလွှာများကို e-invoice SMS ရယူနိုင်ပါသည်။
၂။ ယခု USSD ဝန်ဆောင်မှု အသစ်ကို အသုံးပြုပါက ဝန်ဆောင်ခရှိပါသလား?
ထပ်ဆောင်းဝန်ဆောင်ခ ပေးဆောင်ရန် မလိုပါ။
၃။ USSD ဝန်ဆောင်မှု အသစ် မှတဆင့် MPT GSM မိုလ်ဘိုင်းဖုန်းကို အသုံးပြုပြီး E-invoice မည်သို့ ရယူနိုင်ပါသလဲ?
*260# ကို ဖုန်းခေါ်ဆိုပြီး လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ပါ။
၄။ ငွေပေးချေရန် အခြား အော်ပရေတာများ၏ GSM မိုလ်ဘိုင်းဖုန်းများကို အသုံးပြုနိုင်ပါသလား?
MPT GSM မိုလ်ဘိုင်းဖုန်းအသုံးပြု၍သာ ရယူနိုင်ပါသည်။
၅။ MPT GSM မိုလ်ဘိုင်းဖုန်း နဲ့ ဘယ်လို ရယူနိုင်မလဲ?
MPT GSM မိုလ်ဘိုင်းဖုန်း နဲ့ E-invoice အကြောင်းကြားချက် ရယူရန်အောက်ပါအဆင့်များကို လုပ်ဆောင်ပါ။
(၁) *260# ကိုနှိပ်ပါ။
(၂) ငွေစာရင်းအမှတ် အား ထည့်သွင်းပြီး Send ကို နှိပ်ပါ။
(၃) အချက်အလက်များကို စစ်ဆေးပြီး မှန်ကန်ပါက ဆက်လက်လုပ်ဆောင်ရန် “1” ကို ရိုက်ပြီး Send ကို နှိပ်ပါ။
(၄) နောက်ဆုံးထွက်ရှိထားသော လစဉ်ကျသင့်ငွေတောင်းခံလွှာကို SMS ရရှိပါလိမ့်မည်။
၆။ တောင်းဆိုသူထံကို မည်သည့် ဘာသာစကားဖြင့် E-invoice SMS ပို့ပေးမလဲ?
E-invoice SMS ကို အင်္ဂလိပ်နှင့် မြန်မာ ဘာသာ ၂ မျိုးဖြင့် တောင်းဆိုသူထံသို့ ပို့ပေးမည် ဖြစ်ပါသည်။
၇။ SMS ပို့ဆောင်မှု အောင်မြင်ခြင်း ရှိ မရှိ ဘယ်လိုသိရှိနိုင်မလဲ?
USSD တွင် လုပ်ဆောင်မှု အောင်မြင်ပါက အောင်မြင်ကြောင်း စာသားပြမည် ဖြစ်ပါသည်။ နောက်ဆုံးထွက်ရှိထားသော လစဉ်ကျသင့်ငွေတောင်းခံလွှာ ကို SMS ရရှိပါလိမ့်မည်။
၈။ E-invoice ရယူရန် *260# ကို ခေါ်ဆိုပြီးသော်လည်း SMS မရရှိပါက ဘယ်လိုသိရှိနိုင်မလဲ ?
Call Center 106 သို့ ဖုန်းခေါ်ဆို၍ လည်းကောင်း၊ နီးစပ်ရာ MPT ၏ ငွေလက်ခံကောင်တာများ TRA တွင် လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
၉။ ကိုယ်စား E-invoice SMS ရယူနိုင်ပါသလား။ ဘာတွေလိုအပ်ပါသလဲ?
ကိုယ်စား E-invoice SMS ရယူနိုင်ပါသည်။ ဝန်ဆောင်မှု နံပါတ်၏ အချက်အလက်များ ဥပမာ- ငွေစာရင်းအမှတ် လိုအပ်ပါသည်။
၁၀။ USSD *260# ၀န်ဆောင်မှု ရယူရန် အချိန် ကန့်သတ်ချက် ရှိပါသလား?
ဤ USSD ၀န်ဆောင်မှုသည် အချိန် ကန့်သတ်ထားခြင်း မရှိပါ။ လွယ်ကူမြန်ဆန်ပြီး အချိန်ကုန်သက်သာစေသော ၀န်ဆောင်မှုဖြစ်ပါသည်။
၁၁။ အကယ်၍ လိုင်းအပြီးပိတ်သိမ်းထားသော်လည်း လစဉ်ကျသင့်ငွေတောင်းခံလွှာရှိပါက ယခု USSD နည်းလမ်း အသစ်ဖြင့် SMS ရယူနိုင်ပါသလား?
မည်သည့် အကြောင်းအရာဖြင့် ဖြစ်စေ လိုင်းအပြီး ပိတ်သိမ်းထားသော်လည်း လစဉ်ကျသင့်ငွေတောင်းခံလွှာရှိပါက ယခုချယ်နယ်မှ နောက်ဆုံးထွက်ရှိထားသော လစဉ်ကျသင့်ငွေတောင်းခံလွှာကို SMS ရယူနိုင်ပါသည်။