×

E-top up services

E-top up ရဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးပါ။

E-top up ဆိုသည်မှာ မိုဘိုင်းဖုန်းကို အသုံးပြုကာ ကြိုတင်ငွေဖြည့်သွင်းပေးသော ဝန်ဆောင်မှုဖြစ်ပါသည်။

E-top up ရောင်းချသော အရောင်းကိုယ်စားလှယ်များအနေဖြင့် Top Up ကတ် ဝယ်ယူသော သုံးစွဲသူ၏ ဖုန်းထဲသို့ ကြိုတင်ငွေအား တိုက်ရိုက်ဖြည့်သွင်းပေးသည့် ဝန်ဆောင်မှုမျိုး ပေးခြင်းကို ခေါ်ပါသည်။ ဝယ်ယူသုံးစွဲသူအနေဖြင့် e-top up ဖြင့် ကြိုတင်ငွေအား လက်ခံရရှိိပါက အသိပေးသည့် SMS အား ရရှိမည်ဖြစ်ပါသည်။ ယခုအချိန်မှာတော့ e-top up ဝန်ဆောင်မှုအား မြန်မာနိုင်ငံရှိ ဆိုင်အနှ့ံအပြားမှာ ရရှိနေပြီ ဖြစ်ပါသည်။ E-top up အား ၅၀၀ကျပ်၊ ၁၀၀၀ကျပ်၊ ၃၀၀၀ကျပ်၊ ၅၀၀၀ကျပ်၊ ၁၀၀၀၀ကျပ်၊ ၂၀၀၀၀ကျပ် နှင့် ၃၀၀၀၀ကျပ် တန်များအဖြစ် ရရှိနိုင်ပြီဖြစ်ပါသည်။

လတ်တလောမှာတော့ e-top up ဝန်ဆောင်မှုအား MPT ၏ GSM နှင့် WCDMA ဖုန်းများအတွက်သာ ရရှိနိုင်ပါသည်။