faqs VAS mm

အမျိုးအစားလိုက် ရွေးရန်

အမေးများသောမေးခွန်းများ

“ယူထား+” ၀န်ဆောင်မှု

၁။ ယူထား+ ၀န်ဆောင်မှု ဆိုတာဘာလဲ?

MPT သုံးစွဲသူများအနေဖြင့် လက်ကျန်ငွေနည်းနေသည့်အချိန်တိုင်းတွင် MPT ၏ “ယူထား+”  ဝန်ဆောင်မှုမှ  ချေးငွေရယူ၍ အသုံးပြုနိုင်သည်။ “ယူထား+”  ဝန်ဆောင်မှုကို အရေးပေါ် အခြေအနေများနှင့် ဖုန်းဘေလ်ဖြည့်ရန်လွယ်ကူခြင်းမရှိသောအခြေအနေများတွင် *800# ကိုခေါ်၍ ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။

၂။ ယူထား+ ဝန်ဆောင်မှုကို ဘယ်လိုရယူမလဲ?

ယူထား+ ဝန်ဆောင်မှုကိုရယူရန်

  • USSD code အသုံးပြုပြီး ငွေချေးခြင်း အတွက် *800# ကိုခေါ်ဆိုပါ။
  • SMS အသုံးပြုပြီး ငွေချေးခြင်းအတွက် “8000” သို့ 800 ဟုရိုက်၍ SMS ပေးပို့နိုင်ပါသည်။
  • MPT4U application မှတဆင့်လည်းရယူနိုင်ပါသည်။

၃။ ယူထား+ ဝန်ဆောင်မှုအသုံးပြုဖို့ ဘာတွေလိုအပ်ပါသလဲ?

MPT သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် ချေးငွေရယူသုံးစွဲနိုင်သော  ယူထား+ ဝန်ဆောင်မှုကိုရယူရန် *800# ကိုခေါ်ဆိုနိုင်ပါသည်။ အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသူများသည် ယူထား+ဝန်ဆောင်မှုမှ ချေးငွေဝန်ဆောင်မှုကို ရယူနိုင်ပါသည်။

(၁) ဤဝန်ဆောင်မှုသည် Prepaid သုံးစွဲသူများအတွက်သာဖြစ်ပါသည်။

(၂) MPT ဆင်းကတ်အသုံးပြုသည့်ရက်မှာ ရက်(၃၀)အထက်ရှိရပါမည်။

(၃) ရက်(၉၀)အတွင်း ဖုန်းဘေလ် တစ်ခါဖြည့်ထားရပါမည်။

(၄)  ရက်(၉၀)အတွင်း ဖုန်းဘေလ်    အနည်းဆုံး(၃၀၀၀)ကျပ်ဖြည့်သွင်းထားရပါမည်။

(၅) ယခင်ယူထားသော ချေးငွေကို ပြန်လည်မပေးချေရသေးသော်လည်း ရရှိနိုင်သောပမာဏအထိ ထပ်မံချေးယူနိုင်ပါသည်။

(၆) သင်ချေးယူနိုင်သောပမာဏကို MPT ဖုန်းဘေလ်ဖြည့်သွင်းသောပမာဏနှင့်ဖြည့်သွင်းသည့်အကြိမ်ပေါ်မူတည်၍ ကန့်သတ်တွက်ချက်ပါမည်။

၄။ ယူထား+ ဝန်ဆောင်မှုမှ ချေးငွေဘယ်လောက်ထိချေးယူနိုင်ပါသလဲ?

သတ်မှတ်ထားသောသင်၏ချေးငွေပေါ်မူတည်၍ အောက်ပါပမာဏများကို ချေးယူနိုင်ပါမည်။

ချေးငွေပမာဏဝန်ဆောင်ခနောက်ထပ်ငွေဖြည့်မှုမှ
ပြန်လည်ရယူခြင်း
၈၀၀ ကျပ်၆၀ ကျပ်၈၆၀ ကျပ်
၁၀၀၀ ကျပ်၁၀၀ ကျပ်၁၁၀၀ ကျပ်
၁၅၀၀ ကျပ်၁၅၀ ကျပ်၁၆၅၀ ကျပ်
၂၅၀၀ ကျပ်၂၅၀ ကျပ်၂၇၅၀ ကျပ်
၄၅၀၀ ကျပ်၄၅၀ ကျပ်၄၉၅၀ ကျပ်

သင်၏ဖုန်းလက်ကျန်ငွေပေါ် မူတည်၍ ချေးငွေပမာဏနှင့်၀န်ဆောင်ခကို နောက်တစ်ကြိမ်ငွေဖြည့်သွင်းရာတွင် အပြည့်အ၀(သို့)တစ်စိတ်တစ်ပိုင်းကောက်ခံပါမည်။

ချေးငွေအနည်းဆုံးပမာဏ  ၈၀၀ကျပ်ကိုတစ်လအတွင်း (၁)ကြိမ်သာချေးယူနိုင်ပြီး ၊ ယင်းလအတွင်း နောက်ထပ်ချေးငွေများများရယူရန်အတွက် ပိုမိုများပြားသောချေးငွေပမာဏသို့ပြောင်းလဲရယူနိုင်မည်ဖြစ်ပါသည်။

၅။ ယူထား+ ဝန်ဆောင်မှုအား ဘယ်ဝန်ဆောင်မှုကို အသုံးပြုပါသလဲ?

ယူထား+  ဝန်ဆောင်မှုမှရရှိလာသော ချေးငွေကို MPTဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသည်။ (Value Added Service ဝန်ဆောင်မှုများမှလွဲ၍)

Value Added Service ဝန်ဆောင်မှုများ အသုံးပြုလိုပါက အောက်ပါအခြေအနေ (၂)ခုလိုအပ်ပါသည်။

၁။ SIM Card အသုံးပြုသည့်ရက်မှာ ရက်(၃၀)အထက်ရှိရပါမည်။

၂။ ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး(၃၀၀၀)ကျပ်ဖြည့်သွင်းထားရပါမည်။

၆။ ယူထား+ ဝန်ဆောင်မှုမှရရှိသော ချေးငွေအသုံးပြုနိုင်သောသက်တမ်းကဘယ်လောက်လဲ?

ယူထား+ ဝန်ဆောင်မှုမှ ရရှိသော ချေးငွေ၏သက်တမ်းသည် ရက်(၃၀)ဖြစ်သည်။ ယင်းကာလပြီးနောက် ချေးငွေအားသုံးစွဲနိုင်တော့မည်မဟုတ်ပါ။

၇။ ယူထား+ ဝန်ဆောင်မှု၏ ကြွေးကျန်ငွေကို မည်သည့်နည်းလမ်းဖြင့် စစ်ဆေးနိုင်ပါလဲ?

၁။ *800*7# ကိုခေါ်ဆိုနိုင်ပါ။

၂။ *800#ကိုခေါ်ဆိုပါ -> “တခြား”ကိုရွေးပြီးချေးယူထားသောပမာဏကိုစစ်ဆေးပါ။

၃။ 8000 သို့ Debt ဟု ပြန်လည်ပေးပို့၍ စစ်ဆေးပါ။

၄။ MPT4U Application မှတဆင့်လည်း စစ်ဆေးနိုင်ပါသည်။

၈။ ယူထား+ ဝန်ဆောင်မှုမှ မိမိချေးယူရရှိနိုင်သော ငွေပမာဏကို မည်သည့်နည်းလမ်းဖြင့် စစ်ဆေးနိုင်ပါသလဲ?

၁။ *800*0# ကိုခေါ်ဆိုနိုင်ပါ။

၂။ *800#ကိုခေါ်ဆိုပါ -> “တခြား”ကိုရွေးပြီး ရရှိနိုင်သောပမာဏကိုစစ်ဆေးပါ။

၉။ ယူထား+ ဝန်ဆောင်မှုမှ မိမိ၏ ချေးငွေစာရင်းကို မည်သည့်နည်းလမ်းဖြင့် ကြည့်နိုင်ပါသလဲ။

၁။ *800*5# ကိုခေါ်ဆိုနိုင်ပါ။

၂။ *800#ကိုခေါ်ဆိုပါ -> “တခြား”ကိုရွေးပြီး ချေးငွေစာရင်းကို ရွေးချယ်ပြီးစစ်နိုင်ပါသည်။

၁၀။ MPT ဘက်မှချေးငွေကန့်သန့်ချက်ကို ဘယ်လိုသတ်မှတ်ထားပါသလဲ ?

အမျိုးမျိုးသောလုပ်ဆောင်ချက်တွေနဲ့ သတ်မှတ်ထားပါတယ်။

  • ဖုန်းဘေလ်ဖြည့်သွင်းသောအရေအတွက်
  • ဖုန်းဘေလ်ဖြည့်သည့်ပမာဏ
  • MPT (အင်တာနက်သုံးစွဲမှုနှင့်ဖုန်းခေါ်ဆိုမှု) အသုံးပြုမှုပမာဏ
  • MPT ဆင်းကဒ်လက်ရှိအသုံးပြုသော ရက်အရေအတွက်

၁၁။မိမိမှာ ၈၀၀ ကျပ်ပဲချေးယူနိုင်ပြီး တခြား MPT အသုံးပြုသူမှာ ၄၅၀၀ ကျပ် အထိ ဘာကြောင့် ရရှိနေပါသလဲ?

ချေးငွေစနစ်မှ ရရှိနိုင်မှုပမာဏကို အောက်ပါအချက်အလက်နှင့်အညီ ကန့်သတ် သတ်မှတ်ထားပါတယ်။

  • ဖုန်းဘေလ်ဖြည့်သွင်းသောအရေအတွက်
  • ဖုန်းဘေလ်ဖြည့်သည့်ပမာဏ
  • MPT (အင်တာနက်သုံးစွဲမှုနှင့်ဖုန်းခေါ်ဆိုမှု) အသုံးပြုမှုပမာဏ
  • MPT ဆင်းကဒ်လက်ရှိအသုံးပြုသောရက် အရေအတွက် တို့ပဲဖြစ်ပါတယ်။

ချေးငွေပမာဏအများဆုံး ရရှိနိုင်ရန် MPT ဆင်းကဒ်ကို အသုံးပြုပြီး အခုပဲဖုန်းဘေလ်တွေ ပိုပြီး ဖြည့်လိုက်ပါ။

၁၂။ ချေးငွေဝန်ဆောင်မှုမှ international roaming ဝန်ဆောင်မှုများဖြစ်သော နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသလား။

ချေးငွေဝန်ဆောင်မှုမှ international roaming ဝန်ဆောင်မှုများ မရရှိနိုင်ပါ။

၁၃။ ချေးငွေဝန်ဆောင်မှုမှ နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသလား။

ချေးငွေဝန်ဆောင်မှုကို အသုံးပြုပြီး (IDD pack) နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း ဝန်ဆောင်မှုများ မရရှိနိုင်ပါ။

MPT Ring Tune

၁။ Ring Tune ဝန်ဆောင်မှု ဆိုတာ ဘာလဲ။

  • Ring Tune ဝန်ဆောင်မှုဆိုသည်မှာ လူကြီးမင်း၏ ပုံမှန် ဖုန်းမြည်သံအစား လူကြီးမင်း ရွေးချယ်လိုက်သော သီချင်းကို တေးသွား အဖြစ်သို့ အစားထိုးလိုက်သော ဝန်ဆောင်မှု ဖြစ်ပါသည်။လူကြီးမင်းထံသို့ ဖုန်းခေါ်ဆိုသောအခါ လူကြီးမင်းဖုန်းမှ ရွေးချယ်ထားသော တေးသီချင်းများကို ဖုန်း Ring Tuneအဖြစ် ကြားရပါမည် ။ လူကြီးမင်း ကြိုက်နှစ်သက်သော တေးသွားများအား လတ်တလော ရေပန်းအစားဆုံး တေးသီချင်းများစွာ ထဲမှ ရွေးချယ်နိုင်ပါသည်။
  • MPT ၏ standard ring back tone များကို သင်ကြိုက်နှစ်သက်သော တေးသွားများဖြင့် အစားထိုးအသုံးပြုနိုင်ရန် အောက်ဖော်ပြပါ link တွင် ဝင်ရောက်ကြည့်ရှုလိုက်ပါ…
    https://ringtune.mpt.com.mm/crbt-web-portal/home

၂။ Ring Tune service ကို ဘယ်လို ရယူနိုင်ပါလဲ?

အောက်တွင် ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ပြီး Ring Tune service ကို ရယူနိုင်ပါသည်။

  • MPT သို့ 7979 ဟု ဖုန်းခေါ်ဆိုပြီး လမ်းညွှန်ချက်များအတိုင်းလုပ်ဆောင်၍ Ring Tune service ကို ရယူနိုင်ပါသည်။
  • SMS ပေးပို့၍ရယူရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG M ၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG W ၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG D ဟု SMS ပေးပို့၍ ရယူနိုင်ပါသည် (သို့မဟုတ်) နေ့စဉ်ပေး ဝန်ဆောင်မှု နဲ့ သီချင်း ဝန်ဆောင်မှုအတွက် 7979 သို့ REG SS ဟု ပေးပို့နိုင်ပါတယ်။
  • လူကြီးမင်း ဝယ်ယူလိုသော သီချင်းကုဒ် နံပါတ်အား buy <tuneID> ဟု SMS ပေးပို့၍ ရယူနိုင်ပါသည်။ Example: buy 0001110010
  • *7979# သို့ ဖုန်းခေါ်ဆို၍ ကြိုက်နှစ်သက်သော တေးသီချင်း များအားလည်း ရွေးချယ်နိုင်ပါသည်။

၃။ Ring Tune ဝန်ဆောင်မှု အတွက် မည်သို့ ကျသင့်မည့် နည်း။

  • လစဥ်ပေး ဝန်ဆောင်မှု အတွက် တစ်လ (ရက် ၃၀)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၀၅၀ ကျပ် ကျသင့်ပါမည်။
  • Weekly service will be charged 300 Ks (including tax) for 7 days.
  • အပတ်စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ပတ် (၇ ရက်)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၀၀ ကျပ် ကျသင့်ပါမည်။
  • နေ့စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၄၇ ကျပ် ကျသင့်ပါမည်။
  • သီချင်း တစ်ပုဒ်လျှင် ရက်(၃၀)စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၁၅ ကျပ် ကျသင့်ပါမည်။
  • နေ့စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်လျှင် ၄၇ ကျပ် ကျသင့်ပြီး သီချင်း တစ်ပုဒ်လျှင် ၁၃ ကျပ် ကျသင့်ပါမည်။

၄။ Ring Tune ဝန်ဆောင်မှုအား သတ်တမ်း တိုးရန် မည်သို့ လုပ်ဆောင်ရမည်နည်း။

  • ဤဝန်ဆောင်မှုသည် အလိုအလျှောက် သက်တမ်း တိုးပေးသော ဝန်ဆောင်မှု ဖြစ်ပါသည်။ လူကြီးမင်း၏ ဝန်ဆောင်မှု ရက် သက်တမ်းအား အခြေခံ ၍ Ring Tune ဝန်ဆောင်မှု သက်တမ်းနှင့် သီချင်း ဝန်ဆောင်မှု သက်တမ်း ပြည့်လျှင် လူကြီးမင်း၏ ဖုန်းလက်ကျန်ငွေမှ ဝန်ဆောင်မှု အတွက် ကျသင့်ငွေအား နှုတ်ယူပါမည်။

၅။ Ring Tune ဝန်ဆောင်မှုအား မည်သို့ ပယ်ဖျက်ရမည်နည်း။

  • 7979 သို့ အခမဲ့ ခေါ်ဆို၍ အကူအညီပေးရန်သို့ သွားရောက်ပြီး ဝန်ဆောင်မှုအား ပယ်ဖျက်ရန်ကို နှိပ်ပါ။ (သို့မဟုတ်)
  • 7979 သို့ UNR ဟု SMS ပေးပို့ပါ။ (သို့မဟုတ်)
  • MPT4U APP ပေါ်မှ CRBT ပယ်ဖျက်ရန် ကို ရွေးချယ်ပါ။ (သို့မဟုတ်)
  • *7979# သို့ဖုန်းခေါ်ဆို၍ ဝန်ဆောင်မှုဖျက်သိမ်းမည်အား ရွေးချယ်ပြီး ပယ်ဖျက်နိုင်ပါသည်။ (သို့မဟုတ်)
  • 106 customer care IVR သို့ ဖုန်းခေါ်ဆိုပြီး ဝန်ဆောင်မှုအား ပယ်ဖျက်နိုင်ပါသည်။

၆။ လူတစ်ယောက်ချင်းစီ အတွက် တေးသွား သတ်မှတ်လို့ ရနိုင်ပါသလား။

ဟုတ်ကဲ့ အောက်ပါ ဖော်ပြထားသော အချက်များကို လုပ်ဆောင်၍ လူတစ်ယောက်ချင်းစီ အတွက် သီးသန့် Ring Tune သတ်မှတ်ထားလို့ ရနိုင်ပါသည်။

  • 7979 သို့ (အခမဲ့) ဖုန်းခေါ်ဆိုပြီ: လမ်းညွန်ချက်များအတိုင်း လုပ်ဆောင်နိုင်ပါသည်။

၇။ မိမိ ကြိုက်နှစ်သက်သော တေးသီချင်း အား သူငယ်ချင်းထံမှ ကူးယူ လို့ ရနိုင်ပါသလား။

ဟုတ်ကဲ့ အောက်တွင် ဖော်ပြထားသော အချက်အလက်များအား လုပ်ဆောင်၍ လူကြီးမင်း သူငယ်ချင်း၏ MPT ring Tune ဝန်ဆောင်မှုမှ သီချင်းကို လူကြီးမင်း၏ ဖုန်းတေးသီချင်း အဖြစ် ကူးယူနိုင်ပါသည်။

  • 7979 သို့ အခမဲ့ ဖုန်းခေါ်ဆို၍ လမ်းညွှန်ချက်များ အတိုင်း လုပ်ဆောင်၍ ရယူနိုင်ပါသည်။ (သို့မဟုတ်)
  • *7979# ဟု ရိုက်နှိပ်ပြီး လည်း ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။

၈။ လူတစ်ယောက်လျှင် သီချင်း အပုဒ်ရေ မည်မျှ ဝယ်ယူ ရရှိနိုင်ပါသလဲ။

လူတစ်ယောက်လျှင် အများဆုံး သီချင်း ဆယ်ပုဒ်အထိ ဝယ်ယူနိုင်ပြီး ၎င်း တေးသီချင်း များကို ခေါ်ဆိုသူဘက်မှ အလှည့်ကျနားဆင်နိုင်မှာ ဖြစ်ပါတယ်။

၉။ ဝယ်ယူထားသော သီချင်းကို မည်သို့ ပယ်ဖျက်နိုင်ပါ သလဲ။

  • 7979 ကို ဖုန်းခေါ်ဆို၍ အကောင့်ချိန်ညှိရန် သို့ သွားရောက်ပြီး ကိုယ်ပိုင်အကောင့်ကို စစ်ဆေးရန် သို့ ဝင်ရောက်၍ သီချင်း ကို ပယ်ဖျက်ရန် ကို ရွေးပါ။ (သို့မဟုတ်)
  • Del <songcode> ဟု ရိုက်နှိပ်၍ 7979 သို့ SMS ပေးပို့ပါ။ Example: Del 0001110010 (သို့မဟုတ်)
  • 106 customer care IVR သို့ ဖုန်းခေါ်ဆို ၍ သီချင်းအား ပယ်ဖျက်နိုင်ပါသည်။

၁၀။ အကယ်၍ ဖုန်းပြောနေစဥ်အတွင်း တခြားတစ်ယောက်မှ မိမိထံ ဖုန်းခေါ်နေသောအခါ မိမိRing Tune ဝန်ဆောင်မှု မည်သို့ လုပ်ဆောင်မည်နည်း။

  • ဤအခြေအနေတွင် လူကြီးမင်းထံသို့ ဖုန်းခေါ်ဆိုသူမှာ ပုံမှန် ဖုန်းမြည်သံကိုသာ ကြားရမည် ဖြစ်ပါသည်။

၁၁။ သူငယ်ချင်း နဲ့ မိသားစုဝင် များထံသို့ Ring Tune သီချင်း ဝန်ဆောင်မှု လက်ဆောင် ဘယ်လိုပေးမလဲ။

  • 7979 သို့ (အခမဲ့) ဖုန်းခေါ်ဆို၍ လမ်းညွှန်ချက်များ အတိုင်း လုပ်ဆောင်၍ ရယူနိုင်ပါသည်။

၁၂။ Ring Tune ဝန်ဆောင်မှု လက်ဆောင် ပေးရန်အတွက် မည်သို့ ကျသင့်ပါမည်နည်း။

  • အကယ်၍ လူကြီးမင်းလက်ဆောင် ပေးလိုသောသူမှာ Ring Tune ဝန်ဆောင်မှုအား ရယူထားပြီးသူ ဖြစ်ပါက သီချင်း အတွက် ပထမ တစ်လစာ ဝန်ဆောင်မှု ၃၁၅ ကျပ်အား လူကြီးမင်းထံမှ ကျသင့်ပြီး နောက်လများမှ စ၍ သီချင်းလက်ဆောင် လက်ခံရရှိသောသူထံမှ ပေးဆောင်ရမည် ဖြစ်ပါသည်။
  • အကယ်၍ သီချင်း လက်ဆောင်ပေးလိုသောသူမှာ Ring Tune ဝန်ဆောင်မှု အား ရယူထားခြင်း မရှိပါက Ring Tune ဝန်ဆောင်မှု ပထမ ရက်(၃၀)စာ အတွက် ၁၀၅၀ကျပ် နှင့် သီချင်းအတွက် ရက် ၃၀ စာ ဝန်ဆောင်ခ ၃၁၅ ကျပ် အား လူကြီးမင်းထံမှ ကျသင့်ပါမည်။ နောက်လများမှ စ၍ Ring Tune ဝန်ဆောင်ခ ၁၀၅၀ ကျပ်နှင့် သီချင်း အတွက် ဝန်ဆောင်ခ ၃၁၅ ကျပ်အား လက်ဆောင်လက်ခံရရှိသူထံမှ ပေးဆောင်ရမည် ဖြစ်ပါသည်။

၁၃။ Name Tune ဝန်ဆောင်မှု ဆိုတာ ဘာလဲ။

  • Name Tune ဝန်ဆောင်မှု ဆိုသည်မှာ လူကြီးမင်းထံ သို့ ဖုန်းခေါ်သူများကို လူကြီးမင်း၏နာမည်ဖြင့် နှုတ်ဆက်ခြင်း ပုံစံဖြင့် MPT မှ ရရှိနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။

၁၄။ Name Tune ဝန်ဆောင်မှာ အား မည်သို့ ရယူနိုင်ပါ မည်နည်း။

အောက်တွင် ဖော်ပြ ထားသော နည်းလမ်းများထဲမှ တစ်ခု ကို အသုံးပြု၍ MPT Name Tune ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။

  • SMS ပေးပို့ရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန် REG M ဟု SMS ပေးပို့ခြင်း၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန် REG W ဟု SMS ပေးပို့ခြင်း၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန် REG D ဟု 7979 သို့ SMS ပေးပို့၍ ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ (သို့မဟုတ်)
  • ပိုမိုသိရှိရန် 106 ကို ဖုန်းခေါ်ဆို၍ Name Tune ဝန်ဆောင်မှုအား ရယူနိုင်ပါသည်။

၁၅။ Name Tune ဝန်ဆောင်မှု အတွက် မည်သို့ကျသင့်ပါမည်နည်း။

  • လစဥ်ပေး ဝန်ဆောင်မှု အတွက် တစ်လ ရက်၃၀စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း)၁၀၅၀ ကျပ် ကျသင့်ပါမည်။
  • Name Tune တစ်ပုဒ် အတွက် ရက်၃၀ စာ (အခွန်ပါဝင်ပြီးစျေးနှုန်း )၃၁၅ ကျပ် ကျသင့်ပါမည်။

၁၆။ နေ့စဉ်ပေး ဝန်ဆောင်မှုနှင့် သီချင်းကို ဘယ်လိုရယူနိုင်မှာလဲ။

အောက်တွင် ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ပြီး ဝန်ဆောင်မှုကို ကို ရယူနိုင်ပါသည်။

  • IVR: 7979 သို့ ဖုန်းခေါ်ဆိုပါ၊ ထို့နောက်နေ့စဉ်ပေး ဝန်ဆောင်မှုကိုရွေးချယ်ပါ
  • SMS: 7979 သို့ REG S ဟု စာတိုပေးပို့ပါ
  • USSD – * 7979 # ကိုခေါ်ဆိုပြီး နေ့စဉ် ပေး ဝန်ဆောင်မှုကို ရွေးချယ်ပါ။

၁၇။ နေ့စဉ်ပေး ဝန်ဆောင်မှုနဲ့ သီချင်းဝန်ဆောင်မှု ကို ရယူပြီးနောက် သီချင်းအသစ် ကို ထပ်မံရယူပါက သီချင်းဝန်ဆောင်ခ ဘယ်လောက် ကျသင့်မှာလဲ။

  • သီချင်း အသစ် တစ်ပုဒ် ရယူတိုင်း သီချင်းဝန်ဆောင်ခ တစ်ရက်အတွက် ၁၃ ကျပ်ကျသင့်မှာဖြစ်ပါတယ်။
  • IVR၊ SMS၊ USSD၊ ၁၀၆ များမှ သီချင်းများကို ရယူနိုင်ပြီး သီချင်းဝန်ဆောင်ခ တစ်ရက်အတွက် ၁၃ ကျပ်ကျသင့်မှာဖြစ်ပါတယ်။

၁၈။ * Copy ဝန်ဆောင်မှုဆိုတာဘာလဲ။

  • CRBT ဝန်ဆောင်မှုကို လက်ရှိအသုံးပြုထားသူထံသို့ CRBT ဝန်ဆောင်မှု အသုံးမပြုထားသူမှ ဖုန်းခေါ်ဆိုသောအခါ * ကို နှိပ်ခြင်းဖြင့် CRBT Ring Tune ဝန်ဆောင်မှုကို အလွယ်တကူရယူနိုင်သည့် လုပ်ဆောင်ချက်ဖြစ်သည်။

၁၉။ CRBT ဝန်ဆောင်မှုကို *Copy ဖြင့် ဘယ်လိုရယူနိုင်ပါသလဲ။

  • ဖုန်းခေါ်ဆိုသူမှ CRBT ဝန်ဆောင်မှုကို ရယူထားသူထံသို့ ဖုန်းခေါ်ဆိုသောအခါ ၃ စက္ကန့်မှ ၄ စက္ကန့်ကြားတွင် တေးသွားကိုရယူရန် * ကိုနှိပ်ပါ၊ ဟု စတင်ကြားရမှာ ဖြစ်ပြီး ထို့နောက်တွင် CRBT တေးသွားကို စတင်ကြားရမည်ဖြစ်သည်။
  • ခေါ်ဆိုသူသည် CRBT ရယူထားသူထံသို့ ဖုန်းခေါ်ဆိုနေစဉ်အတွင်း * ကို နှိပ်၍ ထိုတေးသွားကိုရယူနိုင်သည်။
  • တေးသွားကိုကြားနေရသည့် အချိန်အတွင်းတွင်သာ * ကိုနှိပ်၍ တေးသွားကို ရယူနိုင်သည်။
  • CRBT ရယူထားသူ/ခေါ်ဆိုသူထံသို့ ဖုန်းဝင်သွားသောအခါ * ကိုနှိပ်သော်လည်း မည်သည့်လုပ်ဆောင်ချက်မှ လုပ်ဆောင်မည် မဟုတ်ပါ။

၂၀။ CRBT ဝန်ဆောင်မှုအား ရယူထားခြင်းမရှိသူများအတွက် ဝန်ဆောင်ခ ဘယ်လောက်ကျသင့်ပါသလဲ။

  • ဝန်ဆောင်ခအတွက် တစ်ရက်လျှင် ၄၇ ကျပ်ကျသင့်မည်ဖြစ်ပြီး တေးသွားအတွက် တစ်ရက်လျှင် ၁၃ ကျပ်ကျသင့်မည်ဖြစ်မည်။

၂၁။ CRBT ဝန်ဆောင်မှုရယူထားသူများအတွက် တေးသွားတစ်ပုဒ် ဒေါင်းလော့ လုပ်ခြင်းအတွက် ဘယ်လောက်ကျသင့်ပါသလဲ။

အသုံးပြုသူရယူထားသည့် အစီအစဉ်ပေါ်မူတည်ပါသည်၊

  • အကယ်၍ အသုံးပြုသူသည် လစဉ်/အပတ်စဉ်/ နေ့စဉ် အစီအစဉ်ကို (တေးသီချင်း တစ်လစာဖြင့်) ရယူထားပါက တစ်လလျှင် ၃၁၅ ကျပ် ကျသင့်မည်ဖြစ်သည်။
  • အကယ်၍ အသုံးပြုသူသည် နေ့စဉ်အစီအစဉ်ကို (တေးသီချင်း တစ်နေ့စာဖြင့်) ရယူထားပါက တစ်နေ့လျှင် ၁၃ ကျပ် ကျသင့်မည်ဖြစ်သည်။

၂၂။ CRBT ဝန်ဆောင်မှုရယူထားသူထံသို့ ဖုန်းခေါ်ဆိုနေစဉ်အတွင်း * Copy ကို မကြားလိုလျှင် ဘယ်လိုလုပ်သင့်ပါသလဲ။

  • Customer Care သို့ ဆက်သွယ်၍ Blacklisting အတွက် တောင်းဆိုနိုင်ပါသည်။ ၄၈ နာရီအတွင်း လုပ်ဆောင်ပေးပါသည်။

၂၃။ ကျွနုပ်ထံသို့ ဖုန်းခေါ်သူများ ဖုန်းခေါ်ဆိုနေစဉ်အတွင်း * Copy ကို မကြားစေလိုလျှင် ဘယ်လိုလုပ်သင့်ပါသလဲ။

  • Customer Care သို့ ဆက်သွယ်၍ Blacklisting အတွက် တောင်းဆိုနိုင်ပါသည်။ ၄၈ နာရီအတွင်း လုပ်ဆောင်ပေးပါသည်။

အကြိုက်ပို့

၁။ အကြိုက်ပို့ အစီအစဉ်ဆိုတာဘာလဲ။

အကြိုက်ပို့ ဆိုသည်မှာ MPT မှ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ ပိုမိုဆက်သွယ်နိုင်ရန် သက်သာသောနှုန်းထားဖြင့် MPT အချင်းချင်း SMS များ စိတ်ကြိုက်ပေးပို့နိုင်အောင် စီစဉ်ပေးထားတဲ့ အစီအစဉ်လေးဖြစ်ပါသည်။

၂။ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

အမည်ဈေးနှုန်း (ကုန်သွယ်ခွန် ပါဝင်ပြီး)သက်တမ်းSMS အရေအတွက်
(On-net)
ဝယ်ယူရန်
အကြိုက်ပို့
၂၄ နာရီ ပက်ကေ့ချ်
၁၉၈ ကျပ်၂၄ နာရီ၁,၀၀၀*2427*1#
အကြိုက်ပို့
၇ ရက်
ပက်ကေ့ချ်
၄၉၈ ကျပ်၇ ရက်၅,၀၀၀*2427*2#

၃။ အစီအစဉ်ကို မည်သူတွေဝယ်ယူအသုံးပြုနိုင်ပါသလဲ?

MPT GSM/WCDMA prepaid [ဆွေသဟာ(သို့မဟုတ်)ရှယ်ပြော(သို့မဟုတ်)ရွှေစကား] အသုံးပြုနေသူများအားလုံး ဝယ်ယူအသုံးပြုနိုင်ပါသည်။ CDMA, Postpaid, Base Tariff နှင့် လက်ရှိအသုံးပြုခြင်း မရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၄။ အစီအစဉ်ကိုရယူရန်မည်သို့လုပ်ဆောင်ရမည်နည်း?

*2427# သို့ ဖုန်းခေါ်ဆို၍လည်းကောင်း၊ MPT4U App (သို့မဟုတ်) MPT Pay မှလည်းကောင်း၊ နီးစပ်ရာ MPT အရောင်းဆိုင်များမှတဆင့် ဝယ်ယူနိုင်ပါသည်။

၅။ ပက်ကေ့ချ်ဈေးနှုန်းများမှာအခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါသည်။

၆။ လက်ကျန်ပမာဏကိုဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ ဖုန်းခေါ်ဆို၍လည်းကောင်း(သို့မဟုတ်) MPT4U App မှတဆင့်လည်းကောင်း စစ်ဆေး ကြည့်နိုင်ပါသည်။

၇။ အကြိုက်ပို့ ပက်ကေ့ချ်ကို အကြိမ်ရေ ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိုက်ပို့ ပက်ကေ့ချ်ကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။အကြိုက်ပို့ ၇ ရက် ပက်ကေ့ချ်၏ သက်တမ်းမကုန်ခင် တူညီသော ပက်ကေ့ချ်ထပ်မံဝယ်ယူပါက ပက်ကေ့ချ်များ၏ SMS များ ကို ပေါင်းစည်းအသုံးပြုနိုင်သည့်အပြင် အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါသည်။

အကြိုက်ပို့  ၂၄ နာရီ ပက်ကေ့ချ်သည် သက်တမ်းမကုန်ခင် တူညီသော ပက်ကေ့ချ်ထပ်မံဝယ်ယူခြင်းဖြင့် ပက်ကေ့ချ်အချင်းချင်း ပေါင်းစည်း၍ သက်တမ်းတိုးမည်မဟုတ်ဘဲ သီးခြား အကြိုက်ပို့  ၂၄ နာရီ ပက်ကေ့ချ် များအနေဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ သို့သော် ပက်ကေ့ချ် တစ်ခုချင်းစီ၏ သက်တမ်းကို ၂၄ နာရီအပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၈။ ပက်ကေ့ချ် ရဲ့ expire date ကို ဘယ်လိုသတ်မှတ်မှာလဲ?

၂၄နာရီ ပက်ကေ့ချ် ရဲ့ သက်တမ်း ကို real time date ဖြင့် သတ်မှတ်မှာ ဖြစ်ပါသည်။ ပက်ကေ့ချ် သက်တမ်းကို ၂၄ နာရီ အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ဥပမာ-ပြီ (၂၈)ရက်နေ့ရဲ့ မနက်၁၀နာရီမှာ ဝယ်ရင် ပြီ (၂၉)ရက်နေ့ မနက် ၁၀နာရီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါသည်။

ရက် ပက်ကေ့ချ် ရဲ့ သက်တမ်း ကို calendar date ဖြင့် သတ်မှတ်မှာ ဖြစ်ပါသည်။ ဥပမာ-ပြီ (၂၈)ရက်နေ့ရဲ့ မနက်၁၀နာရီမှာ ဝယ်ရင် မေလ (၄) ရက်နေ့ ည ၁၂ နာရီ  မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါသည်။

၉။ အကြိုက်ပို့ ပက်ကေ့ချ်များကို ဝယ်ယူပြီး ထိပေါက် အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ မည်သည့် channel မှမဆို အကြိုက်ပို့ ပက်ကေ့ချ်များကိုဝယ်ယူပြီး ထိပေါက် chance (၁) ခုရရှိကာ MPT4U တွင် ထိပေါက်ကစားပြီး ကံစမ်းနိုင်ပါသည်။

၁၀။ အကြိုက်ပို့ ပက်ကေ့ချ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။

ဟုတ်ကဲ့ ရပါတယ်။ အကြိုက်ပို့ ပက်ကေ့ချ်များကို တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U App မှတစ်ဆင့် (သို့) *2427# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။

၁၁။ ပရိုမိုးရှင်းကာလ ဘယ်အချိန်အထိလဲ။

ပရိုမိုးရှင်းကာလမှာ  ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှ ထပ်မံမကြေညာခင်အထိ ဖြစ်ပါတယ်။

Balance Transfer

၁။ Balance Transfer ဝန်ဆောင်မှုဆိုတာ ဘာပါလဲ။

MPT GSM/WCDMA မိုဘိုင်းဖုန်းများ၏ Prepaid စနစ်အသုံးပြုသူများသည် Prepaid စနစ်အသုံးပြုနေသော မည်သည့် MPTမိုဘိုင်းဖုန်းကိုမဆို Main Balance အတွင်းမှ ဖုန်းလက်ကျန်ငွေ လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။ MPT SIM Card စတင်အသုံးပြုချိန်မှ စ၍လက်ရှိအချိန်အထိ အနည်းဆုံး ဖုန်းဘေလ် ၃၀၀၀ ကျပ် အသုံးပြုပြီးသူများသည် Balance Transfer ဝန်ဆောင်မှုကိုအသုံးပြုနိုင်မည်ဖြစ်သည်။

၂။ Balance Transfer ဝန်ဆောင်မှုကိုဘယ်လိုအသုံးပြုရမှာပါလဲ။

  • ငွေလွှဲပြောင်းပေးရန်အတွက် –
  • *223*လွှဲမည့်ငွေပမာဏ*ငွေလက်ခံရယူမည့်သူ၏မိုဘိုင်းနံပါတ်#ကို ရိုက်နှိပ်ခေါ်ဆိုပါ။
  •  ဥပမာ *223*1000*09456456456#[call]
  • လွှဲမည့်ငွေပမာဏကိုငွေလွှဲသူ၏ Main Balance ဖုန်းလက်ကျန်ငွေထဲမှ လွှဲမည့်ငွေပမာဏ ကိုသာဖြတ်တောက်သွားမည် ဖြစ်ပါသည်။ လက်ခံသူမှလွှဲငွေအပြည့်အဝလက်ခံရရှိပါမည်။
  • ဝန်ဆောင်ခ ၅% နှုန်း နှင့် ကုန်သွယ်ခွန် ကောက်ခံမှုကိုဧပြီလ(၁၂)ရက်နေ့မှ စတင်ပြီးထပ်မံအကြောင်းကြား သည့်အချိန်ထိ ဆိုင်းငံ့ပေးထားပါမည်။

၃။ “MPT SIM Card စတင်အသုံးပြုချိန်မှ စ၍လက်ရှိအချိန်အထိ အနည်းဆုံး ဖုန်းဘီလ်၃၀၀၀ကျပ် အသုံးပြုပြီးသူများသည် Balance Transfer ဝန်ဆောင်မှုကိုအသုံးပြုနိုင်မည်” ဆိုတာ ဘာကိုဆိုလိုတာ ပါလဲ။

Balance Transfer ဝန်ဆောင်မှုကိုအသုံးပြုရန်အတွက် သုံးစွဲသူသည် အခြေခံအားဖြင့် MPT SIM Card စတင်အသုံးပြုချိန်မှစ၍ လက်ရှိအချိန်အထိ အနည်းဆုံးဖုန်းဘီလ် ၃၀၀၀ ကျပ် အသုံးပြုထားရန် လိုအပ်ပါသည်။

၄။ တစ်ကြိမ်ငွေလွှဲပြောင်းပေးပါက အနည်းဆုံး/အများဆုံး လွှဲပြောင်းနိုင်သည့် ငွေပမာဏ ဘယ်လောက်ပါလဲ။

တစ်ကြိမ်လျှင် ငွေ ၃၀၀ ကျပ်မှ စတင်ပြီး ၁၀၀၀၀ ကျပ်အထိ ပမာဏကို မိုဘိုင်းဖုန်းအချင်းချင်း လွှဲပြောင်းဖြည့်သွင်းပေးနိုင်မည်ဖြစ်ပါသည်။ တစ်နေ့တာ(နေ့စဉ် မနက် 00:00နာရီမှ ည23:59နာရီ) အတွင်း အများဆုံး (၅) ကြိမ်အထိ လွှဲပြောင်းဖြည့်သွင်းပေးနိုင်ပါသည်။

၅။ အပိုဆောင်းဆုရရှိထားသော လက်ကျန်ငွေ(Bonus) ကို အခြားMPT ဖုန်းနံပါတ်တစ်ခုထံသို့ လွှဲပေးနိုင်ပါသလား။

မရနိုင်ပါ။ Balance Transfer ဝန်ဆောင်မှုအတွက် မူရင်းလက်ကျန်ငွေထဲမှသာ လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။

၆။ ဘယ်သူတွေက Balance Transfer ဝန်ဆောင်မှုကိုသုံးပြီး မိတ်ဆွေများထံသို့ ငွေလွှဲပြောင်းပေးနိုင်မှာပါလဲ။

MPT GSM/WCDMA မိုဘိုင်းဖုန်းများ၏ Prepaid စနစ်အသုံးပြုသူများသည် Balance Transfer ကို အသုံးပြု၍ မိတ်ဆွေများထံသို့ ငွေလွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။ ငွေလွှဲပြောင်းသူသည် MPT SIM Card စတင်အသုံးပြုချိန်မှ စ၍လက်ရှိအချိန်အထိ အနည်းဆုံး ဖုန်းဘီလ် ၃၀၀၀ကျပ် အသုံးပြုပြီးဖြစ်ရမည်ဖြစ်သည်။ ငွေလွှဲပြောင်းသူတွင် လွှဲပြောင်းပေးမည့်ပမာဏအတွက် လုံလောက်သော လက်ကျန်ငွေရှိရမည်ဖြစ်သည်။

၇။ ဘယ်သူတွေက Balance Transfer ဝန်ဆောင်မှုမှတစ်ဆင့် အခြားသူများထံမှ လွှဲပြောင်းငွေ လက်ခံရရှိနိုင်မှာပါလဲ။

  • MPT GSM/WCDMA မိုဘိုင်းဖုန်းများ၏ Prepaid စနစ်အသုံးပြုသူများအားလုံး(1-way block and 2-way block ဖြစ်နေသော သုံးစွဲသူများအပါအဝင်)သည် Balance Transfer ဝန်ဆောင်မှုမှတစ်ဆင့် အခြားသူများထံမှ လွှဲပြောင်းငွေလက်ခံရရှိနိုင်ပါသည်။ GSM/WCDMA အသုံးပြုသူများမှ CDMA နှင့် PSTN Prepaid အသုံးပြုသူများ ထံသို့ Balance Transfer ဖြင့် ငွေလွဲနိုင်သည်။
  • CDMA user များမှ Mobile User(GSM/WCDMA)  များထံသို့ Balance Transfer ဖြင့် ငွေလွဲနိုင်ပါသည်။

၈။ ဘယ်သူတွေက Balance Transfer ဝန်ဆောင်မှုကိုအသုံးမပြုနိုင်ပါသလဲ။

  • Postpaid အသုံးပြုသူများ Balance Transfer ဝန်ဆောင်မှုကိုအသုံးပြု၍ မရနိုင်ပါ။
  • MPT ဆင်းကတ်အသုံးကပြုချိန်မှစပြီး  ဖုန်းဘေလ်သုံးစွဲမှု ၃၀၀၀ ကျပ် အောက် Prepaid users (GSM/CDMA) အသုံးပြုထားသူများသည် Balance Transfer ဝန်ဆောင်မှုကိုအသုံးပြု၍ မရနိုင်ပါ။

၉။ CDMA အသုံးပြုသူဖြစ်ပါက Balance Transfer ဝန်ဆောင်မှုကိုအသုံးပြုနိုင်မှာပါလား။

CDMA (prepaid) ဖုန်းအသုံးပြုသူများသည် Balance Transfer ဝန်ဆောင်မှုကို CDMA မှ CDMA သို့ အချင်းချင်း အသုံးပြုနိုင်ပါသည်။

၁၀။ 1-way blockဖြစ်နေသော ဖုန်းသို့ငွေလွှဲပြောင်းပေးပါက မည်သို့ဖြစ်မည်နည်း။

1-way blockဖြစ်နေသော ဖုန်းသည် Balance Transfer ဝန်ဆောင်မှုမှတဆင့် ငွေလွှဲပြောင်းပေးခြင်းကိုလက်ခံရယူနိုင်ပါသည်။ ငွေဖြည့်ခြင်းလက်ခံရရှိပြီးသောအခါ အထွက်ခေါ်ဆိုမှုပြုလုပ်နိုင်ပြီး လက်ကျန်ငွေသက်တမ်းမှာ ရက် (၉၀)ဖြစ်သည်။ ၎င်းအနေဖြင့် လက်ကျန်ငွေသက်တမ်း ရက်(၉၀)အတွင်းမှာ ငွေထပ်မံဖြည့်သွင်းခြင်းမပြုလုပ်ပါက ရက်(၉၀)ကျော်လွန်သွားသောအခါ မူလအတိုင်း အထွက်ခေါ်ဆိုမှုပြန်လည် ပိတ်ခံရမည်ဖြစ်သည်။

၁၁။ 2-way blockဖြစ်နေသော ဖုန်းသို့ ငွေဖြည့်ပေးပါက မည်သို့ဖြစ်မည်နည်း။

2-way blockဖြစ်နေသော ဖုန်းသည် Balance Transfer ဝန်ဆောင်မှုမှတဆင့် ငွေလွှဲပြောင်းပေးခြင်းကို လက်ခံရယူနိုင်ပါသည်။ ငွေဖြည့်ခြင်းလက်ခံရရှိပြီးသောအခါ ဖုန်းကိုပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ကျန်ငွေသက်တမ်းမှာ ရက်(၉၀)ဖြစ်သည်။ ၎င်းအနေဖြင့် လက်ကျန်ငွေသက်တမ်း ရက်(၉၀) အတွင်းမှာ ငွေထပ်မံဖြည့်သွင်းခြင်း မပြုလုပ်ပါက ရက်(၉၀)ကျော်လွန်သွားသောအခါ အထွက်ခေါ်ဆိုမှု အပိတ်ခံရမည်ဖြစ်သည်။

Call Waiting Service

1. Call Waiting Service ဆိုတာဘာလဲ?

သုံးစွဲသူများအနေဖြင့် ဖုန်းပြောနေစဉ် အချိန်အတွင်းတွင် အခြား အရေးကြီးဖုန်းများ ထပ်မံဝင်ရောက်လာပါက မိမိလက်ရှိပြောနေသည့် ဖုန်းကို စိုင်းငံ့နိုင်ပြီး ခေါ်ဆိုမှုအသစ်များကို ထပ်မံ လက်ခံနိုင်မည့် ၀န်ဆောင်မှုဖြစ်ပါသည်။

2. ဘယ်လိုရယူနိုင်မလဲ?

ဝန်ဆောင်မှု လျှောက်ထားရန်

1331 သို့ “ CW” ဟု
SMS ပေးပို့နိုင်ပါသည်။

ဝန်ဆောင်မှု ဖျက်ပစ်ရန်

1331 သို့ “ CW OFF” ဟု
SMS ပေးပို့နိုင်ပါသည်။

3. ဘယ်လိုအလုပ်လုပ်လဲ?

  • ဖုန်းပြောနေစဉ် နောက်ထပ် ခေါ်ဆိုသူရှိပါက အသိပေးအချက်ပြသံကို ကြားရမှာဖြစ်ပါတယ်။
  • အချိန်တွင် လက်ရှိ ဖုန်းပြောနေသူနှင့် ခေတ္တစိုင်းငံ့ပြီး နောက်ခေါ်သူနှင့် ပြောင်းပြောခြင်း၊ ဖုန်းခေါ်မှုနှစ်ခုထဲမှ တစ်ခုကို ရပ်နားနိုင်ပါတယ်။
  • ပထမပြောနေသူ ဖုန်းခေါ်ဆိုမှုကို ကိုင်ထားသ၍ ပြန်လည် ပြောင်းလဲ ပြောဆိုနိုင်မှာဖြစ်ပါတယ်။ တစ်ချိန်ထဲတွင် ဖုန်းခေါ်သူ တစ်ယောက်သာ စောင့်စရာလိုပါမယ်။

Gifting Service (Poh B)

1. “ပို့ဘီ” ဝန်ဆောင်မှုဆိုတာဘာပါလဲ။

“ပို့ဘီ” သည် MPT သုံးစွဲသူအချင်းချင်း MPT ဝန်ဆောင်မှု(Package)များကို လက်ဆောင်ပေးနိုင်သည့် အခမဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ MPT သုံးစွဲသူများသည် “ပို့ဘီ” ဝန်ဆောင်မှုကိုသုံးပြီး Data Carry Plus  Pack၊ ပြောပီးရင်းပြော Voice Pack၊ ထောဘီ တို့ကို အခြားMPTဖုန်းများသို့ လက်ဆောင်ပေးပို့နိုင်မည်ဖြစ်ပါသည်။

သုံးစွဲသူများသည် ပုံမှန်အတိုင်း USSD Code များကို ရိုက်နှိပ်ကာ မိမိနှစ်သက်ရာ Package ကိုရွေးပြီး “လက်ဆောင်ပေးမည်” နေရာကိုရွေးချယ်ကာ မိမိပေးပို့လိုသည့် ဖုန်းနံပါတ်ကိုဖြည့်သွင်းလိုက်ရုံဖြင့်လွယ်ကူစွာ လက်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

MPT 4U App ကို အသုံးပြုပြီးလည်း MPT ဝန်ဆောင်မှု (Package)များကို လက်ဆောင်ပေးပို့နိုင်မည်ဖြစ်ပါ သည်။

လက်ဆောင်ပေးပို့နိုင်မည့်အကြိမ်အရေအတွက် နှင့် လက်ဆောင်လက်ခံနိုင်မည့် အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။

လက်ခံရရှိသူသည် မိမိလက်ခံရရှိသော Package ကို ယင်းPackage ၏ လက်ရှိစည်းမျဉ်းစည်းကမ်းများအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPT ဝန်ဆောင်မှု (Package)USSDအခြား
 Data Carry Plus Pack*777# 

MPT4U

A Kyite Pyaw+ Voice Pack*600#
ထောဘီ*500#

2. "ပို့ဘီ"ဝန်ဆောင်မှုကိုသုံးတဲ့အခါဝန်ဆောင်ခပေးရန်လိုပါသလား။

ဝန်ဆောင်ခပေးရန်မလိုပါ။

သင်သည် “ပေးပို့သူ” ဖြစ်ပါက သင်ပေးပို့မည့်Package၏ ဈေးနှုန်းအတိုင်း ကျသင့်ငွေကိုသာ သင်၏ လက်ကျန်ငွေအတွင်းမှ ဖြတ်တောက်သွားပါမည်။ ပေးပို့မှုအောင်မြင်ကြောင်း SMS ပေးပို့အသိပေးပါမည်။

သင်သည် “လက်ခံရရှိသူ” ဖြစ်ပါက သင့်အားပေးပို့လိုက်သော Package ကိုအလိုအလျောက်လက်ခံ ရရှိပါမည်။ လက်ခံရရှိကြောင်း SMS ပေးပို့အသိပေးပါမည်။ သင်၏ package ကို *224# သို့ ခေါ်ဆိုစစ်ဆေးနိုင်ပါသည်။

3. ကျွန်တော့်မှာ လက်ကျန် Data Carry Plus Pack ရှိနေပါတယ်။ သူငယ်ချင်းဆီကနေ Data Carry Plus Pack အသစ်တစ်ခုကို လက်ခံရရှိပါတယ်။ ဒါဆိုဘယ်လိုဖြစ်မှာပါလဲ?

လက်ကျန်နှင့် အသစ်ရရှိသော ဒေတာပမာဏများပေါင်းသွားမည်ဖြစ်ပြီး Data Cary Plus Package၏ လက်ရှိစည်းမျဉ်းစည်းကမ်းများအတိုင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

A Kyite Pyaw+ Voice Pack နှင့် Htaw B  တို့သည်လည်း လက်ခံရရှိသူတွင် ရှိနေသည့် အမျိုးအစားတူ Package များနှင့် ပေါင်းသွားမည်ဖြစ်ပါသည်။

Voice Mail Service

1. Voice Mail Service ဆိုတာဘာလဲ?

မိမိခေါ်ဆိုသူ၏ ဖုန်းမှာ ယာယီခေါ်ဆိုမရ၍ဖြစ်စေ၊ ဖုန်းပိတ်ထား၍ဖြစ်စေ မိမိ ပြောပြလိုသည်များကို အသံမက်ဆေ့ချ်အဖြစ် ချန်ထားခဲ့နိုင်သည့် ၀န်ဆောင်မှုဖြစ်သည်။

2. ဘယ်လိုရယူနိုင်မလဲ?

၀န်ဆောင်မှုလျှောက်ထားရန်

1331 သို့ “ VMS” ဟု
SMS ပေးပို့နိုင်ပါသည်။

ဝန်ဆောင်မှုကို ဖျက်ပစ်ရန်

1331 သို့ “ VMS OFF” ဟု
SMS ပေးပို့နိုင်ပါသည်။

3. ဘယ်လိုအလုပ်လုပ်လဲ?

  • သုံးစွဲသူမှာ လတ်တလော ဆက်သွယ်၍ မရနိုင်လျှင်ဖြစ်စေ ဖုံးပိတ်ထားလျှင်ဖြစ်စေ
  • ခေါ်ဆိုသူအနေဖြင့် အသံ Message ချန်ထားနိုင်သည့် ဝန်ဆောင်မှု

Conference Call

1. Conference Call ဆိုတာဘာလဲ။

  • Conference Call ဆိုတာ ဖုန်းခေါ်ဆိုမှုတစ်ကြိမ်အတွင်း (initiator အပါအဝင်) ဖုန်းနံပါတ် ခြောက်ခုအထိ တပြိုင်တည်းဖုန်ခေါ်ပြီး ပြောဆိုဆွေးနွေးနိုင်အောင် အထောက်အပံ့ပေးထားတဲ့ ၀န်ဆောင်မှုတစ်ခုပါ။
  • အမ်ပီတီရဲ့ Conference Call ၀န်ဆောင်မှုကို အသုံးပြုပြီး ဖုန်းခေါ်ဆိုမှု တစ်ကြိမ်အတွင်းမှာ ဖုန်းနံပါတ် အများကြီးကိုခေါ်ပြီး ပြောဆိုဆွေးနွေးနိုင်ပါပြီ။

2. Conference Call ဝန်ဆောင်မှုကို ဘယ်လိုရယူနိုင်ပါသလဲ။

ဝန်ဆောင်မှုလျှောက်ထားရန်

1331 သို့ “ CC” ဟု
SMS ပေးပို့နိုင်ပါသည်။

ဒါမှမဟုတ် USSD Menu ကနေလည်း ၀န်ဆောင်မှုကို အောက်ပါအတိုင်း ရယူနိုင်ပါတယ်။
*106# >> 6. VAS >> 2. Call Services >> 6. Conf-Call >> 1. Subscribe

ဝန်ဆောင်မှု ဖျက်ပစ်ရန်

1331 သို့ “ CC OFF” ဟု
SMS ပေးပို့နိုင်ပါသည်။

ဒါမှမဟုတ် USSD Menu ကနေ ၀န်ဆောင်မှုကို အောက်ပါအတိုင်း ပယ်ဖျက်နိုင်ပါတယ်။
*106# >> 6. VAS >> 2. Call Services >> 6. Conf-Call >> 2. Unsubscribe

3. Conference Call ဝန်ဆောင်မှုကို ဘယ်လိုအသုံးပြုရပါသလဲ။

ပထမဦးဆုံး ဖုန်းနံပါတ်တစ်ခုကို အရင်ခေါ်ရမှာပါ။ ပြီးရင် Add Call ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး တခြားဖုန်းနံပါတ်တွေ (၅ခု အထိ) ထပ်ခေါ်ရမှာပါ။
ပြီးရင် Merge Call ကိုနှိပ်ပြီး ခေါ်ထားတဲ့ ဖုန်းနံပါတ်အားလုံးနဲ့ တပြိုင်တည်း ဖုန်းပြောနိုင်ပါတယ်။

Conference Call

1 . Call Me Back ဆိုတာ ဘာလဲ?

သုံးစွဲသူများအနေဖြင့် မိမိကို ပြန်လည်ခေါ်ဆိုစေချင်သည့် ဖုန်းနံပါတ်ကို *222# ကို ရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့် သိရှိစေနိုင်မည့် အခမဲ့ဝန်ဆောင်မှုဖြစ်ပါသည်။

(မည်သည့်ပြည်တွင်းဖုန်းကိုမဆို)

2. ဘယ်လိုရယူနိုင်မလဲ?

CALL ME BACK” ဝန်ဆောင်မှု အသုံးပြုရန်

*222* မိမိအား ပြန်လည်ခေါ်ဆို စေလိုသည့် ဖုန်းနံပါတ်#[send]

3. ဘယ်လိုအလုပ်လုပ်လဲ?

ဝန်ဆောင်မှုကို အသုံးပြုပြီးသော် မိမိပြန်လည်ခေါ်စေလိုသည့် နံပါတ်တွင် အောက်ပါ Message ကိုရရှိမှာဖြစ်ပါတယ်။

“မင်္ဂလာပါ။ ကျေးဇူးပြု၍ 09XXXXXXXXX ကို ယခုပြန်လည်ခေါ်ဆိုပေးပါ။”

Call Forwarding

1. Call Forwarding ဆိုတာဘာလဲ?

သုံးစွဲသူများအနေဖြင့် အခြေအနေအကြောင်းကြောင်းကြောင့် လက်ခံနိုင်ခြင်းမရှိသည့် အဝင်ခေါ်ဆိုမှုများကို
အခြား မိမိလက်ခံနိုင်မည့် ဖုန်းနံပါတ်ထဲသို့ အလိုအလျောက် လွှဲပေးသည့် ၀န်ဆောင်မှု ဖြစ်ပါသည်။

2. ဘယ်လိုရယူနိုင်မလဲ?

ဝန်ဆောင်မှု လျှောက်ထားရန်

1331 သို့ “ CF” ဟု
SMS ပေးပို့နိုင်ပါသည်။

ဝန်ဆောင်မှု ဖျက်ပစ်ရန်

1331 သို့ “ CF OFF” ဟု
SMS ပေးပို့နိုင်ပါသည်။

3. ဘယ်လိုအလုပ်လုပ်လဲ?

  • သုံးစွဲသူအနေနဲ့ လတ်တလော လက်ခံနိုင်ခြင်း မရှိသည့် အဝင်ခေါ်ဆိုမှုများအား
  • သုံးစွဲသူ လွှဲပေးစေလိုသည့် အခြား ဖုန်းနံပါတ်တစ်ခုသို့ လွှဲပေးခြင်း

faqs mpt product mm

အမျိုးအစားလိုက် ရွေးရန်

အမေးများသောမေးခွန်းများ

MPT4U

၁။ MPT4U App ဆိုတာဘာလဲ။ မည်သည့်ဝန်ဆောင်မှု များ ရယူနိုင်သလဲ။

MPT အသုံးပြုသူတို့အတွက် ဝန်ဆောင်မှုမျိုးစုံတို့ကို တစ်နေရာထဲမှာအသုံးပြုနိုင်တဲ့ Application တစ်ခုဖြစ်ပါသည်။ MPT4U app ကို မြန်မာဘာသာဖြင့်အသုံးပြုလို့ရနိုင်ပါသည်။
MPT4U app မှတစ်ဆင့်
– လက်ကျန်ငွေစစ်ဆေးခြင်း၊
– ဖုန်းဘေလ်ဖြည့်ခြင်း၊
– နေ့စဉ်အသုံးပြုသည့် ဖုန်းဘေလ်နှင့်ထပ်ဆောင်းဝန်ဆောင်မှု၏ဝန်ဆောင်ခများစစ်ဆေးခြင်း ၊
– ပက်ကေ့ချ်ဝယ်ယူခြင်း၊
– ဖုန်းဘေလ်ချေးယူခြင်း
– ဖုန်းဘေလ်လွှဲပြောင်းခြင်း၊
– ပက်ကေ့ချ် လက်ကျန် ပမာဏများ စစ်ဆေးနိုင်ခြင်း၊
– ရယူထားသော ထပ်ဆောင်းဝန်ဆောင်မှုများကို စစ်ဆေးနိုင်ခြင်း၊
– Call Service ဝန်ဆောင်မှု့များ ရယူနိုင်ခြင်း၊
– တူတူChat ဝန်ဆောင်မှု့များ ရယူနိုင်ခြင်း၊
– FAQ များ ဖတ်ရှု့နိုင်ခြင်း၊
– MPT Ring Tune ရယူခြင်း၊
– MPT Club ပွိုင့်များ စစ်ဆေးနိုင်ခြင်း၊
– လိုတရ ပက်ကေ့ချ် သို့ဝင်ရောက်နိုင်ခြင်း၊
– ရှယ်ပြော၊ ရွှေစကား အစရှိသော ဝန်ဆောင်မှု များပြောင်းလဲနိုင်ခြင်း၊
– MPT4U ဂိမ်း ဝန်ဆောင်မှု အစရှိတဲ့ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။

၂။MPT4U App ကိုဘယ်လို Download ရယူရမလဲ။

MPT4U App Download & Install လုပ်ပုံအဆင့်ဆင့်ကို ဒီလင့်ခ်မှတစ်ဆင့်ဝင်ရောက်ကြည့်ရှုပါ။
lotayamm.com/mpt4u#howtodownload
Android ဖုန်းများအတွက် *4040# ကိုခေါ်ဆို၍ သော်လည်းကောင်း ၊ လိုတရဝက်ဆိုက်ဒ်မှ သော်လည်ကောင်း အခမဲ့ ဒေါင်းလုတ်ဆွဲ၍ ရယူနိုင်ပါသည်။ IOS အသုံးပြုသူများအနေနဲ့ MPT4U APP ကို App Storeမှသာလျှင် download / update ဆွဲ၍ရယူနိုင်ပါသည်။ iOS အတွက် MPT4U App Download ကအခမဲ့မဟုတ်ပါ။ App Store မှအင်တာနက်ကုန်ကျမှုဖြင့်ရယူနိုင်ပါသည်။

၃။ MPT4U App ကိုဘယ်လိုအသုံးပြုရမလဲ။

MPT4U App ကို အသုံးပြုရန် အောက်ဖော်ပြပါ အတိုင်းတစ်ဆင့်ခြင်းလုပ်ဆောင်၍အသုံးပြုနိုင်ပါသည်။
(၁) ဖုန်း အင်တာနက်ဖွင့်ပါ။
(၂) ဖုန်းထဲရှိ MPT4U App ထဲသို့ဝင်ပါ။
(၃) App ၏ပင်မစာမျက်နှာသို့ရောက်ရှိပါမည်။
App ၏ပင်မစာမျက်နှာ တွင်မိမိအသုံးပြုလိုသောဝန်ဆောင်မှု့များကို ရွေးချယ်အသုံးပြုနိုင်ပါသည်။

၄။MPT4U ကို အင်တာနက်မလိုဘဲ MPT4U web နှင့် မိုဘိုင်း(Android/IOS)တွင်အသုံးပြုနိုင်သလား။

– ဟုတ်ကဲ့ Android ဖုန်းတွင် အင်တာနက်မရပဲအသုံးပြုနိုင်ပါသည်။ အောက်ပါနည်းအတိုင်းပြုလုပ်ပါ.
i. MPT network ကို အသုံးပြုပါ
ii. မိုဘိုင်းဒေတာကိုဖွင့်ပါ
iii. VPN ကိုပိတ်ပါ
iv. ပြီးနောက် MPT4U အက်ပလီးကေးရှင်းကိုအသုံးပြူနိုင်ပါတယ်။
– မကြာမီ IOS ဖုန်းများတွင် အသုံးပြုနိုင်အောင် ဆောင်ရွက်နေပါသည်။
– အင်တာနက်မရှိပဲ MPT4U web ကိုအသုံးပြုလို့ မရပါ။

၅။ MPT4U ကိုအသုံးပြုရန်VPN လိုအပ်ပါသလား။ အင်တာနက်မလိုဘဲMPT4U ကိုအသုံးပြုရန်အတွက် ဝန်ဆောင်ခပေးရန်လိုအပ်ပါသလား။ ဝန်ဆောင်မှုအားလုံးသုံးနိုင်မည်လား။

– MPT4U APP ကို VPN ချိတ်ဆက်ထားပြီး အသုံးပြုလို့ရသလို မချိတ်ဆက်ထားရင်လည်း အသုံးပြုလို့ရပါတယ်။VPN ချိတ်ပြီးအသုံးပြုပါက OTP တောင်းပြီးနောက် ဝင်ရောက်အသုံးပြုနိုင်ပါသည်။
– MPT4U ကို MPT ကွန်ရက်တွင်အသုံးပြုပါက အမြဲတမ်းအခမဲ့ အသုံးပြုနိုင်ပါသည်။
– ယခုအချိန် အင်တာနက်မလိုဘဲသုံးနိုင်သော ဝန်ဆောင်မှုများမှာ
i. လက်ကျန်ငွေစစ်ဆေးခြင်း
ii. နေစဉ်အသုံးပြုမှုမှတ်တမ်းစစ်ဆေးခြင်း
iii. ငွေဖြည့်ကဒ်အသုံးပြု၍ ငွေဖြည့်နိုင်ခြင်း
iv. ပက်ကေ့ချ်ဝယ်ယူခြင်း
v. အထူးကမ်းလှမ်းချက်များ ဝယ်ယူခြင်း
vi. လက်ကျန်ချေးငွေရယူခြင်း
vii. လက်ကျန်ငွေလွဲပြောင်းခြင်း
viii. MPT Club ပွိုင့် စစ်ဆေး အသုံးပြုခြင်း
ix. ထိပေါက်ဆော့ခြင်း
x. ငွေဖြည့်မှတ်တမ်း နှင့် ပက်ခ်ျေ့ဝယ်ယူခြင်းမှတ်တမ်း စစ်ဆေးခြင်း
xi. ဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုနှင့် အစီအစဉ်ပြောင်းခြင်း တို့အသုံးပြုနိုင်ပါသည်။
– ထို့အပြင် အင်တာနက်မလိုဘဲMPT4U ထိပေါက်ဆော့လို့ရပါသည်။ သို့သော် တခါတရံ တုံပြန်မှုနှေးနိုင်ပါတယ်။

၆။ အင်တာနက်မလိုဘဲMPT4U ကိုအသုံးပြုရာတွင် ဘယ်ဝန်ဆောင်မှုများ မရနိုင်မည်နည်း။

အင်တာနက်မရှိဘဲ သုံးပါကအောက်ပါဝန်ဆောင်မှုများမရရှိပါ။
i. ဖျော်ဖြေရေးဝန်ဆောင်မှုများဖြစ်သော မဟာ၊Viu၊ Mobile Legends ၊ MPT recommended video၊ MNL, MPT Ballone တို့သုံး၍မရပါ။
ii. သတင်းအချက်အလက်နှင့်တခြားဝန်ဆောင်မှုများဖြစ်သော လိုတရ၊ တရားတော်များ၊ ဗေဒင် ၊ ကျန်းမာရေးအာမခံနှင့် ဉာဏ်စမ်းဝန်ဆာင်မှူတို့မရပါ။
iii. တခြားMPT၏လူမှုကွန်ရက်များ Viber, Line, Facebook တို့ အသုံးပြု၍မရပါ။

၇။ MPT4U App ကိုအခြားဘယ် Network နဲ့ မဆိုသုံးလို့ရနေပြီလား။

MPT Network သာမက အခြား Network နှင့်လည်းကောင်း၊ Wifi ဖြင့်လည်းကောင်းအသုံးပြုလို့ရပါသည်။ MPT Network ဖြင့်ဝင်ရောက်ပါက အင်တာနက် အခမဲ့ဖြစ်ပါသည်။

၈။ MPT4U Appကိုဘယ်လိုUpgradeလုပ်နိုင်ပါသလဲ?

သုံးစွဲသူအနေဖြင့် Update Nowဆိုသော ခလုတ်ကိုနှိပ်၍ လိုတရ ဝက်ဘ်ဆိုက်မှတစ်ဆင့် (သို့) *4040# ကိုခေါ်ဆို၍လည်း အခမဲ့ဒေါင်းလုတ်ပြုနိုင်မှာပါ။ IOSအသုံးပြုသူများအနေဖြင့်မူ App Storeတစ်မျိုးတည်းမှသာ ဒေါင်းလုတ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

၉။ မိမိဖုန်းတွင် MPT4U အက်ပလီကေးရှင်း ဗားရှင်းကိုဘယ်လိုစစ်ဆေးနိုင်မလဲ။ MPT4U Version အသစ်ကဘာလဲ။ Version အသစ်ကို အသုံးပြုရန် အနိမ့်ဆုံး Android နဲ့ iOS ဗားရှင်းကဘယ်လောက်ရှိရမှာလဲ။

– Side bar menu အောက်ရှိ Setting page မှာဗားရှင်းကို သွားရောက်စစ်ဆေးနိုင်ပါတယ်။
– MPT4U Version အသစ် မှာ IOS : 1.4.9 နှင့် Andorid : 4.4.0 ဗားရှင်း ဖြစ်ပါတယ်။
– Android ဗားရှင်း “ 6” ထက်နိမ့်ပြီး iOS ဗားရှင်း “ 10” ထက်နိမ့်လျှင် အသုံးပြုမရပါ။

၁၀။ သတ်မှတ်ထားသည့် version ထက်နိမ့်နေသော ဖုန်းများသည် MPT4U Versionအသစ်ကိုအသုံးပြုရန် ဒေါင်းလုတ်လုပ်ပြီးတပ်ဆင်နိူင်ပါသလား။

သတ်မှတ်ထားသည့် version ထက်နိမ့်နေသော ဖုန်းများတွင် အက်ပလီကေးရှင်းကို ​ဒေါင်းလုတ် လုပ် နိူင်သော်လည်း တစ်ချို့လုပ်ဆောင်မှုများကို အသုံးမပြုနိုင်ဘဲ အလိုအလျောက် အက်ပလီကေးရှင်းထဲမှထွက်သွားလိမ့်မည်။

၁၁။ ဘာသာစကားကိုဘယ်လိုပြောင်းရမှာလဲ။

Side bar menu ထဲက -> Setting အောက်ရှိ Language ကိုရွေးပြီး ဘာသာစကားကိုပြောင်းနိုင်ပါတယ်။

၁၂။MPT4U မှ "WOW" ဆိုတာဘာလဲ။

MPT4U WOW သည် သုံးစွဲသူများအား ပရိုမိုးရှင်း၊ပွဲများ၊ သတင်းများကဲ့သို့ MPT ၏နောက်ဆုံးပေါ်သတင်းအချက်အလက်များ ကို သိရှိစေနိုင်သည့် ၀န်ဆောင်မှု ဖြစ်သည်။
MPT4U WOW ကို MPT4U Home Pageရဲ့ အောက်ခြေ မှာ သုံးစွဲသူတို့ တွေ့နိုင်ပါတယ်။

၁၃။ Home screen မှာမြင်ရတဲ့ Privilege icon လေးသည် မည်သည့်အတွက်ထားရှိထားတာပါလဲ? Icon လေးတွေကိုလိုသလိုပြောင်းလို့ရပါသလား။

– Privilege icon သည် MPT Club နှင့်ပတ်သက်၍ ပိုမိုသိလိုပါက ၎င်း icon ကိုနှိပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ရန်ဖြစ်ပါသည်။
– အပေါ်ဆုံးမှာတွေ့မြင်ရမည့် Default ထားထားသည့် icons ၄ ခုကိုတော့ ကိုယ်လိုချင်သလို ပြောင်းလို့မရပါ။
– အခြားသော Icon လေးတွေပြောင်းရွေ့ဖို့ရန်အတွက်Service ထဲမှာ edit ကို click လုပ်ပြီး Icon လေးတွေကို drag လုပ်၍ပြောင်းလို့ရပါတယ်။

၁၄။ Account Details တွင်ဖော်ပြထားသော Balance, Daily Usage, Top Up History, Order History များကို မည်သည့်ရက်ပေါင်းအတွင်း စစ်ဆေးလို့ရနိူင်မလဲ။

Account Details တွင်
Balance ကို Real Time Balance အဖြစ် စစ်ဆေးနိုင်မည်ဖြစ်သည်။
Daily usage ကို ရက် ၉၀ ထိနှင့် လက်ရှိ အချိန်ထိစစ်ဆေးနိုင်ပြီး
Top Up History နှင့် Package Purchase History
များကို (၆) လစာစစ်ဆေးနိုင်မှာဖြစ်ပါတယ်။

၁၅။မိမိဝယ်ယူထားသော ပက်ကေ့ချ်များ ဘေလ်လက်ကျန်များကို စစ်ဆေးလိုပါက MPT4U ဗားရှင်းအသစ်တွင် ဘယ်လို စစ်ဆေးနိုင်မလဲ။

Side bar menu ထဲက ->Account detail page မှာသွားရောက်စစ်ဆေးနိုင်ပါတယ်။

၁၆။ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကို MPT4U တွင်လုပ်ဆောင်လို့ရပါသလား။မည်သို့ပြုလုပ်ရမည်နည်း။

ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကိုMPT4U တွင်လုပ်ဆောင်လို့ရပါသည်။
MPT4U မှ” ကျွန်ုပ် ” ကိုနှိပ်၍ “ ကိုယ်ရေးအချက်အလက်” စာမျက်နှာတွင် သင်ရဲ့လိုအပ်သောအချက်လက်များကိုမှန်ကန်စွာဖြည့်သွင်းပြီး “ သိမ်းပါ” ကိုနှိပ်၍ ပြုလုပ်ရပါမည်။ ထိုအပြင် မိမိ၏ကိုယ်ရေးအချက်အလက်များကို ပြန်လည်စစ်ဆေးပြီ: မှန်ကန်မှုမရှိပါက ပြန်လည်ပြုပြင်ဖြည့်သွင်းနိုင်ပါတယ်။ My Profile မှာပါတဲ့ % ကသုံးစွဲသူ၏မှတ်ပုံတင် သတင်းအချက်အလက်ရာခိုင်နှုန်းဖြစ်ပါတယ်။

၁၇။ MPT4U log in ဝင်မရခြင်း၊ မည်သည့်စာသားမှမပေါ်ပဲအဖြူရောင်ဖြစ်နေခြင်း၊အသုံးပြုနေစဉ် ရုတ်တရက်“ဝန်ဆောင်မှုအချိန်ကုန်ဆုံးပါပြီ"ဟုစာသားပေါ်လာခြင်း၊ Hti Pauk ဆော့၍မရ ခြင်းတို့ကြုံတွေ့ပါကမည်သို့လုပ်ရမည်နည်း။

– ပထမဦးစွာ VPN တပ်ဆင်ထားခြင်းကိုဖြုတ်ပေးပါ။
– Log in ပြန်ဝင်ပေးပါ။
– ဖုန်း setting ထဲက ဒေတာကို Clear Cache လုပ် ပေးပါ။
– အဆင် ပြေခြင်းမရှိသေးပါက MPT4U နောက်ဆုံး Version ကို *4040# မှတဆင့် Download ရယူ၍ပြန်လည်အသုံးပြုပါ။

၁၈။ USSD ဖြင့်ပက်ကေ့ချ်များဝယ်ယူပြီးနောက် ရရှိသော ထိပေါက် chance များကို SMS မှတဆင့်ပေးပို့ပြီးသော်လည်း MPT4Uအက်ပလီကေးရှင်း ထဲတွင်ဘာကြောင့်မတွေ့ရှိရပါသလဲ။

MPT4U အက်ပလီကေးရှင်း ဗားရှင်းအသစ်ကို မိတ်ဆက်ပေးပြီးသည့်နောက်တွင် USSD အပါအဝင် အခြား channel များမှပက်ကေ့ချ်ဝယ်ယူခဲ့ပါက ရရှိသော chance များသည် MPT4U အက်ပလီကေးရှင်းအသစ် ထဲသို့ တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်သည့်အတွက် ဗားရှင်းအသစ်တွင်သာ သွားရောက်ကစားနိုင်မှာဖြစ်ပါတယ်။

၁၉။ ထပ်ဆောင်းဝန်ဆောင်မှုများအတွက် ထိပေါက်ကံစမ်းခွင့် ရှိပါသလား။

ထပ်ဆောင်းဝန်ဆောင်မှုများအတွက် ထိပေါက်ကံစမ်းခွင့် မရရှိပါ။

၂၀။ ထိပေါက်ကစားခွင့်များမှာ ကုန်ဆုံးချိန် ရှိပါသလား။ထိပေါက် ကစားပြီး ကံစမ်းမဲပေါက်ထားသည်များကို စစ်ဆေးလို့ရပါသလား။

ရှိပါသည်။ ကစားခွင့်သက်တမ်းကုန်ဆုံးမည့်အချိန်မှာ (23:59:59) ဖြစ်သည်။ထိပေါက် ကစားပြီး ကံစမ်းမဲပေါက်ထားသည်များကို main page ရှိ Lucky Draw ကို နှိပ်ပြီးထိပေါက် Historyတွင် (၇)ရက်ထိစစ်ဆေးလို့ရပါတယ်။

၂၁။ Package Purchase page တွင်ပေါ်နေသော Gift icon ဆိုတာဘာလဲ။ပက်ကေ့ချ်လက်ဆောင်ပေးသူ နဲ့ လက်ဆောင်ရရှိသူ အကြား ထိပေါက်ခံစားခွင့်ကို ဘယ်သူရမလဲ။

MPT သုံးစွဲသူ အချင်းချင်း လက်ဆောင်ပေးလို့ရတဲ့ လုပ်ဆောင်ချက်ပါ။ပက်ခ်ျေ့လက်ဆောင်ရရှိသူက ထိပေါက်ခံစားခွင့်ကိုရရှိပါမည်။

၂၂။MPT4U game ဝန်ဆောင်မှုဆိုတာဘာလဲ။ မည်သို့ကစားရမလဲ။

MPT4U ၏မူလစာမျက်နှာမှတစ်ဆင့် game icon အားနှိပ်၍ MPT4U game များကို ဆော့ကစားနိုင်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။

၂၃။ MPT4U game ကို မည်သူတွေပါဝင်ကစားခွင့်ရှိပါသလဲ။

MPT4U App အား ဖုန်းတွင်ထည့်သွင်းထားသည့် MPT အသုံးပြုသူများ ပါဝင်ကစားခွင့်ရှိပါသည်။ MPT ကဒ်အသုံးပြုပြီး MPT4U App အားမထည့်သွင်းရသေးသူများ အနေဖြင့်လည်း အောက်ပါလင့်မှ တစ်ဆင့်သော်လည်းကောင်း *4040# အားခေါ်ဆို၍ ဒေါင်းလုတ်လင့်ရယူ၍လည်းကောင်း MPT4U App အားဖုန်းတွင် ထည့်သွင်း၍ ပါဝင်ကစားနိုင်ပါသည်။
ဒေါင်းလုတ်ရယူရန်လင့် – https://bit.ly/MPT4Ufree

၂၄။ MPT4U game မှာ game ဘယ်လောက်ပါဝင်မှာလဲ။Game တွေကို ကစားရင် ဒေတာဖိုး ကုန်ကျပါမည်လား။

အနည်းဆုံး game ပေါင်း (၅) ခုပါဝင်မှာ ဖြစ်ပါတယ်။MPT4U game များကစားရာတွင် မည်သည့်ဒေတာဖိုးမျှပေးရန် မလိုပဲ အခမဲ့ဒေတာဖြင့် ကစားနိုင်ပါသည်။

၂၅။ Game တွေကို ကစားရင် မည်မျှပေး၍ ကစားရမလဲ။

Game ကစားသူများသည် Game များကို အောက်ပါအခြေအနေနှစ်မျိုးနှင့် ကစားနိုင်ပါသည်။
အခမဲ့ပွဲစဉ်များ – ကစားသူများအနေဖြင့် မည်သည့်အခကြေးငွေပေးစရာမလိုပဲ အခမဲ့ကစားနိုင်ပါသည်။
ဝင်ကြေးပေးပွဲစဉ်များ – ကစားသူများအနေဖြင့် သတ်မှတ်ထားသည့် ဝင်ကြေးပေး၍ ကစားနိုင်ပါသည်။

၂၆။ အခမဲ့ဂိမ်းတွေအတွက် ဆုလက်ဆောင်တွေပါမည်လား။

အခမဲ့ဂိမ်းများအတွက် ဆုလက်ဆောင်များပါဝင်မှာ ဖြစ်ပါတယ်။ ဝင်ရောက်ကစားသူများအတွက် ဒေတာ၊ ဖုန်းခေါ်ဆိုခွင့်၊ စာတိုမက်ဆေ့ အစရှိသည့် ဆုများအပြင် ဖုန်း၊ ရွှေဒင်္ဂါးပြားများစသည့် ဆုလက်ဆောင်များကို ကစားသမားများ၏ ရမှတ်များပေါ်မူတည်၍ အဆင့်သတ်မှတ်ချက်အတိုင်း ဆုလက်ဆောင်များ ရရှိမှာ ဖြစ်ပါသည်။

၂၇။ဂိမ်းကစားခြင်း၏ အဆင့်သတ်မှတ်ချက်မှာ အဘယ်နည်း။

သတ်မှတ်ထားသည့် ပွဲစဉ်အချိန်များအတွင်း အမှတ်အများဆုံး ရရှိသူသည် ပထမနေရာကို ရရှိမည် ဖြစ်ပြီး အခြားသော အဆင့်များကိုလည်း အမှတ်ပေါ်မူတည်၍ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ကစားချိန်အတွင်း အမှတ်တူနေ ရှိနေပါက ရမှတ်ပထမဆုံး ရရှိသူသည့် အဆင့်ပိုမှာ ဖြစ်ပါတယ်။

၂၈။ဝင်ကြေးပေး၍ ကစားရသောဂိမ်းများအတွက် ဆုလက်ဆောင်ဟာ မည်သည့်အရာများဖြစ်သလဲ။ ဝင်ကြေး မည်မျှရှိမည်နည်း။

ဝင်ကြေးပေးရသော ဂိမ်းများအတွက် ဆုလက်ဆောင်များအဖြစ် MPT ဘေလ်များကို ရမှတ်နှင့်အဆင့်အလိုက် ရရှိမည်ဖြစ်ပြီး ဝင်ကြေးမှာ အနည်းဆုံး ၉၉ကျပ်မှ စတင်မည်ဖြစ်ပါသည်။

၂၉။ ဆုရရှိသူများသည် မည့်သည့်အချိန်တွင် လက်ဆောင်များရရှိပါမည်နည်း။ဆုရရှိသည့်အခါ စာတိုဖြင့် အကြောင်းကြားမည်လား။

ဆုရရှိသူများသည် ပွဲစဉ်ပြီးဆုံးသည့် အချိန်မှစတင်၍ ၁၀ရက်အတွင်း လက်ဆောင်ရရှိမည်ဖြစ်ပါသည်။ရရှိသည့်ဆုအား ပေးအပ်သည့်အခါတွင် စာတိုဖြင့် အကြောင်းကြားမည်ဖြစ်ပါသည်။
ကစားသမားများသည် မိမိရရှိသည့် အဆင့်နှင့်ဆုလက်ဆောင်များကို ပြိုင်ပွဲကျင်းပနေစဉ်သော်လည်းကောင်း၊ ပြီးဆုံးသွားသည့်သော်လည်းကောင်း ဂိမ်းစာမျက်နှာတွင် စစ်ဆေးကြည့်နိုင်ပါသည်။

၃၀ ။အကယ်၍ ဂိမ်းကစားသူသည် ယခုပြိုင်ပွဲများအပြင် ယခင်ပြိုင်ပွဲများတွင်ပါ တယ်လီကွန်းဆုများ ဆွတ်ခူးထားပါက ဆုလက်ဆောင်များ၏ သက်တမ်းကို မည်ကဲ့သို့ဖြတ်တောက်သွားမည်နည်း။

တယ်လီကွန်းဆုလက်ဆောင်များ၏ သက်တမ်းသည် ရက်(၇)ဖြစ်ပါသည်။
တယ်လီကွန်းဆုလက်ဆောင်အား အစောပိုင်းရရှိသည့် ဆုလက်ဆောင်အား စတင်ဖြတ်တောက်ပြီး အဆိုပါဆုလက်ဆောင်ကုန်သွား၍သော်လည်းကောင်း သက်တမ်းကုန်သွား၍သော်လည်းကောင်း အခြေအနေမှသာ နောက်ဆုံးရရှိသည့် ဆုလက်ဆောင်အား ဖြတ်တောက်သွားပါမည်။

၃၁ ။MPT4U App ဂိမ်းပြိုင်ပွဲများတွင် ကစားသူများ နည်းလမ်းမှန်ကန်စွာဖြင့် ကစားပြီး ဆုလက်ဆောင်များ ရရှိအောင် ဘယ်လိုပြုလုပ်ထားပါသလဲ။

MPT4U App မှဂိမ်းဆော့ခြင်းမှ အမှတ်များရအောင်နှင့်အဆင့်ထိပ်ဆုံးများရအောင် ဂိမ်းဆော့ခြင်းမှမဟုတ်ပဲ အခြား Third Party Software များ၊ MPT4U ဂိမ်းပြင်ပ App များအသုံးပြုခြင်းကို ခွင့်မပြုပါ။ အသုံးပြုကြောင်း တွေ့ရှိပါက ကစားသူ၏ ဖုန်းနံပါတ်အား Blacklist သွင်း၍ နောက်ပိုင်း ဂိမ်းပြိုင်ပွဲများတွင် ပါဝင်ခွင့်ပိတ်ပင်သွားမည်ဖြစ်ပါသည်။ အထက်ပါနည်းလမ်းများဖြင့် ရရှိလာခဲ့သည့် ဆုလက်ဆောင်ကိုလည်း ပေးအပ်သွားမည်မဟုတ်ပါ။

MPT Club

၁။ MPT Club အစီအစဉ် ဆိုတာ ဘာပါလဲ။ MPT Club အစီအစဉ်မှာ ဘာ့ကြောင့် ပါဝင်သင့်ပါသလဲ။

MPT Club သည် MPT သုံးစွဲသူတိုင်း ဆုလက်ဆောင်များရရှိနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။ MPT Club အစီအစဉ်တွင် ပါဝင်ထားသော MPTဖုန်းနံပါတ်သည် ဖုန်း အသုံးပြု မှု ပေါ်တွင်အခြေခံပြီး ၊ MPT၏ မိတ်ဖက်(partner) ဆိုင်များတွင် ဈေးဝယ်တိုင်း MPT Point များကို ထပ်ဆောင်းလက်ဆောင်အဖြစ် ရရှိနိုင်မည်ဖြစ်ပါသည်။

အဆိုပါ ရရှိထားသော MPT Pointများဖြင့် အထူးစီစဉ်ထားသော MPT ဝန်ဆောင်မှုများ၊ MPT မိတ်ဖက်(partner) ဆိုင်များမှ ဈေးဝယ်ကူပွန်များကို လဲလှယ်ရယူနိုင်မည်ဖြစ်သည်။

၂။ MPT Club အစီအစဉ်မှာ ဘယ်သူတွေပါဝင်နိုင်ပါသလဲ။

MPT SIM Card အသုံးပြုနေသူ (active customer) များအားလုံး MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ ( GSM/WCDMA/CDMA ဖုန်းများ၏ Prepaid စနစ်(သို့) Postpaid စနစ်အသုံးပြုနေသူများအားလုံး)

၃။ MPT Club အစီအစဉ်မှာ ဘယ်လို ပါဝင်ရမှာပါလဲ။

အောက်ဖော်ပြပါနည်းလမ်းများအနက်မှ ကြိုက်နှစ်သက်ရာ တစ်မျိုးကိုသုံး၍ တစ်ကြိမ်လျှောက်ထားရုံဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

(၁)                 USSD ကို အသုံးပြုခြင်းနည်းလမ်း – *345# ကို ရိုက်နှိပ်ခေါ်ဆိုခြင်း။

(၂)                SMS ကို အသုံးပြုခြင်းနည်းလမ်း – 345သို့ REG M/F ဟု စာတို(SMS)ပေးပို့ခြင်း။

(၃)   MPT4U app link

(၄)            Andriod : https://bit.ly/2z4ZhrJ

(၅)          IOS: http://apple.co/2yNZJWY

၄။ MPT Club အစီအစဉ်တွင် ပါဝင်ရန် အခကြေးငွေ ပေးရန်လိုအပ်ပါသလား(သို့) MPT Club အစီအစဉ်တွင် ပါဝင်ခြင်းကြောင့် ကုန်ကျစားရိတ် တစ်စုံတစ်ရာရှိမှာပါလား။

အခကြေးငွေပေးဆောင်ရန် လုံးဝမလိုအပ်ပါ။ အပိုဆောင်းကုန်ကျစားရိတ်လည်း ရှိမည်မဟုတ်ပါ။

၅။ MPT Club အစီအစဉ်ကို အသုံးပြုပါက လက်ရှိကျသင့်နေသော အသုံးပြုခနှုန်းထားများ (ဖုန်းခေါ်ဆိုခ နှုန်းထား၊ အင်တာနက်အသုံးပြုခနှုန်းထား၊ SMS ပေးပို့ခများ) ပြောင်းလဲသွားမှာပါလား။ Voice Package၊ Data Package တွေရော ဘာတွေပြောင်းလဲသွားမှာလဲ။

ပြောင်းလဲမှုမရှိပါ။ လက်ရှိ အသုံးပြုနေသော နှုန်းထားများအတိုင်းဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပြီး MPT Point များကို ထပ်ဆောင်းလက်ဆောင်အဖြစ် ရရှိမည်ဖြစ်ပါသည်။

၆။MPT၏ မိတ်ဖက်(partner) ဆိုင်တွေက ဘယ်သူတွေပါလဲ။

( အချိန်နှင့်တပြေးညီ ပြောင်းလဲမှုရှိနိုင်ပါသည် )။ https://www.mpt.com.mm/en/mpt-club-en/   တွင် ကြည့်ရှူနိုင်ပါသည်။

၇။ MPT ကနေ ဘယ်လိုပုံစံနဲ့ MPT Point တွေ ရရှိနိုင်မှာပါလဲ။

နည်းလမ်း နှစ်မျိုးဖြင့် ရရှိနိုင်ပါသည်။

(၁) ယနေ့အသုံးပြုလိုက်သော ဖုန်းငွေ ပမာဏ အပေါ် မူတည် ၍ မိမိ ရောက်ရှိနေသော member level အလိုက်နောက်တနေ့ တွင်Point များကို ရရှိ သွားမည် ဖြစ်သည်။ မိမိ အသုံးပြု လိုက်သော ဖုန်းငွေပမာဏ သို့ Usage ဆိုသည် မှာ မိမိ ဖုန်းဘေလက်ကျန် ငွေမှ အသုံး ပြု လိုက် သော လုပ်ဆောင် မှူ အားလုံး ဆိုလိုပါသည်။ Pay as you go, Package, ချေးငွေ ရယူမှု နှင့် service subscription fees (SDP, IDD and VAS service) ဝယ်ယူ မှူ အားလုံး ကိုဆိုလိုပါသည်။

(၂) MPT ၏ မိတ်ဖက် ဆိုင်များတွင် ဈေးဝယ် တိုင်း MPT Point  များကို ထပ်ဆောင်း လက်ဆောင် အဖြစ် ရရှိမှာဖြစ်ပါသည်။

၈။ MPT၏ မိတ်ဖက်(partner) ဆိုင်တွေ ကနေ ဘယ်လိုပုံစံနဲ့ MPT Point တွေ ရရှိနိုင်မှာပါလဲ။

MPT၏ မိတ်ဖက်(partner) ဆိုင်များတွင် အသုံးပြုသော (ဈေးဝယ်ယူသော) ငွေပမာဏအလိုက် MPT Point များကို အဆိုပါ ဆိုင်က အောက်ဖော်ပြပါ နည်းလမ်းဖြင့် ပေးအပ်သွားမည်ဖြစ်သည်။

(၁) ငွေပေးချေပြီးပါက အလိုအလျောက်စနစ်ဖြင့် မိတ်ဖက်(partner) ဆိုင် မှ MPT Club Point ပေးအပ်ခြင်း။ စစ်ဆေးကြည့်လိုပါက 345 သို့ BAL ဟု စာတိုပေးပို့ပါ။

၉။ MPT Point ကို MPT ဝန်ဆောင်မှုတွေနဲ့ လဲလှယ်ဖို့ ဘာတွေလုပ်ဖို့လိုလဲ။

*345*3*1# ကို ရိုက်နှိပ်ခေါ်ဆိုပြီး လဲလှယ်ယူနိုင်သည့် MPT ဝန်ဆောင်မှုများကို စစ်ဆေးကြည့်နိုင်ပါ သည်။

မှတ်ချက်-မိမိလဲလှယ်ယူလိုသည့် ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point ရှိရန်လိုအပ်ပါ သည်။

၁၀။ MPT Point ကို MPT၏ မိတ်ဖက်(partner) ဆိုင်တွေမှာ လဲလှယ်ဖို့ ဘာတွေလုပ်ဖို့လိုလဲ။

*345*3*2# ကို ရိုက်နှိပ်ခေါ်ဆိုပြီး လဲလှယ်ယူနိုင်သည့် MPT၏ မိတ်ဖက်(partner) ဆိုင်များ၏ Cuponများကို စစ်ဆေးကြည့်နိုင်ပါသည်။

Product တစ်ခုကို ရွေးချယ်လိုက်ပါက Voucher Code ကို လက်ခံရရှိမည်ဖြစ်ပြီး MPT၏ မိတ်ဖက်(partner) ဆိုင်တွင် အဆိုပါ Vocher Codeကိုပြကာ ပစ္စည်းထုတ်ယူနိုင်မည် (သို့) discount ခံစားခွင့်ရရှိမည်ဖြစ်သည်။

သို့  MPT4U app မှ MPT Club icon ကို နှိပ်ပြီး redemption မှတဆင့် ပစ္စည်း များကိုရွေးချယ်နိုင်ပါသည်

မှတ်ချက်- (၁) မိမိလဲလှယ်ယူလိုသည့် ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point ရှိရန်လိုအပ်ပါ သည်။

(၂) မိမိ ရွေးချယ်လိုက်သော product ကို ပြန်၍ cancel လုပ်၍ ရမည် မဟုတ်ချေ။

၁၁။ ကျွန်တော်တို့မြို့မှာ MPT၏ မိတ်ဖက်(partner) ဆိုင်တွေမရှိပါဘူး။ ဘယ်လို လဲလှယ်ရမလဲ။

MPT Point များကို MPTဝန်ဆောင်မှုများနှင့်လည်း လဲလှယ်အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် MPT၏ မိတ်ဖက်(partner) ဆိုင်များရှိနေစေရန်လည်း MPT မှ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

၁၂။ MPT၏ မိတ်ဖက်(partner) ဆိုင်တွေက ရရှိထားတဲ့ MPT Point တွေကိုရော MPT ဝန်ဆောင်မှုတွေနဲ့လဲလှယ်နိုင်ပါသလား။ အပြန်အလှန်အားဖြင့် MPTက ရရှိထားတဲ့ MPT Point တွေကိုရော MPTမိတ်ဖက်(partner) ဆိုင်တွေမှာ လဲလှယ်နိုင်ပါသလား။ ဘယ်လိုသတ်မှတ်ချက်တွေရှိပါသလဲ။

လွတ်လပ်စွာလဲလှယ်နိုင်ပါသည်။ မည်သည့်နေရာမှမဆို ရရှိထားသော MPT Point များကို MPT ဝန်ဆောင်မှုအတွက်ဖြစ်စေ၊ မည်သည့် MPTမိတ်ဖက်(partner) ဆိုင်တွင်ဖြစ်စေ လဲလှယ်အသုံးပြုနိုင်ပါသည်။

၁၃။ MPT Point တွေရဲ့ သက်တမ်းက ဘယ်လောက်လဲ။ ( MPT Point တွေကို မသုံးဘဲ ဘယ်လောက်ကြာကြာသိမ်းထားနိုင်ပါသလဲ။

လက်ခံရရှိသောနေ့မှစ၍ ၃၆၅ရက်အထိ သိမ်းထားနိုင်ပါသည်။ ၃၆၅ရက်ပြည့်ပါက သက်တမ်းကုန်သွားမည်ဖြစ်ပြီး အဆိုပါ MPT Point ကို အသုံးပြုနိုင်မည်မဟုတ်ပါ။ MPT Point များကို သက်တမ်းတိုးနိုင်ခြင်းမရှိပါ။

၁၄။ မိမိမှာ ယနေ့ ဖုန်းအသုံးပြုသော ငွေ ပမာဏ ရှိသော် လည်း အဘယ်ကြောင့် Point များကို နောက်နေ့ တွင် လက်ခံ မရရှိ သနည်း။

ဖုန်းအသုံးပြု သောငွေပမာဏ အပေါ် Point များကို တွက်ချက် ထားပြီး 1 Point သို့ ရောက်ရှိ သည်မှ စ၍ Point ရရှိကြောင်း စာတို ရရှိ သွားမည် ဖြစ်သည်။

MPT Club - MPT Point Redemption Package

၁။MPT Point အရေအတွက် ဘယ်လောက်နဲ့ MPTရဲ့ ဘယ်လိုဝန်ဆောင်မှုတွေကို လဲလှယ်ရယူနိုင်မှာပါလဲ။

လူကြီးမင်းရရှိထားသော MPT Point များကိုသုံးပြီး အောက်ဖော်ပြပါများမှ ကြိုက်နှစ်သက်ရာ MPT ဝန်ဆောင်မှုများကို လဲလှယ်ရယူနိုင်ပါသည်။
ဥပမာ – ၁၉၉ MPT Pointဖြင့် MPT ဖုန်းများသို့ 300MB အင်တာနက်အသုံးပြုခွင့် (သို့မဟုတ်) MPT ဖုန်းများသို့ SMS အစောင် ၃,၀၀၀ ပေးပို့ခွင့် (သို့) ဖုန်းBill ၁၆၀ကျပ် တို့အနက်မှ ကြိုက်နှစ်သက်ရာ ဝန်ဆောင်မှုတစ်ခုကို လဲလှယ်ရယူနိုင်ပါသည်။
ဝန်ဆောင်မှုတစ်ခုစီ၏ သက်တမ်းမှာ လဲလှယ်ရယူပြီးချိန်မှစ၍ ရက်၃၀အထိဖြစ်သည်။

PointMinsMBSMSBalance
50104020040
9920100100080
199603003000160
2991005005000260
3991608008000350
799400200020000720

မှတ်ချက် – Voice သည် MPT အချင်းချင်းဖုန်းခေါ်ဆိုရန် ဖြစ်သည်။
SMS သည် MPT အချင်းချင်း စာတိုပေးပို့ရန် ဖြစ်သည်။
Balance သည် MPT အချင်းချင်းဖုန်းခေါ်ဆိုရန်နှင့် စာတိုပေးပို့ရန်၊ အင်တာနက်အသုံးပြုရန် တို့အတွက်ဖြစ်သည်။
ဖော်ပြပါနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး ဖြစ်ပါသည်။
Service package အလိုက် ခံစားခွင့်များမှာ အောက်ပါအတိုင်း ဇယား အတိုင်း ဖြစ်သည်။

Pack typeGSM/WCDMACDMAGSM “Base” tariff
VoiceYXY
DataYXX
SMSYXY
AirtimeYYY

IDD subscription fee ကို member level အားလုံး Points 499 Point ရှိရုံ ဖြင့် လဲလှယ် နိုင်ပြီ ဖြစ်ပါသည်

၂။ တစ်ရက်အတွင်းမှာ ဝန်ဆောင်မှုတွေ အများကြီး လဲလှယ်ရယူနိုင်ပါသလား။

လူကြီးမင်း၏ MPT Point များကို သုံးပြီး အကြိမ်အရေအတွက် အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပါသည်။

၃။ MPT Point ကိုသုံးပြီး MPT ဝန်ဆောင်မှု Package ဖြစ်တဲ့ Voice(သို့) Balance Package ကို လဲလှယ်ရယူထားပါတယ်။ MPT မဟုတ်တဲ့ တခြား Operator နံပါတ်ကို ဖုန်းခေါ်ဆိုတဲ့အခါ ဘယ်လိုဖြစ်မှာပါလဲ။

(က) လူကြီးမင်းလက်ရှိအသုံးပြုနေသော အစီအစဉ် (Base Tariff(သို့)ဆွေသဟာ(သို့) ရှယ်ပြော၊ (သို့)ရွှေစကား) နှုန်းထားအတိုင်း ကျသင့်စေမည်ဖြစ်သည်။
(ခ) MPT Point များနှင့် လဲလှယ်ရယူထားသည့် ဝန်ဆောင်မှုများကို အောက်ဖော်ပြပါ ပုံစံများအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။

အမျိုးအစားtype On-net (including MPT mobiles, MPT fixed lines)Off-net (including Ooredoo/Telenor/MEC)
VoiceX
SMSX
IDD VoiceXX
Paid call center lines (e.g. 1876)XX
Purchase and use of VAS including CRBT, Call Forwarding, etc.XX
International SMSXX
Packages (Data)XX
Data

၄။ သတ်မှတ်ထားတဲ့ USSD Code ကို ရိုက်နှိပ်ပြီး MPT Point ကို MPT ဝန်ဆောင်မှုနဲ့ လဲလှယ်ပါတယ်။ ဒါပေမယ့် လဲလှယ်လို့မရပါဘူး။ ဘာဖြစ်လို့ပါလဲ။

(၁)          မိမိလဲလှယ်လိုသည့် MPT ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point မရှိပါက လဲလှယ်နိုင်မည်မဟုတ်ပါ။

(၂)           လူကြီးမင်း၏ ဖုန်းနံပါတ်သည် one-way blocked (သို့)two-way blocked ဖြစ်နေပါက လဲလှယ်နိုင်မည်မဟုတ်ပါ။

(၃)          ဖုန်းငွေဖြည့်ကာ ဖုန်းနံပါတ်ကို Active အဆင့်ရောက်အောင်ပြုလုပ်ခြင်း ပြီးမှ ပြန်လည်လဲလှယ်ပါ။

MPT Club - MPT Club Membership program

၁။ MPT Club member program ဆိုတာ ဘာလဲ။

MPT Club member program ဆိုတာ မူလ MPT Club ခံစားခွင့် များ ကို ထပ်မံ တိုးမြင့် ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်။

၂။ မိမိ ရောက်ရှိနေသော အခြေအနေ ရှိ ခံစားခွင့် ကိုမည်မျှ ကြာခံစား နိုင်သနည်း။

မိမိ ရောက်ရှိနေသော level ကို ရောက်ရှိသော လ မှ နောက် ၃ လ အထိ ခံစားနိုင် ခွင့်ရှိမည်ဖြစ်သည်။

၃။ နောက် member Level တက်ရန် မည်မျှ စောင့်ရမည်နည်း။

သက်မှတ် ထား သော Member Level တခု ခြင်းစီ၏ ငွေပမာဏ ပေါ် ပြည့်မှီ ခဲ့ပါက နောက် လတွင် member level  တိုးမြင့်ပြောင်းလဲ သွားမည် ဖြစ်သည်။

၄။ လက်ရှိ Member Level ၏ အသုံးစရိတ် ကို ထိန်းသိမ်း ထားနိုင်ခြင်း မရှိပါက ခံစားခွင့်များ မည်သို့ ပြောင်းလဲသွားမည်နည်း။

လက်ရှိ Member Level ၏ အသုံးစရိတ် ကို ထိန်းသိမ်း ထားနိုင်ခြင်း မရှိ ခဲ့ပါသော်လည်း  လက်ရှိ Member Level  ၏အကျိုး ခံစားမှူကို နောက် ၃ လ ကြာမြင့် သည်အထိ ခံစားခွင့် ရှိသည်။

၅။ Crown, Diamond, Platinum, Gold, Sliver ဆိုတာ ဘာလဲ။

Crown, Diamond, Platinum, Gold, Sliver ဆိုတာ အဖွဲ့ ဝင်များ မိမိရောက်ရှိနေသော အခြေအနေများကို ဖော်ပြထားခြင်းဖြစ်သည်။ မိမိရောက်ရှိနေသော အခြေအနေအလိုက် အခွင့်အရေးများကိုခံစားနိုင်သည်။

၆။ အဖွဲ့ ဝင် ၏ သက်တမ်းကာလမှာ မည်မျှနည်း။

အဖွဲ့ဝင်၏ သက်တမ်းကာလမှာ ၃လဖြစ်ပါတယ်။ အဖွဲ့ဝင် များ၏ Member Level ပြောင်းလဲ မှုရှိ ပါက သုံးသပ် ချက်များကို လတစ်လ ၏ ၁ ရက်နေ့ တွင် အသိပေးစာတို ရရှိမည် ဖြစ်သည်။

၇။ Membership level များကို မည်သို့ ပိုင်းခြား ထားသနည်း။

Member level ပိုင်းခြားမှုများကို အောက်ဖော်ပြပါ ဇယား အတိုင်း သိရှိနိုင် ပါသည်။
Member level ပိုင်းခြားမှုများကို အသုံးပြု သူ၏ ၃လ ပျမ်းမျှ အသုံးစရိတ် နှင့် MPT sim card အသုံးပြုမှု သက်တမ်း ပေါ်မူတည်၍ level များကို သတ်မှတ်ထားခြင်း ဖြစ်ပါသည်။

Tier NameUsage RangePoint Rate
Diamond CrownOver 30,000 MMK or Diamond usage with Over 1 year MPT sim card)2.00%
DiamondOver 30,000 MMK or Platinum usage with over 1 year MPT sim card1.50%
Platinum10,000 – 29,999 MMK or Gold usage with over 1 year MPT sim card1.00%
Member -> Gold5,000 – 9,999 MMK or silver usage with over 1 year MPT sim card1.00%
Member -> Silver0 – 4,999 MMK0.50%

လိုတရ

၁။ လိုတရ သတင်းများကို ဖတ်ရှုနိုင်သည့် MPT4U အက်ပလီကေးရှင်းကို မည်သည့် ဖုန်းအမျိုးအစားများဖြင့် အသုံးပြုနိုင်ပါသလဲ။

လိုတရ သတင်းများကို ဖတ်ရှုနိုင်သည့် MPT4U အက်ပလီကေးရှင်းကို Android ဖုန်းတွင်သာမက iPhone များဖြင့်လည်း အသုံးပြုနိုင်ပါသည်။   (Android Version 5.0 နှင့်အထက် iOS Version 9.0 နှင့်အထက် ဖုန်းများသာ အသုံးပြုနိုင်သည်။)

၂။ MPT4U အက်ပလီကေးရှင်းတွင် လိုတရ သတင်းများကို Wifi သို့မဟုတ် တခြားကွန်ယက်များအသုံးပြု၍ ဖတ်ရှုနိုင်ပါသလား။

MPT4U အက်ပလီကေးရှင်းတွင် လိုတရ သတင်းများကို  Wifi သို့မဟုတ် တခြားမည်သည့်ကွန်ယက်များဖြင့် အသုံးပြုနိုင်သော်လည်း လိုတရ ၏ အထူးခံစားခွင့်များကို MPT မိုဘိုင်းကွန်ယက်ဖြင့်သာလျှင်ရယူနိုင်မည်။

၃။ လိုတရ သတင်းများကို ဖတ်ရှုနိုင်သည့် MPT4U အက်ပလီကေးရှင်းကို အသုံးပြုမှုအတွက် ကျသင့်ငွေပေးဆောင်ရန် လိုအပ်ပါသလား။

လိုတရ သတင်းများကို ဖတ်ရှုနိုင်သည့် MPT4U အက်ပလီကေးရှင်းကို MPT မိုဘိုင်းကွန်ယက်ဖြင့် အခမဲ့ အသုံးပြုနိုင်ပါသည်။

၄။ လိုတရ အက်ပလီကေးရှင်းတွင် မည်သည့် ဝန်ဆောင်မှုများရရှိနိုင်ပါသလဲ။

လိုတရ အက်ပလီကေးရှင်းတွင် နောက်ဆုံးရ သတင်းအစုံ၊ဂိမ်း၊ဗေဒင်၊တရားတော်၊မိုးလေဝသ သတင်းများ၊ ရှေးဦးပြုစုနည်းလမ်းများ၊ ကူပွန်၊ MPT ၏ အပိုထပ်ဆောင်ဝန်ဆောင်မူ၊ MNL ဘောလုံးသတင်းများ၊ သတင်းနှင့်ဖျော်ဖြေရေးအစီအစဉ်များ အချိန်နှင့် တပြေးညီ သိရှိနိင်ပါသည်။

၅။ လိုတရ အက်ပလီကေးရှင်းတွင် ဘယ်လိုဂိမ်းအမျိုးအစားများ ရနိုင်သနည်း။

လိုတရ အက်ပလီကေးရှင်းတွင် ဝက်ဆိုက်မှ တိုက်ရိုက်အခမဲ့ ဆော့နိုင်ပြီး နာမည်ကြီး အက်ပလီကေးရှင်းဂိမ်းအကြောင်းအရာများကိုလဲ ဖတ်ရှုနိုင်ပါသည်။

LTE+

1. LTE+ ဆိုတာဘာပါလဲ။

LTE+ ဆိုသည်မှာ 3G ထက်၁၀ဆအထိ ပိုမိုမြန်ဆန်တဲ့ အင်တာနက် အမြန်နှုန်းကိုပေး စွမ်းနိုင်သော မိုဘိုင်းဖုန်းဆက်သွယ်မှု နည်းပညာအသစ်ဖြစ််ပါတယ်။ LTE+ ဖြင့် လက်ကိုင်ဖုန်းနှင့်အခြားသော မိုဘိုင်းစက်ပစ္စည်း များပေါ်မှာ အင်တာနက်အသုံးပြုသည့်အခါ ယခင်ထက်ပိုမိုမြန်ဆန်သော အမြန်နှုန်းကို ခံစားနိုင်မှာဖြစ်ပါသည်။

2. MPT ၏ LTE+ က ဘာတွေအားသာချက်ရှိပါသလဲ။

LTE+ က လက်ရှိ 3G ထက် အလွန်မြန်ဆန်သည့်အတွက် သုံးစွဲသူတွေ မိုဘိုင်းဖုန်းမှတဆင့် ဝက်ဘ်ဆိုဒ်တွေ ဝင်ရောက်ကြည့်ရှုသည့်အခါ၊ video ဖုန်းခေါ်ဆိုသည့်အခါ၊ အရည်အသွေးမြင့် မိုဘိုင်းတီဗွီ၊ video နှင့် youtube များကြည့်သည့်အခါ၊ အွန်လိုင်းဂိမ်းအကြီး စားများဆော့ကစားသည့်အခါ၊ နှင့် အခြားအခြားသော အွန်လိုင်းမှ ဝန်ဆောင်မှုတွေရ ယူတဲ့အခါမှာ အထစ်အငေါ့မရှိ၊ အပြတ်အတောက်မရှိ ချောမွေ့သောအွန်လိုင်းအတွေ့အကြုံကိုခံစားနိုင်ပါလိမ့်မည်။

3.LTE+(4G) ကိုဖွင့်ထားပြီး LTE+အသုံးပြု၍မရသောနေရာများသို့သွားလျှင် ဒေတာအသုံးပြုရန်အတွက် 3G ပြန်ဖွင့်ရန်လိုပါသလား။

မလိုအပ်ပါ။ LTE+ network coverage မရှိသော နေရာများသို့ရောက်လျှင် အလိုအ လျောက် 3G Network သို့ချိတ်ဆက်ပေးမှာဖြစ်ပါသည်။ LTE+ သုံးနိုင်သော နေရာများသို့ ပြန်ရောက်လျှင် အလိုအလျာက် LTE+ အသုံးပြုနိုင်မှာဖြစ်ပါသည်။

4. LTE+ကိုဘယ်လိုအသုံးပြုရပါ့မလဲ။

  1. LTE+ အသုံးပြုရန် ရှယ်ပြော (သို့မဟုတ်) ဆွေသဟာအစီအစဉ်ကိုရယူထားဖို့ လိုအပ်ပါသည်။
  2. သင်၏ လက်ကိုင်ဖုန်းမှာ LTE(4G) အသုံးပြု၍ရသည့်ဖုန်းဖြစ်ရန်လိုအပ်ပြီး လှိုင်းနှုန်းစဉ် ၁၈၀၀ MHz အသုံးပြု၍ ရသော ဖုန်းဖြစ်ရပါမည်။
  3. သင်၏ SIM card သည်လည်း USIM ဖြစ်ရန်လိုပါသည်။ သင်၏ SIM card USIM ဖြစ်မဖြစ်ကိုသိရှိရန် *106*5# သို့ဖုန်းခေါ်ဆိုပြီးစစ်ဆေးကြည့်ပါ။

5. Base-tariff အသုံးပြုသူများ LTE+ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသလား။

Base-tariff အသုံးပြုသူများသည် LTE+ ဝန်ဆောင်မှုကို အသုံးပြု၍ မရပါ။ base-tariff ၏ ဒေတာအား 256kbps (4ks/min) 128kbps (2ks/min) ဟု အမြန်နှုန်းအား ကန့်သတ် သတ်မှတ်ထားသည်ဖြစ်၍ LTE+ ဝန်ဆောင်မှုအားအသုံးပြု၍မရနိုင်ပါ။ MPT ၏ မြန်နှုန်းမြင့် LTE+ ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် ရှယ်ပြော (dial*234*3#) သို့ ဆွေသဟာ (dial *234*2#) အစီအစဉ်ကိုရယူရမှာဖြစ်ပါသည်

6. ယခုအသုံးပြုနေသော SIM က USIM ဟုတ်မဟုတ်ကို ဘယ်လိုသိနိုင်မလဲ။

*106*5# သို့ လွယ်ကူစွာ ဖုန်းခေါ်ဆိုပြီး သင့် SIM card USIM ဟုတ်မဟုတ်သိနိုင်ပါပြီ။ အကယ်၍ မဟုတ်ခဲ့လျှင် နီးစပ်ရာ MPT branded ဆိုင်များသို့သွား၍ USIM ဖြင့်အခမဲ့လဲလှယ်နိုင်ပြီး သင်၏နံပါတ်လည်းပြောင်းလဲမည်မဟုတ်ပါ။ ဆိုင်နေရာများကို ဤလင့်တွင်ကြည့်ရှုနိုင်ပါသည်။ (http://bit.ly/2juQZ3O).

7. LTE+ အားမိမိဟန်းဆက်တွင် ဘယ်လိုဖွင့်ပြီးသုံးရပါ့မလဲ။

[For iPhone:]

Settings သို့သွားပါ။ cellular ကိုရွေးပါ။ ပြီးလျှင် cellular data options သို့သွား၍ “voice & data” ကိုရွေးပြီး LTE (4G), 3G, 2G ကိုရွေးချယ်နိုင်ပါသည်။

[For Samsung:]

Settings သို့သွားပါ။ mobile network ကိုရွေးပါ။ ပြီးလျှင် network mode သို့သွား၍ LTE/3G/2G ကိုရွေးချယ်နိုင်ပါသည်။

[For Huawei: ]

Settings သို့သွားပါ။ ပြီးလျှင် more သို့သွားပါ။ ထိုနေရာတွင် 4G ကိုရွေးချယ်နိုင်မည်ဖြစ်ပါ သည်။

[For Vivo: ]

Settings သို့သွားပါ။ Mobile Network ကိုရွေးပါ။ ပြီးလျှင် Network mode သို့သွား၍ 4G/3G/2G ကိုရွေးချယ်နိုင်ပါမည်။

[For other handsets: ]

Settings သို့သွားပါ။ tethering & networks သို့ဝင်ပါ။ ထို့နောက် mobile network သို့သွားပါ။ ပြီးလျှင် Network mode သို့သွား၍ 4G/3G/2G ကိုရွေးချယ်နိုင်ပါမည်။

How can I check my handset is 4G/LTE compatible?

Go to settings and Under Cellular Data Options or Mobile network, if there is 4G/LTE, the handset is 4G compatible. Please note that settings vary depending on the type of handset.

8. မိမိ ၏ဟန်းဆက်သည် LTE+ အသုံးပြု၍ရ မရ ဘယ်လိုသိနိုင်မလဲ။

settings သို့သွားပြီး Cellular Data Options သို့မဟုတ် Mobile network ၏အောက် တွင် 4G/LTE ဟုပါရှိပါက LTE(4G) အသုံးပြု၍ရသော ဟန်းဆက်ဖြစ်ပါသည်။

MPT Pay

1. MPT Pay ဆိုတာဘာလဲ။

MPT Pay ဆိုသည်မှာ မြန်မာပြည်အတွင်း အချိန်မရွေး နေရာမရွေး ငွေလွှဲပို့နိုင်သော ဝန်ဆောင်မှုဖြစ်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ အကောင့်အတွင်း ငွေသိမ်းဆည်းခြင်း၊ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းများကို MPT Pay အကောင့်မှတဆင့် ပြုလုပ်နိုင်ပါတယ်။

2. MPT Pay ကိုဘယ်သူတွေအသုံးပြုနိုင်ပါသလဲ။ မှတ်ပုံတင်ရန်အတွက် ဝန်ဆောင်ခဘယ်လောက်ပေးရပါ့မလဲ။

MPT, Telenor, Ooredoo နှင့် MyTel မည်သည့် ဆင်းကဒ်သုံးစွဲသူမဆို MPT Pay ကိုအသုံးပြုနိုင်ပါတယ်။ မှတ်ပုံတင်ကြေးကတော့အခမဲ့ပါ။

3. MPT Pay အကောင့်ထားရှိခြင်းရဲ့အားသာချက်တွေက ဘာလဲ။

MPT Pay အကောင့်ဖြင့် အောက်ပါ ဝန်ဆောင်မှုများကို အချိန်မရွေး နေရာမရွေး အသုံးပြုနိုင်ပါတယ်။ – MPT Pay အကောင့်အချင်းချင်းငွေလွှဲခြင်း (P2P) – ဖုန်းငွေဖြည့်ခြင်း (မိမိဖုန်း/ အခြားဖုန်း) – ဈေးဝယ်ခြင်းများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ ငွေပေးချေခြင်း – ဘီလ်ကျသင့်ငွေများ ပေးချေနိုင်ခြင်း – ATM စက်မှ ငွေထုတ်ယူနိုင်ခြင်း – ငွေသွင်း/ ငွေထုတ် လုပ်နိုင်ခြင်း

4။ MPT Pay အကောင့်ကို ဘယ်လိုမှတ်ပုံတင်ရမလဲ။

“ MPT Pay အက်ပလီကေးရှင်းမှ

Step 1: Sign Up Now ကိုနှိပ်ပါ။

Step 2: အကောင့်ပြုလုပ်မည့် ဖုန်းနံပါတ်နှင့် အမည် ကို ဖြည့်ပါ။

Step 3: မှတ်ပုံတင်ရန်အကြောင်းကြားသည့် စာတို (SMS) မှ PIN နံပါတ်ဖြင့် အကောင့်ကို စတင်ပါ။

Step 4: အကောင့်ဖွင့်ပြီးကြောင်း အတည်ပြုသည့် စာတို (SMS) ရရှိပါက MPT Pay ဝန်ဆောင်မှုကို စတင် အသုံးပြုနိုင်ပါပြီ။

USSD Menu မှ

Step 1: *999# ကို နှိပ်၍ ခေါ်ဆိုပါ။

Step 2: ဘာသာစကားရွေးချယ်မှုပြုလုပ်ရန် မြန်မာဘာသာ အတွက် 1ကို နှိပ်ပါ။ အင်္ဂလိပ်ဘာသာအတွက် ဆိုပါက 2 ကို နှိပ်ပါ။

Step 3: မှတ်ပုံတင်ခြင်းကို အတည်ပြုရန် 1 ကို နှိပ်ပါ။

Step 4: သင်၏အမည်ကို အင်္ဂလိပ်လို ဖြည့်ပါ။

Step 5: အမည်မှန်ကြောင်းအတည်ပြုရန် 1 ကို နှိပ်ပြီးလျှင် မှတ်ပုံတင်ခြင်းကို အကြောင်းကြားသည့် စာတို (SMS) ရရှိပါလိမ့်မည်။

Step 6: အကောင့်စတင်အသုံးပြုရန် *999# ကို ခေါ်ဆို၍ ညွှန်ကြားချက်များကို လိုက်နာပါ။

Step 7: အကောင့်ဖွင့်ပြီးကြောင်း အတည်ပြုသည့် စာတို (SMS) ရရှိပါက MPT Pay ဝန်ဆောင်မှုကို စတင် အသုံးပြုနိုင်ပါပြီ။”

5 . PIN နံပါတ်မေ့သွားလျှင် ဘယ်ကိုဆက်သွယ်ရပါ့မလဲ။

MPT သုံးစွဲသူများသည် Customer Care နံပါတ် 999 ကို ခေါ်ဆို၍ သို့ Agent Care နံပါတ် 990 ကို ခေါ်ဆိုမေးမြန်း နိုင်ပါသည်။ အခြား မိုဘိုင်းဖုန်း သုံးစွဲသူများ မှ 012323990 သို့ခေါ်ဆိုမေးမြန်း နိုင်ပါသည်။

6 . IMPT Mobile Pay ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို ပြောင်းလဲလို့ရနိုင်ပါသလား။

ဟုတ်ကဲ့ ရပါတယ်။ သုံးစွဲသူတွေအနေနဲ့ MPT Mobile Pay အကောင့်ကို ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို ပြောင်းလဲချင်ပါက Customer Care 999 သို့ ဖုန်းခေါ်ဆိုပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာလုပ်ဆောင်ပါ။ နံပါတ်ပြောင်းလဲမှု အတည်ပြုပြီးစီးပြီးနောက်တွင် SIM ကဒ်အသစ် သို့ အကောင့်ထဲတွင်ရှိသော ငွေများကို လွှဲပြောင်းပေးမှာဖြစ်ပါတယ်။

7. MPT Mobile Pay အကောင့်က မည်သည့်အတိုင်းအတာအထိ လုံခြုံစိတ်ချမှုရှိပါသလဲ။

ကျေးဇူးပြု ၍ Customer Care 999 သို့ ဖုန်းခေါ်ဆိုပြီး သင့်ရဲ့ ဖုန်းပျောက်ဆုံးကြောင်းကို အကြောင်းကြားပေးပါ။ Customer Care မှ တာဝန်ရှိသူက သင့် ရဲ့ အသေးစိတ်အချက်အလက်ကို အတည်ပြု ပြီး၊ သင့်ရဲ့ အကောင့်ကို ယာယီ အသုံးပြုခွင့် ရပ်နားထားမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ SIM ကဒ် အစားထိုးရရှိပြီးချိန်တွင် သင့်အကောင့်ကို ပြန်လည် အသုံးပြုနိုင်ရန် Customer Care ကို ဆက်သွယ်ပါ။

8. MPT Mobile Pay ရဲ့ကိုယ်စားလှယ်အနေနဲ့လုပ်ကိုင်လိုပါက မည်သူ့ထံဆက်သွယ်ရန်လိုအပ်ပါသလဲ။

ကျေးဇူးပြု၍ Customer Care 999 သို့ ဖုန်းခေါ်ဆိုပြီး သင့်ရဲ့ လုပ်ငန်းအသေးစိတ်ကြောင်းကို ပြောပြပါ။ သို့မဟုတ် MPT Mobile Pay Customer Care Teamရဲ့ Email ဖြစ်တဲ့ [email protected] သို့ သင့်ရဲ့ လုပ်ငန်းအသေးစိတ်အကြောင်း ကို ပေးပို့နိုင်ပါတယ်။ MPT Pay Sales & Distribution ဌာနက သင့်ထံ သို့ ပြန်လည် ဆက်သွယ်ပေးမှာဖြစ်ပါတယ်။

9. MPT Pay အကောင့်မရှိတော့လျှင် MPT Pay ကို ဆက်လက်အသုံးပြုနိုင်ပါသလား။

သင့်၏ နိုင်ငံသားစီစစ်ရေးကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ် ဖြင့် MPT Pay ကိုယ်စားလှယ်နေရာများတွင် ငွေလွှဲခြင်း၊ ငွေထုတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။

10. MPT Pay ကိုယ်စားလှယ် ဆိုတာဘာလဲ။

“ MPT Pay ကိုယ်စားလှယ် ဆိုသည်မှာ MPT Pay ဝန်ဆောင်မှုအကြောင်း ရှင်းလင်းပြောပြပေးနိုင်သူ ဖြစ်ပြီး အောက်ပါ ဝန်ဆောင်မှုများကို ပြုလုပ်ပေးနိုင်သူ ဖြစ်သည်။ – သင်၏ MPT Pay အကောင့်မှ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ – ဘောက်ချာဖြင့် ငွေထုတ်ခြင်း၊ – ကိုယ်စားလှယ်မှ တဆင့် ငွေလွှဲခြင်း – သုံစွဲသူအကောင့် အဆင့်မြှင့်တင်ခြင်း”

11. MPT Pay ကုန်သည် ဆိုတာဘာလဲ။

MPT Pay ကုန်သည် ဆိုသည်မှာ ကုန်စည်ပစ္စည်းဝယ်ယူခြင်းများအတွက် MPT Pay ဖြင့် အီလက်ထရောနစ် ပိုက်ဆံကို လက်ခံပေးနိုင်သူ ဖြစ်သည်။

MPT IPTV Service

၀န်ဆောင်မှုအကြောင်း

၁။ MPT IPTV ၀န်ဆောင်မှုဆိုတာဘာလဲ။

MPT IPTV ၀န်ဆောင်မှုဆိုသည်မှာ ပြည်တွင်းပြည်ပ ရုပ်သံလိုင်းများ၊ ရုပ်ရှင်ဇာတ်လမ်းများ ပါ၀င်သော ဗွီဒီယို ၀န်ဆောင်မှုတစ်ခုဖြစ်သည်။

စတင်အသုံးပြုခြင်း

၂။ MPT IPTV ကိုမည်သို့ကြည့်ရှုနိုင်ပါသလဲ။

MPT IPTV ဝန်ဆောင်မှုကို Android application ၊ iOS application နှင့် မိုဘိုင်းလ် web version (Android မှ browser များဖြင့်သာ) များဖြင့်အသုံးပြုနိုင်ပါသည်။
• Android မှ တစ်ဆင့် အသုံးပြုလိုပါက Google Play Store တွင် “ MPT IPTV” ဟုရိုက်နှိက်ရှာဖွေကာ ရယူနိုင်ပါသည် (သို့မဟုတ်) https://play.google.com/store/apps/details?id=com.iptv.mpt.mm ဒီမှာ တစ်ဆင့် ဒေါင်းလုဒ်ရယူပါ။
• iOS application မှတစ်ဆင့် ဒေါင်းလုဒ်ရယူလိုပါက iOS app store တွင် “ MPT IPTV” ဟုရိုက်နှိက် ရှာဖွေကာ ရယူနိုင်ပါသည် (သို့မဟုတ်) ဒီမှ https://apps.apple.com/us/app/mpt-iptv/id1530893772 တစ်ဆင့် ဒေါင်းလုဒ်ရယူပါ။
• မိုဘိုင်း web မှတစ်ဆင့် အသုံးပြုလိုပါက ဒီမှာ https://iptv.mpt.com.mm/ နှိပ်ပါ။
• လိုတရ Portal မှတစ်ဆင့်ရယူလိုပါက http://lotaya.mpt.com.mm/event/260 (သို့မဟုတ်) *1717# ကို ခေါ်ဆိုပြီး application ကို ဒေါင်းလုဒ်ရယူနိုင်ပါသည်။

၃။ App/web ကိုအသုံးပြုပါက မဖြစ်မနေ subscribe လုပ်ဖို့လိုပါသလား။

ရုပ်သံလိုင်းများနှင့် ရုပ်ရှင်များကို App ကိုအသုံးပြု၍ ကြည့်ရှုရန် မဖြစ်မနေ subscribe လုပ်ရန် မလိုပါ။ MPT ဖုန်းအင်တာနက်ကိုအသုံးပြုပြီး non-subscriber အဖြစ်ကြည့်ရှုနိုင်ပါသည်။

(အချို့လုပ်ဆောင်မှုများကိုတော့ ကန့်သတ်ထားပါသည်။ ဥပမာ။ ။ ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်ဆွဲခြင်းသည် subscription ဝန်ဆောင်မှုဖြင့်သာ အသုံးပြုနိုင်ပါသည် (subscription ဝန်ဆောင်မှုအား အသုံးပြုလို့ရအောင် လုပ်ဆောင်နေဆဲ ဖြစ်ပါသည်) ၊ အခြား အင်တာနက်လိုင်းများဖြင့်ကြည့်ရှုခြင်း နှင့် EPL ဝန်ဆောင်မှုကို MPT မိုဘိုင်းဒေတာဖြင့်သာ ကြည့်ရှုနိုင်ခြင်း တို့ဖြစ်ပါသည်။)

၄။ MPT IPTV ၀န်ဆောင်မှုကို မည်သို့ subscribe ပြုလုပ်ရမည်နည်း။

MPT ဖုန်းအင်တာနက်ကို အသုံးပြုသူဖြစ်ပါက App/web တွင် သင့်ဖုန်းနံပါတ်ကို အသုံးပြုပြီး အလိုလျောက်မှတ်ပုံတင်ပါလိမ့်မည်။ ထို့နောက် subscribe ပြုလုပ်စရာမလိုဘဲ ကြည့်ရှုနိုင်ပါလိမ့်မည်။ ထိုသို့ non-subscriber အဖြစ် အသုံးပြုပါက ရုပ်သံလိုင်းများနှင့် ရုပ်ရှင်များကို App ကိုအသုံးပြု၍ ကြည့်ရှုနိုင်ပါသည်။ အချို့လုပ်ဆောင်မှုများကိုတော့ ကန့်သတ်ထားပါသည်။ ဥပမာ။ ။ ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်ဆွဲခြင်း၊ အခြား အင်တာနက်လိုင်းများဖြင့်ကြည့်ရှုခြင်း။
MPT ဖုန်းအင်တာနက် မဟုတ်ဘဲ အခြားအင်တာနက်ကွန်ယက်များကို အသုံးပြုပြီး MPT IPIV ဝန်ဆောင်မှုကို အသုံးပြုလိုပါက ဝန်ဆောင်မှုအား Subscribe ရယူရန်လိုအပ်ပါသည်။ MPT IPTV ၀န်ဆောင်မှုကို မိုဘိုင်းဖုန်းမှ စာရင်းပေးသွင်းခြင်းအတွက် ကျသင့်သည့်ပမာဏကို သင်၏ ဖုန်းဘေလ်မှ ကောက်ခံသွားမည်ဖြစ်ပါသည်။
MPT IPIV ဝန်ဆောင်မှုအား အခြားအင်တာနက်ကွန်ရက်များမှ တစ်ဆင့်အသုံးပြုရန် စာရင်းပေးသွင်းလိုပါက SMS (စာတို) မှ တစ်ဆင့် (သို့မဟုတ်) Web/App မှ တစ်ဆင့်ဝန်ဆောင်မှုအား စာရင်းပေးသွင်းနိုင်ပါသည်။
၁) SMS မှတစ်ဆင့် MPT IPTV ဝန်ဆောင်မှုအားရယူလိုပါက1717 ကို ON ဟု SMS (စာတို) ပေးပို့နိုင်ပါသည်။
၂) Web/App မှ MPT IPTV ဝန်ဆောင်မှုအားရယူလိုပါက
(က) ပထမဦးစွာ app သို့ “sign-in” ဝင်ပြီး မပြီးကို သေချာစစ်စေးရန် app/web ၏“ပရိုဖိုင်” သို့သွားပါ။
(၁) အကယ်၍ ပရိုဖိုင်တွင် မိမိ၏ဖုန်းနံပါတ်ပေါ်နေပါက မိမိသည် signed-in လုပ်ပြီးသားဖြစ်ပါသည်။
(၂) သို့မဟုတ် လက်မှတ်ထိုးဝင်ရန်တောင်းဆိုပါက ကျေးဇူးပြု၍“ လက်မှတ်ထိုးဝင်ပါ” ကိုနှိပ်ပါ၊ သင်၏ MPT မိုဘိုင်းလ်နံပါတ်ကိုထည့်ပါ၊ T&C ကိုလက်ခံပြီး OTP ဝင်လာပါက OTP ကို ရိုက်ထည့်ပြီး Sign in ပြုလုပ်နိုင်ပါသည်။
(ခ) App/web သို့“ sign-in” ဝင်သွားပြီဆိုလျှင် App/web ၏“ Account” စာမျက်နှာရှိ“ Subscription Management” ခလုတ်ကိုနှိပ်ပြီးရှေ့ဆက်နိုင်ပါသည်။
(ဂ) “ Subscribe” ခလုတ်ကိုနှိပ်ပါ
(ဃ) သင်၏ MPT မိုဘိုင်းလ်နံပါတ်ကိုဖြည့်ပြီး ဝန်ဆောင်မှုရယူရန်ခလုတ်ကိုနှိပ်ပါ
(င) 1717 shortcode မှ OTP code တစ်ခုလက်ခံရရှိပြီး စာရင်းပေးသွင်းခြင်းလုပ်ငန်းစဉ်အတွက်ထို OTP ကိုဖြည့်ပါ။
(စ) OTP မှန်လျှင် 1717 မှ“ ကျေးဇူးတင်ပါတယ်” ဟူသောစာကိုသင်လက်ခံရရှိပြီး MPT IPTV ၀န်ဆောင်မှုကို စတင်အသုံးပြုနိုင်ပါသည်။

၅။ မြန်မာနိုင်ငံပြင်ပမှ MPT IPTV ၀န်ဆောင်မှုကိုအသုံးပြုနိုင်ပါသလား။

MPT IPTV ၀န်ဆောင်မှုကို မြန်မာနိုင်ငံအတွင်းသာ အသုံးပြုနိုင်ပါသည်။

၆။ MPT IPTV ၀န်ဆောင်မှုကိုအသုံးပြုရန် အနည်းဆုံး မည့်သည့် Android (သို့) iOS ဗားရှင်းရှိရန်လိုပါသလဲ။ MPT IPTV အပလီကေးရှင်းအတွက်မည်သည့် browser ကိုသုံးရန် recommend ပေးပါသလဲ။

Android အသုံးပြုသူများအတွက် ဗားရှင်း 5.0 နှင့်အထက်
iOS အသုံးပြုသူများအတွက် ဗားရှင်း 9.0 နှင့်အထက်
Web version ကို အသုံးပြုပါက Chrome browser ကိုအသုံးပြုဖို့ recommend ပေးပါတယ်

၇။ MPT IPTV application တွင် မည်သည့် ရုပ်ထွက်ဖြင့်ကြည့်ရှုနိုင်ပါသလဲ။

ဖုန်းနှင့် အသုံ:ပြုသူများအတွက် 1K HD (1280*720P) & SD (720*576P) ရုပ်ထွက်များဖြင့်ကြည့်ရှုနိုင်ပါသည်။

၈။ MPT IPTV application အသုံးပြုရန်အတွက် သင့်တော်သော အင်တာနက်လိုင်းဆွဲအား မည်မျှရှိသင့်ပါသလဲ။

ဖုန်းနှင့်အသုံးပြုသူများအတွက် တည်ငြိမ်အားအကောင်းသောဖုန်းအင်တာနက်လိုင်း (သို့) 4 mbps လိုင်းဆွဲအားရှိသော wifi ဖြင့်အသုံးပြုသင့်ပါသည်။

ငွေပေးချေမှုပုံစံများ

၉။ ဖုန်းဖြင့် MPT IPTV ၀န်ဆောင်မှုအသုံးပြုရန်အတွက် မည်သို့သော အစီအစဥ်များရှိသလဲ။

သင်သည် MPT ဖုန်းအင်တာနက်ဖြင့်အသုံးပြုသော non-subscription အသုံးပြုသူဖြစ်ပါက ဒေတာအသုံးပြုမှုအတွက်သာလျှင် ကျသင့်မည်ဖြစ်ပါသည်။ ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်ဆွဲခြင်းကိုတော့ ပြုလုပ်မရနိုင်ပါ။

သင်သည်အခြားဖုန်းအင်တာနက် (သို့) WIFI ကိုအသုံးပြုသူဖြစ်ပါက တစ်ရက်လျှင် ၉၉ ကျပ်ဖြင့် MPT IPTV ဝန်ဆောင်မှုအား subscribe ပြုလုပ်ပြီး အသုံးပြုနိုင်ပါသည်။ ထိုသို့အသုံးပြုရာတွင် ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်ဆွဲပြီး ကြည့်ရှုနိုင်ပါသည်။ (ရုပ်ရှင်ဇာတ်ကားများ ဒေါင်းလုတ်ပြုလုပ်ခြင်းကို Application မှတစ်ဆင့်သာ အသုံးပြုလို့ရမှာဖြစ်ပြီး Website မှတစ်ဆင့် အသုံးပြုလို့မရပါ။)

၁၀။ MPT IPTV ၏ Subscription ဝန်ဆောင်မှုကို အသုံးပြုလိုပါက မည်သို့သော ငွေပေးချေမှုများရှိသလဲ။

(အခြားဖုန်းအင်တာနက် (သို့) WIFI ဖြင့် အသုံးပြုလိုသူများအတွက်သာ)

MPT IPTV ၀န်ဆောင်မှုကို မိုဘိုင်းဖုန်းမှ စာရင်းပေးသွင်းခြင်းအတွက် ကျသင့်သည့်ပမာဏကို သင်၏ ဖုန်းဘေလ်မှ ကောက်ခံသွားမည်ဖြစ်ပါသည်။ (မေးခွန်းနံပါတ် ၄ ၏ အဖြေ တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။)

၁၁။ MPT IPTV ၏ Subscription ဝန်ဆောင်မှုကို မည်သို့ရပ်ဆိုင်းနိုင်ပါသလဲ။ (အခြားဖုန်းအင်တာနက် (သို့) WIFI ဖြင့် အသုံးပြုလိုသူများအတွက်သာ)

MPT IPTV ၀န်ဆောင်မှုရယူထားခြင်းကို ရပ်ဆိုင်းရန် App နှင့် Web များတွင် “ပရိုဖိုင်” အောက်တွင်ရှိသော “ရယူထားသောအစီအစဥ်များကို စီမံသည်။” အောက်တွင် ပြုလုပ်နိုင်ပါသည် (သို့မဟုတ်) 1717 သို့ OFF ဟု SMS (စာတို) ပေးပို့၍လည်း ၀န်ဆောင်မှုကို ရပ်ဆိုင်းနိုင်ပါသည်။ (အခြားဖုန်းအင်တာနက် (သို့) WIFI ဖြင့် အသုံးပြုလိုသူများအတွက်သာ)

၁၁။ MPT IPTV ၏ Subscription ဝန်ဆောင်မှုကို မည်သို့ရပ်ဆိုင်းနိုင်ပါသလဲ။

(အခြားဖုန်းအင်တာနက် (သို့) WIFI ဖြင့် အသုံးပြုလိုသူများအတွက်သာ)

MPT IPTV ၀န်ဆောင်မှုရယူထားခြင်းကို ရပ်ဆိုင်းရန် App နှင့် Web များတွင် “ပရိုဖိုင်” အောက်တွင်ရှိသော “ရယူထားသောအစီအစဥ်များကို စီမံသည်။” အောက်တွင် ပြုလုပ်နိုင်ပါသည် (သို့မဟုတ်) 1717 သို့ OFF ဟု SMS (စာတို) ပေးပို့၍လည်း ၀န်ဆောင်မှုကို ရပ်ဆိုင်းနိုင်ပါသည်။ (အခြားဖုန်းအင်တာနက် (သို့) WIFI ဖြင့် အသုံးပြုလိုသူများအတွက်သာ)

ထုတ်ကုန်နှင့် ၀န်ဆောင်မှုများ

၁၂။ MPT IPTV ၀န်ဆောင်မှုတွင် ရုပ်သံလိုင်းနှင့် ရုပ်ရှင်ဇာတ်ကားများ မည်မျှပါ၀င်သနည်း။

ပြည်တွင်း ပြည်ပ ရုပ်သံလိုင်းစုစုပေါင်း (၁၈) လိုင်း ကိုကြည့်ရှုနိုင်ပါသည်။ ဒါ့အပြင် နာမည်ကြီး ရုပ်ရှင်များနှင့် တီဗီရှိုးများ နာရီပေါင်း ၁၀၀၀ ပါသောအစီအစဉ်ပေါင်း ၆၆၀ ကျော်ကိုလည်း ကြည့်ရှုနိုင်ပါသည်။

၁၃။ MPT IPTV ၀န်ဆောင်မှုတွင် မည်သည့်ရုပ်သံလိုင်းများ ကိုကြည့်ရှုနိုင်ပါသလဲ။

Local Channels
1) 5 Plus
2) Channel 9
3) MRTV Entertainment
4) Mahar TV
5) Fortune TV
6) Channel K
7) Mahar Bawdi
8) YTV

International Channels
1) Star Bharat
2) Star Gold
3) Star Plus
4) Star UTSAV
5) CGTN Documentary
6) Miao Mi
7) Blue Ant/Rock Entertainment
8) Blue Ant/Rock Extreme
9) Smithsonian
10) ZooMoo

၁၄။ MPT IPTV ၀န်ဆောင်မှုကို ဒေတာလက်ဆောင်ဖြင့် ကြည့်ရှုနိုင်ပါသလား။

MPT IPTV ၀န်ဆောင်မှုကို ဖုန်းဒေတာလက်ဆောင်ဖြင့် မကြည့်ရှုနိုင်ပါ။

App ၏လုပ်ဆောင်ချက်များ

၁၅။ တိုက်ရိုက်ကြည့်ရှုခြင်းတွင် ဗီဒီယို ရုပ်ထွက်ကိုမည်သို့ရွေးချယ်နိုင်ပါသလဲ။

App တွင် ဗီဒီယို ရုပ်ထွက်များကို အင်တာနက်ဆွဲအားပေါ်မူတည်ပြီး အလိုလျောက်ချိန်ညှိပေးပါသည်။

၁၆။ App တွင် ချိန်ညှိခြင်းများကို မည်သည့်နေရာတွင်ပြုလုပ်ရမည်နည်း။

App တွင် ချိန်ညှိခြင်းများကို “ပရိုဖိုင်” အောက်တွင် ပြုလုပ်နိုင်ပါသည်။

၁၇။ ရယူထားသော ၀န်ဆောင်မှုများကို မည်သည့်နေရာတွင် စီမံပြောင်းလဲနိုင်ပါသလဲ။

“ပရိုဖိုင်” အောက်တွင်ရှိသော “ရယူထားသောအစီအစဥ်များကို စီမံသည်။” အောက်တွင် ပြုလုပ်နိုင်ပါသည်။

၁၈။ App ၏ ဘာသာစကားပြောင်းလဲရန် မည်သည့်နေရာတွင် ပြုလုပ်နိုင်ပါသလဲ။

App ၏ ဘာသာစကားပြောင်းလဲရန် “ပရိုဖိုင်” အောက်တွင်ရှိသော “English/မြန်မာ” မှတဆင့် ပြုလုပ်နိုင်ပါသည်။

၁၉။ MPT IPTV application တွင် ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်လုပ်နိုင်ပါသလား။

MPT IPTV application တွင် ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်လုပ်နိုင်ပါသည်။ ဒေါင်းလုဒ်လုပ်ထားသော ရုပ်ရှင်ဇာတ်ကားများကို “စုစည်းမှု” အောက်မှ “ဒေါင်းလုဒ်လုပ်သည်။” တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ (subscription ဝန်ဆောင်မှုအသုံးပြုသူများသာ)

၂၀။ MPT IPTV ဖုန်း App ၀န်ဆောင်မှုတွင် ဒေါင်းလုဒ်လုပ်ထားသော ရုပ်ရှင်ဇာတ်ကားများကို မည်မျှကြာအောင် သိမ်းဆည်းထားနိုင်ပါသလဲ။

ဒေါင်းလုဒ်လုပ်ထားသော ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်လုပ်ပြီး ရက် ၃၀ အတွင်း ပြန်လည်ကြည့်ရှုနိုင်ပါသည်။

၂၁။ ပြီ:ဆုံးသွားသော ရုပ်သံအစီအစဥ်များကို ပြန်လည်ကြည့်ရှုနိုင်ပါသလား။

၇ ရက်အတွင်းပြသထားသော ရုပ်သံလိုင်းများမှ အစီစဉ်များကို ပြန်ကြည့် (catch-up) function ဖြင့် ပြန်လည်ကြည့်ရှုနိုင်ပါသည်။

၂၂။ ပြီ:ဆုံးသွားသော ရုပ်သံအစီအစဥ်များကို မည်သည့်နေရာတွင် ပြန်လည်ကြည့်ရှုနိုင်ပါသလဲ။

ရုပ်သံလိုင်း တစ်ခုချင်းစီ၏ ဘေးတွင်ရှိသော မီနူး ကိုနှိပ်ပြီး ရုပ်သံအစီစဥ်များအသေးစိတ်တွင် ပြန်လည်ရှာဖွေကာ ကြည့်ရှုနိုင်ပါသည်။

နည်းပညာအကူအညီ

၂၃။ ကြည့်ရှုနေသော ရုပ်ရှင်ဇာတ်ကား ရပ်တန့်သွားပါက မည်သို့ပြုလုပ်ရမည်နည်း။

ဦးစွာ အင်တာနက်လိုင်းဆွဲအားကို စစ်ဆေးပါ။ App ကို အဖွင့်ပိတ်လုပ်ပါ။ မရပါက အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၂၄။ ရုပ်သံများ ရုပ်ထွက်မကောင်းပါက မည်သို့ပြုလုပ်နိုင်မည်လဲ။

ရုပ်သံများ ရုပ်ထွက်မကောင်းခြင်းသည် အောက်ပါအချက်အလက်များကြောင့်ဖြစ်နိုင်ပါသည်။
• အင်တာနက်လိုင်းစွဲအား အားနည်းခြင်း
• App/web တွင် ရုပ်သံလိုင်းများ ကြည့်ရှုနေပါက ရုပ်ထွက်ကို HD သို့ပြောင်းလဲပြီး ကြည့်ရှုနိုင်ပါသည်။

၂၅။ MPT IPTV ၀န်ဆောင်မှုအသုံးပြုနေစဥ် နည်းပညာဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လာပါက မည်သို့ပြုလုပ်ရမည်နည်း။

အသုံးပြုနေသော application သည် နောက်ဆုံးဗားရှင်း ဟုတ်မဟုတ်စစ်ဆေးပါ။ ဆက်လက်ဖြစ်နေပါက Error Code ကိုမှတ်ထားပြီး အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၂၆။ MPT IPTV ၀န်ဆောင်မှုအသုံးပြုနေစဥ် အသံမကြားရပါက မည်သို့ပြုလုပ်ရမည်နည်း။

အသံဖွင့်ထားခြင်းရှိမရှိစစ်ဆေးပါ။ ဆက်လက်ဖြစ်နေပါက အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၂၇။ MPT IPTV ၀န်ဆောင်မှုတွင် မျက်နှာပြင်အပြည့်နှင့် ကြည့်ရှုခြင်းကို မည်သို့ ပိတ်ရမည်နည်း။

IPTV App အတွက် Return ခလုပ်ကိုနှိပ်ပါ။

၂၈။ MPT IPTV ဝန်ဆေောင်မှုအား စာရင်းသွင်းပြီးနောက် Wifi သို့မဟုတ်အခြားကွန်ရက်များနဲ့ အသုံးပြုလို့မရရင်ဘယ်လိုလုပ်ရမလဲ။

ဒီလိုပြဿနာကြုံလာရင်ကျေးဇူးပြုပြီး မိမိ အသုံးပြုနေတဲ့ အင်တာနက် network ကိုပြောင်းပြီး IPTV ဝန်ဆောင်မှုကိုထပ်သုံးကြည့်ပါ။ ထိုပြဿနာသည် network တစ်ခုတည်းတွင်သာဖြစ်ပေါ်ပါက မိမိအသုံးပြုနေသော network service provider နှင့် ကျေးဇူးပြု၍ စစ်ဆေးပါ။
ဒါမှမဟုတ် အခြား network များအားလုံးတွင်ဖြစ်ခဲ့လျှင် ကျေးဇူးပြု၍ ၁၀၆ သို့ဆက်သွယ်နိုင်ပါသည်။

၂၉။ Web ကို အခုလက်ရှိအသုံးပြုနေတဲ့ browser ဖြင့် ဗီဒီယိုကိုမကြည့်နိုင်ရင် ဘယ်လိုလုပ်ရမလဲ။

သင်၏လက်ရှိအသုံးပြုနေတဲ့ browser ဖြင့်ဗီဒီယိုကိုမကြည့်နိုင်လျှင် ကျေးဇူးပြု၍ Chrome browser ကိုပြောင်းသုံးပါ။

ဆက်သွယ်ရန်

၁။ MPT IPTV ၀န်ဆောင်မှု အတွက် အကူအညီများကို မည်သို့ ရယူနိုင်ပါသလဲ။

MPT မိုလ်ဘိုင်းဖုန်း (သို့) ကြိုးဖုန်းများဖြင့်ခေါ်ဆိုလိုပါက ၁၀၆ (သို့) ၂၈၀၀ သို့ဆက်သွယ်ပါ။
MPT မဟုတ်သော မိုလ်ဘိုင်းဖုန်း (သို့) ကြိုးဖုန်းများဖြင့်ခေါ်ဆိုလိုပါက ၀၁-၂၃၉၉၁၀၆ (သို့) ၀၁-၈၆၅၂၈၀၀ သို့ဆက်သွယ်ပါ။
ဆက်သွယ်နိုင်သော အချိန်များကို အောက်ပါ MPT website လင့်ခ်တွင်ကြည့်ရှုနိုင်ပါသည်။
https://bit.ly/2NCAnYF

MPT Dome Pyan Internet Service

၁။ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဆိုတာဘာလဲ။

ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဆိုတာ မြန်နှုန်းမြင့် အကန့်သတ်မဲ့ အိမ်သုံးအင်တာနက် ကို သင့်တင်မျှတသော ဈေးနှုန်းဖြင့် အသုံးပြုနိုင်သော အင်တာနက်ဝန်ဆောင်မှုဖြစ်ပါသည်။

၂။ ADSL ဝန်ဆောင်မှုနဲ့ ဘာကွာခြားပါလဲ။

  • ADSL ဆိုတာ တယ်လီဖုန်းလိုင်းစနစ်နဲ့ အသုံးပြုနိုင်တဲ့ အင်တာနက်ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။
  • ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုကတော့ တယ်လီဖုန်းလိုင်းနဲ့ ချိတ်ဆက်အသုံးပြုရတဲ့ ADSL အင်တာနက်စနစ်ထက် ပိုပြီးတည်ငြိမ်ပြီး မြန်ဆန်ပါတယ်။

ဖိုက်ဘာအင်တာနက်စနစ်ဟာ အကျိုးကျေးဇူးများပါတယ်။ (ဥပမာအားဖြင့် မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အချိန်တွေမှာတောင် ဖိုက်ဘာအင်တာနက်စနစ်က လိုင်းကျသွားခြင်းမျိုးမရှိပဲ တည်ငြိမ်တဲ့အနေအထားမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။)

၃။ ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် အမြန်နှုန်း နဲ့ ဈေးနှုန်းတွေက ဘယ်လောက်လဲ။

လစဥ်ကြေးအမြန်နှုန်းမိုဘိုင်းလ် နံပါတ် ၁ ခုစီ သို့ ရရှိမည့် အကျိုးအမြတ်များ
(လစဉ် မိုဘိုင်းလ် ၅ လုံးထိ ခံစားခွင့် )
32,000Kyats15Mbps1GB
100 Mins [On-Net]
Unlimited SMS [On-Net]
43,000Kyats25Mbps1GB
100Mins (On-Net)
Unlimited SMS(On-Net)
76,000Kyats50Mbps2GB
100Mins (On-Net)
Unlimited SMS(On-Net)
120,000Kyats100Mbps3GB
200Mins (On-Net)
Unlimited SMS(On-Net)

၄။ အင်တာနက်သုံးစွဲတဲ့အခါ ဒေတာ ကန့်သတ်မှုတွေရှိပါသလား။

မရှိပါဘူး။ အသုံးပြုသူတွေအနေနဲ့ ဒေတာအကန့်အသတ်မရှိ အင်တာနက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၅။ သုံးစွဲသူတွေအနေနဲ့ 15Mbps,25Mbps,50Mbps နဲ့ 100Mbps ဒေတာအမြန်နှုန်းကို အမြဲတမ်းရရှိနိုင်မလား။

ယခုအင်တာနက်စနစ်မှာ 15Mbps၊ 25Mbps၊ 50Mbps နဲ့ 100Mbps ဒေတာအမြန်နှုန်းအထိ အများဆုံးရရှိနိုင်မှာဖြစ်ပြီး ဒီအမြန်နှုန်းတွေဟာ အင်တာနက်ဝန်ဆောင်မှုကို အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါတယ်။ အသုံးပြုသူ အများအပြား တစ်ချိန်တည်းအသုံးပြုတဲ့အခြေအနေမျိုးမှာတော့ အင်တာနက်အမြန်နှုန်း ဟာ မူလက အများဆုံးရရှိနိုင်တဲ့အမြန်နှုန်းထက် အနည်းငယ်နှေးသွားနိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုသူ တစ်ဦးချင်းစီတိုင်းအတွက် လုံလောက်တဲ့အမြန်နှုန်းကို ပေးစွမ်းနိုင်ပါတယ်။

၆။ ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် ကို ဘယ်လိုလျှောက်ထားနိင် မည်နည်း။

ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် ကို MPT Website၊ နီးစပ်ရာ MPT ဆိုင်များ၊ အရောင်းဝန်ထမ်းများ၊ MPT4U Application ရဲ့ အလိုလျှောက် စာြပန်စနစ်မှသော်လည်းကောင်း (သို့) 2800 / 018652800 သို့ ခေါ်ဆိုမေးမြန်းနိုင်ပါတယ်။

၇။ ငွေကောက်ခံမှုအပိုင်းမှာ ဘာသတ်မှတ်ချက်များရှိပါသလဲ။ သုံးစွဲသူများဘက်မှ ငွေပေးချေမှုကို ဘယ်လိုပြုလုပ်နိုင်မှာလဲ။•

သုံးစွဲသူများအနေနဲ့ လစဉ်ကြေးငွေကို လမစမှီကြိုတင်ပေးသွင်းရမှာဖြစ်ပါတယ်။ MPT မှ FTTH လစဉ်ကြေးဘေလ် များကို MPT TRAကောင်တာများ ၊ MPT Pay application, MPT ငွေဖြည့်ကဒ် မှတဆင့် ပေးချေခြင်း ၊ CB BANK၊ KBZ BANK, AYA BANK နှင့် MPT မှသတ်မှတ်ထားသော တယ်လီဖုန်းဌာန များတွင်သာမက MEB နှင့် ချိတ်ဆက်ထားသော CITY MART၊ JUNCTION၊ OCEAN၊ SUPERONE၊ MYANMA APEX BANK ၊ UNITED LIVING MALL စသည့် ဈေးဝယ်စင်တာများမှတဆင့်လည်း လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်။

၈။ ဘေလ်များကို ဘယ်လိုစစ်လို့ ရနိုင်သလဲ။

(၁) ဘေလ်များကို 2800 / 018652800 သို့ခေါ်ဆိုပြီး သင့်၏ အကောင့်ကုတ် တစ်ခါသုံး စကားဝှက်အား အသုံးပြု၍ စစ်ဆေးနိုင်ပါသည် ။
(၂) သုံးစွဲသူများအနေနဲ့ လစဉ်ကျသင့်သော ဘေလ်များကို MPT4U Application ရဲ့ အလိုလျောက် စာြပန်စနစ်မှ အကောင့်ကုတ် တစ်ခါသုံး စကားဝှက်အား အသုံးပြု၍လည်း စစ်ဆေးနိုင်ပါသည် ။

၉။ မြန်နှုန်းများ တိုးမြှင့်ခြင်း လျှော့ချခြင်းများ ပြုလုပ်လို့ရနိုင်ပါသလား ပါသလား။

အသုံးပြုသူများအနေနဲ့ သုံးစွဲတဲ့ အမြန်နှုန်းကို အချိန်မရွေး အတိုးအလျှော့ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုသူအနေနဲ့ ဒေတာအမြန်နှုန်းလျှော့ချတဲ့အခြေအနေမျိုးမှာတော့ ဝန်ဆောင်ခ ၁၀,၀၀၀ ကျပ်ကို တစ်ကြိမ်ကောက်ခံသွားမှာဖြစ်ပါတယ်။ ဝန်ဆောင်မှု အမြန်နှုန်းအတိုးအလျှော့ပြုလုပ်လိုပါက ပြုလုပ်လိုသည့်လ၏ ပထမပတ်မတိုင်မီ ၅ ရက်ကြို၍ လာလျှောက်ထားရမည် ဖြစ်ပါတယ်။

၁၀။ ယာယီလိုင်း ပိတ်သိမ်းခြင်းများ ပြုလုပ်နိုင်ပါသလား။

အသုံးပြုသူများအနေနဲ့ အင်တာနက်ခေတ္တရပ်ဆိုင်းခြင်းကို ဝန်ဆောင်ခ ၁၀,၀၀၀ ကျပ် တစ်ကြိမ်ပေးသွင်းပြီး အများဆုံး သုံးလအထိ ဝန်ဆောင်မှုအသုံးပြုခြင်းကို ခေတ္တရပ်နားထားနိုင်ပါတယ်။
ဝန်ဆောင်မှုခေတ္တရပ်ဆိုင်းခြင်းကို ပြုလုပ်လိုသည့်လမတိုင်မီ ၅ ရက်ကြို၍ MPT TRAကောင်တာများ တွင် လာရောက် လျှောက်ထားရမှာ ဖြစ်ပါတယ်။

၁၁။ အင်တာနက်နှေးကွေးခြင်း သို့မဟုတ် ချိတ်ဆက်မှုပြတ်တောက်ခြင်းတို့ကို တွေ့ကြုံရသည့်အခါတွင် မည်သို့လုပ်ဆောင်ရမည်နည်း။

MPT ၏ အိမ်သုံးအင်တာနက် ဝန်ဆောင်မှု FTTH အခက်ခဲများ ဖြေရှင်းခြင်း လမ်းညွှန်ကိုအောက်ပါအတိုင်းဝင်ရောက်ကြည်ရှုနိုင်ပါသည်။
https://www.mpt.com.mm/mm/ftth-general-trouble-shooting-mm/#ftth

၁၂။ Username နဲ့ Password ဘယ်လိုပြောင်းရမလဲ။ (Huawei ONU)

အောက်ဖော်ပြပါ Link တွင်ပြုလုပ်ပုံအဆင့်ဆင့်အား အသေးစိတ်ဖော်ပြထားပါသည်။
https://www.mpt.com.mm/en/ftth-general-trouble-shooting/#one

၁၃။ Username နဲ့ Password ဘယ်လိုပြောင်းရမလဲ။ (ZTE ONU)

အောက်ဖော်ပြပါ Link တွင်ပြုလုပ်ပုံအဆင့်ဆင့်အား အသေးစိတ်ဖော်ပြထားပါသည်။
https://www.mpt.com.mm/en/ftth-general-trouble-shooting/#two

faqs campaigns mm

အမျိုးအစားလိုက် ရွေးရန်

အမေးများသောမေးခွန်းများ

Data Carry Plus Auto-Renewal Packs

၁။ Auto Renewal Data Carry Plus Package ဆိုတာ ဘာလဲ?

Auto Renewal Data Carry Plus ပက်ကေ့ခ်ျဆိုတာ 1000 GB အထိ အပိုလက်ဆောင်ဒေတာများ ကံထူးရယူနိုင်မည့်အပြင် သုံးရန်ကျန်ရှိနေသည့် လက်ကျန်ဒေတာများကို သယ်ဆောင်သွားနိုင်မည့် Carry Over Function ပါဝင်တဲ့ ရက်(၃၀)သုံးပက်ကေ့ချ်များဖြစ်ပါတယ်။ ပက်ကေ့ချ်ဝယ်ယူရာတွင် အလိုအလျောက်သက်တမ်းတိုးစနစ် ပါဝင်သည့် Auto Renewal Data Carry Plus ပက်ကေ့ခ်ျ ကို အဆိုပြုဝယ်ယူထားသည့် အတွက် ခဏခဏ ပက်ကေ့ချ်ကို ဝယ်ယူနေစရာမလိုဘဲ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ 50MB အောက် ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

နှုန်းထား
(ကုန်သွယ်ခွန်ပါပြီး)
ဒေတာပမာဏMain data
သက်တမ်း
Lucky DataLucky data
သက်တမ်း
Direct USSDCommon USSDSubscription ChannelRemark
979 Ks470 MB၃၀ ရက်
[သက်တမ်းကုန်ဆုံးပြီး (၇)ရက်အတွင်း ဒေတာ
သယ်ဆောင်ခွင့်
ရှိသည်
Can win
Up to 1000GB!
၇ ရက်SUB: *777*3*3#
UNSUB: *777*3*4#
777#
(or)
*106#
MPT4U Appပက်ကေ့ချ်၏ လက်ကျန်balance 50MB အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်
1,279 Ks615 MBSUB *777*4*3#
UNSUB: *777*4*4#
1,779 Ks860 MBSUB: *777*5*3# (or)
UNSUB: *777*5*4#
2,669 Ks1290 MBSUB: *777*6*3# (or)
UNSUB: *777*6*4#

၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အင်တာနက်ဒေတာအတွက် အခွန် ၁၅%ပါဝင်ပြီးဖြစ်ပါတယ်။

၃။ အလိုအလျောက်သက်တမ်းတိုး Data Carry Plus Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA prepaid and postpaid အသုံးပြုသူများ နှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၅။ Auto renewal Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး Lucky Data ပါဝင်ကံစမ်း နိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ မည်သည့် Auto renewal Data Carry Plus ပက်ကေ့ချ်များကိုမဆို ဝယ်ယူပြီး Lucky Data 1000GB အထိ အပိုလက်ဆောင်ဒေတာကို ကံစမ်းရရှိနိုင်ပါတယ်။

၄။ အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို MPT4U ကတဆင့် ဝယ်ယူလို့ရပါသလား။

အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။

၆။ သောကြာနေ့တွင် Auto Renewal Data Carry Plus Pack ဝယ်ယူပါက ဘယ်လိုခံစားခွင့်တွေရှိမှာပါလဲ?

သောကြာနေ့တွင် Auto Renewal Data Carry Plus ဝယ်ယူပါက Happy Friday အပိုဆောင်း ဒေတာ အစား Lucky Data 1000GB အထိ အပိုလက်ဆောင်ဒေတာများ ကံထူး ရရှိမှာဖြစ်ပါတယ်။

၇။ ကံထူးထားတဲ့ဒေတာကို ဘာတွေသုံးလို့ရမှာလဲ?

ကံထူးထားတဲ့ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်အတွင်း အသုံးပြုနိုင်ပါသည်။

၈။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာ၊ ကံထူးထားသောဒေတာလက်ကျန်ပမာဏနှင့် သက်တမ်း ကို စစ်ဆေးနိုင်ပါတယ်။

၉။ အလိုအလျောက်သက်တမ်းတိုးData Carry Plus Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ဒေတာပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏လက်ကျန် ဒေတာပမာဏ 50 MB အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

Regular Data Carry Plus ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal Data Carry Plus  ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal Data Carry Plus  ပက်ကေ့ချ် ဝယ်ယူပြီး Regular Data Carry Plus ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ  ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ  50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၀။ ၉၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ ကျပ်တန် Regular Data Carry ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ Auto renewal Data Carry Plus ပက်ကေ့ချ်ဝယ်ယူပြီး Regular Data Carry Plus ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောဒေတာပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၁။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ ဒေတာပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၂။ ၉၇၉ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

မရပါ။ ဒေတာ ပမာဏချင်းမတူသော Auto renewal packs များအကြိမ်အကန့်အသတ်မရှိ ဝယ်ယူခြင်းကို ခွင့်မပြုပါ။ ဒေတာပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။

၁၃။ အလိုအလျောက်သက်တမ်းတိုး Data Carry Plus Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

Package တစ်ခု၏ သက်တမ်းက (၃၀)ရက်ဖြစ်ပြီး ဒေတာသယ်ယူနိုင်သောကာလမှာ (၇)ရက် ဖြစ်ပါတယ်။ ဒေတာသယ်ယူနိုင်သောကာလအတွင်း Pack အသစ်ဝယ်ယူပါက ပက်ကေ့ချ်ဒေတာ ပမာဏကို ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာကို (၇)ရက် အသုံးပြုနိုင်မှာဖြစ်ပြီး သက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၁၄။ လက်ကျန် Data 50MB ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?

လက်ကျန် Data 50MB ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

၁၅။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?

ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်)အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခုဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကို လည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၁၆။ Auto Renewal Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

ထိပေါက် chance မရရှိနိုင်ပါ။

၁၇။ Auto Renewal Data Carry Plus ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

Autorenewal ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ

၁၈။ အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။

၁၉။ ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်အတွင်း) တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါက ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

၂၀။လက်ကျန် Data 50MBအောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?

ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက လက်ကျန် data ကျန်ရှိနေလျှင် ကျန်ရှိနေသော data ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။

၂၁။ စာရင်းသွင်းခြင်းကိုဘယ်လိုပယ်ဖျက်လို့ရပါသလဲ?

အသုံးပြုသူများသည် အောက်ဖော်ပြပါ USSD Codes များကိုခေါ်ဆို၍လည်းကောင်း (သို့) MPT4U App မှ တစ်ဆင့် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်အတွက် စာရင်းသွင်းမှုကိုပယ်ဖျက်နိုင်သည်။

AR PacksCommon USSD for un-subscriptionDirect USSD for un-subscriptionUn-subscription channel
[email protected]*7171#*777*3*4#MPT4U App
[email protected]*777*4*4#
[email protected] 860MB*777*5*4#
[email protected] 1290MB*777*6*4#

၂၂။ USSD မှ ဝယ်ယူသည့်အခါ အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ဖြစ်ကြောင်း ဘယ်လိုသိနိုင်မှာလဲ?

လူကြီးမင်းဝယ်ယူလိုသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို အောက်ဖော်ပြပါ USSD code များမှတစ်ဆင့် ရွေးချယ်ဝယ်ယူနိုင်ပါသည်။

Edit
Auto-renew Data Carry Plus [email protected]USSD CodeUSSD Display
*106#ရက် ၃၀ သုံး 470 MB
1.၀ယ်မည် (၉၉၉ကျပ်)
2.လက်ဆောင် (၉၉၉ကျပ်)
3. Auto Renew (၉၇၉ကျပ်)
*777#
*7777#
*106*2#
Edit
Auto-renew Data Carry Plus [email protected]USSD CodeUSSD display
*106#ရက် ၃၀ သုံး 615MB
1.၀ယ်မည် (၁၂၉၉ကျပ်)
2.လက်ဆောင် (၁၂၉၉ကျပ်)
3. Auto Renew (၁၂၇၉ကျပ်)
*777#
*7777#
*106*2#

အလိုအလျောက် သက်တမ်းတိုး All in one ထောဘီ ၁၀ ဆ

1. အလိုအလျောက် သက်တမ်းတိုး All in one ထောဘီ ၁၀ ဆဆိုတာဘာပါလဲ။

ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၁၀ ဆ ပွားကာ ထောဘီ ၁၀ ဆဖုန်းဘေလ်အဖြစ် ပြောင်းလဲ၍ ဒေတာသုံးစွဲခြင်း၊ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းကိုအထူးနှုန်းထားဖြင့်စိတ်တိုင်းကျအသုံးပြုနိုင်သလို MPT အချင်းချင်းအကန့်အသတ်မရှိအခမဲ့ စာတိုပေးပို့ခြင်းကိုလည်း ပက်ကေ့ချ်၏သက်တမ်းအတွင်းအသုံးပြုနိုင်မှာဖြစ်ပါသည်။ အလိုအလျောက်ဝယ်ယူရန် အဆိုပြုထားပါက ပက်ကေ့ချ်၏ လက်ကျန် ထောဘီ balance 1000Ks အောက်ရောက်ရှိသွားချိန် (or) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

Data1 MB လျှင် ၂၁.၉ ကျပ်
Any-net Voiceတစ်မိနစ်လျှင် ၁၃၂ ကျပ်
Any-net SMSSMS တစ်စောင်လျှင် ၆၆ ကျပ်
MPT-MPT SMS၀ ကျပ် (အကန့်အသတ်မရှိ)

အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။

အသေးစိတ်ထောဘီ ၁၀ဆ ဖုန်းဘေလ် သက်တမ်း
ပုံမှန်ဖုန်းဘေလ် ၂၉၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။၁၅ ရက်
ပုံမှန်ဖုန်းဘေလ် ၄၈၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၅၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။၃၀ ရက်
ပုံမှန်ဖုန်းဘေလ် ၉၆၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၁၀၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။၉၀ ရက်

2. ထောဘီ ၁၀ ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။

MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) အစီအစဉ်အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။

3. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၁၀ ဆ ဖုန်းဘေလ်ကိုအောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူအသုံးပြုနိုင်ပါသည်။

Autorenewal ထောဘီ ၁၀ဆ ဖုန်းဘေလ်ထောဘီ ၁၀ဆ ဖုန်းဘေလ်
သက်တမ်း
ရယူနိုင်သည့်နည်းလမ်းများBalance Check
Direct USSDCommon USSDApp
2,900Ks Main Balance = 30,000Ks 10X Htaw B Balance15Daysဝယ်ယူရန် : *5010*1*3#
ပယ်ဖျက်ရန် : *5010*1*4#
*5010#MPT4U App
or
MPT Pay App
*224#
4,800Ks Main Balance = 50,000Ks 10X Htaw B Balance30Daysဝယ်ယူရန် : *5010*2*3#
ပယ်ဖျက်ရန် : *5010*2*4#
9,600Ks Main Balance = 100,000Ks 10X Htaw B Balance90Daysဝယ်ယူရန် : *5010*3*3#
ပယ်ဖျက်ရန် : *5010*3*4#

4. အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို MPT4U ကတဆင့် ဝယ်ယူလို့ရပါသလား။

အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။

5. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၁၀ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။ အကန့်သတ်မရှိ MPT အချင်းချင်း စာတိုပေးပို့ခြင်းကို အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပါသည်။

6. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။

  • ဒေတာ – 21.9Ks/MB (အင်တာနက်အသုံးပြုမှုကို 1MB နှုန်းဖြင့်ကောက်ခံပါမည်)
  • မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုခြင်း- 132Ks/min (ဖုန်းခေါ်ဆိုမှုကို ၃၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
  • အခြား ဖုန်းများသို့စာတိုပေးပို့ခြင်း – 66Ks/SMS
  • MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – အခမဲ့ အကန့်သတ်မရှိ SMS

(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)

7. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။

လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူအသုံးပြုခြင်းဖြစ်ပါသည်။ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် ထောဘီ ၁၀ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။ ပက်ကေ့ချ်များဝယ်ယူခြင်း၊ VAS ဝန်ဆောင်မှုရယူခြင်းများ ပြုလုပ်ပါက ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း ကျသင့်စေမည်ဖြစ်သည်။

8. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။

ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း (သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ကောက်ခံကျသင့်စေမည်ဖြစ်ပါသည်။ ထောဘီ ၁၀ဆ ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက် အသုံးပြုနိုင်ပါသည်။

9. ထောဘီ ဖုန်းဘေလ် (၅ဆ)၊ ထောဘီ (၇ဆ) နှင့် ထောဘီ (၁၀ဆ) ဖုန်းဘေလ် ၃ခုလုံးရှိနေပါတယ်။ Data နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း အသုံးပြုမှုအတွက် မည်သည့် pack မှ အရင် ကျသင့်ပါမလဲ။

ထောဘီ ၅ဆ ဖုန်းဘေလ်မှ အရင်ကျသင့်မည်ဖြစ်ပါသည်။ ပြီးနောက် ထောဘီ၇ဆ မှ ကျသင့်မှာဖြစ်ပြီး နောက်ဆုံးမှာ ထောဘီ၁၀ဆမှကျသင့်မှာဖြစ်ပါသည်။

10. ထောဘီ ၁၀ဆ ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ စာတိုပေးပို့နိုင်ပါသလဲ။ ဒေတာသုံးနိုင်ပါသလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ကျပ်သည်

  • ဒေတာတစ်မျိုးတည်းအသုံးပြုပါက 1369 MB အထိ အသုံးပြုနိုင်ပါသည်။

(သို့မဟုတ်)

  • မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက 227 မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။

(သို့မဟုတ်)

  • အခြား ဖုန်းများသို့စာတိုပေးပို့ရန်တစ်မျိုးတည်းအသုံးပြုပါက 454 စောင် အထိ ပေးပို့နိုင်ပါသည်။
  • MPT ဖုန်းများသို့စာတိုပေးပို့ခြင်းကို အကန့်အသတ်မရှိ အသုံးပြုနိုင်ပါသည်။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ ဥပမာ- ၃၀၀၀၀ကျပ်ဖြင့် ဒေတာ 1GB + မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန် 45 မိနစ် + မည်သည့်ဖုန်းကိုမဆိုစာတိုပို့ ရန် 24 စောင် + အကန့်သတ်မရှိ  MPT ဖုန်းများသို့စာတိုပေးပို့နိုင်ခြင်း အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်။

11. အလိုအလျောက်သက်တမ်းတိုး Auto renewal 10X Htaw B Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

•အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
• ထောဘီ ဖုန်းဘေလ်ပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
•Regular ထောဘီ ၁၀ဆ ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal 10X Htaw B ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal 10X Htaw B ပက်ကေ့ချ် ဝယ်ယူပြီး Regular 10X Htaw B ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့် အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

12. 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 5000 ကျပ်တန် Regular Data Carry ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ Auto renewal Data Carry Plus ပက်ကေ့ချ်ဝယ်ယူပြီး Regular ထောဘီ ၁၀ဆ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောထောဘီ ဖုန်းဘေလ် ပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

13. 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ ထောဘီ ဖုန်းဘေလ်ပမာဏ တူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန် ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

14. 9600 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

မရပါ။ ထောဘီ ဖုန်းဘေလ်ပမာဏချင်းမတူသော Auto renewal packs များအကြိမ်အကန့်အသတ်မရှိ ဝယ်ယူခြင်းကို ခွင့်မပြုပါ။ ထောဘီ ဖုန်းဘေလ်ပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။ E.g. 2900 ကျပ်တန် Auto renewal ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိ 9600 ကျပ်တန် Auto-renewal ပက်ကေ့ချ်ကို UNSUBSCRIBEလုပ်ပေးရန်လိုအပ်ပါသည်။

15. လက်ကျန် balance 1000Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?

လက်ကျန် balance 1000Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

16.အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး (၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။

17. ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် (၇) ရက်အတွင်း တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါကပက်ကေ့ချ်ကို ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

18. လက်ကျန် balance 1000Ks အောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?

ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက လက်ကျန် 10X Htaw B Balance ကျန်ရှိနေလျှင် ကျန်ရှိနေသော balance ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။

19. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကိုသုံးပြီး packs တွေဝယ်ယူနိုင်မှာပါလား။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် သတ်မှတ်ဝန်ဆောင်မှုများကို သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

20.ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။

21.အလိုအလျောက် သက်တမ်းတိုး ထောဘီ ၁၀ဆ pack ဝယ်ယူပါက ထောဘီထိပေါက် ကံစမ်းခွင့်ရရှိမှာပါလား။

ထိပေါက် chance မရရှိနိုင်ပါ။

22. အလိုအလျောက် သက်တမ်းတိုး ၁၀ဆ ဖုန်းဘေလ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။

Autorenewal ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ။

23. အလိုအလျောက် သက်တမ်းတိုးထောဘီ ၁၀ဆ ပက်ကေ့ချ်တွင် Carry Over Function ပါဝင်သလား?

Carry Over Function မပါရှိပါ။ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး အလိုအလျောက်သက်တမ်းတိုးချိန်တွင် လက်ကျန်ထောဘီ balance များ ကျန်ရှိနေပါက လက်ကျန်ထောဘီ balance များသည် ပက်ကေ့ချ်အသစ်၏ထောဘီ balance နှင့် ပေါင်းစည်းသယ်ဆောင်အသုံးမပြုနိုင်ပါ။

24. အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် နှစ်ခု Data Carry Plus နှင့် All in one Htaw B 10X ကို ဝယ်ယူထားပါတယ်။ ဘယ်ပက်ကေ့ချ်က အရင်သက်တမ်းတိုးမှာလဲ?

အလိုအလျောက် သက်တမ်းတိုး Data Carry Plus နှင့် All in one Htaw B 10X ဝယ်ယူထားပြီး တူညီသောနေ့ရက်တွင် အလိုအလျောက်သက်တမ်းတိုးရမည်ဖြစ်ပါက လက်ကျန်ဖုန်းဘေလ် လုံလောက်စွာရှိနေမယ်ဆိုရင် ပက်ကေ့ချ် နှစ်ခုလုံးသည် တပြိုင်နက်တည်း သက်တမ်းတိုးမှာဖြစ်ပါသည်။ လက်ကျန် ဖုန်းဘေလ်သည် ပက်ကေ့ချ်တစ်ခုစာသာကျန်ရှိပါက ကျပန်းစနစ်ဖြင့်သာ သက်တမ်းတိုးမှာဖြစ်ပါသည်။ ဥပမာ။ ။ သုံးစွဲသူက ငွေ ၃၀၀၀ကျပ် ဖြည့်မယ်ဆိုလျှင် ပက်ကေ့ချ်တစ်ခုကိုသာ သက်တမ်းတိုးနိုင်မှာဖြစ်သောကြောင့် ကျပန်းစနစ်အရ ၂၉၀၀ကျပ်တန် အလိုအလျောက်ထောဘီ ဆယ်ဆပက်ကေ့ချ် (သို့မဟုတ်) ၉၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး Data Carry Plus ပက်ကေ့ချ်တစ်ခုသာ အရင်သက်တမ်းတိုးမည်ဖြစ်သည်။

ကြင်ကြင်နာနာ ပက်ကေ့ချ်

1. ကြင်ကြင်နာနာ ပက်ကေ့ချ် ဆိုတာဘာလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ် ဆိုသည်မှာ ဝန်ဆောင်မှုအသစ်များကို ထည့်သွင်းမိတ်ဆက် ပေးလိုက်သည့် အထူးပေါင်းစုပက်ကေ့ချ်များဖြစ်ပါသည်။ ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူထားသော သုံးစွဲသူသည် တခြား MPT သုံးစွဲသူများအား အဖွဲ့ဝင်အဖြစ် သတ်မှတ်ပြီးနောက် မိမိပိုင်ဆိုင်သော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာများအား ခွဲဝေပေးပို့နိုင်ပါသည်။

2. ကြင်ကြင်နာနာ ပက်ကေ့ချ်မှာ ဘာတွပါဝင်ပါလဲ?

အမည်နှုန်းထား (ကုန်သွယ်ခွန်ပါဝင်ပြီး)ဒေတာသက်တမ်းကြင်ကြင်နာနာ အဖြစ်သတ်မှတ်နိုင်သောဦးရေစုစုပေါင်းဒေတာ (GB)အဖွဲ့ဝင်ရနိုင်သောဒေတာ
(MB)
ဒေတာပေးပို့နိုင်မှုပိုင်ရှင်ရရှိနိုင်သော အသံမိနစ်နှင့် စာတိုပမာဏပိုင်ရှင်ရရှိနိုင်သာ MPT club point ပမာဏ
ကြင်ကြင်နာနာ 2998 Pack၂၉၉၈ ကျပ်၃၀ ရက်၂ (၁+၁)1 GB500 MBကြင်ကြင်နာနာ နှင့် Data Carry Plus ပက်ကေ့ချ်
ဒေတာ
130 Onnet min & 130 Onnet SMSMPT Club – 400 Points
ကြင်ကြင်နာနာ 5498 Pack၅၄၉၈ ကျပ်၃၀ ရက်၄ (၁+၃)2 GBအဖွဲ့ဝင်တိုင်းအတွက် 500 MBကြင်ကြင်နာနာ နှင့် Data Carry Plus ပက်ကေ့ချ်
ဒေတာ
190 Onnet min & 190 Onnet SMSMPT Club – 600 Points
ကြင်ကြင်နာနာ 9998 Pack၉၉၉၈ ကျပ်၃၀ ရက်၆ (၁+၅)4 GBအဖွဲ့ဝင်တိုင်းအတွက် 500 MBကြင်ကြင်နာနာ နှင့် Data Carry Plus ပက်ကေ့ချ်
ဒေတာ
240 Onnet min & 240 Onnet SMSMPT Club – 1000 Points

3. ဘယ်သူတွေက ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူနိုင်မှာလဲ?

MPT GSM/WCDMA prepaid (ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား) လက်ရှိအသုံးပြုနေသူများ ပါဝင်နိုင်ပါတယ်။Postpaid, CDMA, Base Tariff သုံးစွဲသူများနှင့်လက်ရှိအသုံးမပြုနေသူများ  ပါဝင်နိုင်မည်မဟုတ်ပါ။

4. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဘယ်လိုဝယ်ယူနိုင်မှာလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အတွင်း ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။

5. ပက်ကေ့ချ်စျေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်စျေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသည်။

6. ကြင်ကြင်နာနာ ပက်ကေ့ချ်၏ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကိုခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာနှင့် သက်တမ်းကို စစ်ဆေးနိုင်ပါသည်။

7. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အကြိမ်ရေမည်မျှ ဝယ်ယူနိုင်မှာလဲ?

တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်များကို အကြိမ်ရေအကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။ မတူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်များကိုမူ ထပ်မံဝယ်ယူနိုင်မည် မဟုတ်ပါ။ ( ကြင်ကြင်နာနာ 5498 Pack ကို ဝယ်ယူထားပြီးသော သူံးစွဲသူသည် ကြင်ကြင်နာနာ 5498 Pack ကိုသာ ထပ်မံဝယ်ယူနိုင်မည်ဖြစ်ပါသည်။) ပက်ကေ့ချ်ဒတာပမာဏနှင့် သက်တမ်းကို ပေါင်းစည်းအသုံးပြုနိုင်မည် ဖြစ်ပါသည်။

8. ပက်ကေ့ချ်ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်၏ သက်တမ်းသည် (၃၀) ရက်ဖြစ်ပါသည်။ (၃၀) ရက်ပြည့်သော နေ့၏ ၂၃:၅၉:၅၉ တွင်သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။

9. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူပါက ထိပေါက်ကံစမ်းခွင့်ရရှိနိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူပါက MPT4U Application တွင် ထိပေါက်ကံစမ်းခွင့် (၁) ကြိမ်ရရှိမည်ဖြစ်ပါသည်။

10. ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် သတ်မှတ်ထားသော ပိုင်ရှင် (Owner) နှင့် အဖွဲ့ဝင် (Member) ဆိုတာဘာလဲ?

ပိုင်ရှင်ဆိုသည်မှာ ကြင်ကြင်နာနာ ပက်ကေ့ချ်ကိုဝယ်ယူပြီး ကြင်ကြင်နာနာပက်ကေ့ချ် ဒေတာများနှင့် အဖွဲ့ဝင်များကို စီမံပိုင်ခွင့်ရှိသူဖြစ်ပါသည်။ အဖွဲ့ဝင်ဆိုသည်မှာ ပိုင်ရှင်မှ ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်အဖြစ်သတ်မှတ်ပြီး ပိုင်ရှင်မှလွှဲပြောင်းပေးသော ဒေတာများကို လက်ခံရယူနိုင်သူဖြစ်ပါသည်။

11. ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် အဖွဲ့ဝင်မည်မျှ ပါဝင်နိုင်ပါသလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် ကြင်ကြင်နာနာ 2998 Pack အတွက် အဖွဲ့ဝင် (၁)ဦး၊ ကြင်ကြင်နာနာ 5498 Pack အတွက် အဖွဲ့ဝင် (၃)ဦး နှင့် ကြင်ကြင်နာနာ 9998 Pack အတွက် အဖွဲ့ဝင် (၅)ဦး ပါဝင်နိုင်ပါသည်။

12. အဖွဲ့ဝင်အနေဖြင့် မည်သည့်အရာကို ရရှိနိုင်ပါသလဲ?

အဖွဲ့ဝင်အဖြစ်အောင်မြင်စွာပေါင်းထည့်ပြီးနောက်တွင် ကြင်ကြင်နာနာ ဒေတာ 500 MB အား လက်ခံရရှိနိုင်ပါသည်။

13. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အဖွဲ့ဝင်ပေါင်းထည့်ခြင်းမပြုဘဲ အသုံးပြုနိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အဖွဲ့ဝင်ပေါင်းထည့်ခြင်းမပြုဘဲ အသုံးပြုနိုင်ပါသည်။

14. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင်များကို မည်သည့်အချိန်တွင် ပေါင်းထည့်နိုင်ပါသလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင်များကို ကြင်ကြင်နာနာပက်ကေ့ချ်အား ဝယ်ယူသည့်အချိန်တွင်လည်းကောင်း၊ Member Management Section တွင်လည်းကောင်း (MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အား ရွေးချယ်ပြီး နောက် Member Management Section အတွင်းဝင်ရာက်ကာ) အဖွဲ့ဝင်များကို ပေါင်းထည့်နိုင်ပါသည်။

15. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်ဟာ ကြင်ကြင်နာနာ ဒေတာအားလုံးကို ကိုယ်တိုင်အသုံးပြုနိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်ဟာ ကြင်ကြင်နာနာ ဒေတာအားလုံးကို ကိုယ်တိုင် အသုံးပြုနိုင်ပါတယ်။

16. အဖွဲ့ဝင်အသစ်တစ်ဦးပေါင်းထည့်ရန်အတွက် သတ်မှတ်ချက်ရှိပါသလား?

အဖွဲ့ဝင်အသစ်တစ်ဦးပေါင်းထည့်ရန်အတွက် ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်တွင် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ အနည်းဆုံး 500 MB ရှိရမည်ဖြစ်ပြီး ပေါင်းထည့်နိုင်သည့် အဖွဲ့ဝင် အရေအတွက် လက်ကျန်ရှိရမည်ဖြစ်ပါသည်။

17. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တခြား ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်ဖြစ်နိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တခြား ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။

18. အဖွဲ့ဝင်များကိုပြောင်းလဲနိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာပက်ကေ့ချ် ကို တစ်ကြိမ်သာဝယ်ယူပါက ထည့်သွင်းပြီးသော အဖွဲ့ဝင်များကို ပက်ကေ့ချ်သက်တမ်းကုန်ချိန်အထိ မပြောင်းလဲနိုင်ပါ။ တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အမျိုးအစားအား အကြိမ်ရေများစွာထပ်မံဝယ်ယူပါက ပက်ကေ့ချ်ဝယ်ယူချိန်တွင် အဖွဲ့ဝင်များအား ပြောင်းလဲထည့်သွင်းနိုင်ပါသည်။

19. အဖွဲ့ဝင်တစ်ဦးအနေဖြင့်မိမိအားအဖွဲ့ဝင်အဖြစ်သတ်မှတ်ကြောင်းမည်သို့သိနိုင်သလဲ?

အဖွဲ့ဝင်တစ်ဦးအနေဖြင့် မိမိအားအဖွဲ့ဝင်အဖြစ်သတ်မှတ်ကြောင်းကို စာတိုတစ်စောင်နှင့်တူ ကြင်ကြင်နာနာဒေတာ 500 MB ကိုရရှိခြင်းဖြင့်သိရှိနိုင်ပါသည်။ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ လက်ခံရရှိခြင်းကို *224# သို့ ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ MPT4U Application တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါသည်။

20. ဒေတာပေးပို့မှုအတွက် ဝန်ဆောင်ခကောက်ခံပါသလား?

ဒေတာပေးပို့မှုအတွက် ဝန်ဆောင်ခကောက်ခံခြင်းမရှိပါ။

21. ဒေတာပေးပို့မှုအတွက် သတ်မှတ်ချက်ရှိပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တစ်ကြိမ်လျှင် 500 MB အထိဒေတာပေးပို့နိုင်ပြီး တစ်ရက်အတွင်း အများဆုံး (၅) ကြိမ်ပေးပို့နိုင်ပါသည်။ တစ်လအတွင်း အများဆုံး အကြိမ် (၅၀) ပေးပို့နိုင်မည်ဖြစ်ပြီး လတစ်လ၏ပထမဆုံးရက်တွင် ဒေတာပေးပို့နိုင်မှု အကြိမ် (၅၀) အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်ပါသည်။

22. ဒေတာပေးပို့မှုအောင်မြင်ကြောင်းမည်သို့သိရှိနိုင်ပါသလဲ?

ဒေတာပေးပို့မှုအောင်မြင်ကြောင်းကို ဖော်ြပပါအသိပေးချက်အား ရရှိခြင်းအားဖြင့် သိရှိနိုင်ပါသည်။ “လူကြီးမင်းသည် XXXXMB ဒေတာကို 09XXXXXXXXX သို့အောင်မြင်စွာ လွှဲပြောင်းပြီးဖြစ်ပါသည်။”

23. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို တခြားသူများသို့လက်ဆောင်ပေးလို့ရပါလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို တခြားသူများသို့လက်ဆောင်ပေးလို့ရနိုင်ပါတယ်။ မိမိလက်ဆောင် ပေးပို့လိုသောသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာ ပက်ကေ့ချ်မရှိပါက ကြိုက်နှစ်သက်ရာ ကြင်ကြင်နာနာပက်ကေ့ချ်အားပေးပို့နိုင်ပါသည်။ မိမိလက်ဆောင်ပေးပို့လိုသောသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာ ပက်ကေ့ချ်ရှိပါက တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အားပေးပို့နိုင်ပါသည်။ MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အား ရွေးချယ်ကာ မိမိလက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးပို့နိုင်ပါသည်။

24. ကြင်ကြင်နာနာ ပက်ကေ့ချ်အား လက်ဆောင်အဖြစ်လက်ခံရရှိသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာပက်ကေ့ချ်နှင့် အဖွဲ့ဝင်များရှိနေပါက ဘယ်လိုဖြစ်မှာလဲ။

ကြင်ကြင်နာနာ ပက်ကေ့ချ်အား လက်ဆောင်အဖြစ်လက်ခံရရှိသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာပက်ကေ့ချ်နှင့် အဖွဲ့ဝင်များရှိနေပါက ပက်ကေ့ချ်အားလက်ဆောင်ရရှိပြီးချိန်တွင် လက်ရှိအဖွဲ့ဝင်များသည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ 500MB ကိုလက်ခံရရှိမည်ဖြစ်သည်။

25. အဖွဲ့ဝင်များကို မည်သို့စစ်ဆေးနိုင်ပါသလဲ?

MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်ကာ Member Management Section အတွင်းဝင်ရောက်၍ အဖွဲ့ဝင်များအား စစ်ဆေးခြင်း/ပေါင်းထည့်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။

26. အဖွဲ့ဝင်တွင်လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏သက်တမ်းကဘယ်လိုလဲ?

အဖွဲ့ဝင်တွင်လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏သက်တမ်းသည် ပိုင်ရှင်တွင်ရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏ သက်တမ်းနှင့် အတူတူပင် ဖြစ်ပါသည်။ ပိုင်ရှင်သည် တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အား အကြိမ်ရေများစွာ ဝယ်ယူပြီးနောက် တူညီသောအဖွဲ့ဝင်များကိုဆက်လက်ထည့်သွင်းထားပါက အဖွဲ့ဝင်တွင် လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာများသည် တစ်စုတည်းအဖြစ် ပေါင်းစည်းကာ အမြင့်ဆုံးသက်တမ်းကို ရရှိမည်ဖြစ်ပါသည်။ အကယ်၍ပိုင်ရှင်သည် တခြားအဖွဲ့ဝင်များကို ပြောင်းလဲထည့်သွင်းပါက ပယ်ဖျက်ခြင်းခံရသောအဖွဲ့ဝင်သည် ဒေတာထပ်မံရရှိမည်မဟုတ်ဘဲ နဂိုဒေတာအား၎င်း၏မူလသက်တမ်းအတိုင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

27. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ဒေတာအပြင် တခြား အသံနှင့် ငွေပမာဏများကို အဖွဲ့ဝင်များသို့ ပေးပို့နိုင်ပါသလား?

မပေးပို့နိုင်ပါ။ ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ တစ်မျိုးတည်းကိုသာ အဖွဲ့ဝင်များသို့ ပေးပို့နိုင်ပါသည်။

28. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကံထူးထားသည့် ဒေတာများကို ပေးပို့နိုင်ပါသလား?

မပေးပို့နိုင်ပါ။ ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ တစ်မျိုးတည်းကိုသာ အဖွဲ့ဝင်များသို့ ပေးပို့နိုင်ပါသည်။

29. ကြင်ကြင်နာနာပက်ကေ့ချ်ပိုင်ရှင်သည် တခြားပက်ကေ့ချ်များ၏ ဒေတာများကို အဖွဲ့ဝင်များထံသို့ ပေးပို့နိုင်ပါသလား?

ပေးပို့နိုင်ပါသည်။ ကြင်ကြင်နာနာပက်ကေချ်ပိုင်ရှင်သည် Data Carry Plus ပက်ကေ့ချ်၏ ဒေတာကို အဖွဲ့ဝင်များထံသို့ပေးပို့နိုင်ပါသည်။ ထိုသို့ပေးပို့ရာတွင် တစ်ကြိမ်လျှင် ပက်ကေ့ချ်တစ်ခုချင်းစီ၏ ဒေတာများကို သီးသန့်သာပေးပို့နိုင်ပါသည်။ (ဥပမာ- အဖွဲ့ဝင်ထံသို့ 500MB ဒေတာပမာဏပေးပို့လိုပါက ကြင်ကြင်နာနာပက်ကေ့ချ်မှ ဒေတာ 200MB နှင့် Data Carry Plus ပက်ကေ့ချ်မှ ဒေတာ 300MB စသည်ဖြင့် ပေါင်းစပ် ပေးပို့နိုင်မည်မဟုတ်ဘဲ 200MB ကြင်ကြင်နာနာဒေတာ, 300MB Data Carry Plus ဒေတာ စသည်ဖြင့် သီးခြား တစ်ကြိမ်စီဖြင့် စုစုပေါင်း နှစ်ကြိမ်ပေးပို့ရမည်ဖြစ်ပါသည်။

30. အဖွဲ့ဝင်တစ်ဦးတည်းထံသို့ ဒေတာပမာဏအများကြီးဘယ်လိုပေးပို့နိုင်မလဲ?

ဒေတာပေးပို့လိုသောအဖွဲ့ဝင်အားပေါင်းထည့်ပြီးနောက်တွင် တစ်ကြိမ်လျှင်အများဆုံး 500 MB ဒေတာပမာဏဖြင့် တစ်ရက်အတွင်း (၅) ကြိမ်ပေးပို့နိုင်ပါသည်။ MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အတွင်းဝင်ရောက်ကာ Data Transfer Section ကိုရွေးချယ်၍ ပေးပို့လိုသည့် အဖွဲ့ဝင်နှင့်ဒေတာပမာဏတို့ကိုရွေးချယ်ကာ ပေးပို့နိုင်ပါသည်။

31. MPT Club points တွေကိုဘယ်လိုသုံးနိုင်ပါသလဲ?

MPT Club Point များကို MPT ၏ဝန်ဆောင်မှုများ (သို့မဟုတ်) MPT ၏ ပါတနာဆိုင်များတွင် အထူးကူပွန်များအနေဖြင့် လဲလှယ်အသုံးပြုနိုင်ပါသည်။

32. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို လက်ဆောင်ပေးတဲ့အခါ ထိပေါက်ကံစမ်းခွင့်ကို ဘယ်သူကရမလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို လက်ဆောင်ပေးတဲ့အခါ ထိပေါက်ကံစမ်းခွင့်ကို လက်ဆောင်အား လက်ခံသူက ရရှိမည်ဖြစ်ပါသည်။

33. ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာတွေကို ဘယ်လိုသုံးနိုင်မလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာများကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်ပါသည်။

34. အဖွဲ့ဝင်မဟုတ်သူများထံသို့ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာပေးပို့လို့ရနိုင်ပါသလား?

မရနိုင်ပါ။ အဖွဲ့ဝင်အဖြစ်စာရင်းသွင်းသတ်မှတ်ထားသူများထံသို့သာ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ ပေးပို့နိုင်ပါသည်။

35. အဖွဲ့ဝင်သည် ပိုင်ရှင်နှင့်သက်တမ်းတူညီသော ဒေတာကိုရနိုင်ပါသလား?

အဖွဲ့ဝင်သည် ပိုင်ရှင်နှင့်သက်တမ်းတူညီသော ဒေတာကိုရနိုင်ပါသည်။

36. ပိုင်ရှင်နှင့် အဖွဲ့ဝင်တွေမှာ ဘာကွာခြားချက်ရှိသလဲ?

• ကြင်ကြင်နာနာ ပက်ကေ့ချ်ကိုဝယ်ယူထားသောပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာနှင့်အတူ MPT နံပါတ်များသို့ဖုန်းခေါ်ဆိုခွင့်၊ SMS ပေးပို့ခွင့်နှင့် MPT club point များရရှိနိုင်ပါသည်။
• အဖွဲ့ဝင်အနေဖြင့် ပိုင်ရှင်မှအဖွဲ့ဝင်အဖြစ်ထည့်သွင်းပြီးနောက်တွင် ဒေတာ 500 MB ကိုလက်ခံရယူပြီးနောက် ပိုင်ရှင်မှလွှဲပြောင်းပေးပို့သောဒေတာများကိုလည်း လက်ခံရယူနိုင်ပါသည်။

37. အဖွဲ့ဝင်များထံသို့ ဒေတာပေးပို့မှုမှတ်တမ်းကို ဘယ်လိုစစ်ဆေးနိုင်မလဲ?

အဖွဲ့ဝင်များထံသို့ ဒေတာပေးပို့မှုမှတ်တမ်းကို MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်၍ Data Transfer Section အတွင်းသို့ဝင်ရောက်ကာ “ History Check” ကိုနှိပ်၍ ဒေတာပေးပို့မှုမှတ်တမ်းကို နေရက်နှင့်အချိန်အလိုက် ကြည့်ရှုနိုင်ပါသည်။

38. ကြင်ကြင်နာနာပက်ကေ့ချ်၏ လုပ်ဆောင်ချက်များကို အပြည့်အဝရရှိနိုင်ရန် မည်သို့ ဆောင်ရွက်ရမည်နည်း?

ကြင်ကြင်နာနာပက်ကေ့ချ်၏ လုပ်ဆောင်ချက်များကို အပြည့်အဝရရှိနိုင်ရန် နောက်ဆုံးထွက်ရှိသော MPT4U Version အားအသုံးပြုရန်လိုအပ်ပါသည်။

39. ပရိုမိုးရှင်းကာလက ဘယ်အချိန်အထိလဲ?

ပရိုမိုးရှင်းကာလမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ထပ်မံမကြေညာမီအချိန်အထိ ဖြစ်ပါသည်။

Advance Payment Promotion - Dome Pyan

ဒုံးပျံအိမ်သုံးအင်တာနက် ကြိုတင်ငွေပေးဆောင်ခြင်း ပရိုမိုးရှင်း (၆လစာအတွက် ၅% လျော့ဈေး သို့ ၁၂လစာအတွက် ၁၀% လျော့ဈေး)

1. ကြိုတင်ငွေပေးဆောင်ခြင်း ပရိုမိုးရှင်း ဆိုတာဘာလဲ။ မည်သူများရယူနိုင်ပါသလဲ။

ယခု လက်ရှိ ဒုံးပျံအိမ်သုံးအင်တာနက် သုံးစွဲနေသူများ (1st MRC အားပေးဆောင်ပြီး၊ ပုံမှန် MRC ထွက်ရှိပြီးသော သုံးစွဲသူများ) အနေဖြင့် ၆လ (သို့မဟုတ်) ၁၂လ ကြိုတင်ငွေ ပေးဆောင်ထားခြင့်ဖြင့် ၅% (သို့မဟုတ်) ၁၀% သက်သာစေမည့် အကျိုးအမြတ် ဖြစ်ပါသည်။ ယခုအစီအစဥ်အား Class A 100Mbps, Class B 50Mbps, Class C 25Mbps and Class D 15Mbps အားအသုံးပြုလျက်ရှိသူများသာ ရယူနိုင်မည်ဖြစ်သည်။ အသေးစိတ်သိလိုပါက https://www.mpt.com.mm/mm/advance-payment-promotion-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

2. ပရိုမိုးရှင်းအစီအစဉ်အား မည်သည့်နေရာတွင် ရယူနိုင်မည်နည်း။

FTTH ရရှိနိုင်သော မြို့နယ်များအားလုံးတွင် ရရှိနိုင်ပါသည်။

3. ကြိုတင်ငွေပေးဆောင်ခြင်းအား မည်သည့်နေရာများတွင် ပေးဆောင်နိုင်မည်နည်း။

ကြိုတင်ငွေပေးဆောင်ခြင်းအား လက်ရှိ MPT FTTH ဘေလ်များ ပေးဆောင်နိုင်သော TRA counter များ ၊ MEB online payment၊ CB၊ KBZ BANK, AYA Bank၊ MEB နှင့် ချိတ်ဆက်ထားသော CITY MART၊ JUNCTION၊ OCEAN၊ ABC CONVENIENCE STORE ၊ SUPERONE၊ MYANMA APEX BANK ၊ UNITED LIVING MALL စသည့် ဈေးဝယ်စင်တာများမှတဆင့်လည်း လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်။

အသေးစိတ်ကြည့်ရှုရန် – https://bit.ly/3DV6Nlr

4. ငွေပေးချေရန်အတွက် နောက်ဆုံးပေးဆောင်ရမည့် သတ်မှတ်ထားသော ရက်ရှိပါသလား။

ကြိုတင်ငွေပေးချေခြင်းလျှော့စျေးအား အောင်မြင်စွာ ရယူနိုင်ရန် လတစ်လ၏ နောက်ဆုံးအလုပ်ဖွင့်ရက် (၃)ရက် မတိုင်မီ နောက်ဆုံးထား၍ ပေးဆောင်ရပါမည်။

5. အသုံးပြုသူမှ (၆လ သို့မဟုတ် ၁၂လ) ကြိုတင်ငွေပေးဆောင်ထားသော ကာလအတွင်း လိုင်းအား အပြီးပိတ်သိမ်းလိုပါက ပြန်အမ်းငွေ ပြည်လည်ရရှိနိုင်မည်လား။

ပြန်အမ်းငွေ မရရှိနိုင်ပါ။ အသုံးပြုသူမှ ကြိုတင်ငွေပေးဆောင်ထားသော ကာလအတွင်း မည်သည့်ကြောင်းပြချက်ဖြင့်မဆို လိုင်းအပြီးပိတ်သိမ်းခြင်းအတွက် MPT မှ ပြန်အပ်ငွေ ပေးမည်မဟုတ်ပါ။

6. ကြိုတင်ငွေပေးချေခြင်း ပရိုမိုးရှင်းအား သက်တမ်းတိုးလိုပါက မည်သို့ဆောင်ရွက်ရမည်နည်း။

အသုံးပြုသူအနေဖြင့် ကြိုတင်ငွေပေးချေခြင်းရယူထားသော ပရိုမိုးရှင်းကာလ မကုန်မီနောက်ဆုံးလ၏ လမကုန်မှီ အလုပ်ဖွင့်ရက် (၃)ရက် ကြိုတင်၍ သက်တမ်းတိုးနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ ယင်းသက်တမ်းတိုးနိုင်ရန် နောက်တစ်လအတွက်ကြိုထွက်ထားသော ဘေ၏ ငွေစာရင်းနံပါတ်အား ကိုကား၍ ကြိုတင်ငွေပေးချေပြီး သက်တမ်းတိုးနိုင်ပါသည်။

7. Discount ကာလအတွင်း အသုံးပြုသူမှ Bandwidth အတိုးအလျှော့ပြုလုပ်ခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ လိုင်းယာယီပိတ်သိမ်းခြင်းများ ဆောင်ရွက်နိုင်ပါသလား။

Discount ကာလအတွင်း အသုံးပြုသူမှ Bandwidth တိုးမြှင့်ခြင်းပြုလုပ်နိုင်သော်လည်း လျှော့ချခြင်းမပြုလုပ်နိုင်ပါ။ သို့သော် Bandwidth တိုးမြှင့်ခြင်းအတွက် ထပ်ဆောင်းပေးဆောင်ရမည့် ငွေအား ပေးဆောင်ရမည်ဖြစ်ပြီး ယင်းပေးဆောင်မှုအတွက် လျှော့စျေးပရိုမိုးရှင်း ရရှိမည်မဟုတ်ပါ။ အသုံးပြုသူမှ လိုင်းယာယီပိတ်သိမ်းခြင်းအား FTTH သုံးစွဲသူများအတွက် လိုင်းယာယီပိတ်သိမ်းခြင်း စည်းမျည်းများအရ ပြုလုပ်နိုင်ပါသည်။ နေရာရွှေ့ပြောင်းခြင်းလျောက်ထားမှုများအတွက် အကယ်၍ သုံးစွဲသူ ပြောင်းရွှေ့လိုသော နေရာတွင် MPT FTTH အသုံးပြုနိုင်မှသာ ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။

faqs data mm

အမေးများသောမေးခွန်းများ

အမျိုးအစားလိုက် ရွေးရန်

Night Data Pack

၁။ Night Safety Data Packages ဆိုတာ ဘာလဲ။ ဘယ်လိုဝယ်ယူလို့ ရနိုင်ပါသလဲ။

Night Safety Data Packs ဆိုသည်မှာ ည ၁၁နာရီ မှ မနက် ၇နာရီအတွင်း အင်တာနက်အသုံးပြုမှုများအတွက် ဒေတာ အသုံးပြုနိုင်သော Package များဖြစ်ပါတယ်။
Night Safety Data Package များကို အောက်ပါအတိုင်း ဝယ်ယူနိုင်ပါတယ်။

ဈေးနှုန်းများ
(ကုန်သွယ်ခွန်ပါပြီး)
ဝယ်ယူနိုင်သော
နည်းလမ်း
ဒေတာပမာဏ(MB)ကန့်သတ်မြန်နှုန်းအသုံးပြုနိုင်သည့်
ကာလ
Direct
USSD
၁၉၉ကျပ်USSD မှ တဆင့် ဝယ်ယူနိုင်ပါသည်80 MBပုံမှန်အမြန်နှုန်း၁ရက်*233*1#
၄၉၉ကျပ်220 MB၃ရက်*233*2#
၇၉၉ကျပ်360 MB၇ရက်*233*3#
၁၉၉ကျပ်80 MBMax1.5Mbps၁ရက်*233*4#
၄၉၉ကျပ်220 MB၃ရက်*233*5#
၇၉၉ကျပ်360 MB၇ရက်*233*6#
၁၉၉ကျပ်MPT4U မှတဆင့် ဝယ်ယူနိုင်ပါသည်83 MBပုံမှန်အမြန်နှုန်း1 dayNone
၄၉၉ကျပ်225 MB၃ရက်
၇၉၉ကျပ်365 MB၇ရက်
၁၉၉ကျပ်83 MBMax 1.5Mbps၁ရက်
၄၉၉ကျပ်225 MB၃ရက်
၇၉၉ကျပ်365 MB၇ရက်

အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Package များကို ဝယ်ယူထားပြီး ည ၁၁ နာရီမှ မနက် ၇နာရီအတွင်း ဒေတာ အသုံးပြုပါက Night Safety Data Package မှ ဖြတ်တောက်မည်ဖြစ်ပြီး အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ပါသည်။

 

အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Package များကို အသုံးပြုလိုပါက

*233*4# သို့ ရိုက်နှိပ်ခေါ်ဆိုပြီး 80MB လျှင် ၁၉၉ကျပ် ကျသင့်သော ၁ရက်သုံး Night Safety Data Package ကို ဝယ်ယူ၍ဖြစ်စေ၊

*233*5 # သို့ ရိုက်နှိပ်ခေါ်ဆိုပြီး 220MB လျှင် ၄၉၉ကျပ် ကျသင့်သော ၃ရက်သုံး Night Safety Data Package ကို ဝယ်ယူ၍ဖြစ်စေ၊

*233*6 # သို့ ရိုက်နှိပ်ခေါ်ဆိုပြီး 360MB လျှင် ၇၉၉ကျပ် ကျသင့်သော ၇ရက်သုံး Night Safety Data Package ကို ဝယ်ယူ၍ဖြစ်စေ အသုံးပြုနိုင်ပါတယ်။

၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၁၅% ပါဝင်ပြီးဖြစ်ပါတယ်။

၃။ Night Safety Data Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

ဆွေသဟာ/ရှယ်ပြော/ရွှေစကားအစီအစဉ်ရယူထားသော Prepaid/Postpaid GSM /WCDMA အသုံးပြုသူများနှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။
CDMA နှင့် Base Tariff အသုံးပြုသူများ ဝယ်ယူနိုင်မည် မဟုတ်ပါ။

၄။ Night Safety Data Pack ရဲ့ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး Night Safety Data Pack ၏ လက်ကျန်ပမာဏကို စစ်ဆေးနိုင်ပါတယ်။

၅။ Night Safety Data Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မှာဖြစ်ပြီး Package အသုံးပြုနိုင်သည့် ကာလအတွင်းဝယ်ယူပါက ဒေတာပမာဏမှာ ပေါင်းစည်း အသုံးပြုနိုင် ပြီး Package သက်တမ်းကို လည်း ပိုရှည်ကြာသော သက်တမ်းနှင့် အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

၆။ Night Safety Data Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

Package ၏ သက်တမ်းမှာ ဝယ်ယူထားသော Package များပေါ်တွင် မူတည်ပြီး ၁ရက်၊ ၃ရက်၊ ၇ရက် စသည်ဖြင့် အသုံးပြုနိုင်ပါတယ်။ လက်ကျန်ဒေတာများကို သယ်ဆောင်အသုံးပြုမှု မရရှိနိုင်ပါ။

၇။ အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ဝယ်ယူထားပြီး သုံးစွဲနိုင်သော ဒေတာပမာဏနှင့် သက်တမ်းကျန်ရှိနေချိန်မှာ အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ခြင်း မရှိသော Night Safety Data Pack ကို ထပ်မံဝယ်ယူပါတယ်။ ဘယ်လိုဖြစ်သွားမှာလဲ။

နောက်ဆုံး ဝယ်ယူထားသော Package ၏မြန်နှုန်းသတ်မှတ်ချက်အတိုင်း အင်တာနက် မြန်နှုန်းကို အသုံးပြုနိုင်မည် ဖြစ်သည်။
(ဥပမာ – အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ခြင်း မရှိသော Night Safety Data Pack ကို ဝယ်ယူထားပြီးနောက် အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ကို ထပ်မံဝယ်ယူပါက သုံးစွဲနိုင်သော ပမာဏ သည် ပေါင်းစည်းသွားပြီး သက်တမ်း ပိုရှည်ကြာသော Package ၏ သက်တမ်းအတိုင်းသုံးစွဲနိုင်မည်ဖြစ်ကာ မြန်နှုန်း
သတ်မှတ်ချက်မှာ နောက်ဆုံး ဝယ်ယူထားသည့် အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack အတိုင်းဖြစ်ပါသည်။

၈။ Package တစ်ခု ဝယ်ယူသုံးစွဲထားပြီး သက်တမ်းကာလ နှင့် ဒေတာပမာဏ မကုန်ခင် နောက်ထပ် သက်တမ်းနှင့် ဒေတာပမာဏ မတူညီသည့် Package များ ထပ်မံဝယ်ယူပါတယ်။ ဘယ်လိုဖြစ်သွားမှာပါလဲ။

လက်ကျန် ဒေတာပမာဏသည် ထပ်မံဝယ်ယူလိုက်သော  ဒေတာပမာဏနှင့်

ပေါင်းစည်းသွားမည်ဖြစ်ပြီး သက်တမ်း ပိုရှည်ကြာသော Package ၏ သက်တမ်းအတိုင်းသုံးစွဲနိုင်မည် ဖြစ်ကာ နောက်ဆုံး ဝယ်ယူထားသော Package ၏မြန်နှုန်းသတ်မှတ်ချက်အတိုင်း အင်တာနက် မြန်နှုန်းကို အသုံးပြုနိုင်မည် ဖြစ်သည်။

 

ဥပမာ- ၃ရက်သုံး Night Satety Data Pack ကို ဝယ်ယူထားပြီး သက်တမ်း ၁နာရီနှင့်

ဒေတာပမာဏ 75MB ကျန်ရှိချိန်တွင် ထပ်မံ၍ 83 MB လျှင် ၁၉၉ကျပ် ကျသင့်သော ၁ရက်သုံး Night Safety Data Pack ကို ဝယ်ယူပါက ဒေတာပမာဏသည် (83MB+75MB) = 158 MB အဖြစ် ပေါင်းစည်းသွားမည် ဖြစ်ပြီး သုံးစွဲနိုင်သော သက်တမ်းသည် သက်တမ်း ပိုရှည်ကြာသော ၁ရက်သုံး Night Safety Data Pack ၏ သက်တမ်းအတိုင်း သုံးစွဲနိုင်ပါမည်။

၉။ Night Safety Data Pack ရဲ့ သက်တမ်းလည်ပတ်ပုံက ဘယ်လိုမျိုးရှိပါသလဲ။

Night Safety Data Pack သည် ၂၄နာရီသက်တမ်းဖြင့် အခြေခံ၍ လည်ပတ်ပါသည်။
ဥပမာ- ၁ရက်သုံး Package ကို ယနေ့မနက် ၇နာရီတွင် ဝယ်ယူထားပါက Package သည် နောက်နေ့မနက် 6:59:59 အထိ သက်တမ်းရှိမည် ဖြစ်ပြီး ည ၁၁နာရီမှ မနက် ၇နာရီအတွင်း သုံးစွဲနိုင်ပါသည်။
ဥပမာ- ၁ရက်သုံး Package ကို နေ့လည် ၁၁နာရီတွင် ဝယ်ယူထားပါက Package သည် နောက်နေ့မနက် 10:59:59 ထိ သက်တမ်းရှိမည် ဖြစ်ပြီး ည ၁၁ နာရီမှ မနက် ၇နာရီအတွင်း သုံးစွဲနိုင်ပါသည်။
ဥပမာ-၁ရက်သုံး Package ကို မနက် ၆နာရီတွင် ဝယ်ယူထားပါက Package သည် နောက်နေ့မနက် 5:59:59 ထိ သက်တမ်းရှိမည် ဖြစ်ပြီး ည ၁၁ နာရီ မှ မနက် ၇နာရီအတွင်း သုံးစွဲနိုင်ပါသည်။

၁၀။ အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5MB ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ကို ဝယ်ယူထားပြီး သက်တမ်းမကုန်ခင် ဒေတာပမာဏ အားလုံး အသုံးပြုလိုက်ပါတယ်။ ဘယ်လို ဖြတ်တောက်မှာပါလဲ။

အခြား ဝယ်ယူထားသော Data Pack များမှ ဖြစ်စေ၊ Main Balance မှ ဖြစ်စေ ဖြတ်တောက်ပါမည်။ သို့သော် အင်တာနက်မြန်နှုန်း ထိန်းညှိ၍ အသုံးပြုမှု မရရှိနိုင်ပါ။ အင်တာနက်မြန်နှုန်း ထိန်းညှိအသုံးပြုလိုပါက မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိနိုင်သော Night Safety Data Pack ကို ထပ်မံ ဝယ်ယူ၍ အသုံးပြုနိုင်ပါတယ်။

၁၁။ Night Safety Data Pack ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား?

*106*2# (သို့) *777# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2.
လက်ဆောင်ပေးမည်”ကိုရွေးချယ်ပြီးလက်ဆောင်ပေးမည့်ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး
တခြားသူများသို့လက်ဆောင်ပေးနိုင်ပါတယ်။

၁၂။ ပရိုမိုးရှင်းကာလမှာ ဘယ်အထိပါလဲ။

ပရိုမိုးရှင်းကာလမှာ ၂၀၂၂ ဇန်နဝါရီလ (၂၂) ရက် မှ ထပ်မံမကြေညာမီအထိ ဖြစ်ပါတယ်။

Night Time Pack

၁။ Night Time Data Pack ဆိုတာ ဘာလဲ။ ဘယ်လိုဝယ်ယူလို့ရနိုင်မှာလဲ။

Night Time Data Pack ဆိုတာ အင်တာနက်အသုံးပြုမှုအားလုံးအတွက် ည ၁၁ နာရီ မှ မနက် ၇ နာရီအတွင်း အသုံးပြုနိုင်သော Package များ ဖြစ်ပါတယ်။

နှုန်းထား (၅% ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီး)ဒေတာပမာဏသက်တမ်းဝယ်ယူရန်
၁၆၉ ကျပ်60 MB၁ ည*237*1#
၈၉၉ ကျပ်370 MB၇ ည*237*2#
၃၄၉၉ ကျပ်1500 MBည ၃၀*237*3#

၂။ Night Time Data Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာပါလဲ။

MPT Prepaid/postpaid GSM/WCDMA (ဆွေသဟာ/ရှယ်ပြော/ရွှေစကား) အသုံးပြုသူများ ဝယ်ယူအသုံးပြုနိုင်ပါတယ်။

၃။ Night Time Data Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာပါလဲ။

အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါတယ်။ ဒေတာသက်တမ်းများကို ပေါင်းစည်းနိုင်မည် မဟုတ်ပါ။

၄။ စျေးနှုန်းများမှာ အခွန်ပါဝင်ပြီး ဖြစ်ပါသလား။

ဟုတ်ပါတယ်။ စျေးနှုန်းများမှာ အခွန်ပါဝင်ပြီး ဖြစ်ပါသည်။

၅။ ပရိုမိုးရှင်းကာလမှာ ဘယ်အချိန်ထိပါလဲ။

ပရိုမိုးရှင်းကာလမှာ ၂၀၂၂ ဇန်နဝါရီလ (၂၂) ရက် မှ ထပ်မံမကြေညာမီအချိန်အထိ ဖြစ်ပါသည်။

Causal Pack Promo

၁။ Causal pack promo ဆိုတာဘာလဲ။

Causal pack promo ဆိုတာ အင်တာနက်အသုံးပြုသူများအတွက် ဒေတာအသုံးပြုနိုင်သော Packages များဖြစ်ပါတယ်။

၂။ Causal pack promo မှာ အမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ။

Causal pack promo မှာအမျိုးအစား ()မျိုးပါဝင်ပါတယ်။

နှုန်းထား (၅% ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး)ဒေတာပမာဏသက်တမ်းတိုက်ရိုက် ဝယ်ယူရန်ဝယ်ယူရန်
၁၉၉ ကျပ်75MB၂ ရက်*3001#*3333#
၉၄၉ ကျပ်400MB၇ ရက်*3002#*3333#
၂၆၉၉ ကျပ်1200MB၃၀ ရက်*3003#*3333#

၃။ Causal pack promo ကို ဘယ်သူတွေဝယ်ယူနိုင်ပါသလဲ။

MPT ဆွေသဟာ(သို့မဟုတ်) ရှယ်ပြော(သို့မဟုတ်)ရွေစကား အစီအစဉ်အသုံးပြုနေသော GSM/WCDMA (Prepaid/ Postpaid) စနစ်အသုံးပြုသူများအားလုံးသည် Causal pack promo ကို ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၄။ Causal pack promo ဝယ်ယူထားပြီး သုံးစွဲနိုင်သော ဒေတာပမာဏနှင့် အသုံးပြုနိုင်သောသက်တမ်း ကျန်ရှိနေချိန်မှာ နောက်ထပ် Causal pack promo ထပ်မံဝယ်ယူပါတယ်။ ဘယ်လိုဖြစ်မှာပါလဲ။

သုံးစွဲနိုင်သော ဒေတာပမာဏနှင့် အသုံးပြုနိုင်သောသက်တမ်းသည် ပေါင်းစည်းသွားမှာ မဟုတ်ပါ။ ဝယ်ယူထားသော Causal pack promo တစ်ခုချင်းစီသည် ယင်းတို့၏ သတ်မှတ်သက်တမ်းကုန်ဆုံးချိန်တွင် အသီးသီးကုန်ဆုံးပါမည်။

၅။ Causal pack promo ကိုအကြိမ်ရေ မည်မျှဝယ်ယူနိုင်သနည်း။

Causal pack promo ကို အကြိမ်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။

၆။ Daily Data Pack/ Causal pack promo နဲ့ Data Carry Pack ကို ဝယ်ထားပါတယ်။ ဘယ်ကအရင်ဖြတ်တောက်မှာပါလဲ။

အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဖြတ်တောက်သွားမည်ဖြစ်ပါသည်။
• Daily Pack
• Causal pack promo
• Data Carry Pack (Data Carry Plus)

Daily Data Pack

၁။ Daily Data Pack ဆိုတာ ဘာလဲ? ဘယ်လိုဝယ်ယူလို့ရနိုင်မှာလဲ?

Daily Data Pack ဆိုတာ အင်တာနက်အသုံးပြုမှုအတွက် အသုံးပြုနိုင်သော ပက်ကေချ့်ဖြစ်ပါတယ်။

ဈေးနှုန်း(ကုန်သွယ်ခွန်ပါပြီး)ဒေတာပမာဏသက်တမ်းဝယ်ယူရန်
၂၉၉ ကျပ်၈၀ MB1 ရက်*2001#

၂။ Daily Data Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်ပါမလဲ။

MPT GSM/ WCDMA (Swe Thahar, Shal Pyaw, Shwe Sagar) အသုံးပြုသူများအားလုံး ဝယ်ယူအသုံးပြုနိုင်ပါတယ်။

၃။ အကြိမ် မည်မျှ ဝယ်ယူနိုင်ပါမလဲ။

အကြိမ် အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါတယ်။

၄။ ပက်ကေချ်တန်ဖိုးတွင် အခွန်ပါဝင်ပါသလား။

ဟုတ်ပါတယ်။ အခွန်အပါအဝင် ဖြစ်ပါတယ်။

Htaw B x 7 Times

1) ထောဘီ ၇ ဆဆိုတာဘာပါလဲ။

MPT နှင့် KSGM အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း (၇)နှစ်မြောက်ရောက်ရှိခြင်းအထိမ်းအမှတ်အဖြစ် အစဉ်တစိုက် အားပေးကြပါသော MPTသုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ထောဘီ ၇ဆ ပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါသည်။ ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၇ ဆ ပွားကာ ထောဘီ ၇ ဆဖုန်းဘေလ်အဖြစ် ပြောင်းလဲ၍ သတ်မှတ်နှုန်းထားများဖြင့် ဝန်ဆောင်မှုများကို စိတ်တိုင်းကျအသုံးပြုနိုင်မည်ဖြစ်ပါသည်။

ဒေတာMPT ဖုန်းများသို့ခေါ်ဆိုရန်MPT ဖုန်းများသို့စာတိုပေးပို့ရန်
14.6Ks/MB44.4Ks/min20 Ks/SMS

အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၇ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။

အသေးစိတ်ထောဘီ ၇ဆ ဖုန်းဘေလ် သက်တမ်း
ပုံမှန်ဖုန်းဘေလ် ၁၁၁၁ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၇၇၇၇ ကျပ်နှင့်လဲလှယ်နိုင်သည်။၁၅ ရက်
ပုံမှန်ဖုန်းဘေလ် ၂၂၂၂ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၁၅၅၅၄ ကျပ်နှင့်လဲလှယ်နိုင်သည်။၃၀ ရက်
ပုံမှန်ဖုန်းဘေလ် ၅၅၅၅ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၃၈၈၈၅ ကျပ်နှင့်လဲလှယ်နိုင်သည်။၆၀ ရက်

2) ထောဘီ ၇ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။

MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) အစီအစဉ်အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။

3) ထောဘီ ၇ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၇ ဆ ဖုန်းဘေလ်ကိုအောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူအသုံးပြုနိုင်ပါသည်။

ထောဘီ ၇ဆ ဖုန်းဘေလ်ထောဘီ ၇ဆ ဖုန်းဘေလ်
သက်တမ်း
ရယူနိုင်သည့်နည်းလမ်းများအခြား
SMSDirect USSDCommon USSDအခြား
ပုံမှန်ဖုန်းဘေလ် ၁၁၁၁ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၇၇၇၇ ကျပ်၁၅ ရက်Send 1111 to 1332*7001#*700#MPT4U*224#
ပုံမှန်ဖုန်းဘေလ် ၂၂၂၂ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၁၅၅၅၄ ကျပ်၃၀ ရက်Send 2222 to 1332*7002#
ပုံမှန်ဖုန်းဘေလ် ၅၅၅၅ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၃၈၈၈၅ ကျပ်၆၀ ရက်Send 5555 to 1332*7005#

4) ထောဘီ ၇ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၇ဆ ဖုန်းဘေလ်ကို MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၇ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။

5) ထောဘီ ၇ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။

ထောဘီ ၇ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။

  • ဒေတာ – 14.6Ks/MB (အင်တာနက်အသုံးပြုမှုကို 200KB နှုန်းဖြင့်ကောက်ခံပါမည်)
  • MPT ဖုန်းများသို့ခေါ်ဆိုခြင်း – 44.4Ks/min (ဖုန်းခေါ်ဆိုမှုကို ၂၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
  • MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – 20Ks/SMS

(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)

6) ထောဘီ ၇ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။

လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၇ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူအသုံးပြုခြင်းဖြစ်ပါသည်။ MPTဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် အသုံးပြုပါကထောဘီ ၇ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။

7) ထောဘီ ၇ဆ ဖုန်းဘေလ်ဝယ်ယူထားပြီး အခြားအော်ပရေတာနံပါတ်များသို့ခေါ်ဆိုခြင်း (သို့) အခြားအော်ပရေတာ နံပါတ်များသို့စာတိုပေးပို့ခြင်း (သို့) ပက်ကေ့ချ်နှင့် VAS ဝန်ဆောင်မှုများဝယ်ယူခြင်းတို့ပြုလုပ်လျှင် ဘယ်လိုကျသင့်မှာပါလဲ။

ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း ကျသင့်စေမည်ဖြစ်ပါသည်။

8) ထောဘီ ၇ဆ ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။

ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း (သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ကောက်ခံကျသင့်စေမည်ဖြစ်ပါသည်။ ထောဘီ ၇ဆ ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက် အသုံးပြုနိုင်ပါသည်။

9) ထောဘီ ၇ဆ ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ စာတိုပေးပို့နိုင်ပါသလဲ။ ဒေတာသုံးနိုင်ပါသလဲ။

ထောဘီ ၇ဆ ဖုန်းဘေလ် ၇၇၇၇ကျပ်သည်

  • ဒေတာတစ်မျိုးတည်းအသုံးပြုပါက 532 MB အထိ အသုံးပြုနိုင်ပါသည်။ (သို့မဟုတ်)
  • MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက 175 မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။(သို့မဟုတ်)
  • MPT ဖုန်းများသို့စာတိုပို့ရန်တစ်မျိုးတည်းအသုံးပြုပါက 388 စောင် အထိ ပေးပို့နိုင်ပါသည်။

ထောဘီ ၇ဆ ဖုန်းဘေလ်ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ ဥပမာ၇၇၇၇ကျပ်ဖြင့် ဒေတာ 455 MB + MPT အချင်းချင်းဖုန်းခေါ်ရန် 20 မိနစ် + MPT ဖုန်းအချင်းချင်း စာတိုပေးပို့ရန် 12 စောင် အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်။

10) ထောဘီ ဖုန်းဘေလ် (၅ဆ) နှင့် ထောဘီ ၇ဆ ဖုန်းဘေလ် ၂ခုလုံးရှိနေပါတယ်။ မည်သည့် pack မှ အရင် ကျသင့်ပါမလဲ။

ထောဘီ ၅ဆ ဖုန်းဘေလ်မှ အရင်ကျသင့်မည်ဖြစ်ပါသည်။

11) ထောဘီ (၅ဆ) pack ဝယ်ယူရင် ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပါတယ်။ ထောဘီ ၇ဆ pack ဝယ်ယူပါကလည်း ကံစမ်းခွင့်ရရှိမှာပါလား။

ဟုတ်ကဲ့။ ကြိုက်နှစ်သက်ရာထောဘီပက်ကေ့ချ်ကို မည်သည့်နည်းလမ်းဖြင့်မဆို ဝယ်ယူပါက ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံထူးနိုင်မည်ဖြစ်ပါသည်။ ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းမှ ရရှိထားသော ထောဘီဖုန်းဘေလ်ကို ဒေတာ 10.7Ks/MB၊ MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန် 32.5Ks/min နှင့် MPT ဖုန်းများသို့စာတိုပေးပို့ရန် 20Ks ဖြင့် အသုံးပြုနိုင်ပါသည်။

12) ထောဘီ ၇ဆ ဖုန်းဘေလ် ဘယ်နှကြိမ်ပြောင်းလဲရယူနိုင်ပါသလဲ။ အကြိမ်ကြိမ်ပြောင်းလဲနိုင်မှာပါလား။

အကြိမ်အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပြီး ထောဘီ ၇ဆဖုန်းဘေလ်များပေါင်းစည်းကာ အရှည်ဆုံးသက်တမ်းထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

13) ထောဘီ ၇ဆ ဖုန်းဘေလ်ကိုသုံးပြီး packs တွေဝယ်ယူနိုင်မှာပါလား။

ထောဘီ ၇ဆ ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီ ၇ဆ ဖုန်းဘေလ်ဖြင့် သတ်မှတ်ဝန်ဆောင်မှုများကို သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

14) ထောဘီ ၇ဆ ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။

ထောဘီ ၇ဆ ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။

15) ထောဘီ ၇ဆ ဖုန်းဘေလ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။

ဟုတ်ကဲ့။ တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U app (သို့) *700# မှတစ်ဆင့် အမှတ်စဉ် “2. Gift/ 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်၍ လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါသည်။

Htaw B 5X

၁။ Htaw B ဆိုတာဘာပါလဲ?

Htaw B သည် MPT က အသစ်ပြင်ဆင်မိတ်ဆက်ပေးလိုက်သည့် ဝန်ဆောင်မှှုတစ်ခုဖြစ်သည်။ MPT သုံးစွဲသူများသည် လက်ကျန်ငွေ(ပုံမှန်ဖုန်းဘေလ်) ကို ထောဘီဖုန်းဘေလ်(ပုံမှန်ဖုန်းဘေလ်၏ ငါးဆ)အဖြစ် ပြောင်းလဲရုံသာမက Htaw B ဖုန်းဘေလ်ကို သတ်မှတ်နှှုန်းထားများဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

အောက်ဖော်ပြပါ လက်ကျန်ငွေ ပမာဏများကို Htaw B ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်သည်။

အသေးစိတ်ထောဘီ ဖုန်းဘေလ်အသုံးပြုနိုင်သည့်ကာလ
လက်ကျန်ငွေ ၁၀၀၀ကျပ်ကို  Htaw B ဖုန်းဘေလ် ၅၀၀၀ကျပ်နှင့်လဲလှယ်နိုင်သည်။ ၁၅ ရက်
လက်ကျန်ငွေ ၂၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၁၀၀၀၀ကျပ်နှင့်လဲလှယ်နိုင်သည်။၃၀ ရက်
လက်ကျန်ငွေ ၅၀၀၀ကျပ်ကို  Htaw B ဖုန်းဘေလ် ၂၅၀၀၀ကျပ်နှင့်လဲလှယ်နိုင်သည်။ ၆၀ရက်

၂။ Htaw B ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ?

  • MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) အစီအစဉ်အသုံးပြုသူများအားလုံး ထောဘီဖုန်းဘေလ်များကို အသုံးပြုနိုင်ပါမည်။

၃။Htaw B ဖုန်းဘေလ်ကို ဘယ်လိုရယူ အသုံးပြုနိုင်မှာပါလဲ?

  •  ထောဘီဖုန်းဘေလ်ရယူအသုံးပြုနိုင်သည့်နည််းလမ်းများစွာရှိပါသည်။ USSD(သို့) SMS(သို့) MPT4U App တို့အနက် ကြိုက်နှစ်သက်ရာနည်းလမ်းကိုသုံးပြီးရယူအသုံးပြုနိုင်ပါသည်။
  • USSD ဖြင့် – *500#ကိုခေါ်ဆိုပြီး မိမိလဲလှယ်လိုသည့် ပမာဏကိုရွေးချယ်ကာ Htaw B ဖုန်းဘေလ် (ပုံမှန်ဖုန်းဘေလ်၏ ငါးဆ)အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။
  • ပုံမှန်ဖုန်းဘေလ်(လက်ကျန်ငွေ) ၁ဝဝဝကျပ်ကို Htaw B ဖုန်းဘေလ် ၅ဝဝဝကျပ်အဖြစ်ပြောင်းလဲရန် *5001# ကိုခေါ်ဆိုပါ။ ပုံမှန်ဖုန်းဘေလ်(လက်ကျန်ငွေ) ၂ဝဝဝကျပ်ကို Htaw B ဖုန်းဘေလ် ၁ဝဝဝဝကျပ်အဖြစ်ပြောင်းလဲရန် *5002# ကိုခေါ်ဆိုပါ။ ပုံမှန်ဖုန်းဘေလ်(လက်ကျန်ငွေ) ၅ဝဝဝကျပ်ကို Htaw B ဖုန်းဘေလ် ၂၅ဝဝဝကျပ်အဖြစ်ပြောင်းလဲရန် *5005# ကိုခေါ်ဆိုပါ။

  • SMS ပေးပို့၍လည်း လဲလှယ်ရယူနိုင်ပါသည်။ (အထက်ပါဇယားတွင်ကြည့်ရှုပါ။)
  •  MPT4U Application တွင်လည်း ပက်ကေ့ချ်ဝယ်ယူခြင်းနေရာသို့ဝင်ရောက်ကာ Htaw B ဖုန်းဘေလ်များလဲလှယ် ရယူနိုင်ပါသည်။

၄။ Htaw B ဖုန်းဘေလ်ကို ဘယ်လောက်ကြာကြာအသုံးပြုနိုင်မှာပါလဲ။

  •  Htaw B ဖုန်းဘေလ် ၅၀၀၀ကျပ်ကို (၁၅)ရက် အသုံးပြုနိုင်သည်။
  •  Htaw B ဖုန်းဘေလ် ၁၀၀၀၀ကျပ်ကို (၃၀)ရက် အသုံးပြုနိုင်သည်။
  •  Htaw B ဖုန်းဘေလ် ၂၅၀၀၀ကျပ်ကို (၆၀)ရက် အသုံးပြုနိုင်သည်။
  • Htaw B ဖုန်းဘေလ် သက်တမ်းမကုန်မီ နောက်ထပ်ထောဘီဖုန်းဘေလ်အသစ်လဲလှယ်ရယူခြင်းဖြင့် သက်တမ်းကုန်ခါနီး ထောဘီများကို သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ ထောဘီကို စဉ်ဆက်မပြတ်အသုံးပြုပါ။

၅။ Htaw B ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။

  • ထောဘီဖုန်းဘေလ်ကို MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် SMS ပို့ခြင်း၊ သုံးသလောက်ပေးအင်တာနက်တို့အတွက် သုံးနိုင်ပါသည်။

၆။ Htaw B ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။

  • ထောဘီဖုန်းဘေလ်အတွက် သုံးသလောက်ပေးအင်တာနက် – 1MB=၁၀.၇ကျပ်နှုန်း (အင်တာနက်အသုံးပြုမှုကို 200KB နှုန်းဖြင့်ကောက်ခံပါမည်)
  • ထောဘီဖုန်းဘေလ်အတွက် MPT-MPT ဖုန်းခေါ်ဆိုခ – ၁မိနစ်=၃၂.၅ ကျပ်နှုန်း(ဖုန်းခေါ်ဆိုမှုကို ၂၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
  •  ထောဘီဖုန်းဘေလ်အတွက် MPT-MPT SMS ပို့ခ – ၁စောင်=၂၀ကျပ်နှုန်း
    (နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)

၇။ထောဘီဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့်် တကယ်လဲလိုက်ချိန်မှာတော့ Main Balance ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။

သင်၏ Main Balance သည် ထောဘီ ဖုန်းဘေလ်အဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။*224# ကိုခေါ်ဆိပြီး ထောဘီဖုန်းဘေလ်ကို စစ်ဆေးကြည့်နိုင်ပါသည်။ MPT-MPTဖုန်းခေါ်ခြင်းနှင့် SMSပို့ခြင်း၊ သုံးသလောက်ပေးအင်တာနက် သုံးခြင်းတို့ပြုလုပ်ပါက ထောဘီဖုန်းဘေလ်အတွင်းမှ ဦးစွာဖြတ်တောက်ပါမည်။

၈။ Htaw B ဖုန်းဘေလ်ရှိနေချိန်တွင် အခြားအော်ပရေတာနံပါတ်များသို့ခေါ်ဆိုပါက(သို့) အခြားအော်ပရေတာ နံပါတ်များသို့SMS ပို့ပါက(သို့) ပက်ကေ့ချ်များနှင့် VAS ဝန်ဆောင်မှုများဝယ်ယူအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။

  • သုံးစွဲသူအသုံးပြုနေသော အစီအစဉ်(ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) နှုန်းထားအတိုင်းကျသင့်စေမည်ဖြစ်ပြီး လက်ကျန်ငွေအတွင်းမှဖြတ်တောက်မည်ဖြစ်ပါသည်။

၉။Htaw B ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။

  • သုံးစွဲသူအသုံးပြုနေသော အစီအစဉ်(ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) နှုန်းထားအတိုင်းကျသင့်စေမည်ဖြစ်သည်။ လက်ကျန်ငွေအတွင်းမှ(သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ဖြတ်တောက်မည်ဖြစ်ပါသည်။
  •  Htaw B ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့်ဆက်လက်အသုံးပြုပါ။

၁၀။ Htaw B ဖုန်းဘေလ်က ဘယ်လောက်အထိ သုံးနိုင်တာပါလဲ။ ( Htaw B ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ SMSပို့နိုင်ပါသလဲ။ အင်တာနက်သုံးနိုင်ပါသလဲ။)

Htaw B ဖုန်းဘေလ်၅၀၀၀ကျပ်သည်

  •  MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက ၁၅၃ မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။
    (သို့မဟုတ်)
  •  အင်တာနက်တစ်မျိုးတည်းအသုံးပြုပါက ၄၆၇ MB အသုံးပြုနိုင်သည်။
    (သို့မဟုတ်)
  •  MPT ဖုန်းများသို့SMSပို့ရန်တစ်မျိုးတည်းအသုံးပြုပါက SMS၂၅၀စောင် ပေးပို့နိုင်ပါသည်။

Htaw B ဖုန်းဘေလ်(ပိုက်ဆံ)ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် လူကြီးမင်းစိတ်တိုင်းကျ အသုံးပြုနိုင်သည်။ ဥပမာ- ၅၀၀၀ကျပ်ဖြင့် MPT-MPTဖုန်းခေါ်ရန် ၂၂ မိနစ် + Data 400 MB အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။

၁၁။ Data Carry Plus Pack/ Social Pack Promo / Night Time Data Pack နဲ့ Htaw B ဖုန်းဘေလ်တွေ ရှိနေပါတယ်။ အင်တာနက်သုံးတဲ့အခါ ဘယ်ကအရင်ဖြတ်တောက်မှာပါလဲ။

  • အောက်ဖော်ပြပါ အစီအစဉ်အတိုင်းဖြတ်တောက်မည်သွားမည်ဖြစ်ပါသည်။
    o Casual Pack Promo
    o Night Time Data Pack
    o Htaw B ဖုန်းဘေလ်
    o Data Carry Plus

၁၂။အကြိုက်ပြောVoice Pack/Daily Voice Pack/3Days Voice Pack နဲ့ Htaw B ဖုန်းဘေလ်တွေ ရှိနေပါတယ်။ ဖုန်းပြောတဲ့အခါ ဘယ်ကအရင်ဖြတ်တောက်မှာပါလဲ။

  • အောက်ဖော်ပြပါ အစီအစဉ်အတိုင်းဖြတ်တောက်မည်သွားမည်ဖြစ်ပါသည်။Daily Voice Pack
  •  Daily Voice Pack
  • 3 Days Voice Pack
  •  Htaw B ဖုန်းဘေလ်
  •  အကြိုက်ပြော+ Voice Pack

၁၃။ ထောဘီပက်ကေ့ချ်ဝယ်ရင် ထောဘီထိပေါက် (ထိတိုင်းထော) ကံစမ်းခွင့်ရမှာပါလား။

ဟုတ်ကဲ့။ ကြိုက်နှစ်သက်ရာထောဘီပက်ကေ့ချ်ကို မည်သည့်နည်းလမ်းဖြင့်မဆို ဝယ်ယူပါက ထောဘီထိပေါက် (ထိတိုင်းထော) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံထူးနိုင်မည်ဖြစ်ပါသည်။ ထောဘီထိပေါက် (ထိတိုင်းထော) ဂိမ်းမှ ရရှိထားသော ထောဘီဖုန်းဘေလ်ကို ဒေတာ 10.7Ks/MB၊ MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန် 32.5Ks/min နှင့် MPT ဖုန်းများသို့စာတိုပေးပို့ရန် 20Ks ဖြင့် အသုံးပြုနိုင်ပါသည်။

၁၄။ Htaw B ဖုန်းဘေလ် ဘယ်နှစ်ကြိမ်ပြောင်းလဲလို့ရနိုင်ပါသလဲ။ အကြိမ်ကြိမ်ပြောင်းလဲနိုင်မှာပါလား။

  • ပရိုမိုးရှင်းကာလအတွင်း အကြိမ်အရေအတွက်အကန့်အသတ်မရှိပြောင်းလဲနိုင်ပါသည်။

၁၅။ Htaw B ဖုန်းဘေလ်ကိုသုံးပြီး data packs/voice packs တွေဝယ်ယူနိုင်မှာပါလား။

  • Htaw B ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီဖုန်းဘေလ်သည် အလွန်သက်သာသောနှုန်းထားဖြင့်ကျသင့်စေသည့်အစီအစဉ်တစ်ခုဖြစ်ပါသည်။  Htaw B ဖုန်းဘေလ်ဖြင့် မည်သည့်ဝန်ဆောင်မှုကို မည်သည့်ပမာဏသာအသုံးပြုနိုင်သည်ဟု ပုံသေသတ်မှတ်ထားခြင်းလုံးဝမရှိပါ။ သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၁၆။ Htaw B ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။

  •  Htaw B ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။

၁၇။ Htaw B ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။

  • *106*4# (သို့) *500# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2.လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့်ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး တခြားသူများသို့ လက်ဆောင်ပေးနိုင်ပါတယ်။

Data Carry Plus

၁။ Regular Data Carry Plus Package ဆိုတာ ဘာလဲ?

Regular Data Carry Plus Package ဆိုတာကတော့ မည်သည့်ပက်ကေချ့်ကိုမဆို ရက် (၃၀) သက်တမ်းဖြင့်အသုံးပြုနိုင်ပြီး ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်တဲ့ 1000GB အထိ အပိုလက်ဆောင်ဒေတာများလည်း ရယူနိုင်မယ့် ပက်ကေချ့်တွေဖြစ်ပါတယ်။ ဝယ်ယူတိုင်းမှာ ပက်ကေ့ချ်ဒေတာနှင့် သက်တမ်းကို ပေါင်းစည်းသယ်ဆောင်ခွင့် လည်းရှိပါတယ်။

နှုန်းထား
(ကုန်သွယ်ခွန်ပါပြီး)
ဒေတာ ပမာဏMain data သက်တမ်းNew Lucky DataLucky data
သက်တမ်း
ဝယ်ယူရန်လက်ကျန်ငွေစစ်ဆေးရန်
Direct USSDSMSCommon USSD
၆၉၉ကျပ်250MB

၃၀ ရက်
[သက်တမ်းကုန်ဆုံးပြီး (၇)ရက်အတွင်း ဒေတာ
သယ်ဆောင်ခွင့်
ရှိသည်

Up to 1000GB

၇ ရက်*777*1#1332 သို DC1 ဟုပေးပို့ရန်

*777#

*224#

၇၉၉ကျပ်350MB*777*2#1332 သို DC10 ဟုပေးပို့ရန်
၉၉၉ ကျပ်470MB*777*3#1332 သို DC2 ဟုပေးပို့ရန်
၁၂၉၉ ကျပ်615MB*777*4#1332 သို DC3 ဟုပေးပို့ရန်
၁၇၉၉ ကျပ်860MB*777*5#1332 သို DC4 ဟုပေးပို့ရန်
၂၆၉၉ ကျပ်1290MB*777*6#1332 သို DC5 ဟုပေးပို့ရန်
၄၄၉၉ ကျပ်2160MB*777*7#1332 သို DC6 ဟုပေးပို့ရန်
၈၉၉၉ ကျပ်4330MB*777*8#1332 သို DC7 ဟုပေးပို့ရန်
၁၇၉၉၉ ကျပ်8660MB*777*9#1332 သို DC8 ဟုပေးပို့ရန်
၂၆၉၉၉ ကျပ်13030MB*777*0#1332 သို DC9 ဟုပေးပို့ရန်

၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အင်တာနက်ဒေတာအတွက် အခွန် ၁၅% ပါဝင်ပြီးဖြစ်ပါတယ်။

၃။ Regular Data Carry Plus Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA prepaid and postpaid အသုံးပြုသူများ နှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၄။ ၁၂၉၉ကျပ်တန် Regular Data Carry Plus Pack ဝယ်လိုက်ပါတယ်။ အခမဲ့ Facebook အသုံးပြုခွင့်မရရှိပါဘူး။ ဘာလို့လဲ?

ယခုအခြေအနေတွင် social medias အင်တာနက်များ ရပ်ဆိုင်းထားသည့်အတွက် Data Carry Plus မှ Facebook data service ကို ရပ်ဆိုင်းခြင်းဖြစ်ပါသည်။ သို့သော်မည်သည့် data carry plus ပက်ကေ့ချ်မဆို ဝယ်ယူခြင်းဖြင့် lucky data 1000GB အထိ အပိုလက်ဆောင်ဒေတာများ ရရှိမှာဖြစ်ပါတယ်။

၅။ Regular Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

၉၉၉ကျပ်နှင့်အထက် Data Carry Plus ပက်ကေ့ချ်တွေကို ဝယ်ယူပြီး MPT4U မှာထိပေါက်ကစား၍ ဒေတာလက်ဆောင် 100GB အထိ ရရှိမှာပါ။

၆။ သောကြာနေ့တွင် Regular Data Carry Plus Pack ဝယ်ယူပါက ဘယ်လိုခံစားခွင့်တွေရှိမှာပါလဲ?

သောကြာနေ့တွင် Data Carry Plus ဝယ်ယူပါက Happy Fridayအပိုဆောင်းဒေတာ အစား lucky data 1000GB အထိ အပိုလက်ဆောင်ဒေတာများကံထူး ရရှိမှာဖြစ်ပါတယ်။

၇။ ကံထူးထားတဲ့ဒေတာကို ဘာတွေသုံးလို့ရမှာလဲ?

ကံထူးထားတဲ့ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်အတွင်း အသုံးပြုနိုင်ပါသည်။

၈။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာ၊ ကံထူးထားသောဒေတာလက်ကျန်ပမာဏနှင့် သက်တမ်း ကို စစ်ဆေးနိုင်ပါတယ်။

၉။ Regular Data Carry Plus Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မှာဖြစ်ပြီး ပက်ကေ့ချ်ဒေတာပမာဏနှင့် သက်တမ်းကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၁၀။ Regular Data Carry Plus Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

Package တစ်ခု၏ သက်တမ်းက (၃၀)ရက်ဖြစ်ပြီး ဒေတာသယ်ယူနိုင်သောကာလမှာ (၇)ရက် ဖြစ်ပါတယ်။ ဒေတာသယ်ယူနိုင်သောကာလအတွင်း Pack အသစ်ဝယ်ယူပါက ပက်ကေ့ချ်ဒေတာ ပမာဏကို ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာကို (၇)ရက် အသုံးပြုနိုင်မှာဖြစ်ပြီး သက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၁၁။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?

ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်)အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခုဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကို လည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၁၂။ Regular Data Carry Plus ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

ရပါတယ်။ Data Carry Plus များကို တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U App မှတစ်ဆင့် (သို့) *106*2# (သို့) *777# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2. လက်ဆောင် ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့်ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင် ပေးနိုင် ပါတယ်။

All in One HtawB 10X - Regular

1. All in one ထောဘီ ၁၀ ဆ ဆိုတာဘာပါလဲ။

ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၁၀ ဆ ပွားကာ ထောဘီ ၁၀ ဆဖုန်းဘေလ်အဖြစ် ပြောင်းလဲ၍ ဒေတာသုံးစွဲခြင်း၊ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းကိုအထူးနှုန်းထားဖြင့်စိတ်တိုင်းကျအသုံးပြုနိုင်သလို MPT အချင်းချင်းအကန့်အသတ်မရှိအခမဲ့ စာတိုပေးပို့ခြင်းကိုလည်း ပက်ကေ့ချ်၏သက်တမ်းအတွင်းအသုံးပြုနိုင်မှာဖြစ်ပါသည်။

Data1 MB လျှင် ၂၁.၉ ကျပ်
Any-net Voiceတစ်မိနစ်လျှင် ၁၃၂ ကျပ်
Any-net SMSSMS တစ်စောင်လျှင် ၆၆ ကျပ်
MPT-MPT SMS၀ ကျပ် (အကန့်အသတ်မရှိ)

အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။

အသေးစိတ်ထောဘီ ၁၀ဆ ဖုန်းဘေလ်သက်တမ်း
ပုံမှန်ဖုန်းဘေလ် ၃၀၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။၁၅ ရက်
ပုံမှန်ဖုန်းဘေလ် ၅၀၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၅၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။၃၀ ရက်
ပုံမှန်ဖုန်းဘေလ် ၁၀၀၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၁၀၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။၉၀ ရက်

2. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။

MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) အစီအစဉ်အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။

3. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၁၀ ဆ ဖုန်းဘေလ်ကိုအောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူအသုံးပြုနိုင်ပါသည်။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ထောဘီ ၁၀ဆ ဖုန်းဘေလ်
သက်တမ်း
ရယူနိုင်သည့်နည်းလမ်းများလက်ကျန်စစ်ဆေးရန်
SMSDirect USSDCommon USSDအခြား
ပုံမှန်ဖုန်းဘေလ် ၃၀၀၀ ကျပ် = ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ ကျပ်၁၅ ရက်Send 30000 to 1332*5010*1*1#

*5010#

USSD Menu (*106#), MPT4U App, MPT Pay App, Web SC, DMS, CRM, SDP channels

*224#

ပုံမှန်ဖုန်းဘေလ် ၅၀၀၀ ကျပ်= ထောဘီ ၁၀ဆ ဖုန်းဘေလ် ၅၀၀၀၀ ကျပ်၃၀ ရက်Send 50000 to 1332*5010*2*1#
ပုံမှန်ဖုန်းဘေလ် ၁၀၀၀၀ ကျပ်= ထောဘီ ၁၀ဆ ဖုန်းဘေလ် ၁၀၀၀၀၀ ကျပ်၉၀ ရက်Send 100000 to 1332*5010*3*1#

4. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၁၀ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။ အကန့်သတ်မရှိ MPT အချင်းချင်း စာတိုပေးပို့ခြင်းကို အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပါသည်။

5) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။

  • ဒေတာ – 21.9Ks/MB (အင်တာနက်အသုံးပြုမှုကို 1MB နှုန်းဖြင့်ကောက်ခံပါမည်)
  • မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုခြင်း- 132Ks/min (ဖုန်းခေါ်ဆိုမှုကို ၃၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
  • အခြား ဖုန်းများသို့စာတိုပေးပို့ခြင်း – 66Ks/SMS
  • MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – အခမဲ့ အကန့်သတ်မရှိ SMS

(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)

6. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။

လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူအသုံးပြုခြင်းဖြစ်ပါသည်။ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် ထောဘီ ၁၀ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။ ပက်ကေ့ချ်များဝယ်ယူခြင်း၊ VAS ဝန်ဆောင်မှုရယူခြင်းများ ပြုလုပ်ပါက ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း ကျသင့်စေမည်ဖြစ်သည်။

7. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။

ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း (သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ကောက်ခံကျသင့်စေမည်ဖြစ်ပါသည်။ ထောဘီ ၁၀ဆ ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက် အသုံးပြုနိုင်ပါသည်။

8. ထောဘီ ဖုန်းဘေလ် (၅ဆ)၊ ထောဘီ (၇ဆ) နှင့် ထောဘီ (၁၀ဆ) ဖုန်းဘေလ် ၃ခုလုံးရှိနေပါတယ်။ Data နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း အသုံးပြုမှုအတွက် မည်သည့် pack မှ အရင် ကျသင့်ပါမလဲ။

ထောဘီ ၅ဆ ဖုန်းဘေလ်မှ အရင်ကျသင့်မည်ဖြစ်ပါသည်။ ပြီးနောက် ထောဘီ၇ဆ မှ ကျသင့်မှာဖြစ်ပြီး နောက်ဆုံးမှာ ထောဘီ၁၀ဆမှကျသင့်မှာဖြစ်ပါသည်။

9. ထောဘီ ၁၀ဆ ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ စာတိုပေးပို့နိုင်ပါသလဲ။ ဒေတာသုံးနိုင်ပါသလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ကျပ်သည်

  • ဒေတာတစ်မျိုးတည်းအသုံးပြုပါက 1369 MB အထိ အသုံးပြုနိုင်ပါသည်။

(သို့မဟုတ်)

  • မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက 227 မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။

(သို့မဟုတ်)

  • အခြား ဖုန်းများသို့စာတိုပေးပို့ရန်တစ်မျိုးတည်းအသုံးပြုပါက 454 စောင် အထိ ပေးပို့နိုင်ပါသည်။
  • MPT ဖုန်းများသို့စာတိုပေးပို့ခြင်း ကို အကန့်သတ်မရှိ အသုံးပြုနိုင်ပါသည်။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ ဥပမာ- ၃၀၀၀၀ကျပ်ဖြင့် ဒေတာ 1GB + မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန် 45 မိနစ် + မည်သည့်ဖုန်းကိုမဆိုစာတိုပို့ ရန် 24 စောင် + အကန့်သတ်မရှိ  MPT ဖုန်းများသို့စာတိုပေးပို့နိုင်ခြင်း အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်။

10. ထောဘီ (၅ဆ) pack ဝယ်ယူရင် ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပါတယ်။ ထောဘီ ၁၀ဆ pack ဝယ်ယူပါကလည်း ကံစမ်းခွင့်ရရှိမှာပါလား။

ဟုတ်ကဲ့။ ကြိုက်နှစ်သက်ရာ Regular ထောဘီပက်ကေ့ချ်ကို မည်သည့်နည်းလမ်းဖြင့်မဆို ဝယ်ယူပါက ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံထူးနိုင်မည်ဖြစ်ပါသည်။ ထောဘီထိပေါက် (ထိတိုင်းထော)မှ ကံထူးသည့် ထောဘီဖုန်းဘေလ်ကို ဒေတာ 10.7Ks/MB၊ MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန် 32.5Ks/min နှင့် MPT ဖုန်းများသို့စာတိုပေးပို့ရန် 20Ks ဖြင့် အသုံးပြုနိုင်ပါသည်။

11. ထောဘီ ၁၀ဆ ဖုန်းဘေလ် ဘယ်နှကြိမ်ပြောင်းလဲရယူနိုင်ပါသလဲ။ အကြိမ်ကြိမ်ပြောင်းလဲနိုင်မှာပါလား။

အကြိမ်အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပြီး ထောဘီ ၁၀ဆဖုန်းဘေလ်များပေါင်းစည်းကာ အရှည်ဆုံးသက်တမ်းထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

12. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကိုသုံးပြီး packs တွေဝယ်ယူနိုင်မှာပါလား။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် သတ်မှတ်ဝန်ဆောင်မှုများကို သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

13. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။

14. ထောဘီ ၁၀ဆ ပက်ကေ့ချ်တွင် Carry Over Function ပါဝင်သလား?

Carry Over Function မပါရှိပါ။ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီးချိန်တွင် လက်ကျန် ထောဘီ balance များကို သယ်ဆောင်လို့မရပါ။

15. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။

ဟုတ်ကဲ့။ တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U app (သို့) *5010# မှတစ်ဆင့် အမှတ်စဉ် “2. Gift/ 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်၍ လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါသည်။

faqs voice mm

အမျိုးအစားလိုက် ရွေးရန်

အမေးများသောမေးခွန်းများ

Kyite Yar Khaw Pack

၁။ ကြိုက်ရာခေါ် အစီအစဉ် ဆိုတာ ဘာလဲ?

ကြိုက်ရာခေါ် ဆို သည်မှာ MPT မှ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊မိတ်ဆွေ၊သူငယ်ချင်းများနဲ့ ပိုမိုဆက်သွယ်နိုင်ရန် သက်သာသော နှုန်းထားဖြင့် ပြည်တွင်း ဖုန်းအားလုံးကို စိတ်ကြိုက်ခေါ်ဆိုနိုင်အောင် စီစဉ်ပေးထားတဲ့ အစီအစဉ်လေး ဖြစ်ပါသည်။ special / premium / call center / VAS related numbers မပါဝင်ပါ။

အမည်

စျေးနှုန်း

(ကုန်သွယ်ခွန် ပါဝင်ပြီး)

မိနစ်များသက်တမ်း အကျိုးကျေးဇူးဝယ်ယူရန်
၇ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်၄၉၇ ကျပ်၃၈မိနစ်၇ ရက် Carry over function
[သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း လက်ကျန် Voice မိနစ်များ သယ်ဆောင် ခွင့်ရှိသည်]
 *997# (or) MPT4U App (or) MPT Pay
၁၅ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်၉၉၇ ကျပ်၇၇ မိနစ်၁၅ ရက်
၃၀ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်၁၉၉၇ ကျပ်၁၅၅ မိနစ်၃၀ ရက်

၂။ အစီအစဉ်ကို မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?

MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ(သို့မဟုတ်)ရှယ်ပြော(သို့မဟုတ်)ရွှေစကား နှင့် Base Tariff အစီအစဉ်] အသုံးပြုနေသူများအားလုံး ၀ယ်ယူ အသုံးပြုနိုင်ပါသည်။ Special / premium / call center / VAS related numbers မပါဝင်ပါ။

၃။ အစီအစဉ်ကို ရယူရန် မည်သို့လုပ်ဆောင်ရမည်နည်း?

*997# သို့ဖုန်းခေါ် ဆို၍လည်းကောင်း၊ MPT4U App (သို့) MPT Money မှ လည်းကောင်း၊ နီးစပ်ရာ MPT အရောင်းဆိုင်များမှတဆင့် ဝယ်ယူနိုင်ပါသည်။

၄။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါတယ်။

၅။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ဖုန်းခေါ်ဆို၍လည်းကောင်း(သို့) MPT4U App မှတဆင့် လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။

၆။ ကြိုက်ရာခေါ် ပက်ကေ့ချ် ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး မိနစ်သယ်ဆောင်ခွင့် ကာလအတွင်း ပက်ကေ့ချ်အသစ် ထပ်မံဝယ်ယူပါက ပက်ကေ့ချ်၏ မူလမိနစ်များ ကို ပေါင်းစည်းအသုံးပြုနိုင်သည့်အပြင် အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။

၇။ ကြိုက်ရာခေါ် ပက်ကေ့ချ်များ၏ Voice minutes သယ်ယူနိုင်သောကာလမှာ ဘယ်လောက်ပါလဲ။

ပက်ကေ့ချ်များ ၏ Voice minutes သယ်ယူနိုင်သောကာလမှာ ပက်ကေ့ချ် ၏ သက်တမ်းကုန်ဆုံးပြီး (၇)ရက် အတွင်း ဖြစ်ပါတယ်။

၈။ မိနစ်သယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ မိနစ်တွေက ဘယ်လို ဖြစ်သွားမှာလဲ?

Voice minutes သယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်) အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်မိနစ်များကို အသုံးပြုနိုင်မည်မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခု ထပ်မံ ဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်မိနစ်များ ကို ပေါင်းစည်း အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

၉။ ကြိုက်ရာခေါ် ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ မည်သည့် channel မှ မဆို ဝယ်ယူနိုင်ပြီး ထိပေါက် chance ၁ခု ရရှိကာ MPT4U တွင် ကံစမ်းနိုင်ပါသည်။

၁၀။ ကြိုက်ရာခေါ် ပက်ကေ့ချ် ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

ရပါတယ်။ ကြိုက်ရာခေါ် ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U App မှတစ်ဆင့် (သို့) *997# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။

A Kyite Pyaw Plus Pack

၁။ အကြိုက်ပြော + Voice Pack ဆိုတာ ဘာလဲ?

အကြိုက်ပြော+ Voice Pack ဆိုတာ MPT မှ သုံးစွဲသူတွေအတွက် ပေးထားတဲ့ အစီအစဉ်သစ်တစ်ခုပါ။ *600# ကို ခေါ်ဆိုခြင်းဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

အမည်နှုန်းထားမိနစ်အသုံးပြုနိုင်ပုံသက်တမ်းဝယ်ယူရန်

တိုက်ရိုက်

ဝယ်ယူရန်

၇ရက်သုံး အကြိုက်ပြော

Voice Pack

၈၅၀ ကျပ်၁၃၂ မိနစ်

MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၇ ရက်

*600#

 

*600*3#

၃၀ရက်သုံး အကြိုက်ပြော

Voice Pack

၁၅၀၀ ကျပ်

၂၃၄

မိနစ်

MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၃၀ ရက်

*600#

 

*600*2#

၉၀ ရက်သုံး အကြိုက်ပြော

Voice Pack

၃၉ ၀၀ ကျပ်၆၁၉ မိနစ်

MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၉၀ ရက်

*600#

 

*600*1#

၂။ အကြိုက်ပြော+ Voice Pack ကို ဘယ်သူတွေ ဝယ်ယူသုံးစွဲနိုင်မှာလဲ?

MPT GSM/WCDMA အသုံးပြုသူအားလုံး ဝယ်ယူသုံးစွဲနိုင်ပါသည်။

၃။ ဒီ pack နဲ့ အခြားအော်ပရေတာတွေကို ဖုန်းခေါ်လို့ရနိုင်မှာလား?

မရနိုင်ပါဘူး။ MPT ဖုန်းနံပါတ်အချင်းချင်း ခေါ်ဆိုခြင်းသာ ပြုလုပ်နိုင်ပါသည်။

၄။ အကြိုက်ပြော+ Voice Pack ကို ဘယ်လောက်ကြာ အသုံးပြုနိုင်မှာလဲ?

အကြိုက်ပြော+ Voice Pack ကို ၇ ရက်၊ ၃၀ရက် နှင့် ၉၀ ရက် ကြာ အသုံးပြုနိုင်ပါသည်။

၅။ အကြိုက်ပြော+ Voice Pack အပြင် ၃၉၉ ကျပ် Voice Pack ကိုလည်း ဝယ်ယူထားပါတယ်။ ဘယ် package ထဲက အရင်ဖြတ်မှာပါလဲ?

၃၉၉ ကျပ် Voice Pack ၏ အသုံးပြုနိုင်သောသက်တမ်းမှာ ပိုနည်းသောကြောင့် ၃၉၉ ကျပ် Voice Pack
ထဲက အရင်ဖြတ်မှာဖြစ်ပါသည်။ ပြီးမှ အကြိုက်ပြော+ Voice Pack ထဲမှ ဖြတ်သွားမှာဖြစ်ပါသည်။

၆။ အကြိုက်ပြော+ Voice Pack ကို အကြိမ်ရေ မည်မျှ ဝယ်ယူနိုင်မည်နည်း။

အကြိုက်ပြော+ Voice Pack ကို စိတ်ကြိုက် ဝယ်ယူနိုင်ပါတယ်။

၇။ ယခင်အကြိုက်ပြော+ Voice Pack ရဲ့ မိနစ်နဲ့သက်တမ်းကျန်ရှိနေချိန်မှာ နောက်ထပ် အကြိုက်ပြော+ Voice Pack ကို ဝယ်ယူပါက မည်သို့ဖြစ်မည်နည်း။

မိနစ်နဲ့သက်တမ်းသည် ပေါင်းစည်းသွားမှာမဟုတ်ပါ။ ဝယ်ယူထားသော အကြိုက်ပြော+ Voice Pack တစ်ခုချင်းစီသည် ယင်းတို့၏ သတ်မှတ်သက်တမ်းကုန်ဆုံးချိန်တွင် အသီးသီး ကုန်ဆုံးပါမည်။

faqs general mm

အမျိုးအစားလိုက် ရွေးရန်

အမေးများသောမေးခွန်းများ

Sim Registration and Activation

1: ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုတာ ဘာလဲ။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုသည်မှာ တယ်လီကွန်းအော်ပရေတာများထံမှ ဆင်းမ်ကတ် ဝယ်ယူသည့်အခါ ဆောင်ရွက်ရသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

2. ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ဘယ်အချိန်မှာ လုပ်ဖို့လိုပါသလဲ။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းမှာ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန ညွှန်ကြားချက်ကို MPT မှ လိုက်နာဆောင်ရွက်ခြင်းဖြစ်ပြီး အသုံးပြုသူများအနေဖြင့် ဆင်းမ်ကတ်ဝယ်ယူပြီးနောက် မိမိနာမည်ဖြင့် မှတ်ပုံတင်မထားပါက မှတ်ပုံတင်ရန် လိုအပ်ပါသည်။

3.ဖုန်းနံပါတ်တွေကို ဘာကြောင့်မှတ်ပုံတင်ဖို့ လိုအပ်တာလဲ။

နိုင်ငံတော်အစိုးရ၏ သတ်မှတ်ချက်အရ ဆင်းမ်ကတ်များအားလုံးကို မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။

4. နိုင်ငံတော်အစိုးရ၏ သတ်မှတ်ချက်အရ ဆင်းမ်ကတ်များအားလုံးကို မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်ပြီး PTD ရဲ့ ညွှန်ကြားချက်အရ ဆင်းမ်ကတ်များကို မှတ်ပုံတင်ရာတွင် သုံးစွဲသူ၏ အမည်၊ မြန်မာနိုင်ငံသားဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ် (နိုင်ငံသား/ဧည့်နိုင်ငံသား/နိုင်ငံသားပြု/နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား) နှင့် ၄င်းကတ်ပြားတို့၏ မိတ္တူ တို့လိုအပ်မည်ဖြစ်ပါသည်။

5. ဆင်းမ်ကတ်မှတ်ပုံတင်သူတွေရဲ့ သတင်းအချက်အလက်များဟာ လုံခြုံမှုရှိပါသလား။

ဟုတ်ကဲ့။ ဆင်းမ်ကတ်မှတ်ပုံတင်စေလိုသည့် ရည်ရွယ်ချက်မှတစ်ပါး အခြားရည်ရွယ်ချက် မရှိသဖြင့် အော်ပရေတာများမှ ရရှိသောသတင်းအချက်အလက်များအားလုံးမှာ လုံခြုံမှု အပြည့် ရှိပါသည်။

6. စာချုပ်ဖြင့်ဝယ်ယူထားသော MPT ဆင်းမ်ကတ်များကိုလည်းလည်း မှတ်ပုံတင်ရန်လိုအပ်ပါသလား။?

လက်ရှိအသုံးပြုနေသော ဆင်းမ်ကတ်ပိုင်ရှင်နဲ့ စာချုပ်ပါ နာမည်တို့ တူညီမှုမရှိပါက မှတ်ပုံတင်ခြင်းကို ပြန်လည်လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်ပါသည်။

7. တစ်ယောက်ထဲမှ ဆင်းမ်ကတ်များစွာကို မှတ်ပုံတင်လို့ ရပါသလား။

:  ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန ၏ ညွှန်ကြားချက်အရ ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍  နိုင်ငံသားစိစစ်ရေး နံပါတ် တစ်ခုလျှင် အော်ပရေတာ တစ်ဦး၏ ဆင်းမ်ကတ် ၂ ခုသာ မှတ်ပုံတင်နိုင် မည် ဖြစ်ပါသည်။

8. ကိုယ့်နာမည် နဲ့ မှတ်ပုံတင်ထား မထား စစ်လို့ရလား။?

ဟုတ်ကဲ့ *601# သို့ခေါ်ဆို၍  စစ်ဆေးနိုင်ပါသည်။ အကယ်၍ အချက်အလက်များမှာ ကိုက်ညီမှုမရှိပါက MPT4U App (သို့မဟုတ်) MPT’s customer selfcare website (care.mpt.com.mm) တို့တွင် အချက်အလက်များကို၀င်ရောက် စစ်ဆေးနိုင်ပါသည်။ ထို့အပြင် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ MPT Own Shop များကို သွားရောက်၍ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းအတွက် အကူအညီများ ရယူနိုင်ပါသည် ။

9. ဆင်းမ်ကတ်မှတ်ပုံမတင်ဘူးဆိုရင် ဘာဖြစ်မလဲ။

MPT ၏ ဝန်ဆောင်မှုများကို အသုံးပြု၍ ရနိုင်မည် မဟုတ်ပါ။

10. MPT Own Shop, Branded Shop နဲ့ အရောင်းဆိုင် (POS) ဘယ်လောက်ရှိပါသလဲ။

နိုင်ငံတစ်ဝန်းတွင် MPT Own Shop ၈၉ ဆိုင်၊ MPT Branded Shop  ၂၁၈ ဆိုင်နှင့် အရောင်းဆိုင် (POS) ၁ သိန်း နီးပါရှိပါသည်။

11. MPT4U ကို download လုပ်ရန် အသုံးပြုသည့်ဒေတာ ချိတ်ဆက်ခ ပေးရမှာလား။

အခမဲ့ ဖြစ်ပါသည် ။ MPT4U App ကို *4040# ခေါ်ဆိုခြင်းဖြင့် အခမဲ့ ဒေါင်းလုတ်ပြုလုပ်၍ ရယူနိုင်ပါသည် ။ ထို့အပြင် Apple store / Google Play store တို့တွင် ဒေါင်းလုတ်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။(အင်တာနက်ဒေတာခ ကျသင့်မည်ဖြစ်ပါသည်။)

12. Call Center 106 ကို ခေါ်ဆိုပြီး စစ်ဆေးလို့ရလား ? 106 သည် မှတ်ပုံတင်ထားသော သုံးစွဲသူများ၏အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားသွားမည်လား။

သုံးစွဲသူများ အနေဖြင့် call center 106 ကို ခေါ်ဆို၍ ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ပါသည်။

13. သုံးစွဲသူများသည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် အချက်အလက်များကို 106 တွင် ပြင်ဆင်လို့ ရပါသလား။

သုံးစွဲသူများ အနေဖြင့် call center 106 ကို ခေါ်ဆို၍ ဆင်းမ်ကတ် မှတ်ပုံတင်ထားခြင်း အချက်အလက်များကို ပြင်ဆင်၍ မရနိုင်ပါ။

14. သုံးစွဲသူများသည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် အချက်အလက်များကို မည်သည့်နေရာတွင် ပြင်ဆင်လို့ရပါသလဲ။

MPT သုံးစွဲသူများသည် မိမိနှင့်  နီးစပ်ရာ MPT Own shop များသို့ သွားရောက်၍ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်ပြီး အချက်အလက်များကိုMPT4U အက်ပလီကေးရှင်း နှင့် MPT’s customer self-care website (care.mpt.com.mm) တို့တွင် ပြင်ဆင်နိုင်ပါသည်။

15. ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် USSD က ဘာလဲ။

MPT သုံးစွဲသူများအတွက် ၎င်းတို့၏ဆင်းမ်ကတ် မှတ်ပုံတင်ထားခြင်းရှိမရှိ လျှင်မြန်စွာ စစ်ဆေးကြည့်ရှုနိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။

16. USSD လုပ်ဆောင်ချက်က ဘယ်လိုလဲ။

သုံးစွဲသူများအနေဖြင့် * 601 #  သို့ခေါ်ဆို၍ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ရှိမရှိကို စစ်ဆေးနိုင်မည်ဖြစ်ပြီး ပထမဦးစွာ မှတ်ပုံတင်ထားသည့်အချက်အလက်တောင်းဆိုမှုအောင်မြင်ကြောင်း အတည်ပြု စာတို(SMS) ကိုလက်ခံရရှိမည်ဖြစ်ပြီး နောက်ချက်ခြင်း နောက်ထပ်စာတို(SMS) ကိုလက်ခံရရှမည်ဖြစ်သည်။ စာတိုတွင်   မိမိကိုင်ဆောင်ထားသော ဖုန်းနံပါတ်ကို မိမိ NRC နံပါတ်ဖြင့်တိုက်၍ စစ်ဆေးနိုင်မည်ဖြစ်ပြီး အကယ်၍အချက်အလက်များမှာ ကိုက်ညီမှုမရှိပါက SMS တွင်ပါရှိသော လင့်ခ်မှတစ်ဆင့်၀င်ရောက်၍ အချက်အလက်များကို ပြင်ဆင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

17. ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း အောင်မြင်မှုရှိမရှိ ဘယ်လိုစစ်ဆေးနိုင်ပါသလဲ။

*601# ကိုခေါ်ဆိုပြီးနောက် သုံးစွဲသူ၏ဖုန်းမျက်နှာပြင်ပေါ်တွင် ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း ရှိမရှိ စာတန်းပေါ်လာမည်ဖြစ်ပါသည်။ မိမိနာမည်ဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း မရှိပါက မိမိ၏ အချက်အလက်များဖြင့် မှန်ကန်စွာ မှတ်ပုံတင်ရန် လိုအပ်ပါမည်။ ထို့နောက်  MPT 4U App သို့မဟုတ် Self-Care webpage https://care.mpt.com.mm/ နှင့်  MPT Own shop များတွင် စစ်ဆေးနိုင်ပါသည်။

18. သုံးစွဲသူများအတွက် ဝန်ဆောင်ခပေးရမှာလား။

ဝန်ဆောင်ခ ပေးအပ်ရန်မလိုပါ။

19. ဘယ်သူတွေအသုံးပြုနိုင်ပါသလဲ။

CDMA သုံးစွဲသူများမှ လွဲ၍ MPT သုံးစွဲသူများအားလုံး  *601# ကို အသုံးပြုနိုင်ပါသည်။

20. ဧပြီလ ၃၀ ရက်နေ့နောက်ဆုံးထားပြီး ဆင်းမ်ကတ်မှတ်ပုံမတင်ရင် ဘာဖြစ်မလဲ၊၊

ဧပြီလ ၃၀ ရက်နေ့နောက်ဆုံးထားပြီး ဆင်းမ်ကဒ်မှတ်ပုံတင်ထားခြင်းမရှိပါက ၂၀၂၀ ပြည့်နှစ်၊ မေလ ၁ ရက်  မှစပြီး ဆင်းမ်ကတ် (၂) ကတ်ထပ်ပို၍ မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ နှင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များသည် အထွက်ဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပို့ခြင်း၊ အင်တာနက်အစရှိသော MPT ၏ ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ပဲ Call Center ၁၀၆ သို့ ဖုန်းခေါ်ဆိုခြင်းမှလွဲ၍ One Way Blocked အနေဖြင့် အဝင်ဖုန်းလက်ခံခြင်းကိုသာ ပြုလုပ်နိုင်မည်ဖြစ်သည်။ အွန်လိုင်းမှတစ်ဆင့် အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံတင်ရန်အတွက် အင်တာနက်ဖွင့်ထားရန် လိုအပ်မည်ဖြစ်သည်။

21. အထွက်ဖုန်းခေါ်ဆိုမှုမပြုလုပ်နိုင်ခြင်း(One Way Block) အခြေအနေတွင် ဆင်းမ်ကတ် မှတ်ပုံတင် လို့ရနိုင်သေးလား၊၊

အထွက်ဖုန်းခေါ်ဆိုမှုမပြုလုပ်နိုင်ခြင်း(One Way Block) အခြေအနေတွင် ဆင်းမ်ကဒ်များကို အထက်တွင် ဖော်ပြထားသော နည်းလမ်းများကို အသုံးပြု၍ ( USSD *601# ကိုခေါ်ဆို၍လည်းကောင်း (သို့) MPT4U အက်ပလီကေးရှင်း (သို့) MPT’s Customer Self-care website ဖြစ်သော care.mpt.com.mm များကို အသုံးပြု၍) ဆင်းမ်ကတ်များကို အချက်အလက်မှန်ကန်စွာဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်မတိုင်မီ စာရင်းသွင်း မှတ်ပုံတင်မည်ဆိုပါက ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အကယ်၍ သတ်မှတ်ကာလ အတွင်း (မေလ နှင့် ဇွန်လအတွင်း) အချက်အလက်မှန်ကန်စွာဖြင့် ဆင်းမ်ကတ်မှတ်ပုံ တင်ခြင်းကို မပြုလုပ်ထားသည့် ဆင်းမ်ကတ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်သည်။ အွန်လိုင်းမှတစ်ဆင့် အချက်အလက် မှန်ကန်စွာဖြင့် မှတ်ပုံတင်ရန်အတွက် အင်တာနက်ဖွင့်ထားရန် လိုအပ်မည်ဖြစ်သည်။

22. အထွက်ဖုန်းခေါ်ဆိုမှုမပြုလုပ်နိုင်ခြင်း(One Way Blocked) အခြေအနေတွင် ဆင်းမ်ကတ် ကို အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံမတင်ဘူးဆိုရင် ဘာဆက်ဖြစ်မှာလဲ၊၊

အထွက်ဖုန်းခေါ်ဆိုခြင်း ပိတ်သိမ်းခံရပြီး (One Way Blocked) အခြေအနေတွင် ဆင်းမ်ကတ်ကို အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံမတင်ဘူးဆိုလျှင် ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ ၂၀၂၀ ပြည့်နှစ် ဇွန်လကုန်တွင် အပြီးပိတ်သိမ်းသွားမည်ဖြစ်သည်။

23. တကယ်လို့ ကိုယ်တင်ထားတာမဟုတ်ဘဲ ကိုယ့်မှတ်ပုံတင်သုံးထား မထား ဘယ်လိုသိရပါမလဲ၊၊

ဟုတ်ကဲ့… မိမိနိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းကိုယူဆောင်၍ မိမိကိုယ်တိုင် MPT ၏ သက်ဆိုင်ရာ Own Shop/ MPT Office တွေမှာ ဝန်ထမ်းများ၏ အကူအညီရယူနိုင်ပါတယ်၊၊

24. တစ်ခြားသူက ကိုယ့်မှတ်ပုံတင်ကို တနည်းနည်းနဲ့ရယူ မှတ်ပုံတင်ထားပါက မိမိမှ တစ်ခြား Sim အတွက် ထပ်မံမှတ်ပုံတင်ပါက ၂ ခုထက်ပိုနေသော Sim များအတွက် ဘယ်လိုစီမံဆောင်ရွက်ထားပါသလဲ၊၊

ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန ၏ ညွှန်ကြားချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုလျှင် အော်ပရေတာ တစ်ဦး၏ ဆင်းမ်ကတ် ၂ ခုသာ မှတ်ပုံတင်နိုင် မည်ဖြစ်ပါသည်။ ဒါ့အပြင် မိမိနိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းကိုယူဆောင်၍ မိမိကိုယ်တိုင် MPT ၏ သက်ဆိုင်ရာ Own Shop/ MPT Office တွေမှာ ဝန်ထမ်းများ၏ အကူအညီရယူနိုင်ပါတယ်၊၊

Sim Activation

၁။ ဆင်းမ်ကတ် Activation အတွက် မည်သည့်အချက်များ ပြုလုပ်ရန် လိုအပ်ပါမလဲ။

ဆင်းမ်ကတ် Activation ပြုလုပ်ရန်အတွက် အနည်းဆုံး ၂၀၀၀၁ ကျပ် ဖုန်းငွေဖြည့်သွင်းရန် လိုအပ်ပါသည်။

၂။ ပထမဆုံးအကြိမ် ငွေဖြည့်သည့်ပမာဏသည် ၂၀၀၀၁ကျပ်အောက် လျော့နည်းနေရင် ဘယ်လိုဖြစ်မှာပါလဲ။

ပထမဆုံးအကြိမ် ၂၀၀၀၁ ကျပ်အောက် ငွေဖြည့်ပါက SIM Activation မပြုလုပ်နိုင်ပါ။ မအောင်မြင်ကြောင်း စာတိုကို လက်ခံရရှိပါမည်။

Getting Started

၁။ MPT SIM Card အသစ်တစ်ခုရဲ့ဈေးနှုန်းကဘယ်လောက်လဲ။

MPT SIM Card အသစ်တစ်ခုလျှင် ၁၅ဝဝကျပ်ဖြင့် MPT အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။

၂။ ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်ခြင်း - New SIM Activation ဆိုတာ ဘာလဲ။

SIM Activation ပြုလုပ်ရန် အနည်းဆုံး ၂၀,၀၀၁ ကျပ် ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းရန် လိုအပ်ပါသည်။
၂၁,၀၀၀ ကျပ်နှင့် အထက် ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းမှု ပြုလုပ်ပါက ငွေဖြည့်လက်ဆောင် ၁,၀၀၀ကျပ် ရရှိမည် ဖြစ်ပါသည်။

ငွေဖြည့်ပမာဏ [ကျပ်]First time SIM Activation FeesMain Balance ဖုန်းဘေလ် [ကျပ်]Main Balance သက်တမ်း (ရက်)ဖုန်းငွေဖြည့်အပိုလက်ဆောင် [ကျပ်]အပိုလက်ဆောင် သက်တမ်း (ရက်)မှတ်ချက်
၂၀,၀၀၁ – ၂၀,၉၉၉၂၀,၀၀၀ ကျပ်၁ - ၉၉၉၃၆၅-ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို မည်သည့် အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်းတို့အတွက် သုံးသလောက်ပေးနှုန်းထားများအတိုင်း အသုံးပြုနိုင်ပါသည်။
၂၁,၀၀၀ နှင့်အထက်၂၀,၀၀၀ ကျပ်၁,၀၀၀ နှင့်အထက်၃၆၅၁၀၀၀၆၀

၃။ ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းခြင်း ငွေဖြည့်လက်ဆောင်ကို ဘယ်သူတွေ ရရှိမှာပါလဲ။

MPT GSM/WCDMA Prepaid အသုံးပြုသူများအားလုံးသည် ၂၁,၀၀၀ ကျပ် နှင့်အထက် ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်ခြင်း ပြုလုပ်ပါက ငွေဖြည့်လက်ဆောင် ရရှိပါမည်။

၄။ ပထမဆုံး အကြိမ် ငွေဖြည့်သွင်းခြင်းအတွက် ငွေဖြည့်လက်ဆောင် ရရှိပါမည်လား။

ဟုတ်ပါတယ်။ ၂၁,၀၀၀ ကျပ်နှင့်အထက် ပထမဆုံးအကြိမ် ငွေဖြည့်ပါက ရက် ၆၀ အသုံးပြုနိုင်သည့် ငွေဖြည့်လက်ဆောင် ၁၀၀၀ ကျပ် ကို ရရှိပါမည်။

၅။ ငွေဖြည့်လက်ဆောင်ကို ဘယ်လို အသုံးပြုနိုင်မှာလဲ။

ငွေဖြည့်လက်ဆောင်ကို မည်သည့် အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် အင်တာနက်အသုံးပြုခြင်းအတွက် သုံးသလောက်ပေး နှုန်းထားများအတိုင်း အသုံးပြုနိုင်ပါမည်။

၆။ SIM Activation အတွက် မည်သည့်အချက်များ ပြုလုပ်ရန် လိုအပ်ပါမလဲ။

SIM Activation ပြုလုပ်ရန်အတွက် အနည်းဆုံး ၂၀,၀၀၁ ကျပ် ဖုန်းငွေဖြည့်သွင်းရန် လိုအပ်ပါသည်။

၇။ ငွေဖြည့်လက်ဆောင်ရဲ့ သက်တမ်းမှာ ဘယ်လောက်ပါလဲ။

ငွေဖြည့်လက်ဆောင်၏ သက်တမ်းမှာ ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းသည့် ရက်မှစတင်၍ ရက် ၆၀ ဖြစ်ပါသည်။

၈။ ပထမဆုံးအကြိမ် ငွေဖြည့်သည့်ပမာဏသည် ၂၀,၀၀၁ကျပ်အောက် လျော့နည်းနေရင် ဘယ်လိုဖြစ်မှာပါလဲ။

ပထမဆုံးအကြိမ် ၂၀,၀၀၁ ကျပ်အောက် ငွေဖြည့်ပါက SIM Activation မပြုလုပ်နိုင်ပါ။ မအောင်မြင်ကြောင်း စာတို ကို လက်ခံရရှိပါမည်။

ရှယ်ပြော

“ • နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာခဲ့သော ၂၀၂၁-၂၀၂၂ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပြင်ဆင်ချက်အရ ၊၂၀၂၂ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့မှစ၍ အင်တာနက်ဒေတာ အသုံးပြုမှုအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် (၁၅%) နှုန်းထားဖြင့်ကောက်ခံသွားမည်ဖြစ်သည်။
• စာတိုပေးပို့မှု နှင့် ဖုန်းခေါ်ဆိုမှုတို့ အတွက် ကုန်သွယ်လုပ်ငန်းခွန်အား ပြောင်းလဲခြင်းမရှိပဲ မှုလအတိုင်း (၅%)ဖြင့် ဆက်လက်ကောက်ခံသွားမည်ဖြစ်သည်”

၁။ “ရှယ်ပြော” အစီအစဉ်ဆိုတာ ဘာပါလဲ။

ရှယ်ပြော” အစီအစဉ်တွင် MPT သုံးစွဲသူအချင်းချင်းဖုန်းခေါ်ဆိုတိုင်း မြန်မာနိုင်ငံတွင် အသက်သာဆုံးဖုန်းခေါ်ဆိုခနှုန်းထား ၁မိနစ်လျှှင် ၁၅ကျပ်သာ ကျသင့်မည်ဖြစ်ပါသည်။

– MPT ဖုန်းအချင်းချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၁၅ကျပ်

– အခြားအော်ပရေတာနံပါတ်များသို့ဖုန်းခေါ်ဆိုပါက တစ််မိနစ်လျှင် ၂၇ကျပ်

– အင်တာနက်အသုံးပြုပါက 1MBလျှင် ၈ကျပ်

– စာတိုပေးပို့ပါက တစ်စောင်လျှင် ၁၅ကျပ်

၂။ “ရှယ်ပြော” အစီအစဉ်ကို ဘယ်လိုရယူနိုင်ပါသလဲ။

• *234*3# ကို ရိုက်နှိပ်ခေါ်ဆိုပြီး ရှယ်ပြောအစီအစဉ်ကို အခမဲ့ရယူနိုင်ပါသည်။

၃။ “ရှယ်ပြော” အစီအစဉ်ကို ဘယ်သူတွေရယူနိုင်ပါသလဲ။

• MPT GSM/WCDMA ဖုန်းအသုံးပြုသူများသည် “ရှယ်ပြော” အစီအစဉ်ကို လျှောက်ထား ရယူနိုင်ပါသည်။

၄။ “ရှယ်ပြော” အစီအစဉ်ကို ရယူထားပါက အင်တာနက်ပက်ကေ့ချ်များကို ၀ယ်ယူအသုံးပြုနိုင်မှာပါလား။

• ၀ယ်ယူနိုင်ပါသည်။
• MPT ၏ အင်တာနက်ပက်ကေ့ချ်အားလုံးကို “ရှယ်ပြော” အစီအစဉ်တွင်လည်း ၀ယ်ယူအသုံးပြုနိုင်ပါသည်။
• 1MB လျှင် ၁ကျပ်သာကျသင့်မည့် ပက်ကေ့ချ်များအပါအဝင် အင်တာနက်ပက်ကေ့ချ် မျိုးစုံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါသည်။

၅။ အင်တာနက်ကို စျေးသက်သက်သာသာနဲ့ အသုံးပြုနိုင်ဖို့ ဘယ်လိုအစီအစဉ်တွေရှိပါသလဲ။

ဒတောပက်ကေ့ချ်မျိုးစုံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူပြီး စျေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

၆။ “ရှယ်ပြော” အစီအစဉ်ကို ရယူထားပါက Happy Friday Data အပိုဆုများကို ရရှိနိုင်မှာပါလား။

• ရရှိနိုင်ပါသည်။
• ဆွေသဟာအစီအစဉ်တွင် ရရှိနေသည့် အပိုဆုများ(ဥပမာ – Happy Friday Data အပိုဆု အစရှိသဖြင့်) နှင့် ရယူအသုံးပြုနိုင်သည့် အပိုဆောင်းဝန်ဆောင်မှုများ (ဥပမာ – Balance Transfer၊ ယူူထား၊ CRBT အစရှိသဖြင့်) တို့ကို “ရှယ်ပြော” အစီအစဉ်တွင် ဆက်လက်ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

၇။ လက်ရှိမှာ အင်တာနက်ပက်ကေ့ချ်အသုံးပြုနေပါတယ်။ အသုံးပြုနိုင်တဲ့ဒေတာပမာဏမကုန်ခင် မှာ “ရှယ်ပြော” အစီအစဉ်သို့ပြောင်းလိုက်ရင် ဘယ်လိုဖြစ်မှာပါလဲ။

• ကျန်ရှိနေသော ဒေတာပမာဏကို “ရှယ်ပြော” အစီအစဉ်တွင် ဆက်လက်အသုံးပြုနိုင် မည်ဖြစ်ပါသည်။

၈။ ကျွန်တော်က Post-paid စနစ်အသုံးပြုနေသူဖြစ်ပါတယ်။ “ရှယ်ပြော” အစီအစဉ်ကိုရယူနိုင်မှာ ပါလား။

• ရယူနိုင်ပါတယ်။ *235*3# ကိုရိုက်နှိပ်ခေါ်ဆိုပြီး “ရှယ်ပြော”အစီအစဉ်ကို အခမဲ့ရယူ နိုင်ပါသည်။

၉။ “ရှယ်ပြော”အစီအစဉ်ကိုရယူရာတွင် ကန့်သတ်ချက်တစ်စုံတစ်ရာရှိပါသလား။

• MPT GSM/WCDMA ဖုန်းများသည် “ရှယ်ပြော”အစီအစဉ်ကို လျှောက်ထားရယူ နိုင်ပါသည်။
• ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင်မည်ဖြစ်သည်။

၁၀။ ကျွန်တော်က Base Tariff အစီအစဉ်အသုံးပြုနေသူဖြစ်ပါတယ်။ “ရှယ်ပြော” အစီအစဉ်ကို တိုက်ရိုက်လျှောက်ထားရယူနိုင်မှာပါလား။

•ရယူနိုင်ပါသည်။ *234*3# ကိုရိုက်နှိပ်ခေါ်ဆိုပြီး “ရှယ်ပြော”အစီအစဉ်ကို တိုက်ရိုက် လျှောက်ထားရယူနိုင်ပါသည်။

၁၁။ ကျွန်တော်က Base Tariff အစီအစဉ်အသုံးပြုနေသူဖြစ်ပါတယ်။ Base Tariff အစီအစဉ် အသုံးပြုနေချိန်မှာ အင်တာနက်ပက်ကေ့ချ်တွေကိုဝယ်ယူနိုင်မှာပါလား။

• Base Tariff အစီအစဉ် အသုံးပြုနေချိန်တွင် အင်တာနက်ပက်ကေ့ချ်များကို ၀ယ်ယူ အသုံးပြုနိုင်မည်မဟုတ်ပါ။ ဆွေသဟာအစီအစဉ်(သို့မဟုတ်) ရှယ်ပြောအစီအစဉ် (သို့မဟုတ်) ရွှေစကားအစီအစဉ်ကို ဦးစွာပြောင်းလဲရယူပြီးမှ အင်တာနက်ပက်ကေ့ချ်များကို ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

၁၂။ ကျွန်တော်က CDMA ဖုန်းအသုံးပြုနေသူဖြစ်ပါတယ်။ “ရှယ်ပြော” အစီအစဉ်ကို လျှောက်ထား ရယူနိုင်မှာပါလား။

• CDMA ဖုန်းအသုံးပြုသူများသည် “ရှယ်ပြော” အစီအစဉ်ကို လျှောက်ထား ရယူနိုင်မည်မဟုတ်ပါ။

၁၃။ MPT SIM Card အသစ်ကို စတင်အသုံးပြုချိန်မှာ ဘယ်အစီအစဉ်ပါ၀င်နေမှာပါလဲ။

• MPT SIM Card အသစ်များတွင် ဆွေသဟာအစီအစဉ်ပါ၀င်နေမည်ဖြစ်သည်။ “ရှယ်ပြော” အစီအစဉ်ကိုရယူလိုပါက *234*3# ကိုရိုက်နှိပ်ခေါ်ဆိုပြီးလွယ်ကူစွာ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

၁၄။ ကျွန်တော့်ရဲ့ဖုန်းက “ရှယ်ပြော” အစီအစဉ်ကိုလျှောက်ထားရယူလို့မရပါဘူး။ ဘာဖြစ်လို့ပါလဲ။

• ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။လူကြီးမင်းသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲမှု တစ်ကြိမ်ထက်ပိုသွားပါက လျှောက်ထားမှုအောင်မြင်မည် မဟုတ်ပါ။ နောက်တစ်ရက်တွင် ပြန်လည်လျှောက်ထားရယူပါ။
• လူကြီးမင်း၏ SIM Card သည် အသုံးပြုမှုယာယီပိတ်သိမ်းခံထားရပါက (One-way block/Two-way block) လျှောက်ထားမှုအောင်မြင်မည် မဟုတ်ပါ။ ဖုန်းငွေဖြည့်ပြီး ပြန်လည်လျှှောက်ထားရယူပါ။

၁၅။ ကျွန်တော်အသုံးပြုနေတဲ့အစီအစဉ်ကိုဘယ်လိုစစ်ဆေးကြည့်နိုင်မှာပါလဲ။

• *224# ကိုရိုက်နှိပ်ခေါ်ဆိုပါ။ (သို့မဟုတ်) ၁၃၃၁ သို့ BAL ဟု စာတိုပေးပို့ပါ။

၁၆။ ရှယ်ပြော အစီအစဉ်ကို အသုံးပြုနေပါတယ်။ ဖုန်းနံပါတ်ကို ၅ စက္ကန့်ကြာဖုန်းခေါ်ဆိုတဲ့အခါ ၁၅ စက္ကန့်စာ ဖုန်းခေါ်ဆိုခကျသင့်ပါတယ်။ဘာဖြစ်လို့ပါလဲ။

၂၀၁၇ ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး Base Tariff မှလွဲ ၍ ပြည်တွင်း ဖုန်းခေါ်ဆိုမှုများ အားလုံးကို ၁၅ စက္ကန့်နှုန်းထားဖြင့် ကောက်ခံသွားမည် ဖြစ်ပါသည်။

ဥပမာ – MPT အချင်းချင်းဖုန်းခေါ်ဆိုပါက

– ၀ မှ ၁၅ စက္ကန့် : ၃.၇၅ ကျပ် (excluding tax)
– ၁၆ မှ ၃၀ စက္ကန့် : ရ.၅၀ (excluding tax)
– ၃၁ မှ ၄၅ စက္ကန့် : ၁၁.၂၅ ကျပ် (excluding tax)
– ၄၆ မှ ၆၀ စက္ကန့် : ၁၅ ကျပ် (excluding tax)

Swe Thahar

“ • နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာခဲ့သော ၂၀၂၁-၂၀၂၂ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပြင်ဆင်ချက်အရ ၊၂၀၂၂ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့မှစ၍ အင်တာနက်ဒေတာ အသုံးပြုမှုအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် (၁၅%) နှုန်းထားဖြင့်ကောက်ခံသွားမည်ဖြစ်သည်။
• စာတိုပေးပို့မှု နှင့် ဖုန်းခေါ်ဆိုမှုတို့ အတွက် ကုန်သွယ်လုပ်ငန်းခွန်အား ပြောင်းလဲခြင်းမရှိပဲ မှုလအတိုင်း (၅%)ဖြင့် ဆက်လက်ကောက်ခံသွားမည်ဖြစ်သည်”

၁။ အသစ်ပြင်ဆင်လိုက်တဲ့ ဆွေသဟာအစီအစဉ်ဈေးနှုန်း ဆိုတာဘာပါလဲ။

  •  MPT GSM/WCDMA SIM Card အသစ်စတင်အသုံးပြုသူတိုင်းသည် ဆွေသဟာအစီအစဉ်ကို အလိုအလျောက်ရယူထားပြီးဖြစ်၍ ဖုန်းအသုံးပြုမှုများအတွက် အောက်ဖော်ပြပါနှုန်းထားများအတိုင်းကျသင့်စေမည်ဖြစ်ပါသည်။

– မည်သည့်ပြည်တွင်းဖုန်းနံပါတ်သို့မဆိုဖုန်းခေါ်ဆိုခ – ၁မိနစ် = ၂၇ကျပ်
– မည်သည့်ပြည်တွင်းဖုန်းနံပါတ်သို့မဆို SMSပေးပို့ခ – ၁စောင် = ၁၅ကျပ်
– အင်တာနက်အသုံးပြုခ – 1MB = ၇ကျပ်

  • လက်ရှိတွင် ဆွေသဟာအစီအစဉ်အသုံးပြုနေသူများသည်လည်း နိုဝင်ဘာလ(၂၃)ရက်မှစပြီး အထက်ပါနှုန်းထားများအတိုင်းကျသင့်မည်ဖြစ်ပါသည်။

၂။ အလွန်သက်သာတဲ့နှုန်းထားနဲ့ အသုံးပြုလိုပါတယ်။ ဘယ်ဝန်ဆောင်မှုကို ရယူသင့်ပါသလဲ။

– ပိုမိုသက်သာသောနှုန်းထားဖြင့်ဖုန်းခေါ်ဆိုလိုပါက Prepaid စနစ်အသုံးပြုနေသူများသည် *234*4#ကိုလည်းကောင်း၊ Postpaid စနစ်အသုံးပြုနေသူများသည် *235*4#ကိုလည်းကောင်း ရွှေစကားအစီအစဉ်ကိုရယူပါ။ MPTဖုန်းများသို့ခေါ်ဆိုခ ၁မိနစ်=၁၀ကျပ်၊ အင်တာနက်အသုံးပြုခ 1MB=၈ကျပ်နှုန်းကျသင့်ပါမည်။

– ဈေးနှုန်းအလွန်သက်သာသော MPT Data Package များကို ရွေးချယ်ဝယ်ယူရန် *7777#ကိုခေါ်ဆိုပါ။

– ဈေးနှုန်းအလွန်သက်သာသော MPT Voice Package များကို ရွေးချယ်ဝယ်ယူရန် *600#ကိုခေါ်ဆိုပါ။

– ဖုန်းဘေလ်ကို အဆတိုး၍ အသုံးပြုလိုပါက *500# (သို့) *700# (သို့) *5010# ကိုခေါ်ဆိုပြီး ၅ ဆ/ ၇ ဆ/ ၁၀ဆ ထောဘီဖုန်းဘေလ်များလဲလှယ်ရယူပါ။

၃။ အခြားအစီအစဉ်(Price Plan) တစ်ခုကို ပြောင်းလို့ရပါသလား။

– ကြိုက်နှစ်သက်ရာ Price Plan ကိုပြောင်းလဲနိုင်ပါသည်။ ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်လျှင် Price Plan ပြောင်းလဲမှု အများဆုံးတစ်ကြိမ်ပြုလုပ်နိုင်ပါသည်။
– Price Plan ပြောင်းလဲမှုကိုအခမဲ့ပြုလုပ်နိုင်ပါသည်။
– အသေးစိတ်ကိုအောက်ပါဇယားတွင် ကြည့်ရှုပါ။

Plan NameCostTo Subscribe
PrepaidPostpaid
ရွှေစကားအခမဲ့*234*4# သို့ခေါ်ဆိုပါ။*235*4#  သို့ခေါ်ဆိုပါ။
ရှယ်ပြောအခမဲ့*234*3#  သို့ခေါ်ဆိုပါ။*235*3#  သို့ခေါ်ဆိုပါ။
ဆွေသဟာအခမဲ့*234*2#  သို့ခေါ်ဆိုပါ။*235*2#  သို့ခေါ်ဆိုပါ

၄။ ဆွေသဟာအစီအစဉ်အသုံးပြုနေစဉ်မှာ Data Package နဲ့ Voice Packageတွေ ဝယ်ယူအသုံးပြုနေပါတယ်။ အခြားPrice Plan ကိုပြောင်းလိုက်ရင် ဘာဖြစ်သွားမှာပါလဲ။

  • Price Planပြောင်းလဲလိုက်ပါကလည်း လက်ရှိအသုံးပြုလျက်ရှိသော Packageများကို ဆက်လက်အသုံးပြုနိုင်ပါမည်။ အလေအလွင့်တစ်စုံတစ်ရာရှိမည်မဟုတ်ပါ။

၅။ ဘယ်Price Plan ကို သုံးနေတယ်ဆိုတာကို ဘယ်လိုစစ်ဆေးကြည့်နိုင်ပါသလဲ။

*224#ကိုဖုန်းခေါ်ဆို၍ (သို့) MPT4U မှတစ်ဆင့် လက်ရှိအသုံးပြုနေသော နှုန်းထားအစီအစဉ်ကို စစ်ဆေးကြည့်နိုင်ပါသည်။

Shwe Zagar

“ • နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာခဲ့သော ၂၀၂၁-၂၀၂၂ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပြင်ဆင်ချက်အရ ၊၂၀၂၂ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့မှစ၍ အင်တာနက်ဒေတာ အသုံးပြုမှုအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် (၁၅%) နှုန်းထားဖြင့်ကောက်ခံသွားမည်ဖြစ်သည်။
• စာတိုပေးပို့မှု နှင့် ဖုန်းခေါ်ဆိုမှုတို့ အတွက် ကုန်သွယ်လုပ်ငန်းခွန်အား ပြောင်းလဲခြင်းမရှိပဲ မှုလအတိုင်း (၅%)ဖြင့် ဆက်လက်ကောက်ခံသွားမည်ဖြစ်သည်”

၁။ “ရွှေစကား” အစီအစဉ်ဆိုတာ ဘာပါလဲ။

• “ရွှေစကား” အစီအစဉ်တွင် MPT သုံးစွဲသူအချင်းချင်းဖုန်းခေါ်ဆိုတိုင်း အသက်သာဆုံးဖုန်းခေါ်ဆိုခနှုန်းထား ၁မိနစ်လျှင် ၁၀ကျပ်သာ ကျသင့်မည်ဖြစ်ပါသည်။

MPT ဖုန်းများသို့ခေါ်ဆိုခ – ၁မိနစ်လျှင် ၁၀ကျပ်
အခြားအော်ပရေတာနံပါတ်များသို့ဖုန်းခေါ်ဆိုခ – ၁မိနစ်လျှင် ၂၇ကျပ်
အင်တာနက်အသုံးပြုခ – 1MB လျှင် ၈ကျပ်
စာတိုပေးပို့ခ – စာတိုတစ်စောင်လျှင် ၁၅ကျပ်

၂။ “ရွှေစကား” အစီအစဉ်ကို ဘယ်သူတွေရယူနိုင်ပါသလဲ။

• MPT GSM/WCDMA ဖုန်းအသုံးပြုသူများသည်  “ရွှေစကား” အစီအစဉ်ကို လျှောက်ထား ရယူနိုင်ပါသည်။

၃။ “ရွှေစကား” အစီအစဉ်ကို ဘယ်လိုရယူနိုင်ပါသလဲ။

• *234*4# ကို ရိုက်နှိပ်ခေါ်ဆိုပြီး “ရွှေစကား” အစီအစဉ်ကို အခမဲ့ရယူနိုင်ပါသည်။

၄။ “ရွှေစကား” အစီအစဉ်ကို ဘယ်လိုပယ်ဖျက်နိုင်ပါသလဲ။

• MPT မှ မတူညီသော ၀န်ဆောင်မှုအစီအစဉ်များကို မိတ်ဆက်ပေးလျက်ရှိပြီး သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာ ၀န်ဆောင်မှုအစီအစဉ်ကို အခမဲ့ပြောင်းလဲရယူအသုံးပြုနိုင်မည်ဖြစ်သည်။

ဆွေသဟာ အစီအစဉ်သို့ပြောင်းလဲရန် – *234*2# ကိုခေါ်ဆိုပါ။
ရှယ်ပြော အစီအစဉ်သို့ပြောင်းလဲရန် – *234*3# ကိုခေါ်ဆိုပါ။
ရွှေစကား အစီအစဉ်သို့ပြောင်းလဲရန် – *234*4# ကိုခေါ်ဆိုပါ။

• ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင်မည်ဖြစ်သည်။

၅။ “ရွှေစကား” အစီအစဉ်ကို အသုံးပြုနေပါတယ်။ MPT ဖုန်းနံပါတ်ကို ၅စက္ကန့်ကြာဖုန်းခေါ်ဆိုတဲ့ အခါ ၁၅စက္ကန့်စာ ဖုန်းခေါ်ဆိုခကျသင့်ပါတယ်။ ဘာဖြစ်လို့ပါလဲ။

• ၂၀၁၇ ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး Base Tariff မှလွဲ ၍ ပြည်တွင်း ဖုန်းခေါ်ဆိုမှုများ အားလုံးကို ၁၅ စက္ကန့်နှုန်းထားဖြင့် ကောက်ခံသွားမည် ဖြစ်ပါသည်။

ဥပမာ- MPT အချင်းချင်းဖုန်းခေါ်ဆိုပါက

၀ မှ ၁၅ စက္ကန့် : ၂.၅၀ကျပ် (excluding tax)
၁၆ မှ ၃၀ စက္ကန့် : ၅.၀၀ ကျပ် (excluding tax)
၃၁ မှ ၄၅ စက္ကန့် : ရ.၅၀ ကျပ် (excluding tax)
၄၆ မှ ၆၀ စက္ကန့် : ၁၀.၀၀ ကျပ် (excluding tax)

၆။ “ရွှေစကား” အစီအစဉ်ကို ရယူထားပါက အင်တာနက်ပက်ကေ့ချ်များကို ၀ယ်ယူအသုံးပြုနိုင်မှာပါလား။

• ၀ယ်ယူနိုင်ပါသည်။
• MPT ၏ အင်တာနက်ပက်ကေ့ချ်အားလုံးကို “ရွှေစကား” အစီအစဉ်တွင်လည်း ၀ယ်ယူအသုံးပြုနိုင်ပါသည်။
• 1MB လျှင် ၁ကျပ်သာကျသင့်မည့် ပက်ကေ့ချ်များအပါအဝင် အင်တာနက်ပက်ကေ့ချ် မျိုးစုံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါသည်။

၇။ လက်ရှိမှာ အင်တာနက်ပက်ကေ့ချ်အသုံးပြုနေပါတယ်။ အသုံးပြုနိုင်တဲ့ဒေတာပမာဏမကုန်ခင် မှာ “ရွှေစကား” အစီအစဉ်သို့ပြောင်းလိုက်ရင် ဘယ်လိုဖြစ်မှာပါလဲ။

• ကျန်ရှိနေသော ဒေတာပမာဏကို “ရွှေစကား” အစီအစဉ်တွင် ဆက်လက်အသုံးပြုနိုင် မည်ဖြစ်ပါသည်။

၈။ ကျွန်တော်က Post-paid စနစ်အသုံးပြုနေသူဖြစ်ပါတယ်။ “ရွှေစကား” အစီအစဉ်ကိုရယူနိုင်မှာ ပါလား။

• ရယူနိုင်ပါတယ်။ *235*4# ကိုရိုက်နှိပ်ခေါ်ဆိုပြီး “ရွှေစကား”အစီအစဉ်ကို အခမဲ့ရယူ နိုင်ပါသည်။

၉။ “ရွှေစကား”အစီအစဉ်ကိုရယူရာတွင် ကန့်သတ်ချက်တစ်စုံတစ်ရာရှိပါသလား။

• MPT GSM/WCDMA ဖုန်းများသည် “ရွှေစကား”အစီအစဉ်ကို လျှောက်ထားရယူ နိုင်ပါသည်။
• ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင်မည်ဖြစ်သည်။

၁၀။ ကျွန်တော်က CDMA ဖုန်းအသုံးပြုနေသူဖြစ်ပါတယ်။ “ရွှေစကား” အစီအစဉ်ကို လျှောက်ထား ရယူနိုင်မှာပါလား။

• CDMA ဖုန်းအသုံးပြုသူများသည် “ရွှေစကား” အစီအစဉ်ကို လျှောက်ထား ရယူနိုင်မည်မဟုတ်ပါ။

၁၁။ MPT SIM Card အသစ်ကို စတင်အသုံးပြုချိန်မှာ ဘယ်အစီအစဉ်ပါ၀င်နေမှာပါလဲ။

• MPT SIM Card အသစ်များတွင် ဆွေသဟာအစီအစဉ်ပါ၀င်နေမည်ဖြစ်သည်။ “ရွှေစကား” အစီအစဉ်ကိုရယူလိုပါက *234*4# ကိုရိုက်နှိပ်ခေါ်ဆိုပြီးလွယ်ကူစွာ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

၁၂။ ကျွန်တော့်ရဲ့ဖုန်းက “ရွှေစကား” အစီအစဉ်ကိုလျှောက်ထားရယူလို့မရပါဘူး။ ဘာဖြစ်လို့ပါလဲ။

• ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။လူကြီးမင်းသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲမှု တစ်ကြိမ်ထက်ပိုသွားပါက လျှောက်ထားမှုအောင်မြင်မည် မဟုတ်ပါ။ နောက်တစ်ရက်တွင် ပြန်လည်လျှှောက်ထားရယူပါ။
• လူကြီးမင်း၏ SIM Card သည် အသုံးပြုမှုယာယီပိတ်သိမ်းခံထားရပါက (One-way block/Two-way block) လျှောက်ထားမှုအောင်မြင်မည် မဟုတ်ပါ။ ဖုန်းငွေဖြည့်ပြီး ပြန်လည်လျှှောက်ထားရယူပါ။

၁၃။ ကျွန်တော်အသုံးပြုနေတဲ့အစီအစဉ်က်ို ဘယ်လိုစစ်ဆေးကြည့်နိုင်မှာပါလဲ။

• *224# ကိုရိုက်နှိပ်ခေါ်ဆိုပါ။ (သို့မဟုတ်) ၁၃၃၁ သို့ BAL ဟု စာတိုပေးပို့ပါ။

International Roaming Services

၁။ ပရိုမိုးရှင်းနှုန်းထားဆိုတာဘာလဲ။

ပရိုမိုးရှင်းနှုန်းထားကို အောက်ပါအတိုင်း နိုင်ငံအလိုက် သတ်မှတ်ထားပါတယ်။

နိုင်ငံများနှုန်းထား
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ်၊ကမ္ဘောဒီးယား၊ ၊ဗီယက်နမ်၊ လာအို၊ဘရူနိုင်း၊ အင်ဒိုနီးရှား15 Ks/MB

ပိုမိုသက်သာေသာ နှုန်းထားြဖင့် Roaming rate cutter

9 Ks/MB ဖြင့် (၇)ရက်စာ ၉၀၀ ကျပ်

 

ဂျပန်၊တောင်ကိုရီးယား၊အိန္ဒိယ၊သီရိလင်္ကာ၊သြစတေးလျ၊အမေရိကန်50 Ks/MB
ယူေက၊ဆွီဒင်၊ရုရှား၊ေနာ္ေဝ၊နယ်သာလန်၊အီတလီ၊

ဟန်ေဂရီ၊ဂျာမနီ၊ျပင္သစ္၊ဖင်လန်၊ဒိန်းမတ်

50 Ks/MB

 

(နှုန်းထားများသည် အခွန် ပါဝင်ပြီး ဖြစ်ပါသည်)

၂။ ပရိုမိုးရှင်းမပါဝင်တဲ့ ပုံမှန်နှုန်းထားဆိုတာဘာပါလဲ။

ပုံမှန်နှုန်းထားကို နိုင်ငံအလိုက် သတ်မှတ်ထားပါသည်။ ပရိုမိုးရှင်းကာလအတွင်းမှာ ပိုမိုသက်သာသော နှုန်းထားဖြင့် ရရှိနိုင်ပါတယ်။

၃။စာရင်းပေးသွင်းရန် လိုအပ်ပါသလား။

စာရင်းပေးသွင်းရန် လိုအပ်မှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Promotionစာရင်းေပးသွင်းြခင်းသက်တမ်း
9 Ks/MB Promotion

(Rate cutter)

လိုအပ်ပါသည်၇ရက်
Package Promotion

(10000 Ks)

လိုအပ်ပါသည်၇ရက်
Paygo Promotionမလိုအပ်ပါ

၄။ ပရိုမိုရှင်း သည် Postpaid သို့မဟုတ် Prepaidသုံးစွဲသူများအတွက် အကျုံးဝင်ပါသလား။

MPT GSM/WCDMA Prepaid and Postpaid သုံးစွဲသူများအတွက်အကျုံးဝင်ပါသည်။

သို့သော် Postpaid သုံးစွဲသူများသည် Roaming ဝန်ဆောင်မှုကိုရယူရန်အတွက်

ကြိုတင်ငွေများကိုတစ်ဦးချင်းစီအတွက် MPT Brand Stores များမှ လည်းကောင်း၊ B2B/Corporate များအတွက် Account Managers များမှ တစ်ဆင့်လည်းကောင်း ပေးဆောင်ရန် လိုအပ်ပါသည်။

၅။ ပရိုမိုရှင်း ကာလအတွင်း ဝန်ဆောင်မှုနှုန်းထားများ ပြောင်းလဲထားပါသလား။

သုံးသလောက်ပေး အင်တာနက်နှုန်းထားသာ ပြောင်းလဲထားပါသည်။ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းစသည့် အခြားသောဝန်ဆောင်မှုများကို တန်ဖိုးပြောင်းလဲထားခြင်း မရှိပါ။

၆။ ပရိုမိုးရှင်းသက်တမ်းက ဘယ်အချိန်ထိပါလဲ။

Promotion ကာလမှာ ၂၀၁၉ နိုဝင်ဘာ ၂၇ ရက် မှ နောက်ထပ် မကြေညာမီအချိန်အထိ

ဖြစ်ပါသည်။

၇။ ပရိုမိုးရှင်းနှုန်းထားက နိုင်ငံအကုန်လုံးမှာ ရပါသလား။

မရပါ။ သတ်မှတ်ထားသည့် နိုင်ငံများတွင်သာ ရရှိနိုင်ပါသည်။

၈။ 9Ks/MB ပရိုမိုးရှင်းဆိုတာ ဘာပါလဲ။

အောက်ဖော်ပြပါနိုင်ငံများသို့ သွားရောက်လျှင် ရရှိနိုင်မည့် Roaming Package ဖြစ်ပါသည်။

တန်ဖိုး၉၀၀ ကျပ်
နှုန်းထား9Ks/MB
သက်တမ်း၇ ရက်
Activation*9007#
ရရှိနိုင်ေသာ နိုင်ငံများထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ်၊ကမ္ဘောဒီးယား၊ ၊ဗီယက်နမ်၊ လာအို၊ဘရူနိုင်း၊ အင်ဒိုနီးရှား

၉။9Ks/MB ပရိုမိုးရှင်းအတွက် စာရင်းပေးသွင်းရန် လိုအပ်ပါသလား။

စာရင်းပေးသွင်းရန်လိုအပ်ပါတယ်။ အခွန်အပါအဝင် တစ်ပတ်လျှင် ၉၀၀ ကျပ်ကျသင့်ပါမည်။

၁၀။ ယခု 9Ks/MB ပရိုမိုးရှင်းသည် Postpaid သို့မဟုတ် Prepaid သုံးစွဲသူများအတွက် အကျုံးဝင်ပါသလား။

MPT GSM/WCDMA Prepaid and Postpaid သုံးစွဲသူများအတွက်

အကျုံးဝင်ပါသည်။ သို့သော် Postpaid သုံးစွဲသူများသည် Roaming ဝန်ဆောင်မှုကိုရယူရန်အတွက်

ကြိုတင်ငွေများကိုတစ်ဦးချင်းစီအတွက် MPT Own Shops / MPT TRA Offices များမှ လည်းကောင်း၊ B2B/Corporate များအတွက် Account Managers များမှ တစ်ဆင့်လည်းကောင်း ပေးဆောင်ရန် လိုအပ်ပါသည်။

၁၁။ Package ကိုဘယ်လိုဝယ်ယူရမလဲ။

Package ကိုအောက်ပါနည်းလမ်းများဖြင့် ဝယ်ယူနိုင်ပါသည်။

        1332 သို့ “NINE” ဟု စာတိုပေးပို့၍ ဖြစ်စေ

        *9007# သို့ခေါ်ဆို၍ဖြစ်စေ

        *106*2*5*2# သို့ခေါ်ဆို၍ဖြစ်စေ

        From MPT4U > Package Purchase > Others > Roaming & IDD

        နီးစပ်ရာ retailer များကို သွားရောက်မေးမြန်း၍ DMS မှ တစ်ဆင့်လည်း ဝယ်ယူနိုင်ပါသည်။

၁၂။ ၇ရက်စာ Roaming rate cutter pack ဝယ်ထားပါတယ်။ နောက်ထပ် ၇ရက်စာ 10000Ks/800MB Roaming pack ဝယ်ချင်ပါတယ်။ ဘယ်လိုဖြစ်ပါမလဲ။

ဝယ်ယူ၍ မရပါ။ မူလ ဝယ်ယူထားသော ၇ရက်စာ Roaming rate cutter pack သက်တမ်းမကုန်မချင်း နောက်ထပ် 10000Ks/800MB roaming pack ဝယ်ယူ၍မရနိုင်ပါ။ မူလ ဝယ်ယူထားသော Roaming rate cutter pack သက်တမ်းကုန်ဆုံးပြီးမှသာ ဝယ်ယူနိုင်ပါမည်။

၁၃။ Roaming Rate cutter pack ဝယ်ယူထားပါတယ်။ သုံးစွဲနိုင်သော သက်တမ်းနှင့် ပမာဏ ကျန်ရှိချိန်မှာ နောက်ထပ် Raoming Rate cutter pack ကို ထပ်မံ ဝယ်ယူလိုပါတယ်။ ဘယ်လိုဖြစ်ပါမလဲ။

ဝယ်ယူ၍ မရနိုင်ပါ။ မူလ ဝယ်ယူထားသော Roaming Rate cutter pack ၏ သက်တမ်းနှင့် ပမာဏ ကျန်ရှိနေချိန်တွင် နောက်ထပ် rate cutter pack ဝယ်ယူ၍ မရနိုင်ပါ။ မူလ Roaming Rate cutter pack ၏ ပမာဏ နှင့် သက်တမ်း ကုန်ဆုံးပြီးမှသာ ဝယ်ယူနိုင်ပါမည်။

၁၄။ အထက်ဖော်ပြပါနှုန်းထားသည် ဒေတာတစ်ခုအတွက်သာဖြစ်ပါသလား။

ဒေတာနှုန်းထားအတွက်သာဖြစ်ပါသည်။ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းအတွက် ပုံမှန်နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။

၁၅။ Package ဝယ်ယူရရှိပြီးကြောင်း ဘယ်လိုသိနိုင်မလဲ။

Package ဝယ်ယူပြီးသည့်နောက် အတည်ပြုစာတိုကို လက်ခံရရှိပါမည်။

၁၆။ ထိုနိုင်ငံများသို့ သွားရောက်မလည်ပတ်ခင် Roaming Package ကို စာရင်းပေးသွင်းရန် လိုအပ်ပါသလား။

မလိုအပ်ပါ။ မြန်မာနိုင်ငံ နှင့် Package အသုံးပြုနိုင်သည့် နိုင်ငံများအားလုံးတွင် အဆိုပါ Package ကို ဝယ်ယူရရှိနိုင်ပါသည်။

၁၇။ ထိုနိုင်ငံများအတွက် ယခု Package ကိုမဝယ်ယူချင်ပါက အခြားပရိုမိုးရှင်းများရှိပါသလား။

အဆိုပါ package ကို မဝယ်ယူချင်ပါက ထို ၁၂ နိုင်ငံ (ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊လာအို၊ဘရှုနိုင်း၊အင်ဒိုနီးရှား ) အတွက် 15Ks/MB သုံးသလောက်ပေး အင်တာနက်နှုန်းထားဖြင့် ဆက်လက်အသုံးပြုနိုင်ပါသည်။

15 Ks မှ 9Ks ဖြင့် ၄၀% သက်သာသော အဆိုပါ အထူး Package ကို ဝယ်ယူရန် အကြံပြုလိုပါသည်။

၁၈။ Package သက်တမ်းကုန်ဆုံးလျှင် ဘယ်လိုသိနိုင်ပါမလဲ။

Package သက်တမ်းကုန်ဆုံးသွားပါက စာတိုပေးပို့ အကြောင်းကြားပါမည်။

Package ထပ်မံဝယ်ယူမှုမပြုလုပ်လိုပါက သုံးသလောက်ပေးအင်တာနက် 15Ks/MB ဖြင့် ကောက်ခံသွားပါမည်။

၁၉။ Package ဝယ်ယူ၍ မရပါ။ ဘာကြောင့်ပါလဲ။

လက်ကျန်ငွေ မလုံလောက်၍ ဖြစ်စေ

Base Tariff သုံးစွဲသူဖြစ်နေ၍ဖြစ်စေ

လက်ရှိ Roamng Package ဝယ်ယူထား၍ဖြစ်စေ ဝယ်ယူ၍မရနိုင်ပါ။

၂၀။ ၇ရက်စာ 10000 Ks/800 MB Roaming pack ဝယ်ထားပါတယ်။ နောက်ထပ် ၇ရက်စာ Roaming Rate cutter pack ဝယ်ချင်ပါတယ်။ ဘယ်လိုဖြစ်ပါမလဲ။

ဝယ်ယူ၍ မရပါ။ မူလ ဝယ်ယူထားသော ၇ရက်စာ 10000 Ks/800 MB Roaming pack သက်တမ်းမကုန်မချင်း နောက်ထပ် Roaming Rate cutter pack ဝယ်ယူ၍မရနိုင်ပါ။ မူလ ဝယ်ယူထားသော ၇ရက်စာ 10000Ks/800 MB Roaming pack သက်တမ်းကုန်ဆုံးပြီးမှသာ ဝယ်ယူနိုင်ပါမည်။

၂၁။ သက်တမ်းကုန်ဆုံးကြောင်း ဘယ်လိုသိနိုင်ပါမလဲ။

သက်တမ်းကုန်ဆုံးပါက SMS ဖြင့်အသိပေးအကြောင်းကြားပါမည်။

၂၂။ Roaming အသုံးပြုစဉ် ဖြတ်တောက်သည့်နှုန်းထား ဘယ်လောက်ဖြစ်ပါသလဲ။

50Kb လျှင် တစ်ကြိမ်ဖြတ်တောက်မည်ဖြစ်ပါသည်။

၂၃။ ချေးငွေဝန်ဆောင်မှုမှ international roaming ဝန်ဆောင်မှုများဖြစ်သော နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသလား။

ချေးငွေဝန်ဆောင်မှုမှ international roaming ဝန်ဆောင်မှုများ မရရှိနိုင်ပါ။

International Direct Dialing

၁။ “All in one IDD Promo pack” ဆိုတာဘာလဲ။

“All in one IDD Promo pack” ကို ၄၉၉ကျပ်ဖြင့် ဝယ်ယူထားပါက ဝယ်ယူသည့်နေ့မှ ရက်(၃၀)အတွင်း ထိုင်း/ မလေးရှား/တရုတ် / စင်ကာပူ / ဘင်္ဂလားဒေ့ရှ် / အိန္ဒိယ / တောင်ကိုးရီးယား/ ဂျပန် / သြစတြေးလျ / ဟောင်ကောင် / အမေရိက / ကနေဒါ သို့ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၅၀ကျပ်သာကျ သင့် မည်ဖြစ်ပါသည်။

အမည်နှုန်းထားသတ်မှတ်ချက်များအသုံးပြုနိုင်သည့် အမျိုးအစားစာတိုပေးပို့မှုသက်တမ်းဝယ်ယူရန်
All in One IDD Promo Pack၄၉၉ ကျပ် (Tax အပါအဝင်)တစ်မိနစ်လျှင် ၅၀ ကျပ်ထိုင်း/ မလေးရှား/တရုတ် / စင်ကာပူ / ဘင်္ဂလားဒေ့ရှ် / အိန္ဒိယ /တောင်ကိုးရီးယား/ ဂျပန် / သြစတြေးလျ / ဟောင်ကောင် / အမေရိက / ကနေဒါ သို့ဖုန်းခေါ်ဆိုနိုင်သည်။ထိုင်းနှင့်မလေးရှား
စာတိုတစ်စောင်လျှင် ၁၅ ကျပ်
ရက် ၃၀*2050#
အခြားနိုင်ငံများ
စာတိုတစ်စောင်လျှင် ၁၅၀ ကျပ်

၂။ “All in one IDD Promo pack” ကိုဘယ်လိုဝယ်ယူနိုင်မှာပါလဲ။

*2050# ကိုရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ MPT4U application မှတစ်ဆင့်လည်းကောင်း ဝယ်ယူနိုင်ပါသည်။
*106# မှလည်းဝယ်ယူနိုင်ပါသည်။

၃။ “All in one IDD Promo pack” ကိုဘယ်သူတွေဝယ်ယူနိုင်မှာပါလဲ။

MPT prepaid and postpaid GSM/WCDMA ဖုန်း အသုံးပြုသူများအားလုံး ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

၄။ “All in one IDD Promo pack” ရဲ့သက်တမ်းက ဘယ်လောက်လဲ။

ရက် ၃၀ ဖြစ်ပါသည်။

၅။ မက်စေ့ချ်တစ်စောင်ကိုဘယ်လောက်ကျသင့်ပါသလဲ။

ထိုင်းနှင့်မလေးရှား နိုင်ငံအတွက် မက်စေ့ချ်တစ်စောင်လျှင် ၁၅ ကျပ် (ကုန်သွယ်ခွန်ခမပါ) တရုတ် / စင်ကာပူ / ဘင်္ဂလားဒေ့ရှ် / အိန္ဒိယ /တောင်ကိုးရီးယား/ ဂျပန် / သြစတြေးလျ / ဟောင်ကောင် / အမေရိက / ကနေဒါ နိုင်ငံများ အတွက် မက်စေ့ချ်တစ်စောင်လျှင် ၁၅၀ ကျပ် (ကုန်သွယ်ခွန်ခမပါ) ကျသင့်မှာဖြစ်ပါသည်။

၆။ ရက် ၃၀ အတွင်း တစ်ကြိမ်ထပ်ပိုပြီးဝယ်လို့ရလား။

တစ်ကြိမ်ပဲဝယ်ယူနိုင်ပါသည်။

၇။ ပရိုးမိုးရှင်းကာလကဘယ်အထိလဲ။

၂၀၁၈ မေလ ၂၈ ရက်နေ့မှ စတင်ပြီး နောက်ထပ်ကြေငြာချက် မထုတ်ပြန်မှီ အထိဖြစ်ပါသည်။

၈။ ချေးငွေဝန်ဆောင်မှုမှ (IDD Pack) နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသလား။

ချေးငွေဝန်ဆောင်မှုကို အသုံးပြုပြီး (IDD pack) နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း ဝန်ဆောင်မှုများ မရရှိနိုင်ပါ။

Upgrade 3G SIM to 4G SIM

၁။ 4G ဆင်းမ်ကတ် ဘာ့ကြောင့်လဲလှယ်ရန်လိုအပ်ပါသလဲ။

MPT ၏ ပိုမိုလျင်မြန်သော LTE+ network ကိုအသုံးပြုနိုင်ရန်ဖြစ်သည်။

၂။ LTE+ network ဆိုတာဘာလဲ။ 4G ဆင်းမ်ကတ်သုံးရင် 2G/3G ကတ်ထက်ပိုမိုကုန်ကျနိုင်လား။

LTE+ network သည် MPT ၏ ပိုမိုမြန်ဆန်သော အရည်အသွေးမြင့် LTE+ ကွန်ရက်ဖြစ်ပြီး Website များအားကြည့်ခြင်း ၊ High Definition ဗီဒီယိုများကြည့်ခြင်း၊

video ဖုန်းခေါ် ခြင်း ၊ အွန်လိုင်းဂိမ်းကစားခြင်း ၊ download ဆွဲခြင်း နှင့် ဓာတ်ပုံတင်ခြင်းများအား ယခင်ကထက်ပိုမိုလျင်မြန်စွာ လိုင်းအပြတ်အတောက်မရှိ၊ ရပ်တန့်သွားခြင်း

မကြုံရဘဲအဆင်ပြေစွာ ဆာင်ရွက်နိုင်ပါလိမ့်မည်။ 3G ကွန်ရက်ထက်ပိုမြန်သော်လည်း ဝန်ဆောင်ခပိုပေးစရာမလိုပါ။

၃။ သင်၏ဆင်းမ်ကတ်သည် 2G/3G လား 4G လားဘယ်လိုသိရှိနိုင်မလဲ။

*106*5#ကိုဖုန်းခေါ်ဆိုပါ။ SMS ဖြင့်သင်၏ဆင်းမ်ကတ်အမျိုးအစားကိုအကြောင်းကြားပေးပါသည်။ 2G/3G ဆင်းမ်ကတ်ဖြစ်ပါက 4G ဆင်းမ်ကတ်ပြောင်းလဲရန်လိုအပ်ပါသည်။

၄။ 4G ဆင်းမ်ကတ်ကိုဘယ်လိုပြောင်းလဲနိုင်ပါသလဲ။

အနီးဆုံးMPT ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ပြီး 4G ဆင်းကတ်ကို မိမိ၏မူလဖုန်းနံပါတ်အတိုင်း အခမဲ့လဲလှယ်နိုင်ပါသည်။

၅။ 4G ဆင်းမ်ကတ်လဲလှယ်နိုင်သည့်MPT ပစ္စည်းအရောင်းဆိုင်များမည်သည့်နေရာတွင်ရှိပါသနည်း။

အနီးဆုံး MPT branded shops များနှင့် ကိုယ်စားလှယ်ဆိုင်များစာရင်းကို ဤ link (https://tinyurl.com/y2x9k7jw) တွင်စစ်ဆေးနိုင်ပါသည်။

၆။ MPT အရောင်းဆိုင်များသို့ 4G ဆင်းမ်ကတ်လဲလှယ်ဖို့သွားလျင် ဘာတွေယူသွားဖို့လိုပါသလဲ။

(၁) သင်၏လဲလှယ်လိုသော 2G/3G ဆင်းမ်ကတ်

(၂) မှတ်ပုံတင် မူရင်းနှင့် မိတ္တူ ယူသွားရန်လိုအပ်ပါသည်

၇။ MPT အရောင်းဆိုင်များသို့ 4G ဆင်းမ်ကတ်လဲလှယ်ဖို့သွားလျင် အချိန်ဘယ်လောက်ကြာနိုင်ပါသလဲ။

4G ဆင်းမ်ကတ်လဲလှယ်ခြင်းအတွက်နေ့ချင်းပြီးဆောင်ရွက်ပေးပါသည်။ သို့သော် သွား ရောက်လျှောက်ထားသည့်ဆိုင်ပေါ်မူတည်၍ လူဦးရေ အနည်းအများပေါ်မူတည်၍ အချိန်ကြာကောင်းကြာနိုင်ပါသည်။

၈။ 4Gဆင်းမ်ကတ်လဲလှယ်ခြင်းအတွက် အခကြေးငွေပေးရန်လိုအပ်ပါသလား။

4Gဆင်းမ်ကတ်လဲလှယ်ခြင်းအတွက် အခမဲ့ဖြစ်ပါသည်။

၉။ မိမိ၏မူလဖုန်းနံပါတ်ပြောင်းလဲသွားနိုင်ပါသလား။

မပြောင်းလဲပါ။ မိမိ၏မူလဖုန်းနံပါတ်အတိုင်း 4Gဆင်းမ်ကတ်လဲလှယ်နိုင်ပါသည်။

၁၀။ MPT ၏ LTE network ကို ဘယ်လိုအသုံးပြုနိုင်ပါသလဲ။

MPT ၏ data package များဝယ်ယူပြီး LTE network ကိုအသုံးပြုလိုက်ပါ။ Data package အသေးစိတ်အား ဤ link (https://tinyurl.com/ycvyqg73) တွင်ကြည့်ရှုနိုင်ပါသည်။

Change from Postpaid to Prepaid

၁ ။ Postpaid မှ Prepaid သို့ ပြောင်းလဲခြင်းဆိုတာဘာလဲ။

Postpaid မှ Prepaid သို့ ပြောင်းလဲခြင်းဆိုသည်မှာ ယခုလက်ရှိတွင် Postpaid ဝန်ဆောင်မှုစနစ် (အသုံးပြုပြီးနောက်လတွင် ထွက်ရှိလာသည့် invoice အားငွေပေးချေရသည့်စနစ်) မှ Prepaid ဝန်ဆောင်မှုစနစ် (ဖုန်းဘေလ်ကြိုတင်ဖြည့်ပြီး အသုံးပြုရသည့်စနစ်) သို့ ပြောင်းလဲခြင်း ကို ဆိုလိုပါသည်။

၂ ။ Postpaid to Prepaid ပြောင်းလဲခြင်းကို ဘယ်လိုလုပ်လို့ရမလဲ?

နိုဝင်ဘာလ (၁)ရက်နေ့ မှစတင်ပြီး

(က) ရန်ကုန်မြို့ရှိ Mobile သုံးစွဲသူများသည် ရန်ကုန်မြို့ရှိ (လမ်း ၄၀ ရုံး)နှင့် ဆူးလေ၊ အလုံ နှင့် အင်းစိန် တယ်လီဖုန်းအခွန်ဌာန (TRA) များတွင် လျှောက်လွှာပုံစံ ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။

(ခ) အခြားနယ်များမှ Mobile သုံးစွဲသူများသည် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးဌာနများ တွင် လျှောက်ထားနိုင်ပါသည်။

(ဂ) ရန်ကုန်မြို့ရှိ PSTN သုံးစွဲသူများသည် ရန်ကုန်မြို့ရှိ (လမ်း ၄၀ ရုံး) သို့ တွင် လျှောက်ထားနိုင်ပါသည်။

၃ ။ ရန်ကုန်မြို့ရှိ Postpaid to Prepaid ပြောင်းလဲခြင်းကို လက်ခံဆောင်ရွက်ပေးနေသော ရုံးလိပ်စာများ သိချင်ပါတယ်။

လမ်း(၄၀) ရုံး – အမှတ်(၁၀၃)၊ လမ်း(၄၀)၊ စီးပွားရေးဌာန၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ်- ၀၁-၂၅၂၃၂၂၊ ၀၁-၂၅၄၂၅၄ သို့ ဆက်သွယ်နိုင်ပါသည်။

ဆူးလေရုံး – အမှတ် (၄၆၅/၄၆၉)၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

အလုံရုံး -အမှတ်(၁၈၉)၊ အောက်ကြည့်မြင်တိုင်လမ်းနှင့်သစ်တောလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

အင်းစိန်ရုံး – အမှတ်(၂)၊ လှိုင်မြင့်လမ်း၊ အရှေ့ရွာမ၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

၄ ။ Postpaid to Prepaid ပြောင်းလဲခြင်းကို ဘယ်အချိန်တွေမှာ လုပ်လို့ရမလဲ?

တနင်္လာနေ့မှ သောကြာနေ့အထိ (အစိုးရရုံးပိတ်ရက်များမှအပ) မနက် (၉:၃၀) နာရီ မှ နေ့လည် (၂:၀၀) နာရီအတွင်း သွားရောက်လျှောက်ထားနိုင်ပါတယ်။

၅ ။ Postpaid to Prepaid ပြောင်းလဲခြင်းအား လျှောက်ထားရန် ဘာစာရွက်စာတမ်းတွေ လိုအပ်မလဲ?

၁- နိုင်ငံသားစီစစ်ရေးကဒ်ပြားမိတ္တူ။

၂- မူရင်းပိုင်ဆိုင်မှုအထောက်အထားစာချုပ်/စာအုပ်။

၃- ကိုယ်စားလှယ်လွှဲစာ၊    မူရင်းပိုင်ရှင်၏     နိုင်ငံသားစီစစ်ရေးကဒ်ပြားမူရင်း (မူရင်းပိုင်ရှင်ကိုယ်စား လျှောက်ထားလာမှုအတွက်)။

၆ ။ Postpaid to Prepaid ပြောင်းလဲခြင်းအား လျှောက်ထားရန် ဘယ်လောက်ပေးဆောင်ရမလဲ?

Postpaid to Prepaid ပြောင်းလဲခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ပါ။

သုံးစွဲသူမှ Postpaid မှ Prepaid ပြောင်းလဲခြင်း မပြုလုပ်မှီ အောက်ဖော်ပြပါအတိုင်း ငွေပေးဆောင်ရမည်။

၁)Postpaid စနစ်အသုံးပြုစဉ်ကာလအတွင်း ထွက်ရှိထားသော လစဉ်ကြေးများ အားလုံး နှင့်

၂) နောက်လတွင် ထွက်ရှိလာမည့် လစဉ်ကြေးငွေတောင်းခံလွှာများအတွက် ကြိုတင်ငွေ

  • လစဉ် (၁)ရက်နေ့မှ (၆)ရက်နေ့အတွင်း လျှောက်ထားပါက နောက်ဆုံးထွက်ရှိထားသော လစဉ်ငွေတောင်းခံလွှာ၏ သုံးလစာနှင့်ညီမျှသော ကြိုတင်ငွေ
  • လစဉ် (၇)ရက်နေ့မှ လတစ်လ၏ နောက်ဆုံးရက်နေ့အတွင်း လျှောက်ထားပါက နောက်ဆုံးထွက်ရှိထားသော လစဉ်ကြေး၏ နှစ်လစာနှင့်ညီမျှသော ကြိုတင်ငွေ

၇ ။ Postpaid to Prepaid ကို ပြောင်းလဲရန် အချိန်ဘယ်လောက်ကြာမလဲ။

သုံးစွဲသူမှ လိုအပ်သော စာရွက်စာတမ်းများထောက်ပံ့ခြင်း၊ လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်ပေးခြင်း၊ထွက်ရှိပြီးသော လစဉ်ငွေတောင်းခံလွှာအားလုံး နှင့် သတ်မှတ်ထားသော ကြိုတင်ငွေများ ပေးချေပြီးပါက  ရုံးဖွင့်ရက် တစ်ရက်အတွင်း Postpaid to Prepaid ကို ပြောင်းလဲပေးပါမည်။

၈ ။ Postpaid account တွင် ပိုနေသည့်ငွေနှင့် လိုသည့်ငွေများအား ရှိပါက မည်သို့ပြုလုပ်မည်နည်း။

Postpaid မှ Prepaid သို့ ပြောင်းလဲရန် လျှောက်ထားသည့်အချိန်တွင် ပေးသွင်းခဲ့သော ကြိုတင်ငွေထဲမှ နောက်လတွင်ထွက်ရှိလာမည့် ငွေတောင်းခံလွှာကို ခုနှိမ်ပြီးနောက် Postpaid စနစ် အသုံးပြုစဉ်ကာလ တွင် ကြွေးကျန် ကျန်ရှိနေသေးပါက MPT မှ စာတိုပေးပို့ပြီး အဆိုပါ ကြွေးကျန်အား Prepaid account ထဲသို့ ပြောင်းရွှေ့သွားမည် ဖြစ်ပြီး Prepaid လက်ကျန်ငွေထဲမှ ဖြတ်တောက်သွားမည်။Postpaid account တွင် ကြိုတင်ငွေ ကျန်ရှိနေပါက MPT မှ စာတိုပေးပို့ပြီး အဆိုပါ ကြိုတင်ငွေ လက်ကျန်အား Prepaid account ထဲသို့ ပြောင်းရွှေ့ပေး သွားမည် ဖြစ်သည်။

MPT U-Life

၁ ။ MPT U-Life ယူလိုက်ဖ် ဆိုတာ ဘာလဲ ?

MPT U-Life (ယူလိုက်ဖ်) သည် MPT SIM သုံးစွဲသူများအတွက်သီးသန့်ပြုလုပ်ထားသည့် ဒစ်ဂျစ်တယ်အာမခံ ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး ဇီ၀က- ကျန်းမာရေးအာမခံ နှင့်သက်တော်စောင့်- ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ပေါ်လစီ များကို ၀ယ်ယူပြီး ထပ်ဆောင်း MPT အကျိုးခံစားခွင့်များကိုလည်း ရယူနိုင်မှာဖြစ်ပါတယ်။

၂ ။ MPT U-Life ဒစ်ဂျစ်တယ်အာမခံ၀န်ဆောင်မှုကိုအသုံးပြုခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူး တွေရရှိနိုင်ပါသလဲ?

လက်ရှိ COVID-19 ကပ်ရောဂါကာလတွင် customer များအနေဖြင့် MPT U-Life(ယူလိုက်ဖ်) ၏ဒစ်ဂျစ်တယ်အာမခံ၀န်ဆောင်မှုများအား လူခြင်းထိတွေ့စရာမလိုဘဲ အွန်လိုင်းမှတဆင့် အလွယ်တကူ ၀ယ်ယူနိုင်ခြင်း ၊ ငွေသား အသုံးပြုစရာမလိုပဲ ဒစ်ဂျစ်တယ်ငွေပေးချေမှုများဖြင့် ပေးချေနိုင်ခြင်း တို့အပြင် MPT ၏ ပရိုမိုးရှင်းတစ်ခုချင်းစီတွင် ထပ်ဆောင်း အကျိုးခံစားခွင့်များကိုပါ ရယူနိုင်မှာဖြစ်ပါတယ်။

၃ ။ MPT U-Life (ယူလိုက်ဖ်) ဒစ်ဂျစ်တယ်အာမခံ ၀န်ဆောင်မှုအား မည်သူတွေ ဝယ်ယူနိုင်ပါသလဲ?

MPT SIM Card အသုံးပြုနေသူများအားလုံး ဝယ်ယူနိုင်ပါတယ်။

၄ ။ အာမခံ အမျိုးအစား ဘယ်နှမျိုးရှိပါသလဲ?

အာမခံ အမျိုးအစား ၂မျိုးရှိပါတယ်။
၁။ ဇီဝက ကျန်းမာရေးအာမခံ
၂။ သက်တော်စောင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ များဖြစ်ပါတယ်။

၅ ။ ဒီအာမခံနှစ်ခု ရဲ့ ကွာြခားချက်တွေက ဘာတွေပါလဲ?

ဇီဝက ကျန်းမာရေးအာမခံသည် COVID-19 ကဲ့သို့ရောဂါများ ၊အခြားသော နေမကောင်းဖျားနာမှုများ ၊ မတော်တဆထိခိုက်ခြင်းများနှင့် ဆက်စပ် သောဆေးရုံတက်ကုသမှုများအတွက်အကျုံးဝင်ပြီးသက်တော်စောင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ သည်မတော်တဆထိခိုက် မှုများအတွက်သာအကျုံးဝင်ပါသည် ဥပမာ: မတော်တဆမှုများနှင့်ဆက်နွယ်သောဆေးရုံတက်ရခြင်းနှင့်အလုပ်မလုပ်နိုင် ခြင်းစသည်တို့ဖြစ်သည်။ အသေးစိတ်သိရှိလိုပါကသက်ဆိုင်ရာအာမခံကုမ္ပဏီ hotlines ဖုန်းများဖြစ်သည့် ဇီဝက ကျန်းမာရေးအာမခံ Hotlines ဖုန်း (09400083003 ၊ 09400083004) နှင့် သက်တော်စောင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ Hotlines ဖုန်း (09 777 100 555) များသို့ နေ့စဉ် တနင်္လာနေ့ မှ သောကြာနေ့ (နံနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း) ခေါ်ဆိုမေးမြန်းစုံစမ်းနိုင်ပါတယ်။

၆ ။MPT U-Life (ယူလိုက်ဖ်) မှတဆင့် အာမခံ ဝယ်ခြင်းဖြင့် MPT user များအတွက် ဘယ်လိုအကျိုးခံစားခွင့်တွေ ပိုမိုရရှိနိုင်ပါssမလဲ?

MPT U-Life (ယူလိုက်ဖ်) ဒစ်ဂျစ်တယ်အာမခံ ၀န်ဆောင်မှုအား အသုံးပြုခြင်းဖြင့် Customer များအနေဖြင့် သက်ဆိုင်ရာ အာမခံ အကျိုးခံစားခွင့်များအပြင်MPTမှထပ်ဆောင်းပေးသော Promotion များကိုပါ ခံစားနိုင်မှာဖြစ်ပါတယ်။

၇ ။အာမခံတစ်ခုစီအတွက် အခြေခံစျေးနှုန်းမှာ ဘယ်လောက်ပါလဲ?

ဇီဝက ကျန်းမာရေးအာမခံကို (သင်၏အသက်အုပ်စုအလိုက်) ၅,၆၀၀ကျပ်မှစတင်၀ယ်ယူနိုင်ပြီး သက်တော်စောင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံကို ၁,၂၅၀ ကျပ် မှစတင်၀ယ်ယူနိုင်ပါတယ်။

၈ ။အာမခံအကြောင်းအသေးစိတ်ကိုမည်သည့်နေရာတွင်ကြည့်ရှုနိုင်ပါသလဲ?

“ပိုမိုကြည့်ရှုရန်” အား နှိပ်ပြီး သက်ဆိုင်ရာ အာမခံ၏ စျေးနှုန် ၊ အာမခံ အကာအကွယ်၊ အာမခံ သက်တမ်းကာလ နှင့် အာမခံ အကျိုးခံစားခွင့် တောင်းခံခြင်း များအကြောင်းအသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

၉ ။ လူတစ်ဦး တည်းမှ ဇီဝက နှင့် သက်တော်စောင့် အာမခံ နှစ်ခုလုံးအား၀ယ်ယူနိုင်ပါသလား?

၀ယ်ယူသူ၏ အာမခံ အကာအကွယ်လိုအပ်ချက်ပေါ်မူတည်ပြီးအာမခံ၀န်ဆောင်မှုနှစ်ခုလုံးအား ၀ယ်ယူနိုင်ပါတယ်။

၁၀ ။ အာမခံ၀န်ဆောင်မှု ကိုဘယ်လိုဝယ်ရမလဲ?

MPT Platform စာမျက်နှာ မှတဆင့် ကြိုက်နှစ်သက်ရာ အာမခံအမျိုးအစားအား ရွေးချယ်ပြီး “ဇီဝက အာမခံ လျှောက်ထားရန်” သို့ “သက်တော်စောင့် အာမခံ လျှောက်ထားရန်” ကို Click နှိပ်ကာ ဝယ်ယူနိုင်ပါတယ်။

၁၁ ။ အာမခံကြေးဘယ်လိုပေးသွင်းရမလဲ?

MPT Pay သို့မဟုတ် MPT ဖုန်းလက်ကျန်ငွေနဲ့ အာမခံကြေးပေးနိုင်ပါတယ်။ သို့သော် အာမခံ၀ယ်ယူရန် လုံလောက်သော လက်ကျန်ငွေထားရှိရန်လိုအပ်ကြောင်း သတိပြုစေလိုပါတယ်။

၁၂ ။ အာမခံ အကျိုးခံစားခွင့် မည်သို့ တောင်းခံနိုင်ပါသလဲ?

၀ယ်ယူသူအနေဖြင့် အွန်လိုင်းမှ တဆင့် သက်ဆိုင်ရာ အာမခံ အကျိုးခံစားခွင့် တောင်းခံခြင်း အတွက် လျှောက်ထားနိုင်ပြီး လိုအပ်သောအချက်အလက် နှင့်စည်းမျည်းစည်းကမ်း အသေးစိတ်များအတွက် သက်ဆိုင်ရာအာမခံ ကုမ္ပဏီများ၏ Hotlines ဖုန်းများဖြစ်သည့် ဇီဝက ကျန်းမာရေးအာမခံ Hotlines ဖုန်း (09400083003 ၊ 09400083004) နှင့် သက်တော်စောင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ Hotlines ဖုန်း (09 777 100 555) များသို့ နေ့စဉ် တနင်္လာနေ့ မှ သောကြာနေ့ ( နံနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း ) ခေါ်ဆိုမေးမြန်းစုံစမ်း နိုင်ပါတယ်။