မေးလေ့ရှိသောမေးခွန်းများ
(၁) “Dream Come True - ရွှေအိမ်မက်” ကံစမ်းမဲ အစီအစဥ်ဆိုတာ ဘာလဲ
MPT က ပြုလုပ်ပေးတဲ့ မြန်မာနိုင်ငံမှာ နေထိုင်ပြီး MPT အသုံးပြုနေတဲ့ ပြည်သူတွေရဲ့ အိပ်မက်တွေကို တဖက်တလမ်းကနေ ဖော်ဆောင်ပေးနိုင်ဖို့ ကူညီပေးတဲ့ ကံစမ်းမဲ အစီအစဥ်တစ်ခုဖြစ်ပါတယ်။
(၂) ဘယ်သူတွေပါဝင်လို့ရပါသလဲ
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း မှတ်ပုံတင်ထားတဲ့ MPT SIM Card ကိုင်ဆောင်ထားသူတိုင်းပါဝင်ကံစမ်းနိုင်ပါတယ်။
(၃) MPT မဟုတ်တဲ့ တခြား SIM Card တွေနဲ့ရော ပါဝင်လို့ရပါသလား
မရပါဘူး
(၄) ဘယ်လိုပါဝင်ကံစမ်းရမလဲ
MPT က သတ်မှတ်ထားတဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/mptGoldendream မှာ လူကြီးမင်းတို့ ဖော်ဆောင်ချင်တဲ့ အိမ်မက်တွေကို စာရင်းပေးသွင်းပြီးတော့ ပါဝင်ကံစမ်းရမှာ ဖြစ်ပါတယ်။
(၅) အရင်ကံစမ်းမဲတွေလို ဖုန်းငွေဖြည့်ပြီးမှ ကံစမ်းရမှာလား
ဖုန်းငွေဖြည့်သွင်းရန်မလိုပါဘူး
(၆) ဆုအားလုံးပေါင်း ဘယ်နှဆုရရှိမှာပါလဲ
အားလုံးပေါင်း (၇) ဆုရရှိမှာပါ
(၇) ဖုန်းနံပါတ်တစ်ခုကို ဘယ်နှကြိမ်ပါဝင်လို့ရပါသလဲ
ဖုန်းနံပါတ်တစ်ခုအတွက် တစ်ကြိမ်သာ ပါဝင်ကံစမ်းခွင့်ရှိမှာ ဖြစ်ပါတယ်။
(၈) ပြည်ပရောက် မြန်မာနိုင်ငံသားတွေရောပါဝင်လို့ရပါသလား
မြန်မာနိုင်ငံအတွင်းနေထိုင်ပြီး စနစ်တကျ မှတ်ပုံတင်ထားသော MPT SIM Card ကိုင်ဆောင်သူများသာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်
(၉) ဘာသာစကားက ဘယ်လိုရေးပေးရမလဲ
မြန်မာ (သို့) အင်္ဂလိပ် နှစ်မျိုးလုံးနဲ့ ရေးလို့ရပါတယ်
(၁၀) ကံစမ်းမဲ အချိန်ကာလက ဘယ်လောက်ကြာမှာလဲ
စုစုပေါင်း (၃) ပါတ်ကြာမြင့်မှာ ဖြစ်ပါတယ်
(၁၁) ဘယ်နေ့ကနေ ဘယ်နေ့အထိ စာရင်းပေးသွင်းရမလဲ
စက်တင်ဘာလ (၁၇) ရက်နေ့ကနေ အောက်တိုဘာလ (၇) ရက်နေ့အတွင်း လူကြီးမင်းတို့ရဲ့ ရွှေအိပ်မက်များကို စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။
(၁၂) ဘယ်လိုဆက်သွယ်ပေးမှာလဲ
စာရင်းပေးသွင်းထားတဲ့ MPT ဖုန်းနံပါတ်တွေကို ဦးစွာ MPT မှ ဖုန်းဆက်အကြောင်းကြားပေးမှာဖြစ်ပါတယ်
(၁၃) ကံစမ်းမဲပေါက်တဲ့ အနိုင်ရရှိသူတွေကို ဘယ်နေ့ကြေငြာပေးမှာလဲ
စာရင်းပိတ်သောနေ့ အောက်တိုဘာလ (၇) ရက်နေ့ နောက်ပိုင်း ၂၀၂၀ ခုနှစ် အောက်တိုဘာလအတွင်း ဆက်သွယ်ပေးပြီး ကြေငြာပေးသွားမှာဖြစ်ပါတယ်။
(၁၄) ကံထူးသွားတဲ့ ကံထူးရှင်ရဲ့ အိမ်မက်ကို ဘယ်အချိန်စတင် အကောင်အထည်ဖော်ပေးမှာလဲ
အောက်တိုဘာလ ၂၀၂၀ မှ ဇန်နဝါရီလ ၂၀၂၁ ခုနှစ်အတွင်း အကောင်အထည်ဖော်ပေးသွားမှာဖြစ်ပါတယ်
(၁၅) အိမ်မက်တွေက ဘယ်လိုမျိုးတွေ သတ်မှတ်ထားပါသလဲ
-တစ်ဦးတစ်ယောက်တည်းအတွက်ဖြစ်သော
-ရပ်ရွာ မြို့နယ်တစ်ခုခုအတွက် ဦးတည်သော
-မိသားစုအတွက်ဦးတည်သော အိမ်မက်အမျိုးအစားများဖြစ်ရပါမယ်။ နိုင်ငံရေးနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ သက်ရောက်နေသော အိမ်မက်များကို ထည့်သွင်းစဥ်းစားမည် မဟုတ်ပါ
(၁၆) ဆုကြေးက ဘယ်လောက်လဲ
ကံထူးသွားတဲ့ လူကြီးမင်းတို့ရဲ့ ရွှေအိပ်မက်ပေါ်မူတည်ပြီး အများဆုံး ကျပ်သိန်း (၅၀၀) ဖြစ်ပါတယ်။