Getting Started faqs mm

Getting Started

1.MPT SIM Card တစ်ခုရဲ့စျေးနှုန်းကဘယ်လောက်လဲ။

MPT SIM Card တစ်ခုလျှင် ၁၅ဝဝကျပ်နှင့် ဝယ်ယူနိုင်ပါသည်။

2. MPT SIM Card စတင်သုံးစွဲပါက ဘယ်လိုလက်ဆောင်တွေရရှိနိုင်မှာပါလဲ။

SIM Card စတင်အသုံးပြုပြီး (၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ဖုန်းငွေဖြည့်ပါက အပိုလက်ဆောင်များကို အောက်ပါအတိုင်းရရှိနိုင်မည်ဖြစ်ပါသည်။

ငွေဖြည့်ပမာဏ [ကျပ်]Main Balance [ကျပ်]ပထမဆုံးငွေဖြည့်လက်ဆောင်သက်တမ်းမှတ်ချက်
500 ကျပ်ငွေဖြည့်ပမာဏ 500 ကျပ်2GB + ရက်ပေါင်း ၉၀ ညဘက် Facebook အခမဲ့အသုံးပြုခွင့်၆၀ ရက်အကန့်အသတ်မရှိ Facebook App/ Browser မှ Facebook (ပြင်ပ links များမပါဝင်) နှင့် Messenger (Voice, Video calls များမပါဝင်) ကို ည၁၁နာရီမှ မနက်၇နာရီအထိ အခမဲ့အသုံးပြုနိုင်ပါသည်။
1000 ကျပ် နှင့်အထက်ငွေဖြည့်ပမာဏ500Ks + ရက်ပေါင်း ၉၀ ညဘက် Facebook အခမဲ့အသုံးပြုခွင့်
1099 ကျပ်2GB + 1000Ks + ရက်ပေါင်း ၉၀ ညဘက် Facebook အခမဲ့အသုံးပြုခွင့်

3. SIM Card ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို ဘယ်သူတွေရရှိနိုင်မှာလဲ။

MPT SIM Card အသစ် GSM/WCDMA (Prepaid စနစ်) အသုံးပြုသူများသည် SIM Card စတင်အသုံးပြုပြီး (၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ဖုန်းငွေဖြည့်ပါက ည ၁၁နာရီမှ မနက် ၇နာရီအထိ အခမဲ့ Facebook အသုံးပြုခွင့် အပါအဝင် ဖုန်းငွေဖြည့်အပိုလက်ဆောင်ကိုချက်ချင်း ရရှိမည်ဖြစ်ပါသည်။

4. SIM Card ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို ဘယ်လိုအသုံးပြုနိုင်ပါသလဲ။

  • ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို မည်သည့်ကွန်ယက် (မည်သည့် အော်ပရေတာ)ကိုမဆို ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်းတို့အတွက် သုံးသလောက်ပေးနှုန်းထားများ အတိုင်း ရက်ပေါင်း(၆၀) အသုံးပြုနိုင်ပါသည်။
  • ရရှိထားသောဒေတာလက်ဆောင်(GB) ကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် ရက်ပေါင်း(၆၀) အသုံးပြုနိုင်ပါသည်။
  • ည ၁၁နာရီမှမနက် ၇နာရီအထိ Facebook App/ Browser မှ Facebook နှင့် Messenger အခမဲ့ အသုံးပြုခွင့်ကို ရက်ပေါင်း(၉၀)အသုံးပြုနိုင်ပါသည်။
  • ငွေဖြည့်ပမာဏ (Main Balance) ကို မည်သည့်ဖုန်းဘေလ်အသုံးပြုမှုအတွက်မဆို ငွေဖြည့်သွင်းသည့်ရက်မှ (၃၆၅) ရက် အသုံးပြုနိုင်ပါသည်။

5. ပထမဆုံးတစ်ကြိမ် ၅၀၀ကျပ်ငွေဖြည့်သွင်းထားပါတယ်။ မည်သည့်အပိုလက်ဆောင်ရရှိမှာလဲ။

ပထမဆုံးတစ်ကြိမ် ၅၀၀ကျပ် ငွေဖြည့်သွင်းပါက ငွေဖြည့်ပမာဏ ၅၀၀ ကျပ်ကို (၃၆၅) ရက် အသုံးပြုနိုင်ပြီး ပထမဆုံးငွေဖြည့်လက်ဆောင်အနေဖြင့် အင်တာနက်အသုံးပြုမှုအားလုံးအတွက် 2GB ရက်ပေါင်း (၆၀) နှင့် ည ၁၁နာရီမှ မနက် ၇နာရီအထိ အခမဲ့ Facebook အသုံးပြုခွင့် ရက်ပေါင်း (၉၀) ရရှိအသုံးပြုနိုင်မည်ဖြစ်ပါသည်။

6. MPT SIM Card အသစ်ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် စတင်အသုံးပြုပြီးနောက်(၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ဖုန်းငွေဖြည့်တဲ့အခါမှာတော့ မည်သည့်အပိုလက်ဆောင်မှမရရှိပါဘူး။ ဘာဖြစ်လို့ပါလဲ? ဘယ်လို စုံစမ်းမေးမြန်းနိုင်ပါသလဲ?

MPT SIM Card အသစ် စတင်အသုံးပြုသူများသည် SIM Card ကို Activate ပြုလုပ်ပြီးမှသာ ဖုန်းငွေဖြည့်ခြင်းဖြင့် အပိုလက်ဆောင်ကိုရရှိနိုင်မည်ဖြစ်ပါသည်။
• SIM Card ကို Activate ပြုလုပ်ရန် – (*124#) ကို ရိုက်နှိပ်ခေါ်ဆိုခြင်း(သို့မဟုတ်) ဖုန်းတစ်ကြိမ်ခေါ်ဆိုခြင်း။
• 106 (Call Center) သို့ ဖုန်းခေါ်ဆို၍လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

7. ဆင်းကတ်အသစ်အတွက် ပထမဆုံးအကြိမ်ငွေဖြည့်ခြင်းဖြင့် ပထမဆုံးငွေဖြည့်လက်ဆောင်အပြင် အခြားငွေဖြည့်လက်ဆောင်များပါ ရရှိမှာပါလား။

မရရှိနိုင်ပါ။ ဆင်းကတ်အသစ်ဝယ်ယူ၍ စတင်အသုံးပြုပြီးနောက်(၇)ရက်အတွင်း ပထမဆုံးအကြိမ်ငွေဖြည့်ခြင်းဖြင့် ပထမဆုံးငွေဖြည့်လက်ဆောင်ကိုသာ ရရှိနိုင်မည်ဖြစ်ပါသည်။ စတင်အသုံးပြုပြီးနောက်(၇)ရက်ကျော်လွန်ပြီး ပထမဆုံးအကြိမ်ငွေဖြည့်ပါက ပထမဆုံးငွေဖြည့်လက်ဆောင်ကို ရရှိနိုင်မည်မဟုတ်ဘဲ အခြားငွေဖြည့်လက်ဆောင်များကို သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ခံစားခွင့်ရှိမည်ဖြစ်ပါသည်။

8. MPT ဆင်းကဒ် ၀ယ်ဖို့ မည်သည့်အထောက်အထားလိုအပ်ပါသလဲ?

MPT ဆင်းကဒ်များကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ဖုန်းဟန်းဆက် အရောင်းဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်း ဆိုင်များ၊ ကုန်စုံဆိုင်နှင့်စတိုးဆိုင်များ အစရှိသည့်နေရာများတွင်လွယ်ကူစွာဝယ်ယူ ရရှိနိုင်မည်ဖြစ်သည်။ ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် အနည်းဆုံး နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အခြားသောစိစစ်ရေး ကတ်၏ မိတ္တူ  (အကယ်၍ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ်) တို့ကို ယူဆောင်လာရန် လိုအပ်ပါသည်။

9. APN setting ကိုဘယ်လိုရယူနိုင်မလဲ?

အင်တာနက် အသုံးပြုရန် APN ချိန်ညှိခြင်းရွှေစကား၊ ရှယ်ပြော(သို့) ဆွေသဟာကို ရယူခြင်းဖြင့် မြန်ဆန်သော အင်တာနက်ကို အလိုအလျှောက်ရရှိမည် ဖြစ်ပါသည်။

အလိုအလျှောက် APN Setting ဝန်ဆောင်မှုသည် GSM/WCDMAဖုန်းများအတွက်သာဖြစ်ပြီးCDMA

ဖုန်းများတွင်အသုံးပြုနိုင်မည်မဟုတ်ပါ။

အချို့သော Handset များတွင် Auto APN settingအား အလိုအလျောက်အသုံးပြုနိုင်ခြင်းမရှိပါ။ ထို့ကြောင့် APN setting ကို ကိုယ်တိုင်ရိုက်နှိပ်ရယူရမှာဖြစ်ပါတယ်။

Andriod ဖုန်းအသုံးပြုသူများ : Mobile Network > Access Point Name>Name – mptnet, APN – mptnet

iOS ဖုန်းအသုံးပြုသူများ : Setting > Cellular > Cellular Data Network > Name – mptnet, APN  mptnet

အင်တာနက်အားအသုံးပြုလိုခြင်းမရှိပါက mptnet အားပယ်ဖျက်ခြင်းဖြင့် APN settingအား ရပ်တန့်နိုင်ပါသည်။

အသုံးပြုသူအနေဖြင့် မည်ကဲ့သို့ပြုလုပ်ရမည် ကိုမသိရှိပါက “ Call Center 106” အားခေါ်ဆို မေးမြန်းနိုင်ပါသည်။

10. “Dear MPT customer, your handset is not configurable, remotely. Please ensure your APN is set to “mptnet”. Call 106 for assistance”. ဆိုတဲ့စာတိုကို လက်ခံရရှိပါတယ်။ အဲ့ဒီစာကဘာလဲ။

အချို့သော မိုဘိုင်းဟန်းဆက်များမှာ APN Setting ကို အလိုလျှောက်ရယူနိုင်ခြင်းမရနိုင်ပါ။ ဒါကြောင့် APN Setting ကို ကိုယ်တိုင် ရိုက်နှိပ်ပြီး ရယူရမှာဖြစ်ပါတယ်။ အကယ်၍ မိုဘိုင်းဖုန်းအသုံးပြုသူဟာ APN Setting မည်သို့ ချိန်ရမည်ကို မသိရှိပါက ဖုန်းနံပါတ် ၁၀၆သို့ ခေါ်ဆိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

11. “Thank you, your request is being processed. If you receive internet settings on your phone, please accept. If asked for a PIN, please use 3333.” ဆိုတဲ့စာတိုကို လက်ခံရရှိပါတယ်။ အဲ့ဒီစာကဘာလဲ။

အဆိုပါ စာတိုကို နှိပ်ခြင်းအားဖြင့် APN setting ကိုအလိုလျှောက်ရယူနိုင်ကြောင်း အသိပေးသည့် စာတိုဖြစ်ပါတယ်။

11. Internet Setting ဝန်ဆောင်မှုကို ဘယ်သူတွေက အကျုံးဝင်ပါသလဲ?

MPT GSM/WCDMA မိုဘိုင်းဖုန်းအသုံးပြုသူအားလုံးအကျုံးဝင်ပါတယ်။

12. အင်တာနက်ကို မသုံးချင်တော့ရင် ဘယ်လိုလုပ်ရမလဲ?

APN Setting ထဲမှ “mptnet” ကို ဖျက်ရမှာဖြစ်ပါတယ်။

13. ယခုရရှိမည့် Internet setting ဝန်ဆောင်မှုအတွက် ဝန်ဆောင်ခပေးရမှာလား?

မည်သည့်ဝန်ဆောင်ခမှ ပေးစရာမလိုပါ။

Billing New Service Policy FAQs mm version

ငွေပေးချေမှုဆိုင်ရာ မူဝါဒ အသစ်

၁။ မူဝါဒရဲ့ ရည်ရွယ်ချက်က ဘာလဲ?

မူဝါဒရဲ့ ရည်ရွယ်ချက်တွေကတော့ လစဉ် ပုံမှန်ငွေပေးဆောင်သော သုံးစွဲသူတွေအနေနဲ့ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အဆင်ပြေစွာ သုံးစွဲနိုင်စေရန်ရည်ရွယ်ပါသည်။

၂။ ဘယ်လိုဝန်ဆောင်မှုတွေက သက်ရောက်မှုရှိမှာလဲ?

မူဝါဒအသစ်သည် သုံးစွဲသူများအား ပေးထားသော B2C ဝန်ဆောင်မှုများဖြစ်သည့် GSM, CDMA, PSTN, ADSL, IP Star နှင့် FTTH တို့ဖြစ်သည်။

၃။ မူဝါဒကိုကျင့်သုံးခြင်းဖြင့် ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ?

ဒီမူဝါဒကို ကျင့်သုံးခြင်းဖြင့် သတ်မှတ်ရက်အတွင်း ငွေပေးဆောင်ခြင်းမရှိသော သုံးစွဲသူများသည် ၎င်းတို့ ရယူထားသော ဝန်ဆောင်မှုများ ယာယီဆိုင်းငံ့ခံရခြင်း သို့မဟုတ် အပြီးပိတ်သိမ်းခံရခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

၄။ ဒီလိုမူဝါဒကိုသုံးစွဲသူတွေအပေါ်ကျင့်သုံးလို့ရပါသလား။?

ပိုမိုအရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုပေးရန်အတွက် Postpaid ဝန်ဆောင်မှုအား သုံးစွဲရန် လျှောက်ထားသော သုံးစွဲသူများအားလုံးတွင် ယခုကဲ့သို့သော မူဝါဒ ကျင့်သုံးရန်လိုအပ်သည်။ ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှုပေးသော ဌာနများတွင်သာမက အခြား postpaid ဝန်ဆောင်မှုများဖြစ်သော ရေ၊ လျှပ်စစ်၊ ဂတ်စ် အစရှိသည့် ဌာနများတွင်လည်း ယခုကဲ့သို့ မူဝါဒရှိပါသည်။

၅။ ကျွန်ုပ်သည် ယာယီဆိုင်းငံခြင်းသို့မဟုတ် အပြီးပိတ်သိမ်းခြင်းစာရင်းတွင် မပါဝင်အောင် ဘယ်လိုလုပ်ရမလဲ?

၁၀၆ (call center) သို့မဟုတ် နီးစပ်ရာ TRA နှင့် commercial ရုံးများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

၆။ ယာယီရပ်ဆိုင်းခြင်းခံရသော ဝန်ဆောင်မှုများကို ဘယ်လိုပြန်ဖွင့်ရမလဲ?

ငွေပေးချေရန် သတ်မှတ်ရက်လွန်နေသော ငွေတောင်းခံလွှာများ လက်ဝယ်ရှိပါကနီးစပ်ရာ MPT ၏ ငွေလက်ခံကောင်တာများ၊ စာတိုက်များ၊ ဘဏ်များဖြစ်ကြသည့် (KBZ/CB/AYA) ဘဏ်များ၊ MPT GSM ငွေဖြည့်ကဒ်ဖြင့် ပေးချေမှု နှင့် MPT မှသတ်မှတ်ထားသော တယ်လီဖုန်းဌာနများတွင် ပေးချေနိုင်မည် ဖြစ်သည်။ ထိုငွေတောင်းခံလွှာများ လက်ဝယ်မရှိပါက SMS (သို့) Email မှတစ်ဆင့် ရယူနိုင်ရန်အတွက် Call Center (106) သို့ ခေါ်ဆိုရယူနိုင်ပါသည် ။ FTTH Service အတွက် (2800) သို့ ခေါ်ဆိုနိုင်ပါသည်။ ထို ငွေပေးချေလွှာများအား အပြည့်အ၀ ပေးချေပြီးပါက ရပ်ဆိုင်းခံထားရသော ဝန်ဆောင်မှုများသည် အလုပ်ဖွင့်ရက်အနည်းငယ်အတွင်း ပြန်လည် အသုံးပြုလို့ရမည်ဖြစ်သည်။

၇။ အပြီးပိတ်သိမ်းခြင်းခံရသောဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုရန် ဘယ်လိုလုပ်ရမလဲ?

ပြန်လည်အသုံးပြုရန်အတွက် လျှောက်ထားမည်ဆိုပါက နီးစပ်ရာ commercial ရုံးများသို့သွားရောက်ကာ ကနဦးအစမှ လျှောက်ထားသလို အစအဆုံးပြန်လည် လုပ်ဆောင်ရမည်ဖြစ်သည်။ အပြီးပိတ်သိမ်းလိုက်သော ဝန်ဆောင်မှုများကို ပြန်လည် အသုံးပြု၍မရပါ။ အသစ်မှစတင်၍ ပြန်လည် လျှောက်ထားရမည်ဖြစ်သည်။ သို့သော်လည်း သုံးစွဲသူ ယခင် အသုံးပြုခဲ့သော ဖုန်းနံပါတ်ကို ပြန်လည် ရယူနိုင်မည်ကိုမူ အာမခံနိုင်မည်မဟုတ်ပဲ အခြေအနေပေါ်မူတည်၍ ဖုန်းနံပါတ် အသစ် ဖြစ်သွား နိုင်မည် ဖြစ်သည်။

MPT Money FAQs mm

MPT Money

1. MPT Money ဆိုတာဘာလဲ။

MPT Money ဆိုသည်မှာ မြန်မာပြည်အတွင်း အချိန်မရွေး နေရာမရွေး ငွေလွှဲပို့နိုင်သော ဝန်ဆောင်မှုဖြစ်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ အကောင့်အတွင်း ငွေသိမ်းဆည်းခြင်း၊ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းများကို MPT Money အကောင့်မှတဆင့် ပြုလုပ်နိုင်ပါတယ်။

2. MPT Money ကိုဘယ်သူတွေအသုံးပြုနိုင်ပါသလဲ။ မှတ်ပုံတင်ရန်အတွက် ဝန်ဆောင်ခဘယ်လောက်ပေးရပါ့မလဲ။

MPT, Telenor, Ooredoo နှင့် MyTel မည်သည့် ဆင်းကဒ်သုံးစွဲသူမဆို MPT Money ကိုအသုံးပြုနိုင်ပါတယ်။ မှတ်ပုံတင်ကြေးကတော့အခမဲ့ပါ။

3. MPT Money အကောင့်ထားရှိခြင်းရဲ့အားသာချက်တွေက ဘာလဲ။

MPT Money အကောင့်ဖြင့် အောက်ပါ ဝန်ဆောင်မှုများကို အချိန်မရွေး နေရာမရွေး အသုံးပြုနိုင်ပါတယ်။ – MPT Money အကောင့်အချင်းချင်းငွေလွှဲခြင်း (P2P) – ဖုန်းငွေဖြည့်ခြင်း (မိမိဖုန်း/ အခြားဖုန်း) – ဈေးဝယ်ခြင်းများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ ငွေပေးချေခြင်း – ဘီလ်ကျသင့်ငွေများ ပေးချေနိုင်ခြင်း – ATM စက်မှ ငွေထုတ်ယူနိုင်ခြင်း – ငွေသွင်း/ ငွေထုတ် လုပ်နိုင်ခြင်း

4။ MPT Money အကောင့်ကို ဘယ်လိုမှတ်ပုံတင်ရမလဲ။

“ MPT Money အက်ပလီကေးရှင်းမှ

Step 1: Sign Up Now ကိုနှိပ်ပါ။

Step 2: အကောင့်ပြုလုပ်မည့် ဖုန်းနံပါတ်နှင့် အမည် ကို ဖြည့်ပါ။

Step 3: မှတ်ပုံတင်ရန်အကြောင်းကြားသည့် စာတို (SMS) မှ PIN နံပါတ်ဖြင့် အကောင့်ကို စတင်ပါ။

Step 4: အကောင့်ဖွင့်ပြီးကြောင်း အတည်ပြုသည့် စာတို (SMS) ရရှိပါက MPT Money ဝန်ဆောင်မှုကို စတင် အသုံးပြုနိုင်ပါပြီ။

USSD Menu မှ

Step 1: *999# ကို နှိပ်၍ ခေါ်ဆိုပါ။

Step 2: ဘာသာစကားရွေးချယ်မှုပြုလုပ်ရန် မြန်မာဘာသာ အတွက် 1ကို နှိပ်ပါ။ အင်္ဂလိပ်ဘာသာအတွက် ဆိုပါက 2 ကို နှိပ်ပါ။

Step 3: မှတ်ပုံတင်ခြင်းကို အတည်ပြုရန် 1 ကို နှိပ်ပါ။

Step 4: သင်၏အမည်ကို အင်္ဂလိပ်လို ဖြည့်ပါ။

Step 5: အမည်မှန်ကြောင်းအတည်ပြုရန် 1 ကို နှိပ်ပြီးလျှင် မှတ်ပုံတင်ခြင်းကို အကြောင်းကြားသည့် စာတို (SMS) ရရှိပါလိမ့်မည်။

Step 6: အကောင့်စတင်အသုံးပြုရန် *999# ကို ခေါ်ဆို၍ ညွှန်ကြားချက်များကို လိုက်နာပါ။

Step 7: အကောင့်ဖွင့်ပြီးကြောင်း အတည်ပြုသည့် စာတို (SMS) ရရှိပါက MPT Money ဝန်ဆောင်မှုကို စတင် အသုံးပြုနိုင်ပါပြီ။”

5 . PIN နံပါတ်မေ့သွားလျှင် ဘယ်ကိုဆက်သွယ်ရပါ့မလဲ။

MPT သုံးစွဲသူများသည် Customer Care နံပါတ် 999 ကို ခေါ်ဆို၍ သို့ Agent Care နံပါတ် 990 ကို ခေါ်ဆိုမေးမြန်း နိုင်ပါသည်။ အခြား မိုဘိုင်းဖုန်း သုံးစွဲသူများ မှ 012323990 သို့ခေါ်ဆိုမေးမြန်း နိုင်ပါသည်။

6 . IMPT Mobile Money ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို ပြောင်းလဲလို့ရနိုင်ပါသလား။

ဟုတ်ကဲ့ ရပါတယ်။ သုံးစွဲသူတွေအနေနဲ့ MPT Mobile Money အကောင့်ကို ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို ပြောင်းလဲချင်ပါက Customer Care 999 သို့ ဖုန်းခေါ်ဆိုပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာလုပ်ဆောင်ပါ။ နံပါတ်ပြောင်းလဲမှု အတည်ပြုပြီးစီးပြီးနောက်တွင် SIM ကဒ်အသစ် သို့ အကောင့်ထဲတွင်ရှိသော ငွေများကို လွှဲပြောင်းပေးမှာဖြစ်ပါတယ်။

7. MPT Mobile Money အကောင့်က မည်သည့်အတိုင်းအတာအထိ လုံခြုံစိတ်ချမှုရှိပါသလဲ။

ကျေးဇူးပြု ၍ Customer Care 999 သို့ ဖုန်းခေါ်ဆိုပြီး သင့်ရဲ့ ဖုန်းပျောက်ဆုံးကြောင်းကို အကြောင်းကြားပေးပါ။ Customer Care မှ တာဝန်ရှိသူက သင့် ရဲ့ အသေးစိတ်အချက်အလက်ကို အတည်ပြု ပြီး၊ သင့်ရဲ့ အကောင့်ကို ယာယီ အသုံးပြုခွင့် ရပ်နားထားမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ SIM ကဒ် အစားထိုးရရှိပြီးချိန်တွင် သင့်အကောင့်ကို ပြန်လည် အသုံးပြုနိုင်ရန် Customer Care ကို ဆက်သွယ်ပါ။

8. MPT Mobile Money ရဲ့ကိုယ်စားလှယ်အနေနဲ့လုပ်ကိုင်လိုပါက မည်သူ့ထံဆက်သွယ်ရန်လိုအပ်ပါသလဲ။

ကျေးဇူးပြု၍ Customer Care 999 သို့ ဖုန်းခေါ်ဆိုပြီး သင့်ရဲ့ လုပ်ငန်းအသေးစိတ်ကြောင်းကို ပြောပြပါ။ သို့မဟုတ် MPT Mobile Money Customer Care Teamရဲ့ Email ဖြစ်တဲ့ [email protected] သို့ သင့်ရဲ့ လုပ်ငန်းအသေးစိတ်အကြောင်း ကို ပေးပို့နိုင်ပါတယ်။ MPT Money Sales & Distribution ဌာနက သင့်ထံ သို့ ပြန်လည် ဆက်သွယ်ပေးမှာဖြစ်ပါတယ်။

9. MPT Money အကောင့်မရှိတော့လျှင် MPT Moneyကို ဆက်လက်အသုံးပြုနိုင်ပါသလား။

သင့်၏ နိုင်ငံသားစီစစ်ရေးကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ် ဖြင့် MPT Money ကိုယ်စားလှယ်နေရာများတွင် ငွေလွှဲခြင်း၊ ငွေထုတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။

10. MPT Money ကိုယ်စားလှယ် ဆိုတာဘာလဲ။

“ MPT Money ကိုယ်စားလှယ် ဆိုသည်မှာ MPT Money ဝန်ဆောင်မှုအကြောင်း ရှင်းလင်းပြောပြပေးနိုင်သူ ဖြစ်ပြီး အောက်ပါ ဝန်ဆောင်မှုများကို ပြုလုပ်ပေးနိုင်သူ ဖြစ်သည်။ – သင်၏ MPT Money အကောင့်မှ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ – ဘောက်ချာဖြင့် ငွေထုတ်ခြင်း၊ – ကိုယ်စားလှယ်မှ တဆင့် ငွေလွှဲခြင်း – သုံစွဲသူအကောင့် အဆင့်မြှင့်တင်ခြင်း”

11. MPT Money ကုန်သည် ဆိုတာဘာလဲ။

MPT Money ကုန်သည် ဆိုသည်မှာ ကုန်စည်ပစ္စည်းဝယ်ယူခြင်းများအတွက် MPT Money ဖြင့် အီလက်ထရောနစ် ပိုက်ဆံကို လက်ခံပေးနိုင်သူ ဖြစ်သည်။

Lo Ta YA FAQS mm

Lo Ta YA

၁။ လိုတရ ဆိုတာဘာလဲ။

လိုတရ ဆိုသည်မှာ သင်၏နေ့စဉ် လိုအပ်သမျှ သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် စုံလင်စွာ သိရှိနိုင်မည့် MPT ၏ အက်ပလီကေးရှင်းတစ်ခုဖြစ်ပါသည်။

၂။ လိုတရ အက်ပလီကေးရှင်းကို ဘယ်လို ဒေါင်းလုဒ်ရယူနိုင်ပါသလဲ။

လိုတရ အက်ပလီကေးရှင်းကို အလွယ်ကူဆုံးနည်းလမ်းအနေဖြင့် *2727# ကိုခေါ်ဆို၍ လိုတရ၏ ဒေါင်းလုဒ် URL ကိုရယူလိုက်ပါ။လိုတရဝက်ဆိုက်ဒ်မှ အခမဲ့ ဒေါင်းလုဒ်ရယူနိုင်ပြီး Apple Store နှင့် Google Play Store တို့တွင်လည်း ဒေါင်းလုဒ်ရယူနိုင်ပါသည်။(App Store နှင့် Google Play Store တို့မှ ဒေါင်းလုဒ်ရယူခြင်းအတွက် Data Charges များကျသင့်ပါမည်။ )

၃။ လိုတရ အက်ပလီကေးရှင်းကို မည်သည့်ဖုန်းအမျိုးအစားများဖြင့် အသုံးပြုနိုင်ပါသလဲ။

လိုတရ အက်ပလီကေးရှင်းကို Android ဖုန်းတွင်သာမက iPhone များဖြင့်လည်း အသုံးပြုနိုင်ပါသည်။

၄။ လိုတရ အက်ပလီကေးရှင်းတွင် မည်သည့်ဝန်ဆောင်မှုများ ရရှိနိုင်ပါသလဲ။

လိုတရ အက်ပလီကေးရှင်းတွင် နောက်ဆုံးရ သတင်းအစုံ၊ဂိမ်း၊ဗေဒင်၊တရားတော်၊မိုးလေဝသ သတင်းများ၊ ရှေးဦးပြုစုနည်းလမ်းများ၊ ကူပွန်၊ MPT ၏ အပိုထပ်ဆောင်ဝန်ဆောင်မူ၊ MNL ဘောလုံးသတင်းများ၊ သတင်းနှင့်ဖျော်ဖြေရေးအစီအစဉ်များ အချိန်နှင့် တပြေးညီ သိရှိနိင်ပါသည်။

၅။ လိုတရ အက်ပလီကေးရှင်းတွင် ဘယ်လိုဂိမ်းအမျိုးအစားများရရှိနိုင်ပါသလဲ။

လိုတရ အက်ပလီကေးရှင်းတွင် ဝက်ဆိုက်မှ တိုက်ရိုက်အခမဲ့ ဆော့နိုင်ပြီး နာမည်ကြီး အက်ပလီကေးရှင်းဂိမ်းအကြောင်းအရာများကိုလဲ ဖတ်ရှုနိုင်ပါသည်။

Default Language ပြောင်းလဲခြင်း

Default Language ပြောင်းလဲခြင်း

၁။ MPTက ပေးပို့တဲ့ SMS “Mingalarbar! Your default language have been changed to Burmese from now on. You will receive MPT SMS in Burmese. If you want to change it to English please dial *106*7*1#“ ကိုလက်ခံရရှိပါတယ်။ Default Language Change ဆိုတာ ဘာကိုဆိုလိုတာပါလဲ။

သုံးစွဲသူများ၏ အကြံပေးချက်အရ MPT သည် default language ကို မြန်မာဘာသာစကားသို့ပြောင်းလဲခြင်းဖြစ်ပြီး သုံးစွဲသူများသည် MPT မှ ပေးပို့သော စာတိုများကို မြန်မာဘာသာဖြင့်သာ လက်ခံရရှိမည်ဖြစ်ပါသည်။ USSD Menu ကိုလည်း မြန်မာဘာသာစကားဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ယခုပြောင်းလဲမှုသည် သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေလွယ်ကူစေမည်ဖြစ်ပါသည်။

၂။ ကျွန်တော့်ရဲ့ Default Language ကို English ဘာသာသို့ပြောင်းလို့ရပါသလား။

ပြောင်းလဲနိုင်ပါသည်။ *106*7# ကိုရိုက်နှိပ်ခေါ်ဆိုပြီး ကြိုက်နှစ်သက်ရာ ဘာသာစကား(Eng or Burmese) သို့ပြောင်းလဲနိုင်ပါသည်။
(သို့မဟုတ်)
Default Language ကို English ဘာသာစကားသို့ပြောင်းလဲရန် *106*7*1# ကိုရိုက်နှိပ်ခေါ်ဆိုပါ။
Default Language ကို မြန်မာဘာသာစကားသို့ပြောင်းလဲရန် *106*7*2# ကိုရိုက်နှိပ်ခေါ်ဆိုပါ။

၃။ Default Language မြန်မာဘာသာစကားသို့ပြောင်းလဲခြင်းက MPT SIM Card အသစ်အသုံးပြုသူတွေအတွက်ပါပဲလား။

မဟုတ်ပါဘူး။ လက်ရှိတွင် English Default Language နှင့် MPT SIM Card အသစ်အသုံးပြုသော GSM/WCDMAဖုန်းအသုံးပြုသူများ အတွက် ဖြစ်ပါသည်။

၄။ MPTမှ ပေးပို့သော ပရိုမိုးရှင်း SMSများကို ရပ်ဆိုင်းနိုင်သည့် ဝန်ဆောင်မှုအစီအစဉ်။

DND Function နှုန်းထားအသုံးပြုနိုင်သူများသက်တမ်းရယူရန်
MPTမှ ပေးပို့သော ပရိုမိုးရှင်း SMSများကိုလက်ခံရယူလိုခြင်းမရှိပါ။အခမဲ့All GSM/WCDMAရက် (၉၀)2007 သို့ “ SMSOFF” ဟု ပေးပို့ခြင်း။
MPTမှ ပေးပို့သော ပရိုမိုးရှင်း SMSများကို လက်ခံရယူမည်။အခမဲ့All GSM/WCDMA2007 သို့ “ SMSON” ဟု ပေးပို့ခြင်း။

DND Function သည် MPTမှ ပေးပို့သော ပရိုမိုးရှင်း SMSများကို လက်ခံရယူမည် (သို့ ) လက်ခံရယူလိုခြင်းမရှိပါ အစရှိသဖြင့် ရွေးချယ်မှုပြုလုပ်နိုင်သော ဝန်ဆောင်မှု အစီအစဉ်ဖြစ်သည်။ “2007” သို့ “SMSOFF” ဟု ပေးပို့ပါက MPTမှပေးပို့သော ပရိုမိုးရှင်း SMS များကို ရက်(၉၀)ကြာ လက်ခံရရှိတော့မည်မဟုတ်ပါ။ ရက်(၉၀)နောက်ပိုင်းတွင် ပရိုမိုးရှင်း SMSများကို ပြန်လည်ရယူလိုပါက 2007” သို့ “SMSON” ဟု ပေးပို့ခြင်း (သို့ ) MPT Call Center ၏ ဖုန်းနံပါတ် ၁၀၆သို့ အခမဲ့ခြင်းဖြင့် ပြန်လည်ရယူနိုင်မည်ဖြစ်သည်။

ရက်(၉၀)ပြည့်ပါက MPTမှပေးပို့သော ပရိုမိုးရှင်းSMSများကို လက်ခံရရယူလိုခြင်း ရှိ၊ မရှိကို စာတိုပေးပို့ အကြောင်းကြားပါမည်။ သုံးစွဲသူစိတ်တိုင်းကျ ရွေးချယ်ခွင့်ရရှိမည်ဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုကို အခမဲ့ရယူနိုင်မည်ဖြစ်ပါသည်။

မှတ်ချက်။ ။ MPTမှပေးပို့သော ပရိုမိုးရှင်းSMS များကို ရပ်ဆိုင်းရန်လျှောက်ထားပြီးပါက ရက်အနည်းငယ်အတွင်း လျှောက်ထားမှုအောင်မြင်ကြောင်းကို SMS ပေးပို့ အသိပေးပါမည်။ MPTမှပေးပို့သော ပရိုမိုးရှင်းSMS များသာ ရပ်ဆိုင်းသွားပါမည်။ အခြားMPTမှပေးပို့သော အခြားအရေးကြီးသည့် SMS များကိုမူ ဆက်လက်ရရှိနေမည်ဖြစ်ပါမည်။

MPT4U FAQs MM

MPT4U

၁။ MPT4U App ဆိုတာဘာလဲ။

MPT အသုံးပြုသူတို့အတွက် ဖုန်းငွေဖြည့်ခြင်း၊ပက်ကေ့ချ်ဝယ်ယူခြင်း၊ ဖုန်းဘေအသုံးပြုမှုမှတ်တမ်းစစ်ဆေးခြင်း အစရှိသော ဝန်ဆောင်မှုမျိုးစုံတို့ကို တစ်နေရာထဲမှာအသုံးပြုနိုင်တဲ့ Application တစ်ခုဖြစ်ပါသည်။MPT4U app ကို မြန်မာဘာသာဖြင့်အသုံးပြုလို့ရနိုင်ပါသည်။

၂။ MPT4U App ကိုဘယ်လို Download ရယူရမလဲ။

MPT4U App Download & Install လုပ်ပုံအဆင့်ဆင့်ကို ဒီလင့်ခ်မှတစ်ဆင့်ဝင်ရောက်ကြည့်ရှုပါ။

lotayamm.com/mpt4u#howtodownload

Android ဖုန်းများအတွက် *4040# ကိုခေါ်ဆို၍  သော်လည်းကောင်း ၊ လိုတရဝက်ဆိုက်ဒ်မှ သော်လည်ကောင်း အခမဲ့ ဒေါင်းလုတ်ဆွဲ၍ ရယူနိုင်ပါသည်။ IOS အသုံးပြုသူများအနေနဲ့ MPT4U APP ကို App Storeမှသာလျှင် download / update ဆွဲ၍ရယူနိုင်ပါသည်။ iOS အတွက် MPT4U App Download ကအခမဲ့မဟုတ်ပါ။ App Store မှအင်တာနက်ကုန်ကျမှုဖြင့်ရယူနိုင်ပါသည်။

၃။ MPT4U Appကိုဘယ်လိုUpgradeလုပ်နိုင်ပါသလဲ?

သုံးစွဲသူအနေဖြင့် Update Nowဆိုသော ခလုတ်ကိုနှိပ်၍ လိုတရ ဝက်ဘ်ဆိုက်မှတစ်ဆင့် (သို့) *4040# ကိုခေါ်ဆို၍လည်း အခမဲ့ဒေါင်းလုတ်ပြုနိုင်မှာပါ။ IOSအသုံးပြုသူများအနေဖြင့်မူ App Storeတစ်မျိုးတည်းမှသာ ဒေါင်းလုတ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

၄။ MPT4U App ကိုဘယ်လိုအသုံးပြုရမလဲ။

MPT4U App ကို အသုံးပြုရန် အောက်ဖော်ပြပါ အတိုင်းတစ်ဆင့်ခြင်းလုပ်ဆောင်၍အသုံးပြုနိုင်ပါသည်။

(၁) ဖုန်း အင်တာနက်ဖွင့်ပါ။

(၂) ဖုန်းထဲရှိ MPT4U App ထဲသို့ဝင်ပါ။

(၃) App ၏ပင်မစာမျက်နှာသို့ရောက်ရှိပါမည်။

App ၏ပင်မစာမျက်နှာ တွင်မိမိအသုံးပြုလိုသောဝန်ဆောင်မှု့များကို ရွေးချယ်အသုံးပြုနိုင်ပါသည်။

၅။ MPT4U App ကနေ ဘာဝန်ဆောင်မှုတွေ ရနိူင် ရယူနိုင်သလဲ။

MPT4U app မှတစ်ဆင့်

-လက်ကျန်ငွေစစ်ဆေးခြင်း၊

-ဖုန်းဘေလ်ဖြည့်ခြင်း၊

-နေ့စဉ်အသုံးပြုသည့် ဖုန်းဘေလ်နှင့်ထပ်ဆောင်းဝန်ဆောင်မှု၏ဝန်ဆောင်ခများစစ်ဆေးခြင်း ၊

-ပက်ကေ့ခ်ဝယ်ယူခြင်း၊

-ဖုန်းဘေလ်ချေးယူခြင်း ၊

-ဖုန်းဘေလ်လွှဲပြောင်းခြင်း၊

-ပက်ကေ့ချ် လက်ကျန် ပမာဏများ စစ်ဆေးနိုင်ခြင်း၊

-ရယူထားသော ထပ်ဆောင်းဝန်ဆောင်မှုများကို စစ်ဆေးနိုင်ခြင်း၊

-Call Service ဝန်ဆောင်မှု့များ ရယူနိုင်ခြင်း၊

-FAQ များ ဖတ်ရှု့နိုင်ခြင်း၊

-MPT Ring Tune ရယူခြင်း၊

-MPT Club ပွိုင့်များ စစ်ဆေးနိုင်ခြင်း၊

-လိုတရ ပေ့ချ် သို့ဝင်ရောက်နိုင်ခြင်း၊ရှယ်ပြော၊ ရွှေစကား အစရှိသော ဝန်ဆောင်မှု များပြောင်းလဲနိုင်ခြင်း၊

-MPT4U ဂိမ်း ဝန်ဆောင်မှု  အစရှိတဲ့ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။

၆။ MPT4U App ကိုအခြားဘယ် Network နဲ့ မဆိုသုံးလို့ရနေပြီလား။

MPT Network သာမက အခြား Network နှင့်လည်းကောင်း၊ Wifi ဖြင့်လည်းကောင်းအသုံးပြုလို့ရပါသည်။ MPT Network ဖြင့်ဝင်ရောက်ပါက အင်တာနက် အခမဲ့ဖြစ်ပါသည်။

၇။ MPT4U Version အသစ်ကဘာလဲ။ Version အသစ်ကို အသုံးပြုရန် အနိမ့်ဆုံး Android နဲ့ iOS ဗားရှင်းကဘယ်လောက်ရှိရမှာလဲ။

IOS : 1.4.0 နှင့်   Andorid : 4.3.0 ဗားရှင်း ဖြစ်ပါတယ်။ Android  ဗားရှင်း “ 5” ထက်နိမ့်ပြီး   iOS ဗားရှင်း “ 9” ထက်နိမ့်လျှင် အသုံးပြုမရပါ။

၈။ သတ်မှတ်ထားသည့် version ထက်နိမ့်နေသော ဖုန်းများသည် MPT4U Versionအသစ်ကိုအသုံးပြုရန် ဒေါင်းလုတ်လုပ်ပြီးတပ်ဆင်နိူင်ပါသလား။

အသုံးပြုသူသည် အက်ပလီကေးရှင်းကိုတပ်ဆင်နိူင်သော်လည်း တစ်ချို့လုပ်ဆောင်မှုများကို   အသုံးမပြုနိုင်ဘဲ   အလိုအလျောက် အက်ပလီကေးရှင်းထဲမှထွက်သွားလိမ့်မည်။

၉။ မိမိဖုန်းတွင် MPT4U အက်ပလီကေးရှင်း ဗားရှင်းကိုဘယ်လိုစစ်ဆေးနိုင်မလဲ။

Side bar menu အောက်ရှိ Setting page မှာသွားရောက်စစ်ဆေးနိုင်ပါတယ်။

၁၀။ ဘာသာစကားကိုဘယ်လိုပြောင်းရမှာလဲ။

Side bar menu ထဲက  -> Setting အောက်ရှိ Language ကိုရွေးပြီး ပြောင်းနိုင်ပါတယ်။

၁၁။ MPT4U အဟောင်းကိုဆက်ပြီးအသုံးပြုနိူင်ပါသလား။

လက်ရှိတွင် MPT4U  အဟောင်းကိုဆက်ပြီးအသုံးပြုနိူင်သော်လည်း ဗားရှင်းအသစ်ကို (၃)လအတွင်း update လုပ်ပေးဖို့လိုပါသည်။

၁၂။ MPT4U အက်ပလီကေးရှင်း ဗားရှင်းအဟောင်းတွင် "ထိပေါက်" ကိုကစားနိုင်ပါသလား။

MPT4U အက်ပလီကေးရှင်း  ဗားရှင်းအဟောင်းတွင်  “ ထိပေါက်” ကို သတ်မှတ်ထားသော အချိန်တစ်ခုအတွင်း ပုံမှန်အတိုင်းကစားနိုင်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် အသစ်အဆင့်မြှင့်တင်ထားသော MPT4U အက်ပလီကေးရှင်း  ဗားရှင်းအသစ်ကို အသုံးပြုပြီး ထိပေါက်ကစားပြီး ကံစမ်းကြရန် အကြံပြုအပ်ပါသည်။

၁၃။ MPT Club member များအတွက်ပေးသော Free chance များကို MPT4U အက်ပလီကေးရှင်းဗားရှင်း အဟောင်းတွင် ရရှိနိုင်ပါသလား။

အကယ်၍ အက်ပလီကေးရှင်း အဟောင်းတွင်သာ log in ဝင်ပြီးအသုံးပြုပါက မူလအဟောင်းအတိုင်းသာ Free chance ကိုရရှိမည်ဖြစ်ပြီး အက်ပလီကေးရှင်း အသစ် (သို့) new website အသစ်တွင် log in  ဝင်ပြီးအသုံးပြုပါက Lucky Draw Free chance ကို အသစ်မှရရှိမည်ဖြစ်ပြီး အက်ပလီကေးရှင်း အဟောင်းကိုထပ်မံအသုံးပြု၍ရတော့မည်မဟုတ်ပါ။ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် MPT4U အက်ပလီကေးရှင်း  ဗားရှင်းအသစ်ကို အသုံးပြုရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

၁၄။ MPT4U Web အသုံးပြုသူသည် ဘာကြောင့် အက်ပလီကေးရှင်း အဟောင်းကို အသုံးပြု၍မရတော့ပါသလဲ။

MPT4U Website တွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ထားသော MPT4U အက်ပလီကေးရှင်း  ဗားရှင်းအသစ်ကိုသာ Support လုပ်လိမ့်မည်ဖြစ်သည်။  အက်ပလီကေးရှင်း အဟောင်းကိုဝင်ရောက်အသုံးပြုသည့်အခါ ရရှိသော lucky draw chance များအတွက် နောက်ဆုံးပေါ် ဗားရှင်း ကိုဖွင့်ပြီး အသုံးပြုရန် pop up မက်ဆေ့ပို့၍ သတိပေးလိမ့်မည်။

၁၅။ USSD ဖြင့်ပက်ကေ့ချ်များဝယ်ယူပြီးနောက် ရရှိသော ထိပေါက် chance များကို SMS မှတဆင့်ပေးပို့ပြီးသော်လည်း MPT4Uအက်ပလီကေးရှင်း ထဲတွင်ဘာကြောင့်မတွေ့ရှိရပါသလဲ။

MPT4U အက်ပလီကေးရှင်း  ဗားရှင်းအသစ်ကို မိတ်ဆက်ပေးပြီးသည့်နောက်တွင် USSD အပါအဝင် အခြား channel များမှပက်ကေ့ချ်ဝယ်ယူခဲ့ပါက ရရှိသော  chance များသည် MPT4U အက်ပလီကေးရှင်းအသစ် ထဲသို့ တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်သည့်အတွက် ဗားရှင်းအသစ်တွင်သာ သွားရောက်ကစားနိုင်မှာဖြစ်ပါတယ်။

၁၆။ မိမိဝယ်ယူထားသော ပက်ကေ့ချ်များ ဘေလ်လက်ကျန်များကို စစ်ဆေးလိုပါက MPT4U ဗားရှင်းအသစ်တွင် ဘယ်လို စစ်ဆေးနိုင်မလဲ။

Side bar menu ထဲက  ->Account detail page မှာသွားရောက်စစ်ဆေးနိုင်ပါတယ်။

၁၇။ Home screen မှာ Icon ဘယ်နှခုထိ ထားလို့ရမလဲ။? အဲ့Icon လေးတွေကိုဘယ်လိုပြောင်းလို့ရမလဲ။

Icon (၁၁)ခုထိ ထားလို့ရပါတယ်။ Icon လေးတွေပြောင်းရွေ့ဖို့ရန်အတွက်Service ထဲမှာ edit ကို click လုပ်ပြီး Icon လေးတွေကို drag လုပ်၍ပြောင်းလို့ရပါတယ်။

မှတ်ချက်။  ။ အပေါ်ဆုံးမှာတွေ့မြင်ရမည့်  icons ၄ ခုကိုတော့ ကိုယ်လိုချင်သလို ပြောင်းလို့ရမှာမဟုတ်ပါဘူး။ Default ထားထားခြင်းအတွက်ကြောင့်  ဖြစ်ပါသည်။

၁၈။ Home screen မှာမြင်ရတဲ့ Privilegeအိုင်ကွန်လေးသည် မည်သည့်အတွက်ထားရှိထားတာပါလဲ?

Privilege icon သည် MPT Club နှင့်ပတ်သက်၍ ပိုမိုသိလိုပါက ၎င်း icon ကိုနှိပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ရန်ဖြစ်ပါသည်။

၁၉။ Account Details တွင်ဖော်ပြထားသော Balance, Daily Usage, Top Up History, Order History များကို မည်သည့်ရက်ပေါင်းအတွင်း စစ်ဆေးလို့ရနိူင်မလဲ။

Account Details တွင် Balance ကို  Real Time Balance အဖြစ် စစ်ဆေးနိုင်မည်ဖြစ်သည်။ Daily usage ကို ရက် ၉၀ ထိနှင့် လက်ရှိ အချိန်ထိစစ်ဆေးနိုင်ပြီး Top Up History နှင့် Package Purchase History များကို (၆) လစာစစ်ဆေးနိုင်မှာဖြစ်ပါတယ်။

၂၀။ ထိပေါက် ကစားပြီး ကံစမ်းမဲပေါက်ထားသည်များကို စစ်ဆေးလို့ရပါသလား။

ထိပေါက် ကစားပြီး ကံစမ်းမဲပေါက်ထားသည်များကို main page ရှိ Lucky Draw ကို နှိပ်ပြီးထိပေါက်  Historyတွင် (၇)ရက်ထိစစ်ဆေးလို့ရပါတယ်။

၂၁။ My Profile မှာပါတဲ့ % ကဘာလဲ။

သုံးစွဲသူ၏မှတ်ပုံတင် သတင်းအချက်အလက်ရာခိုင်နှုန်းဖြစ်ပါတယ်။

၂၂။ Package Purchase page တွင်ပေါ်နေသော Gift icon ဆိုတာဘာလဲ။

MPT သုံးစွဲသူ အချင်းချင်း  လက်ဆောင်ပေးလို့ရတဲ့ လုပ်ဆောင်ချက်ပါ။

၂၃။ MPT4U game ဝန်ဆောင်မှုဆိုတာဘာလဲ။ မည်သို့ကစားရမလဲ။

MPT4U ၏မူလစာမျက်နှာမှတစ်ဆင့် game icon အားနှိပ်၍ MPT4U game များကို ဆော့ကစားနိုင်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။

၂၄။ MPT4U game ကို မည်သူတွေပါဝင်ကစားခွင့်ရှိပါသလဲ။

 MPT4U App အား ဖုန်းတွင်ထည့်သွင်းထားသည့် MPT အသုံးပြုသူများ ပါဝင်ကစားခွင့်ရှိပါသည်။ MPT ကဒ်အသုံးပြုပြီး MPT4U App အားမထည့်သွင်းရသေးသူများ အနေဖြင့်လည်း အောက်ပါလင့်မှ တစ်ဆင့်သော်လည်းကောင်း *4040# အားခေါ်ဆို၍ ဒေါင်းလုတ်လင့်ရယူ၍လည်းကောင်း MPT4U App အားဖုန်းတွင် ထည့်သွင်း၍ ပါဝင်ကစားနိုင်ပါသည်။

ဒေါင်းလုတ်ရယူရန်လင့် – https://bit.ly/MPT4Ufree

၂၅။ MPT4U game မှာ game ဘယ်လောက်ပါဝင်မှာလဲ။

အနည်းဆုံး game ပေါင်း (၅) ခုပါဝင်မှာ ဖြစ်ပါတယ်။

၂၆။ Game တွေကို ကစားရင် ဒေတာဖိုး ကုန်ကျပါမည်လား။

MPT4U game များကစားရာတွင် မည်သည့်ဒေတာဖိုးမျှပေးရန် မလိုပဲ အခမဲ့ဒေတာဖြင့် ကစားနိုင်ပါသည်။

၂၇။ Game တွေကို ကစားရင် မည်မျှပေး၍ ကစားရမလဲ။

Game ကစားသူများသည် Game များကို အောက်ပါအခြေအနေနှစ်မျိုးနှင့် ကစားနိုင်ပါသည်။ အခမဲ့ပွဲစဉ်များ – ကစားသူများအနေဖြင့် မည်သည့်အခကြေးငွေပေးစရာမလိုပဲ အခမဲ့ကစားနိုင်ပါသည်။ ဝင်ကြေးပေးပွဲစဉ်များ – ကစားသူများအနေဖြင့် သတ်မှတ်ထားသည့် ဝင်ကြေးပေး၍ ကစားနိုင်ပါသည်။

၂၈။ အခမဲ့ဂိမ်းတွေအတွက် ဆုလက်ဆောင်တွေပါမည်လား။

အခမဲ့ဂိမ်းများအတွက် ဆုလက်ဆောင်များပါဝင်မှာ ဖြစ်ပါတယ်။ ဝင်ရောက်ကစားသူများအတွက် ဒေတာ၊ ဖုန်းခေါ်ဆိုခွင့်၊ စာတိုမက်ဆေ့ အစရှိသည့် ဆုများအပြင် ဖုန်း၊ ရွှေဒင်္ဂါးပြားများစသည့် ဆုလက်ဆောင်များကို ကစားသမားများ၏ ရမှတ်များပေါ်မူတည်၍ အဆင့်သတ်မှတ်ချက်အတိုင်း ဆုလက်ဆောင်များ ရရှိမှာ ဖြစ်ပါသည်။

၂၉။ ဂိမ်းကစားခြင်း၏ အဆင့်သတ်မှတ်ချက်မှာ အဘယ်နည်း။

သတ်မှတ်ထားသည့် ပွဲစဉ်အချိန်များအတွင်း အမှတ်အများဆုံး ရရှိသူသည် ပထမနေရာကို ရရှိမည် ဖြစ်ပြီး အခြားသော အဆင့်များကိုလည်း အမှတ်ပေါ်မူတည်၍ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ကစားချိန်အတွင်း အမှတ်တူနေ ရှိနေပါက ရမှတ်ပထမဆုံး ရရှိသူသည့် အဆင့်ပိုမှာ ဖြစ်ပါတယ်။

၃၀။ ဝင်ကြေးပေး၍ ကစားရသောဂိမ်းများအတွက် ဆုလက်ဆောင်ဟာ မည်သည့်အရာများဖြစ်သလဲ။ ဝင်ကြေး မည်မျှရှိမည်နည်း။

ဝင်ကြေးပေးရသော ဂိမ်းများအတွက် ဆုလက်ဆောင်များအဖြစ် MPT ဘေလ်များကို ရမှတ်နှင့်အဆင့်အလိုက် ရရှိမည်ဖြစ်ပြီး ဝင်ကြေးမှာ အနည်းဆုံး ၉၉ကျပ်မှ စတင်မည်ဖြစ်ပါသည်။

၃၁။ ဆုရရှိသူများသည် မည့်သည့်အချိန်တွင် လက်ဆောင်များရရှိပါမည်နည်း။

ဆုရရှိသူများသည် ပွဲစဉ်ပြီးဆုံးသည့် အချိန်မှစတင်၍ ၁၀ရက်အတွင်း လက်ဆောင်ရရှိမည်ဖြစ်ပါသည်။

၃၂။ ဆုရရှိသည့်အခါ စာတိုဖြင့် အကြောင်းကြားမည်လား။

ရရှိသည့်ဆုအား ပေးအပ်သည့်အခါတွင် စာတိုဖြင့် အကြောင်းကြားမည်ဖြစ်ပါသည်။ ကစားသမားများသည် မိမိရရှိသည့် အဆင့်နှင့်ဆုလက်ဆောင်များကို ပြိုင်ပွဲကျင်းပနေစဉ်သော်လည်းကောင်း၊ ပြီးဆုံးသွားသည့်သော်လည်းကောင်း ဂိမ်းစာမျက်နှာတွင် စစ်ဆေးကြည့်နိုင်ပါသည်။

၃၃။ အကယ်၍ ဂိမ်းကစားသူသည် ယခုပြိုင်ပွဲများအပြင် ယခင်ပြိုင်ပွဲများတွင်ပါ တယ်လီကွန်းဆုများ ဆွတ်ခူးထားပါက ဆုလက်ဆောင်များ၏ သက်တမ်းကို မည်ကဲ့သို့ဖြတ်တောက်သွားမည်နည်း။

တယ်လီကွန်းဆုလက်ဆောင်များ၏ သက်တမ်းသည် (၇)ရက်ဖြစ်ပါသည်။ တယ်လီကွန်းဆုလက်ဆောင်အား အစောပိုင်းရရှိသည့် ဆုလက်ဆောင်အား စတင်ဖြတ်တောက်ပြီး အဆိုပါဆုလက်ဆောင်ကုန်သွား၍သော်လည်းကောင်း သက်တမ်းကုန်သွား၍သော်လည်းကောင်း အခြေအနေမှသာ နောက်ဆုံးရရှိသည့် ဆုလက်ဆောင်အား ဖြတ်တောက်သွားပါမည်။

Shwe Zagar FAQ MM

Shwe Zagar

၁။ “ရွှေစကား” အစီအစဉ်ဆိုတာ ဘာပါလဲ။

• “ရွှေစကား” အစီအစဉ်တွင် MPT သုံးစွဲသူအချင်းချင်းဖုန်းခေါ်ဆိုတိုင်း အသက်သာဆုံးဖုန်းခေါ်ဆိုခနှုန်းထား ၁မိနစ်လျှင် ၁၀ကျပ်သာ ကျသင့်မည်ဖြစ်ပါသည်။

MPT ဖုန်းများသို့ခေါ်ဆိုခ – ၁မိနစ်လျှင် ၁၀ကျပ်
အခြားအော်ပရေတာနံပါတ်များသို့ဖုန်းခေါ်ဆိုခ – ၁မိနစ်လျှင် ၂၇ကျပ်
အင်တာနက်အသုံးပြုခ – 1MB လျှင် ၈ကျပ်
စာတိုပေးပို့ခ – စာတိုတစ်စောင်လျှင် ၁၅ကျပ်

၃။ “ရွှေစကား” အစီအစဉ်ကို ဘယ်လိုရယူနိုင်ပါသလဲ။

• *234*4# ကို ရိုက်နှိပ်ခေါ်ဆိုပြီး “ရွှေစကား” အစီအစဉ်ကို အခမဲ့ရယူနိုင်ပါသည်။

၅။ “ရွှေစကား” အစီအစဉ်ကို အသုံးပြုနေပါတယ်။ MPT ဖုန်းနံပါတ်ကို ၅စက္ကန့်ကြာဖုန်းခေါ်ဆိုတဲ့ အခါ ၁၅စက္ကန့်စာ ဖုန်းခေါ်ဆိုခကျသင့်ပါတယ်။ ဘာဖြစ်လို့ပါလဲ။

• ၂၀၁၇ ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး Base Tariff မှလွဲ ၍ ပြည်တွင်း ဖုန်းခေါ်ဆိုမှုများ အားလုံးကို ၁၅ စက္ကန့်နှုန်းထားဖြင့် ကောက်ခံသွားမည် ဖြစ်ပါသည်။

ဥပမာ- MPT အချင်းချင်းဖုန်းခေါ်ဆိုပါက

၀ မှ ၁၅ စက္ကန့် : ၂.၅၀ကျပ် (excluding tax)
၁၆ မှ ၃၀ စက္ကန့် : ၅.၀၀ ကျပ် (excluding tax)
၃၁ မှ ၄၅ စက္ကန့် : ရ.၅၀ ကျပ် (excluding tax)
၄၆ မှ ၆၀ စက္ကန့် : ၁၀.၀၀ ကျပ် (excluding tax)

၇။ လက်ရှိမှာ အင်တာနက်ပက်ကေ့ချ်အသုံးပြုနေပါတယ်။ အသုံးပြုနိုင်တဲ့ဒေတာပမာဏမကုန်ခင် မှာ “ရွှေစကား” အစီအစဉ်သို့ပြောင်းလိုက်ရင် ဘယ်လိုဖြစ်မှာပါလဲ။

• ကျန်ရှိနေသော ဒေတာပမာဏကို “ရွှေစကား” အစီအစဉ်တွင် ဆက်လက်အသုံးပြုနိုင် မည်ဖြစ်ပါသည်။

၉။ “ရွှေစကား”အစီအစဉ်ကိုရယူရာတွင် ကန့်သတ်ချက်တစ်စုံတစ်ရာရှိပါသလား။

• MPT GSM/WCDMA ဖုန်းများသည် “ရွှေစကား”အစီအစဉ်ကို လျှောက်ထားရယူ နိုင်ပါသည်။
• ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင်မည်ဖြစ်သည်။

၁၁။ MPT SIM Card အသစ်ကို စတင်အသုံးပြုချိန်မှာ ဘယ်အစီအစဉ်ပါ၀င်နေမှာပါလဲ။

• MPT SIM Card အသစ်များတွင် ဆွေသဟာအစီအစဉ်ပါ၀င်နေမည်ဖြစ်သည်။ “ရွှေစကား” အစီအစဉ်ကိုရယူလိုပါက *234*4# ကိုရိုက်နှိပ်ခေါ်ဆိုပြီးလွယ်ကူစွာ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

၁၃။ ကျွန်တော်အသုံးပြုနေတဲ့အစီအစဉ်က်ို ဘယ်လိုစစ်ဆေးကြည့်နိုင်မှာပါလဲ။

• *224# ကိုရိုက်နှိပ်ခေါ်ဆိုပါ။ (သို့မဟုတ်) ၁၃၃၁ သို့ BAL ဟု စာတိုပေးပို့ပါ။

၂။ “ရွှေစကား” အစီအစဉ်ကို ဘယ်သူတွေရယူနိုင်ပါသလဲ။

• MPT GSM/WCDMA ဖုန်းအသုံးပြုသူများသည်  “ရွှေစကား” အစီအစဉ်ကို လျှောက်ထား ရယူနိုင်ပါသည်။

၄။ “ရွှေစကား” အစီအစဉ်ကို ဘယ်လိုပယ်ဖျက်နိုင်ပါသလဲ။

• MPT မှ မတူညီသော ၀န်ဆောင်မှုအစီအစဉ်များကို မိတ်ဆက်ပေးလျက်ရှိပြီး သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာ ၀န်ဆောင်မှုအစီအစဉ်ကို အခမဲ့ပြောင်းလဲရယူအသုံးပြုနိုင်မည်ဖြစ်သည်။

ဆွေသဟာ အစီအစဉ်သို့ပြောင်းလဲရန် – *234*2# ကိုခေါ်ဆိုပါ။
ရှယ်ပြော အစီအစဉ်သို့ပြောင်းလဲရန် – *234*3# ကိုခေါ်ဆိုပါ။
ရွှေစကား အစီအစဉ်သို့ပြောင်းလဲရန် – *234*4# ကိုခေါ်ဆိုပါ။

• ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင်မည်ဖြစ်သည်။

၆။ “ရွှေစကား” အစီအစဉ်ကို ရယူထားပါက အင်တာနက်ပက်ကေ့ချ်များကို ၀ယ်ယူအသုံးပြုနိုင်မှာပါလား။

• ၀ယ်ယူနိုင်ပါသည်။
• MPT ၏ အင်တာနက်ပက်ကေ့ချ်အားလုံးကို “ရွှေစကား” အစီအစဉ်တွင်လည်း ၀ယ်ယူအသုံးပြုနိုင်ပါသည်။
• 1MB လျှင် ၁ကျပ်သာကျသင့်မည့် ပက်ကေ့ချ်များအပါအဝင် အင်တာနက်ပက်ကေ့ချ် မျိုးစုံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါသည်။

၈။ ကျွန်တော်က Post-paid စနစ်အသုံးပြုနေသူဖြစ်ပါတယ်။ “ရွှေစကား” အစီအစဉ်ကိုရယူနိုင်မှာ ပါလား။

• ရယူနိုင်ပါတယ်။ *235*4# ကိုရိုက်နှိပ်ခေါ်ဆိုပြီး “ရွှေစကား”အစီအစဉ်ကို အခမဲ့ရယူ နိုင်ပါသည်။

၁၀။ ကျွန်တော်က CDMA ဖုန်းအသုံးပြုနေသူဖြစ်ပါတယ်။ “ရွှေစကား” အစီအစဉ်ကို လျှောက်ထား ရယူနိုင်မှာပါလား။

• CDMA ဖုန်းအသုံးပြုသူများသည် “ရွှေစကား” အစီအစဉ်ကို လျှောက်ထား ရယူနိုင်မည်မဟုတ်ပါ။

၁၂။ ကျွန်တော့်ရဲ့ဖုန်းက “ရွှေစကား” အစီအစဉ်ကိုလျှောက်ထားရယူလို့မရပါဘူး။ ဘာဖြစ်လို့ပါလဲ။

• ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။လူကြီးမင်းသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲမှု တစ်ကြိမ်ထက်ပိုသွားပါက လျှောက်ထားမှုအောင်မြင်မည် မဟုတ်ပါ။ နောက်တစ်ရက်တွင် ပြန်လည်လျှှောက်ထားရယူပါ။
• လူကြီးမင်း၏ SIM Card သည် အသုံးပြုမှုယာယီပိတ်သိမ်းခံထားရပါက (One-way block/Two-way block) လျှောက်ထားမှုအောင်မြင်မည် မဟုတ်ပါ။ ဖုန်းငွေဖြည့်ပြီး ပြန်လည်လျှှောက်ထားရယူပါ။

ဘောလုံးစတား

ဘောလုံးစတား

၁။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာ သတင်းအချက်အလက် ၀န်ဆောင်မှုတွေက ဘာတွေပါလဲ ?

  • ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှ နေ့စဉ် ဘောလုံးသတင်းအစုံအလင်ကိုနှင့် အခြားအားကစားသတင်း များကို အချိန်နှင့် တပြေးညီ ဖတ်ရှုနိုင်ရန် အတွက် ဝန်ဆောင်မှု ပေးနေပါတယ်။

၃။ ဘောလုံးစတား မှ သတင်းအသစ်တွေကို နေ့စဉ် ပြည့်ပြည့်စုံစုံ ဖတ်ချင်ပါတယ်။ ဘယ်နေရာမှာ ဖတ်လို့ ရလဲ ?

  • ဘောလုံးစတား မှ သတင်းအသစ်တွေကို နေ့စဉ်ပြည့်ပြည့်စုံစုံ ဖတ်နိုင်ရန်အတွက် ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ကို မိမိ၏ မိုဘိုင်းဖုန်းထဲသို့ ထည့်သွင်း (install) လုပ်ထားရန်လိုအပ်ပါတယ်

၅။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ကို Download ဖို့ ကျွှန်တော့ဖုန်းမှာ Internet ဘေမရှိဘူး ၊ အခမဲ့ Download လုပ်လို့မရဘူးလား ?

ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ကို Internet ခ ကုန်ကျမှုမရှိဘဲ အခမဲ့ Download ရယူနိုင်ပါတယ်။
လိုတရ ဝက်ဆိုဒ် (http://lotayamm.com/) စာမျက်နှာတွင် ရှိသော Download Link မှ အခမဲ့ Download ရယူနိုင်ပါတယ်။

၇။ ကျွန်တော့ လျှို့ဝှက်နံပါတ် (password) မေ့သွားရင် ဘယ်လိုုလုပ်မလဲ?

  • လူကြီးမင်း၏ လျှို့ဝှက်နံပါတ် (password) မေ့သွားပါက ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ထဲတွင် Forgot Password ကိုနှိပ်၍ မိမိ ၀န်ဆောင်မှုယူရာတွင် အသုံးပြုထားသော MPT ဖုန်းနံပါတ်ကို ပြန်လည်ရိုက်ထည့်ပေးရပါမည်။ ထိုအဆင့်များပြီးပါက BalloneStar မှ လူကြီးမင်း၏ ဖုန်း Message Box ထဲသို ဂဏန်း ၆ လုံးပါသော (××××××) ကုဒ်နံပါတ် တစ်ခုပေးပို့ပါမည်။ ထိုကုဒ်နံပါတ်ကို ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ထဲတွင် ပြန်လည်ရိုက်ထည့်ပြီး လျှို့ဝှက်နံပါတ် (password) အသစ် ပြန်လည် ပြုလုပ်ရ မည်ဖြစ်ပါသည်။

၉။ တခြားဖုန်းနံပါတ်နဲ့ ၀န်ဆောင်မှုယူလို့ မရဘူးလား?

  • MPT ဖုန်းနံပါတ်တစ်မျိုးတည်းဖြင့်သာ ၀န်ဆောင်မှု ရယူနိုင်ပါသည်။

၁၁။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှ သတင်းတွေ နေ့စဉ် ဖတ်ရှုနိုင်ဖို့ ဝန်ဆောင်ခ ဘယ်လို ကောက်ခံပါသလဲ ?

  • သတင်းဝန်ဆောင်ခ အတွက် ၁ ရက် ၁၀၀ကျပ် ၊ တစ်ပါတ်စာ အတွက် ၅၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး အခွန် ၅% ကိုပါ ပေးဆောင်ရပါမည်။

၁၃။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ကို အခမဲ့ အသုံးပြုလို့ ရပါသလား?

  • ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ကို ဝန်ဆောင်မှု စတင်ရယူသူ များအတွက် (၇) ရက် တစ်ပတ် အခမဲ့ အသုံးပြုခွင့် ရရှိမှာဖြစ်ပါတယ်။

၁၅။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာ ဝန်ဆောင်မှု ရပ်တန့်ပြီးမှ ဘောလုံးစတား၏ ဝန်ဆောင်မှု ပြန်လည်ရယူလိုလျှင် ဘယ်လို လုပ်ရမှာလဲ?

  • ဝန်ဆောင်မှု ပြန်လည်ရယူလိုပါက 8118 သို့ RR ဟုစာတို ပေးပို့ကာ ပြန်လည် ရယူ နိုင်ပါသည်။

၁၇။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာ ဘာသတင်းတွေ ပါဝင်မှာလဲ ?

  • Ballone Star တွင် ပွဲစဉ်ဇယားများ၊ ပွဲစဉ်ရလဒ်များ၊ ပွဲပြီးသတင်းများ၊ ပွဲပြီးသုံးသပ်ချက်များ၊ ပွဲကြိုခန့်မှန်းချက်များ၊ ပြိုင်ပွဲတစ်ခု၏ အကောင်းဆုံး အမှန်ဆုံး ၃ပွဲ ခန့်မှန်းချက်များ၊ အသင်းတိုင်း၏ ခန့်မှန်း ကစားကွက်၊ လူစာရင်းများ၊ ဒဏ်ရာရ၊ ပွဲပယ် ခံရသူများ အကြောင်း၊ ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါ၊ စီးရီးအေ၊ လီဂူး အစရှိသည့် ကမ္ဘာ့ အကောင်းဆုံး လိဂ်ကြီးများ၏ သတင်းအပြည့်အစုံ၊ အကြိုက်ဆုံးပွဲ ၊ ဆောင်းပါးများ ၊ ခန့်မှန်းပြိုင်ပွဲများ ၊ ရုပ်သံပြကွက်များ စသည်တို့ကို စုံလင် ပြည့်စုံစွာ ထည့်သွင်း ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်။

၁၉။ ဘောလုံးစတား Facebook နှင့် လိုတရ ဝက်ဆိုဒ်က နေဘောလုံးစတား ရဲ့ ဘောလုံးသတင်းတွေကို ဖတ်မယ်ဆို ရင် မရဘူးလား?

  • ဘောလုံးစတား Facebook မှာတော့ ဘောလုံးသတင်းတစ်ချို့၊ သတင်းခေါင်းစဉ်များ၊ ဘောလုံးစတား ကျင်းပပြုလုပ်မည့် Promotion အစီအစဉ်များကို သာ အဓိကထား တင်ပေးမှာပါ၊ လိုတရဝတ်ဆိုဒ် တွင်သတင်း အပုဒ်ရေ အနည်းငယ်သာတင်ပေးမှာပါ။

၂၁။ Internet အသုံးပြုခ ဘယ်လောက်ကုန်မှာလဲ ?

  • သတင်းများအတွက် တစ်ရက်ကို 20 MB မှ 50 MB ဝန်းကျင် ကုန်ကျမှာဖြစ်ပြီး ဗီဒီယို သတင်းများအတွက် တော့ မိမိ ဝင်ရောက်ကြည့်ရှု့သည့် သတင်းပေါ်မူတည်ပြီး ဒေတာ MB ကုန်ကျမှာ ဖြစ်ပါတယ်။

၂၃။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာ ဘောလုံးပွဲတွေရော လောင်းလို့ရပါသလား ?

  • ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာ ဘောင်လုံးပွဲ လောင်းကစား “လုံးဝ” လုပ်လို့မရပါဘူး။

၂၅။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာ ပါဝင်သည့် ခန့်မှန်းပြိုင်ပွဲဆိုတာ ဘာလဲ?

  • ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ၏ ၀န်ဆောင်မှုရယူထားသူများကို ကျေးဇူး တုန့်ပြန်သော အနေဖြင် Lucky Draw အစီအစဉ်များ ထည့်သွင်းထားချင်း ဖြစ်ပါတယ်။ ခန့်မှန်းပြိုင်ပွဲ အပြင် အခြားသော အစီအစဉ် အသစ်များကိုလည်း အလျှင်းသင့်သလို စီစဉ် ထည်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။

၂၇။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာ ခန့်မှန်းပြိုင်ပွဲက နေ့စဉ်ရှိတာလား ?

  • ခန့်မှန်းပြိုင်ပွဲက တစ်ပတ်ကို တစ်ကြိမ် ပြုလုပ်ပေးသွားမှာဖြစ်ပြီး နောက်ပိုင်းတွင် အခြား Lucky Draw အစီအစဉ် များ ထည့်သွင်းပေးသွား ပါမည်။

၂၉။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာ ကျွှန်တော်တို့ ကြိုက်နှစ်သက်တဲ့ အသင်းရဲ့ သတင်းကြီးဘဲ သီးသန့် လိုချင်ပါတယ် ၊ ရနိုင်မလားခင်ဗျား ?

  • မိမိကြိုက်နှစ်သက်သော အသင်း၊ ကစားသမား၊ ဒိုင်များ နှင့် ပြိုင်ပွဲများအားလုံးကို သီးသန့် ဖတ်ရှုနိုင်ရန် ပြုလုပ်ထားပါတယ်။ သတင်းများ၏ အောက်ခြေတွင်ပါဝင် သော (#name) ကို နှိပ်ပြီး သီးသန့်ရယူ ဖတ်ရှုနိုင်ပါတယ်။

၃၁။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ကို မိမိ မိုဘိုင်းဖုန်းမှ Uninstall ပြုလုပ်လိုက်ရင် ဖုန်းဘေလ်ထဲမှ နေ့စဉ် ဝန်ဆောင်ခ ဖြတ်တောက် သေးလား ?

  • MPT ဖုန်းနံပါတ်ဖြင့် ၀န်ဆောင်မှုယူထားသူများမှာ Uninstall ပြုလုပ်သည်ဖြစ်စေ မပြုုလုပ်သည်ဖြစ်စေ MPT ဖုန်းဘေလ်မှ ဝန်ဆောင်ခကို ဖြတ်တောက်သွား မှာဖြစ်ပါတယ်။ ထိုဝန်ဆောင်မှု ကို ပယ်ဖျက်လိုပါက Uninstall မပြုလုပ်မီ “8118” သို့ “UNSUBBS” ဟု စာတို ပေးပို့ ရပါမည်။

၃၃။ ကျွှန်တော်တို့က မြန်မာနိုင်ငံမှာ မဟုတ်ပါဘူး Oversea ကနေ ဘယ်လို အသုံးပြုလို့ ရနိုင်မလဲ (Subscribe) လုပ် လို့ရပါလဲ ?

  • မြန်မာနိုင်ငံအတွင်းမှ မဟုတ်သော အခြားနိုင်ငံမှသူများလဲ (Subscribe) ပြုလုပ်ပြီး ဝန်ဆောင်မှု ရယူနိုင်ရန်အ တွက် ကြိုးစားနေပါတယ်။ ယခုလောလောဆယ်တော့ မြန်မာနိုင်ငံအတွင်းသာ (Subscribe) ပြုလုပ်နိုင်မှာပါ။

၃၅။ iPhone မှာ အသုံးပြုလို့ရလား ?

  • iphone အတွက် လောလောဆယ် အသုံးပြုလို့မရသေးပါဘူး။ မကြာခင်အချိန်အတွင်းမှာ Apple App Store မှ Download ရယူနိုင်ရန်စီစဉ်နေပါတယ်။

၃၇။ UniCode Font နဲ့မှရတာလား နှင့် ZawGyi font နဲ့မှရတာလား?

  • UniCode နှင့် ZawGyi မည့်သည့် Font နှင့်မဆို သတင်းများ ဖတ်ရှုနိုင်ပါသည်။ မြန်မာစာအတွက် စိတ်ပူစရာ မလိုဘဲ အသုံးပြုနိုင်ပါတယ်။

၃၉။ ပွဲကြို တင်ပေးပါသလား ?

  • ပွဲကြိုသတင်းတွေတင်ပေးပါတယ်။

၄၁။ အယ်ဒီတာအကြိုက် ဆိုတာဘာလဲ?

  • ပွဲကြိုတွေထဲမှ ဘောလုံးစတား အယ်ဒီတာအဖွဲ့ ရဲ့ အကြိုက်ဆုံးနဲ့ အဖြစ်နိုင်ဆုံးပွဲများကို အချက်အလက်စုံစံ လင်လင်နဲ့ တင်ဆက်ပေးနေတဲ့ ကဏ္ဍ ဖြစ်ပါတယ်။ ပွဲကြိုများမှ အကောင်းဆုံးပွဲများကို ပြန်လည် တင်ဆက်ပေးတဲ့ အစီအစဉ်လဲ ဖြစ်ပါတယ်။

၄၃။ ဂိုးရလဒ်တွေ တင်ပေးလား ?

  • ဂိုးရလဒ်သတင်းများအတွက် ဘောလုံးစတားမှာ ဂိုးရလဒ် ကဏ္ဍရှိပါတယ်။ ပရီးမီးယားလိဂ်၊ လီဂူးဝမ်း၊ စီးရီးအေ၊ လာလီဂါ၊ ချန်ပီယံလိဂ် စသည့် အသင်းများ၏ ဂိုးရလဒ်များ စုံစုံလင်လင် တင်ပေးပါတယ်။

၄၅။ ဗီဒီယိုသတင်းကဏ္ဍ ဆိုဘာတွေပါလဲ။

  • သတင်းများအားလုံးအတွက် ဗီဒီယိုသတင်းများ ပြန်လည်ဖော်ပြပေးသည့် အပြင် ၊ High Light Video များကို အင်တာနက်မှ Search Engine အနေနဲ့ အသုံးပြုကာ ပြန်လည် ဖော်ပြပေးပါတယ်။

၄၇။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာနေ့စဉ်တင်တဲ့ သတင်းတွေကို အခြား Social လူမှုကွန်ယက် တွေမှာ ပြန်လည်ကူးယူ ဖော်ပြလို့ရနိုင်မလား ?

  • သတင်းများကို အခြား Social Network နှင့် အခြား Media များ တွင်ပုံနှိပ်ခြင်း၊ ပြန်လည် ကူးယူ ဖော်ပြခြင်း၊ တဆင့် ပြန်လည် ရောင်းချခြင်း များကို “လုံးဝ” ခွင့် မပြုပါ။

၄၉။ လိုတရ ဝက်ဆိုဒ် မှ တဆင့် ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ကို Download လုပ်လို့ ရနိုင်ပါသလား?

  • လိုတရ ဝက်ဆိုဒ် စာမျက်နှာ၏ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း Download Link မှ တိုက်ရိုက် အခမဲ့ Download ရယူနိုင်ပါတယ်။

၅၁။ Promotion အစီအစဉ်မှာပါဝင် ဖို့ ဘာတွေလိုအပ်လဲ?

  • လိုတရ ဝက်ဆိုဒ်မှ တဆင့် Download ရယူထားရပါမည်။ Download ရယူပြီးပါက ဘောလုံးစတား၏ ဝန်ဆောင်မှု ကို ရယူ ရပါမည်။ ထို အချက် ၂ ချက်နှင့် ကိုက်ညီပါက Promotion အစီအစဉ်တွင် ပါဝင်ပြီး ဖြစ်ပါပြီ။

၅၃။ Promotion မှာ ဘာတွေလက်ဆောင်ပေးမှာလဲ ?

  • Promotion အတွက် MPT M50 Handset ၁ ပါတ်လျှင် ၁၀ လုံး ကို ၄ ပါတ် တိတိ စုစုပေါင်း အလုံး ၄၀ ကို မဲစနစ် နဲဲ့ ရွေးချယ် မဲ ဖောက်ပေးသွားမှာပါ။

၂။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ကို အသုံးပြုဖို့ ဘာတွေလိုအပ်လဲ ?

  • ပထမဦးစွာ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ကို Download link များမှာ Download ရယူ ထားရပါမည်။ Download ပြုလုပ်ပြီးပါက မိမိအသုံးပြုနေသာ မိုဘိုင်းဖုန်းထဲသို့ Install ပြုလုပ် ထည့်သွင်း ရပါမည်။ Install ထည့်သွင်းချင်းအဆင့် ပြီးပါက MPT ဖုန်းနံပါတ်ဖြင့် ၀န်ဆောင်မှုကို ရယူပြီး နေ့စဉ် သတင်းများကို အကန့်အသတ် မရှိဖတ်ရှုနိုင်ပါပြီ။

၄။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ကို မည်သည့်နေရာမှ ရယူနိုင်ပါလဲ၊ ဘယ်လို အသုံးပြုနိုင်မလဲ ?

. Android ဖုန်းအသုံးပြုသူများအတွက် Google Play Store (http://goo.gl/d41Ogj) မှ ဒေါင်းလုပ်ရယူနိုင်ပါတယ် . iPhont အသုံးပြုသူများအတွက် Apple Store (http://bit.ly/2p7Hrw7)မှ ဒေါင်းလုပ်ရယူနိုင်ပါတယ်။
. လိုတရ ဝက်ဆိုဒ် (http://lotayamm.com/) တွင် BalloneStar Mobile Application ကို အခမဲ့ Download ရယူနိုင်ပါတယ်။
. MPT ဖုန်းနံပါတ်ဖြင့် 8118 သို့ DL ဟုစာတိုပေးပို့ကာ Download link ရယူနိုင်ပါတယ်။
ဒေါင်းလုပ်ရယူပြီးပါက မိမိ အသုံးပြုနေသော ဖုန်းထဲသို့ Install ပြုလုပ်ကာ ဘောလုံးစတား
မိုဘိုင်းအက်ပလီကေးရှင်း ၏ ၀န်ဆောင်မှုကို စတင် အသုံးပြုနိုင်ပါပြီ။

၆။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ကို ဖုန်းထဲထည့်သွင်းပြီးတာနဲ့ သတင်းအားလုံးဖတ်လို့ရပြီလား၊ ဘာတွေလိုအပ်သေးလဲ?

  • ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ကို ဖုန်းထဲထည့်သွင်းပြီးပါက MPT ဖုန်းနံပါတ်ဖြင့် ၀န်ဆောင်မှု ကို ရယူပြီး သတင်းအားလုံးကို နေ့စဉ် အကန့်အသတ်မရှိ ဖတ်ရှုနိုင်ပါတယ် ။ ၀န်ဆောင်မှု ရယူရာတွင် လူကြီးမင်း၏ MPT ဖုန်းနံပါတ်နှင့် အတူ လျှို့ဝှက်နံပါတ် (password) တစ်ခု သတ်မှတ် ပေးရပါမည်။

 

၈။ ကျွန်တော့လျှို့ဝှက်နံပါတ် (password) ပြောင်းချင် ရင် ဘယ်လိုုလုပ်မလဲ?

  • လျှို့ ဝှတ်နံပါတ် (password) ပြောင်းလဲ လို ပါက ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ထဲမှ Forgot Password ကိုနှိပ်ပြီး BalloneStar မှအတည်ပြု ကုဒ် ကို ပြန်လည်ရယူရပါမည်။ အတည်ပြု ကုဒ် ပြန်လည် လက်ခံရရှိပါက လူကြီးမင်း ကြိုက်နှစ်သက်ရာ လျှို့ဝှက် နံပါတ် အသစ်ကို သတ်မှတ်နိုင်ပါပြီ။

၁၀။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာ ၀န်ဆောင်မှု ရယူလိုပါက ဘယ်လိုပြုလုပ်ရမလဲ?

  • ဝန်ဆောင်မှု ရယူအသုံးပြုရန် (သို့) ၀န်ဆောင်မှုရယူရန် အတွက် ၀န်ဆောင်မှုရယူပုံ ၂ မျိုးရှိပါတယ်။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှ တိုက်ရိုက် ၀န်ဆောင်မှုရယူနိုင်ပါသည်။ ၁ ရက် စာအတွက် DD ကို ရွေးချယ်ရပါမည်၊ ၁ ပါတ် စာအတွက် ww ဟု ရွေးချယ် နိုင်ပါသည်။
    ထို့ပြင် လူကြီးမင်း၏ မိုလ်ဘိုင်းဖုန်း တွင် MPT ဖုန်းနံပါတ်ဖြင့် Message မှ တစ်ဆင့် ၁ ရက် စာအတွက် 8118 သို့ DD ဟု စာတို ပေးပို့ရမှာ ဖြစ်ပြီး၊ ၁ ပါတ် စာအတွက် 8118 သို့ WW ဟုစာတို ပေးပို့ ကာ ၀န်ဆောင်မှု ရယူ ၍ အသုံးပြု နိုင်ပါသည်။
    ၀န်ဆောင်မှုယူရာတွင် လူကြီးမင်း၏ MPT ဖုန်းနံပါတ်နှင့် အတူ လျှို့ဝှက်နံပါတ် (password) တစ်ခု သတ်မှတ်ပေး ရပါမည်။

၁၂။ လက်ရှိအသုံးပြုနေတဲ့ ဝန်ဆောင်မှု ကနေ နောက်ထက် ဝန်ဆောင်မှု တစ်ခုကို ပြောင်းလို့ ရလား ?

  • ဝန်ဆောင်မှု ပြောင်းလို့ရပါတယ်။ မိမိ ရယူ လိုသောဝန်ဆောင်မှုအတွက် 8118 သို့ MPT ဖုန်းနံပါတ်ဖြင် စာတိုပေးရပါမည်။ ၁ ရက်ဝန်ဆောင်မှု အတွက် DD ၊ ၁ ပါတ်ဝန်ဆောင်မှု အတွက် WW ဟုစာတို ပေးပို့ပါ။

၁၄။ ဆက်ပြီး အသုံးမပြုချင်တော့ရင် (ဘယ်လိုရပ်လို့ရလဲ / ဘယ်လိုလုပ်ရမှာလဲ) ?

ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှ ဝန်ဆောင်မှုများ ရပ်တန့်လိုပါက 8118 သို့ “UNSUBBS” ဟု စာတို ပေးပို့ ပေးရပါမည်။

၁၆။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း နဲ့ ပါတ်သတ်လို့ သိချင်တာရှိရင် ဘယ်လိုစုံစမ်းရမလဲ။

  • MPT ဖုန်းနံပါတ်ဖြင့် 8118 သို့ HELP ဟု စာတို ပေးပို့ကာ အကူအညီ ရယူ နိုင်ပါသည်။

၁၈။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း က သတင်းတွေ ကို တစ်ခြားဘယ်နေရာမှာ ဖတ်ရှုလို့ ရနိုင်သေးလဲ ?

  • ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှ သတင်းများ အားလုံးသည် နိုင်ငံတကာ၏ ဘောလုံး သတင်းဌာနများမှ တဆင့် ဝယ်ယူကာ တရားဝင် လွှင့်တင် ပေးထားသည့်အတွက် BalloneStar Mobile Application တွင်သာ ပြည့်ပြည့်စုံစုံနှင့် စုံလင်စွာ ဖတ်ရှုနိုင်မှာပါ။
    ဘောလုံးစတား၏ facebook စာမျက်နှာနှင့် လိုတရ ဝက်ဆိုဒ်တို့တွင်လဲ ဘောလုံးစတား သတင်းဌာနမှ ဘောလုံး သတင်း တစ်ချို့ ဖော်ပြပေးပါတယ်။

၂၀။ Internet connection လိုအပ်ပါသလား ?

  • Internet Connection လိုအပ်ပါတယ်။

၂၂။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာ သတင်းတွေကနေ့စဉ် အသစ်တင်ပေးမှာလား၊ တနေ့ ဘယ်နှစ်ပုဒ် လောက် တက်မှာလဲ ?

  • သတင်းများကို နေ့စဉ် အချိန်နှင့်အမျှ အသစ်တင်ပေးပါသည်၊ တစ်နေ့တာအတွက် ဗီဒီယိုသတင်းအပါအဝင် သတင်းအားလုံးစုစု ပေါင်း အနည်းဆုံး ၄၀ မှ ၆၀ ပုဒ်အထိ တင်ပေးမှာဖြစ်ပါတယ်။

၂၄။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာ ဘောလုံးပွဲတွေ ကို Live ကြည့်လို့ ရလား?

  • လောလောဆယ် ကြည့်လို့ မရသေးပါဘူး၊ နောက်ပိုင်းမှာ ကုန်ကျမှု သက်သာစွာဖြင့် Live ကြည့်ရှု့လို့ ရနိုင်အောင် ကြိုးစားနေပါတယ်။

၂၆။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာ ယခုပါဝင်သော ခန့်မှန်းပြိုင်ပွဲက အဖြေမှန်တဲ့သူကို ဘာပေးတာလဲ ?

  • ခန့်မှန်းပြိုင်ပွဲတွင် အဖြေမှန်သူများကို Lucky Draw အစီအစဉ်တွင် ကြေငြာထားသည့်အတိုင်း ရွေးချယ်ပြီး ဆုလက်ဆောင်များ ပြန်လည်ပေးအပ်သွားပါမည်။

၂၈။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာ အခြား ဘာပြိုင်ပွဲတွေ ၊ အစီအစဉ်တွေ ရှိသေးလဲ ?

  • ခန့်မှန်းပြိုင်ပွဲအပြင် ၊ Live TV Program အစီအစဉ်များ၊ ဘောလုံးအသင်းများ၏ Fun များနှင် တိုက်ရိုက် တွေ့ဆုံမေမြန်းချင်း နှင့် အခြား Lucky Draw အစီအစဉ် များကို တင်ဆက်ပေးသွားမှာပါ။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း နှင့် ဘောလုံးစတား Facebook Page တို့မှာ အစီအစဉ်မတိုင်မီ ကြိုတင် အသိပေး အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။

၃၀။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း မှာ ဘောလုံးသတင်းနှင့် ပါတ်သတ်ပြီး ကြိုက်တာမေးလို့ရနိုင်လား ?

  • ဘောလုံးသတင်းနှင့် ပါတ်သတ်ပြီး သိလိုသမျှ ကို ဘောလုံးစတား ၏ Customer Service ဝန်ဆောင်မှုဌာန ဖုန်းနံပါတ် (၀၉၄၅၅၅၀၀၄၄၀၊ ၀၉၄၅၅၅၀၀၈၈၀) သို့ ဆက်သွယ်ပြီး မေးမြန်းနိုင်သလို၊ ဘောလုံးစတား Facebook Page မှာလည်း ဝင်ရောက် မေးမြန်း နိုင်ပါတယ်။

၃၂။ ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း ၏ ၀န်ဆောင်မှုကို အသုံးပြုဖို့ အခြား ဆင်းမ်ကတ် တွေနဲ့ရော မရဘူးလား ?

  • MPT ဖုန်းကဒ် ဖြင့်သာ ဝန်ဆောင်ခကို ပေးချေနိုင်မှာဖြစ်ပါတယ်။ အခြားမည်သည့် ဆင်းမ်ကတ်နှင့်မှ မရပါ။

၃၄။ ဘယ်ဖုန်းမဆို အသုံးပြုလို့ ရလား?

  • Android Version 4.0 နှင့် အထက်မည်သည့် Android ဖုန်းမဆို အသုံးပြုလို့ ရပါတယ်။ Google Play Store မှ Download ရယူနိုင်ပါတယ်။

၃၆။ သတင်းတွေက English ဘာသာနဲ့လား မြန်မာဘာသာနဲ့လား ?

  • သတင်းအားလုံးကို မြန်မာဘာသာစကားဖြင့်သာဖော်ပြ ပေးထားပါတယ် ။

၃၈။ အသုံးပြုပုံလေး သိချင်ပါတယ် ?

  • အသုံးပြုပုံအသေးစိတ်ကို ဓါတ်ပုံ ၊ ဗီဒီယို တို့ဖြင့် ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်း တွင် ထည့်သွင်း ဖော်ပြ ပေးထားမှာ ဖြစ်ပြီး ဘောလုံးစတား Facebook Page မှာလဲ အပါတ်စဉ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ထို့ပြင် ဘောလုံးစတား၏ Customer Service ဖုန်းနံပါတ်(၀၉၄၅၅၅၀၀၄၄၀ , ၀၉၄၅၅၅၀၀၈၈၀ , ၁၀၆) သို့လည်း ဖုန်းခေါ်ဆိုပြီး ဆက်သွယ် မေးမြန်း နိုင်ပါတယ်။

၄၀။ ဘယ်လို ပွဲကြို တွေတင်ပေးသလဲ ?

  • ပရီးမီးယားလိဂ်၊ စပိန်၊ လာလီဂါ၊ စီးရီးအေ၊ ချန်ပီယံလိဂ် အစရှိသည့် ပွဲကြို အချက်အလက်များကို ပွဲမကစားမှီ တင်ပေးပါတယ်။

၄၂။ အပြောင်းအရွေ့ သတင်းတွေ တင်ပေးလား ?

  • အပြောင်းအရွှေ့ သတင်းတွေအားလုံးကို တင်ပေးပါတယ်။ Up to date သတင်း၊ အရေးပေါ်သတင်းများကိုပါ အချိန်နှင့် အမျှ တင်ပေးနေ ပါသည်။

၄၄။ အသင်းတစ်သင်းနှင့် တစ်သင်းတို့၏ ထိပ်တိုက် တွေ့ဆုံ မှု သတင်းတွေဖော်ပြပေးလား?

  • ထိပ်တိုက်တွေ့ဆုံမှု များကို စဉ်ဆက်မပျက် ပွဲစဉ်တွေရှိသည့် အချိန်တိုင်း ဖော်ပြပေးပါတယ်။

၄၆။ ဘောလုံးသမားတွေရဲ့ ကိုယ်ရေးကိုယ်တာ သတင်းတွေရောတင်ပေးလား ?

  • ဘောလုံးသများများ၏ ပြင်ပလှုပ်ရှားမှုသတင်းများဖြစည်သည့် လှုမှုရေး၊ စီးပွားရေး၊ အချစ်ရေး၊ လတ်တလော လှုပ်ရှားမှု၊ မွေးနေ့ စသည့် ကိစ္စအဝဝကို Up To Date အကုန် တင်ပေးပါတယ်။

၄၈။ လိုတရ ဝက်ဆိုဒ် မှာ ဘောလုံးစတား မှ သတင်းတွေဖက်လို့ ရပါလား ?

  • လိုတရ ဝက်ဆိုဒ် စာမျက်မှာပေါ်တွင် ဘောလုံးစတားမှ နေ့စဉ် အားကစားသတင်းအချို့ ကိုလွင့်တင်ပေးပါတယ်။

၅၀။ လိုတရ ဝက်ဆိုဒ် မှာတင်ထားတဲ့ Download link မှာ Download လုပ်ရင် ဘာပိုထူးမှာလဲ ?

  • လိုတရ ဝက်ဆိုဒ် မှာတင်ထားတဲ့ Download Link မှ Download ရယူပါက အက်ပလီကေးရှင်း Download လုပ်ချင်းအတွက် ဒေတာ ကုန်ကျမှု မရှိပဲ အခမဲ့ Download ရယူနိုင်ပါတယ်၊ လိုတရ ဝက်ဆိုဒ် မှ Download ရယူပြီး ဘောလုံစတား ဝန်ဆောင်မှု ရယူ ပါက (၃၀.၈.၂၀၁၇) ရက်မှ (၃၀.၉.၂၀၁၇) အတွင်း ကျင်းပမည် Promotion အစီအစဉ်မှာ ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

၅၂။ Promotion က လတိုင်းပေးနေမှာလား ?

  • Promotion က လတိုင်း အတွက်မဟုတ် ပါဘူး သတ်မှတ်ရက်အတွင်းသာ Promotion ပေးမှာပါ။ သို့ သော Promotion အစီအစဉ် အသစ်များရှိပါက အလျှင်းသင့်သလို ကြေငြာ ပေးသွားပါမည်။

၅၄။ ဘောလုံးစတား မှ သတင်းများ နှင့် ပါတ်သတ်ပြီး လိုတရ ဝတ်ဆိုဒ် မှာ မေးလို့ ရပါသလား?

  • ဘောလုံးစတား နှင့်ပါတ်သက်ပြီး မေးမြန်းလိုပါက ဘောလုံးစတား ၏ Facebook Page နှင့် ဘောလုံးစတား ၏ Customer Service ဖုန်းနံပါတ် (၀၉၄၅၅၅၀၀၄၄၀၊ ၀၉၄၅၅၅၀၀၈၈၀) ၊ Viber နံပါတ် (၀၉၄၅၅၅၀၀၄၄၀) သို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

MPT Dome Pyan Internet Service FAQs MM

MPT Dome Pyan Internet Service

၁။ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဆိုတာဘာလဲ။

ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဆိုတာ မြန်နှုန်းမြင့် အကန့်သတ်မဲ့ အိမ်သုံးအင်တာနက် ကို သင့်တင်မျှတသော ဈေးနှုန်းဖြင့် အသုံးပြုနိုင်သော အင်တာနက်ဝန်ဆောင်မှုဖြစ်ပါသည်။

၂။ ADSL ဝန်ဆောင်မှုနဲ့ ဘာကွာခြားပါလဲ။

  • ADSL ဆိုတာ တယ်လီဖုန်းလိုင်းစနစ်နဲ့ အသုံးပြုနိုင်တဲ့ အင်တာနက်ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။
  • ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုကတော့ တယ်လီဖုန်းလိုင်းနဲ့ ချိတ်ဆက်အသုံးပြုရတဲ့ ADSL အင်တာနက်စနစ်ထက် ပိုပြီးတည်ငြိမ်ပြီး မြန်ဆန်ပါတယ်။

ဖိုက်ဘာအင်တာနက်စနစ်ဟာ အကျိုးကျေးဇူးများပါတယ်။ (ဥပမာအားဖြင့် မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အချိန်တွေမှာတောင် ဖိုက်ဘာအင်တာနက်စနစ်က လိုင်းကျသွားခြင်းမျိုးမရှိပဲ တည်ငြိမ်တဲ့အနေအထားမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။)

၃။ ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် အမြန်နှုန်း နဲ့ ဈေးနှုန်းတွေက ဘယ်လောက်လဲ။

လစဥ်ကြေးအမြန်နှုန်းမိုဘိုင်းလ် နံပါတ် ၁ ခုစီ သို့ ရရှိမည့် အကျိုးအမြတ်များ
(လစဉ် မိုဘိုင်းလ် ၅ လုံးထိ ခံစားခွင့် )
32,000Kyats15Mbps1GB
100 Mins [On-Net]
Unlimited SMS [On-Net]
43,000Kyats25Mbps1GB
100Mins (On-Net)
Unlimited SMS(On-Net)
76,000Kyats50Mbps2GB
100Mins (On-Net)
Unlimited SMS(On-Net)
120,000Kyats100Mbps3GB
200Mins (On-Net)
Unlimited SMS(On-Net)

၄။ အင်တာနက်သုံးစွဲတဲ့အခါ ဒေတာ ကန့်သတ်မှုတွေရှိပါသလား။

မရှိပါဘူး။ အသုံးပြုသူတွေအနေနဲ့ ဒေတာအကန့်အသတ်မရှိ အင်တာနက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၅။ သုံးစွဲသူတွေအနေနဲ့ 15Mbps,25Mbps,50Mbps နဲ့ 100Mbps ဒေတာအမြန်နှုန်းကို အမြဲတမ်းရရှိနိုင်မလား။

ယခုအင်တာနက်စနစ်မှာ 15Mbps၊ 25Mbps၊ 50Mbps နဲ့ 100Mbps ဒေတာအမြန်နှုန်းအထိ အများဆုံးရရှိနိုင်မှာဖြစ်ပြီး ဒီအမြန်နှုန်းတွေဟာ အင်တာနက်ဝန်ဆောင်မှုကို အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါတယ်။ အသုံးပြုသူ အများအပြား တစ်ချိန်တည်းအသုံးပြုတဲ့အခြေအနေမျိုးမှာတော့ အင်တာနက်အမြန်နှုန်း ဟာ မူလက အများဆုံးရရှိနိုင်တဲ့အမြန်နှုန်းထက် အနည်းငယ်နှေးသွားနိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုသူ တစ်ဦးချင်းစီတိုင်းအတွက် လုံလောက်တဲ့အမြန်နှုန်းကို ပေးစွမ်းနိုင်ပါတယ်။

၆။ ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် ကို ဘယ်လိုလျှောက်ထားနိင် မည်နည်း။

ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် ကို MPT Website၊ နီးစပ်ရာ MPT ဆိုင်များ၊ အရောင်းဝန်ထမ်းများ၊ MPT4U Application ရဲ့ အလိုလျှောက် စာြပန်စနစ်မှသော်လည်းကောင်း (သို့) 2800 / 018652800 သို့ ခေါ်ဆိုမေးမြန်းနိုင်ပါတယ်။

၇။ ငွေကောက်ခံမှုအပိုင်းမှာ ဘာသတ်မှတ်ချက်များရှိပါသလဲ။ သုံးစွဲသူများဘက်မှ ငွေပေးချေမှုကို ဘယ်လိုပြုလုပ်နိုင်မှာလဲ။•

သုံးစွဲသူများအနေနဲ့ လစဉ်ကြေးငွေကို လမစမှီကြိုတင်ပေးသွင်းရမှာဖြစ်ပါတယ်။ MPT မှ FTTH လစဉ်ကြေးဘေလ် များကို MPT TRAကောင်တာများ ၊ MPT Pay application, MPT ငွေဖြည့်ကဒ် မှတဆင့် ပေးချေခြင်း ၊ CB BANK၊ KBZ BANK, AYA BANK နှင့် MPT မှသတ်မှတ်ထားသော တယ်လီဖုန်းဌာန များတွင်သာမက MEB နှင့် ချိတ်ဆက်ထားသော CITY MART၊ JUNCTION၊ OCEAN၊ SUPERONE၊ MYANMA APEX BANK ၊ UNITED LIVING MALL စသည့် ဈေးဝယ်စင်တာများမှတဆင့်လည်း လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်။

၈။ ဘေလ်များကို ဘယ်လိုစစ်လို့ ရနိုင်သလဲ။

(၁) ဘေလ်များကို 2800 / 018652800 သို့ခေါ်ဆိုပြီး သင့်၏ အကောင့်ကုတ် တစ်ခါသုံး စကားဝှက်အား အသုံးပြု၍ စစ်ဆေးနိုင်ပါသည် ။
(၂) သုံးစွဲသူများအနေနဲ့ လစဉ်ကျသင့်သော ဘေလ်များကို MPT4U Application ရဲ့ အလိုလျောက် စာြပန်စနစ်မှ အကောင့်ကုတ် တစ်ခါသုံး စကားဝှက်အား အသုံးပြု၍လည်း စစ်ဆေးနိုင်ပါသည် ။

၉။ မြန်နှုန်းများ တိုးမြှင့်ခြင်း လျှော့ချခြင်းများ ပြုလုပ်လို့ရနိုင်ပါသလား ပါသလား။

အသုံးပြုသူများအနေနဲ့ သုံးစွဲတဲ့ အမြန်နှုန်းကို အချိန်မရွေး အတိုးအလျှော့ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုသူအနေနဲ့ ဒေတာအမြန်နှုန်းလျှော့ချတဲ့အခြေအနေမျိုးမှာတော့ ဝန်ဆောင်ခ ၁၀,၀၀၀ ကျပ်ကို တစ်ကြိမ်ကောက်ခံသွားမှာဖြစ်ပါတယ်။ ဝန်ဆောင်မှု အမြန်နှုန်းအတိုးအလျှော့ပြုလုပ်လိုပါက ပြုလုပ်လိုသည့်လ၏ ပထမပတ်မတိုင်မီ ၅ ရက်ကြို၍ လာလျှောက်ထားရမည် ဖြစ်ပါတယ်။

၁၀။ ယာယီလိုင်း ပိတ်သိမ်းခြင်းများ ပြုလုပ်နိုင်ပါသလား။

အသုံးပြုသူများအနေနဲ့ အင်တာနက်ခေတ္တရပ်ဆိုင်းခြင်းကို ဝန်ဆောင်ခ ၁၀,၀၀၀ ကျပ် တစ်ကြိမ်ပေးသွင်းပြီး အများဆုံး သုံးလအထိ ဝန်ဆောင်မှုအသုံးပြုခြင်းကို ခေတ္တရပ်နားထားနိုင်ပါတယ်။
ဝန်ဆောင်မှုခေတ္တရပ်ဆိုင်းခြင်းကို ပြုလုပ်လိုသည့်လမတိုင်မီ ၅ ရက်ကြို၍ MPT TRAကောင်တာများ တွင် လာရောက် လျှောက်ထားရမှာ ဖြစ်ပါတယ်။

၁၁။ONU ပျက်ခဲ့ပါက မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း ။

ပထမဦးစွာ၊ Dome Pyan Trouble Shooting Page (https://bit.ly/3sH11lv) သို့၀င်ရောက်၍ သင်၏ ONU ပြဿနာများကို ဖြေရှင်းနိုင်သည် (သို့မဟုတ်) မဖြေရှင်းနိုင်သည်တို့ကိုစစ်ဆေးပါ။
အကယ်၍ သင်၏ ONU ကို အစားထိုးရန် လိုအပ်ပါက၊ MPT မှ 50,000Ks ကောက်ခံပြီး ONU အသစ်ကို ပို့ပေးပါမည်။

Thailand-Malaysia IDD Call Pack FAQ MM

Thailand-Malaysia IDD call pack

၁။ ထိုထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံကိုဆက်သွယ်နိုင်တဲ့ IDD Pack(Thailand-Malaysia IDD call pack) ဆိုတာ ဘာပါလဲ။

  • IDD Pack ကို ၁၀၀၀ကျပ်ဖြင့် ၀ယ်ယူထားပါက ၀ယ်ယူသည့်နေ့မှ ရက်(၃၀)အတွင်း ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့သို့ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၅၀ကျပ်၊ SMS တစ်စောင်လျှင် ၁၅ကျပ်သာကျသင့်မည်ဖြစ်ပါသည်။

၃။ IDD Pack ကိုဘယ်သူတွေဝယ်ယူနိုင်မှာပါလဲ။

  • MPT GSM/WCDMA ဖုန်းအသုံးပြုသူများသည် IDD Pack ကိုဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

၅။ IDD Pack ကိုဝယ်ယူလိုက်ပါတယ်။ ဖုန်းဘီလ်ထဲက ၁၀၅၀ကျပ် ဖြတ်တောက်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။

  • ၂၀၁၆ခုနှစ်၊ ဧပြီလ(၁)ရက်မှစတင်ပြီး လက်ရှိနှုန်းထားများတွင် ကုန်သွယ်ခွန် ၅ရာခိုင်နှုန်း ထပ်ဆောင်း ပေးဆောင်ရမည်ဖြစ်သည်။

၂။ IIDD Pack ကိုဘယ်လိုဝယ်ယူနိုင်မှာပါလဲ။

  • *2050# ကိုရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ MPT4U application မှတစ်ဆင့်လည်းကောင်း ၀ယ်ယူနိုင်ပါသည်။
  •  *106# မှလည်းဝယ်ယူနိုင်ပါသည်။

၄။ IDD Pack ဘယ်အချိိန်တွေမှာ ၀ယ်ယူအသုံးပြုနိုင်မှာပါလဲ။

  • ၂၀၁၇၊ မေလ (၉)ရက်မှ စ၍ ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။ အစီအစဉ်နှင့် ပတ်သတ်ပြီး အပြောင်းအလဲတစ်လဲတစ်စုံတစ်ရရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးအကြောင်းကြားပေးမည်ဖြစ်ပါသည်။

၆။ IDD Pack ၀ယ်ယူထားခြင်းရှိ၊ မရှိ နဲ့ အသုံးပြုနိုင်တဲ့ သက်တမ်းကို ဘယ်လိုစစ်ဆေးကြည့်နိုင်ပါသလဲ။

  • *224# ကိုရိုက်နှိပ်ခေါ်ဆိုခြင်း၊ ၁၃၃၁သို့ BAL ဟုစာတိုပေးပို့ခြင်းဖြင့်စစ်ဆေးကြည့်နိုင်ပါသည်။