
မိမိတို့ချစ်ခင်ရသူများအား ပက်ကေ့ချ်များကို လက်ဆောင်အဖြစ်ပေးတိုင်း ၁၀ ရာခိုင်နှုန်း အပိုဆောင်းငွေသား ပြန်လည်ရရှိနိုင်မည့် သီတင်းကျွတ်ပရိုမိုးရှင်း အစီအစဉ်ကို MPT က မိတ်ဆက်
28 Oct 2020(သီတင်းကျွတ်အခါသမယတွင် “ထောဘီ ၇ဆ” (သို့) “စုံစုံလင်လင်” ပက်ကေ့ချ်များဖြင့် မိမိတို့၏ ချစ်ခင်ရသူများအား လက်ဆောင်ပေးတိုင်း ၁၀ ရာခိုင်နှုန်း အပိုဆောင်းငွေသား ပြန်လည်ပေးအပ်ခြင်းဖြင့် MPT က သုံးစွဲသူများထံသို့ ကျေးဇူးတုံ့ပြန်လိုက်ပါသည်။)
(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ၎င်း၏ ဝန်ဆောင်မှုကို အစဉ်တစိုက်သုံးစွဲသူများအား ကျေးဇူးတုံ့ပြန် သည့်အနေဖြင့် သီတင်းကျွတ်အခါသမယတွင် အပိုဆောင်းငွေသားလက်ဆောင်များ ပြန်လည်ပေးအပ်သွား မည့် အထူးအစီအစဉ်တစ်ရပ်အား ယနေ့မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ယခု အထူးပရိုမိုးရှင်း အစီအစဉ်အရ MPT ၏ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ်များ ရယူထားသော GSM/WCDMA Prepaid နှင့် Postpaid စနစ် အသုံးပြုသူများသည် ကြိုက်နှစ်သက်ရာ “ထောဘီ ၇ဆ” (သို့) “စုံစုံလင်လင်” ပက်ကေ့ချ်များကို အခြား MPT သုံးစွဲသူများအား လက်ဆောင်အဖြစ်ပေးအပ်တိုင်း လက်ဆောင်ပေးသည့် ပက်ကေ့ချ် စျေးနှုန်း၏ ၁၀ ရာခိုင်နှုန်းကို အပိုဆောင်းငွေသား အဖြစ် ပြန်လည်ရရှိ မည်ဖြစ်သည်။
ယခုနှစ်သီတင်းကျွတ်ကာလမှာ ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ယခင်နှစ်များနှင့်မတူဘဲ မိမိတို့နေအိမ်၌ပင် နေထိုင်နေရပြီး ချစ်ခင်ရသောမိသားစုဝင်များ၊ မိတ်ဆွေများနှင့် အွန်လိုင်းပေါ်မှသာ တွေ့ဆုံဆက်သွယ်နေရသော အချိန်ကာလဖြစ်သည်။ ယခုအခါတွင် MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ လေးစားချစ်ခင်ရသူများအား ပက်ကေ့ချ်များကို လက်ဆောင်အဖြစ်ပေးတိုင်း လက်ဆောင်ပေးသည့် ပက်ကေ့ချ်စျေးနှုန်း၏ ၁၀ ရာခိုင်နှုန်းကို အပိုဆောင်းငွေသား အထူး လက်ဆောင်အဖြစ်ပြန်လည်ရရှိနိုင်အောင် ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။
MPT သုံးစွဲသူများသည် MPT4U Application မှတစ်ဆင့် လွယ်ကူရိုးရှင်းစွာဖြင့် မိမိလက်ဆောင်ပေးအပ်လိုသည့် ပက်ကေ့ချ်ကို ရွေးချယ်၍ လက်ဆောင်ပေးအပ်နိုင်မည် ဖြစ်သည့် အပြင် “ထောဘီ ၇ဆ” ပက်ကေ့ချ်ကို *700# သို့ ခေါ်ဆို၍သော်လည်းကောင်း (သို့မဟုတ်) “စုံစုံလင်လင်” ပက်ကေ့ချ်ကို *4998# သို့ခေါ်ဆို၍သော်လည်းကောင်း လက်ဆောင်ပေးပို့ နိုင်ပါသည်။
အဆိုပါအစီအစဉ်အတွက် ဝန်ဆောင်ခ ပေးအပ်ရန်မလိုဘဲ အကြိမ်အရေအတွက် အကန့်အသတ်မရှိ လက်ဆောင်ပေးပို့နိုင်ပြီး နောက်ဆုံးရရှိသော အပိုဆောင်းငွေသား လက်ဆောင် (Cashback) ၏ သက်တမ်းအထိ ပေါင်းစည်းသက်တမ်းတိုး အသုံးပြုနိုင်မည်ဖြစ်သည်။ အပိုဆောင်းငွေသားများကို သုံးသလောက် ပေးနှုန်းထားဖြင့် အင်တာနက်အသုံးပြုခြင်းများ၊ MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းများအား သက်တမ်း (၅) ရက်အတွင်း အသုံးပြုနိုင်ပြီး ပရိုမိုးရှင်းကာလမှာ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၂၈) ရက်မှ နိုဝင်ဘာလ (၂) ရက် အထိ ဖြစ်သည်။
ပက်ကေ့ချ် အမည် | ပက်ကေ့ချ် နှုန်းထား | ပရိုမိုးရှင်း ခံစားခွင့် | ပြန်အမ်းငွေ ပမာဏ | အသုံးပြုနိုင်သည့် နည်းလမ်းများ | အသုံးပြုနိုင်သည့် သက်တမ်း |
---|---|---|---|---|---|
ထောဘီ ၇ဆ | ၁,၁၁၁ ကျပ် | ပက်ကေ့ချ်စျေးနှုန်း၏ ၁၀% အပိုဆောင်းငွေသား | ၁၁၁ ကျပ် | ဒေတာ အသုံးပြုခြင်းများ၊ MPT အချင်းချင်းဖုန်း ခေါ်ဆိုခြင်း နှင့် စာတိုပေးပို့ခြင်းများ | (၅) ရက် |
၂,၂၂၂ ကျပ် | ၂၂၂ ကျပ် | ||||
၅,၅၅၅ ကျပ် | ၅၅၆ ကျပ် | ||||
စုံစုံလင်လင် | ၄,၉၉၈ ကျပ် | ၅၀၀ ကျပ် |
MPT ၏ လူကြိုက်များသော “စုံစုံလင်လင်”ပက်ကေ့ချ်သည် ဈေးကွက်ထဲတွင် သုံးစွဲသူများအတွက် တစ်နေရာ တည်းတွင် လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းပေးနိုင်ပြီး အကျိုးခံစားခွင့်များ အရရှိနိုင်ဆုံးသော ပက်ကေ့ချ်တစ်ခု ဖြစ်သည်။ အဆိုပါ ပက်ကေ့ချ်ဖြင့် Facebook, Viber, Mobile Legends နှင့် JOOX ဒေတာများကို အကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်သည့်အပြင် အခြားအင်တာနက် အသုံးပြုမှု အားလုံးအတွက် ဒေတာ 2GB ၊ MPT ဖုန်းအချင်းချင်း အသင့်တော်ဆုံးနှုန်းထားဖြစ်သည့် ၁ မိနစ်လျှင် ၅ ကျပ်ဖြင့် ဖုန်းခေါ်ဆိုခွင့်၊ ဖုန်းဘေလ် ၁,၀၀၀ ကျပ် ရရှိနိုင်မည်ဖြစ်သည်။ ယခင်လကမှ မိတ်ဆက်ခဲ့သည့် “ထောဘီ ၇ဆ” အထူးပရိုမိုးရှင်းအစီအစဉ်ဖြင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပေးပို့ခြင်း နှင့် သုံးသလောက်ပေး အင်တာနက်အသုံးပြုခြင်း (Pay As You Go) တို့အတွက် သက်သာသော နှုန်းထားများဖြင့် ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၇ ဆ ပွားကာ လဲလှယ်ရယူနိုင်သည်။
MPT ၏ နောက်ဆုံး ပရိုးမိုးရှင်းများ နှင့် ဝန်ဆောင်မှုများအကြောင်း အသေးစိတ် သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင်လည်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။