MPT Myanmar | Moving Myanmar Forward Happy Friday Data Carry Plus with Free Night Facebook FAQs MM - MPT Myanmar | Moving Myanmar Forward
×

Happy Friday Data Carry Plus with Free Night Facebook

1. Happy Friday Data Carry Plus with Free Night Facebook ဆိုတာဘာလဲ?

သောကြာနေ့တိုင်းတွင် Data Carry Plus Pack ဝယ်ယူပါက အပိုဆောင်းဒေတာ(MB) များအပြင် ည ၁၁နာရီမှ မနက် ၇နာရီအထိ အကန့်အသတ်မရှိ Facebook App, Messenger နှင့် Browser မှ Facebook ရက်၃၀ အခမဲ့အသုံးပြုခွင့် ( Facebook ပြင်ပ links များနှင့် Messenger မှ voice call, video call ခေါ်ဆိုခြင်းများ မပါဝင်ပါ) ကို ရရှိနိုင်မှာပါ။ Data Carry Plus Pack မှ Data အားလုံးကို သက်တမ်း မကုန်ခင် သုံးစွဲပြီးသော်လည်း အခမဲ့ အကြိုက်သုံး Facebook အသုံးပြုခွင့် (ည(၁၁)နာရီမှ မနက်(၇)နာရီ အထိ)ကို ယင်းပက်ကေ့ချ်၏ သက်တမ်းမကုန်ခင်အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မည်သည့် ထပ်ဆောင်း ကောက်ခံမှု/ကျသင့်မှုရှိမည် မဟုတ်ပါ။

2. Data Carry Plus with Free Night Facebook Pack ၀ယ်ယူပြီး Facebook မှ ဗွီဒီယိုအားလုံးကြည့်လို့ရမှာလား?

ကြည့်လိုရပါတယ်။ ည (၁၁)နာရီမှ မနက် (၇)နာရီအထိ Facebook မှ ဗွီဒီယိုအားလုံးကို အကန့်အသတ်မရှိ အပူပင်ကင်းစွာကြည့်ရှုနိုင်မှာပါ။ Voice call, video call များနှင့် Facebook မှတစ်ဆင့် click နှိပ်ပြီးပြင်ပ Websiteများ၊ link များကိုဝင်ရောက်အသုံးပြုခြင်းများကို ၀ယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go Rate ဖြင့် ကောက်ခံသွားမှာဖြစ်ပါတယ်။

3. သောကြာနေ့တွင် Data Carry Plus with Free Night Facebook Pack ကို အကြိမ်အရေအတွက် ဘယ်လောက်အထိ ဝယ်ယူနိုင်မှာလဲ?

သောကြာနေ့တွင် Data Carry Plus with Free Night Facebook Pack ကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မှာဖြစ်ပြီး ဒေတာပမာဏ များလည်း ပေါင်းစည်းသွားမယ့်အပြင် အခမဲ့ Facebook အသုံးပြုခွင့် (ည၁၁နာရီမှ မနက်၇နာရီ အထိ)ကိုပါ နောက်ဆုံးသက်တမ်းအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

4. သောကြာနေ့မှာ၇၉၉ကျပ်တန် Data Carry Plus Pack ဝယ်လိုက်ပါတယ်။ အခမဲ့ Facebook အသုံးပြုခွင့် မရရှိပါဘူး။ ဘာလို့လဲ?

သောကြာနေ့မှာ ၆၉၉ကျပ်နှင့် ၇၉၉ကျပ် ပက်ကေ့ချ်အပါအဝင် မည်သည့် Data Carry Plus Packs များဝယ်ယူပါက အပိုဆောင်းဒေတာများရရှိမှာပါ။ ထို့အပြင် ၉၉၉ကျပ်နှင့်အထက် Data Carry Plus Pack များဝယ်ယူပါက အခမဲ့ Facebook အသုံးပြုခွင့် (ည ၁၁ နာရီမှ မနက် ၇ နာရီအထိ)ကို အသုံးပြုနိုင်မှာပါ။

5. Htaw B အပိုဆောင်းလက်ဆောင်ကို ဘာတွေသုံးလို့ရမှာလဲ။ဘယ်လောက်ကြာကြာသုံးနိုင်မှာပါလဲ?

Htaw B အပိုဆောင်းလက်ဆောင်ကို MPT ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုရန်၊ စာတိုပေးပို့ရန်နှင့် သုံးသလောက်ပေးအင်တာနက်အတွက် သုံးစွဲသူဝယ်ယူသည့်ပက်ကေ့ချ်သက်တမ်းအတိုင်း အသုံးပြုနိုင် မှာပါ။ ဥပမာ – သောကြာနေ့တွင် ဖုန်းဘေလ် ၁,၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၅,၀၀၀ကျပ် ပြောင်းလဲပါက အပိုဆောင်းလက်ဆောင် ၂၀၀ ကျပ်ရရှိမှာဖြစ်ပြီး [စုစုပေါင်း ၅၂၀၀ကျပ်ကို] ၁၅ ရက်ကြာအသုံးပြုနိုင်ပါသည်။

6. သောကြာနေ့မှာ အခြား ပက်ကေ့ချ် (Social pack, night time pack, voice pack) တွေဝယ်ယူပါတယ်။ အပိုဆောင်းခံစားခွင့်ရရှိမှာလား?

မရရှိပါ။ MPT ၏ လူကြိုက်အများဆုံးပက်ကေ့ချ်များဖြစ်သည့် Htaw B နှင့် Data Carry Plus Packs များဝယ်ယူပြီး အပိုဆောင်းခံစားခွင့်များရယူ နိုင်ပါသည်။ သောကြာနေ့တွင် Data Carry Plus Pack ဝယ်ပါက အပိုဆောင်းဒေတာများအပြင် ၉၉၉ကျပ်နှင့်အထက် Data Carry Plus Pack များဝယ်ယူပါက အခမဲ့ Facebook အသုံးပြုခွင့် (ည(၁၁)နာရီမှ မနက်(၇)နာရီအထိ)ကို ရက်၃၀ သက်တမ်းဖြင့် အကန့်အသတ်မရှိ အခမဲ့အသုံးပြုနိုင်မှာ ဖြစ်ပါသည်။

7. ဘယ်နည်းလမ်းကိုသုံးပြီးဝယ်ယူရင် အပိုဆောင်းခံစားခွင့် ရမှာလဲ။

သောကြာနေ့တွင် Data Carry Plus Packs နှင့် Htaw B အသစ်ဝယ်ယူလိုက်တိုင်း အပိုဆောင်းခံစားခွင့် များ ရရှိမှာပါ။ ထို့အပြင် သောကြာနေ့တွင် ၉၉၉ကျပ်နှင့်အထက် Data Carry Plus Pack များဝယ်ယူပါက Data Carry Plus Pack ဝယ်ပါက အပိုဆောင်းဒေတာများအပြင် အခမဲ့ Facebook အသုံးပြုခွင့် (ည(၁၁)နာရီမှ မနက်(၇)နာရီအထိ)ကို ရက်၃၀ သက်တမ်းဖြင့် အကန့်အသတ်မရှိ အခမဲ့ အသုံးပြုနိုင်မှာပါ။

8. သောကြာနေ့မှာ Data Carry Plus Pack ဝယ်ပါတယ်။မည်သည့်အပိုဆောင်းလက်ဆောင်ရရှိမှာပါလဲ။

သောကြာနေ့မှာ Data Carry Plus Pack ဝယ်ပါက အောက်ပါအတိုင်း အပိုဆောင်းဒေတာ (MB) များရရှိမည့် အပြင် ၉၉၉ကျပ်နှင့်အထက် ပက်ကေ့ချ်ဝယ်ယူပါက ည(၁၁)နာရီမှ မနက်(၇)နာရီအထိ အကန့်အသတ်မရှိ Facebook အသုံးပြုခွင့်ကို ရက်ပေါင်း ၃၀ အခမဲ့အသုံးပြုနိုင်မှာပါ။

 

 

နှုန်းထား
(ကုန်သွယ်ခွန်ပါပြီး)

 

ဒေတာပမာဏ

 

အပိုဆောင်းဒေတာ

 

Free Night Facebook(11PM~7AM)

 

သက်တမ်း

 

ဝယ်ယူရန်

 

လက်ကျန်ငွေစစ်ဆေးရန်

Direct USSD SMS Common USSD
၆၉၉ကျပ် 415MB 15MB  

 

 

 

ည(၁၁)နာရီမှ မနက်(၇)နာရီအထိ အကန့်အသတ်မရှိ Facebook App, Messenger နှင့် Browser မှ Facebook ရက်၃၀ အခမဲ့အသုံးပြုခွင့်

(Facebook ပြင်ပ links များနှင့် Messenger မှ voice call, video call ခေါ်ဆိုခြင်းများ မပါ)

 

 

 

 

၃၀ ရက်
[သက်တမ်းကုန်ဆုံးပြီး (၇)ရက်အတွင်း ဒေတာသယ်ဆောင်ခွင့်ရှိသည်

*777*1# 1332 သို့ DC1 ဟုပေးပို့ရန် *777# *224#
၇၉၉ကျပ် 630MB 20MB *777*2# 1332 သို့ DC10 ဟုပေးပို့ရန်
၉၉၉ကျပ် 905MB 30MB *777*3# 1332 သို့ DC2 ဟုပေးပို့ရန်
၁၂၉၉ကျပ် 1180MB 35MB *777*4# 1332 သို့ DC3 ဟုပေးပို့ရန်
၁၇၉၉ကျပ် 1630MB 55MB *777*5# 1332 သို့ DC4 ဟုပေးပို့ရန်
၂၆၉၉ကျပ် 2450MB 70MB *777*6# 1332 သို့ DC5 ဟုပေးပို့ရန်
၄၄၉၉ကျပ် 4100MB 120MB *777*7# 1332 သို့ DC6 ဟုပေးပို့ရန်
၈၉၉၉ကျပ် 8200MB 240MB *777*8# 1332 သို့ DC7 ဟုပေးပို့ရန်
၁၇၉၉၉ကျပ် 16400MB 450MB *777*9# 1332 သို့ DC8 ဟုပေးပို့ရန်
၂၆၉၉၉ကျပ် 24500MB 800MB *777*0# 1332 သို့ DC9 ဟုပေးပို့ရန်

9. သောကြာနေ့မှာ Htaw B Pack ဝယ်ပါတယ်။ မည်သည့်အပိုဆောင်းလက်ဆောင်ရရှိမှာပါလဲ။

သောကြာနေ့မှာ Htaw B Pack ဝယ်ပါက အောက်ပါအတိုင်း အပိုဆောင်း Htaw B Balance များရရှိမှာပါ။

ရှိရင်းဖုန်းဘေလ်
(ကျပ်)
Htaw B ဖုန်းဘေလ် (ကျပ်) အပိုဆောင်း Htaw B ဖုန်းဘေလ် သက်တမ်း ဝယ်ယူရန် လက်ကျန်ငွေစစ်ဆေးရန်
Direct USSD Common USSD
၁၀၀၀ ကျပ် ၅,၀၀၀ ကျပ် ၂၀၀ ကျပ် ၁၅ ရက် *5001# *500# *224#
၂၀၀၀ ကျပ် ၁၀,၀၀၀ ကျပ် ၄၀၀ ကျပ် ၃၀ ရက် *5002#
၅၀၀၀ ကျပ် ၂၅,၀၀၀ ကျပ် ၁,၀၀၀ ကျပ် ၆၀ ရက် *5005#