၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့မှစ၍ သောကြာနေ့တိုင်းတွင် Htaw B ဝယ်ယူပါက အပိုဆောင်း Htaw B Balance ရရှိမှာဖြစ်ပြီး Data Carry Plus Pack ဝယ်ယူပါက အပိုဆောင်းဒေတာ(MB) များရရှိနိုင်မည့် ပရိုမိုးရှင်းအစီအစဉ်ဖြစ်ပါတယ်။
Happy Friday Data Carry +
Happy Friday ဆိုတာဘာလဲ။
သောကြာနေ့မှာ Data Carry Plus Pack ဝယ်ပါတယ်။ မည်သည့်အပိုဆောင်းလက်ဆောင်ရရှိမှာပါလဲ။
နှုန်းထား | ဒေတာပမာဏ | သက်တမ်း | Htaw B ဖုန်းဘေလ်ရယူရန် | လက်ကျန်ငွေစစ်ဆေးရန် | ||
ကြိုက်ရာသုံး ဒေတာ | ကြိုက်ရာသုံး အပိုဆောင်းဒေတာ | Direct USSD | Common USSD | |||
၆၉၉ကျပ် | 415MB | 15MB |
၃၀ ရက် | *777*1# | *777# | *224# |
၇၉၉ကျပ် | 630MB | 20MB | *777*2# | |||
၉၄၉ကျပ် | 860MB | 30MB | *777*3# | |||
၁၂၉၉ကျပ် | 1180MB | 35MB | *777*4# | |||
၁၇၉၉ကျပ် | 1630MB | 55MB | *777*5# | |||
၂၆၉၉ကျပ် | 2450MB | 70MB | *777*6# | |||
၄၄၉၉ကျပ် | 4100MB | 120MB | *777*7# | |||
၈၉၉၉ကျပ် | 8200MB | 240MB | *777*8# | |||
၁၇၉၉၉ကျပ် | 16400MB | 450MB | *777*9# | |||
၂၆၉၉၉ကျပ် | 24500MB | 800MB | *777*0# |
Htaw B အပိုဆောင်းလက်ဆောင်ကို ဘာတွေသုံးလို့ရမှာလဲ။ ဘယ်လောက်ကြာကြာသုံးနိုင်မှာပါလဲ။
Htaw B အပိုဆောင်းလက်ဆောင်ကို MPT ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုရန်၊ စာတိုပေးပို့ရန်နှင့် သုံးသလောက်ပေးအင်တာနက်အတွက် သုံးစွဲသူဝယ်ယူသည့်ပက်ကေ့ချ်သက်တမ်းအတိုင်း အသုံးပြုနိုင်မှာပါ။ ဥပမာ – သောကြာနေ့တွင် ဖုန်းဘေလ် ၁,၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၅,၀၀၀ကျပ်ပြောင်းလဲပါက အပိုဆောင်းလက်ဆောင် ၂၀၀ ကျပ်ရရှိမှာဖြစ်ပြီး [စုစုပေါင်း ၅၂၀၀ကျပ်ကို] ၁၅ ရက်ကြာအသုံးပြုနိုင်ပါတယ်။
သောကြာနေ့မှာ အခြားပက်ကေ့ချ် (Social pack, night time data pack, voice pack) တွေဝယ်ယူပါတယ်။ အပိုဆောင်းခံစားခွင့်ရရှိမှာလား။
မရရှိပါ။ MPT ၏ လူကြိုက်အများဆုံးပက်ကေ့ချ်များဖြစ်သည့် Htaw B နှင့် Data Carry Plus Packs များဝယ်ယူပြီး အပိုဆောင်းခံစားခွင့်များရယူလိုက်ပါ။
သောကြာနေ့မှာ Htaw B Pack ဝယ်ပါတယ်။ မည်သည့်အပိုဆောင်းလက်ဆောင်ရရှိမှာပါလဲ။
ရှိရင်းဖုန်းဘေလ် (ကျပ်) | Htaw B ဖုန်းဘေလ် (ကျပ်) | အပိုဆောင်း Htaw B ဖုန်းဘေလ် | သက်တမ်း | ဝယ်ယူရန် | လက်ကျန်ငွေစစ်ဆေးရန် | |
Direct USSD | Common USSD | |||||
၁၀၀၀ ကျပ် | ၅,၀၀၀ ကျပ် | ၂၀၀ ကျပ် | ၁၅ ရက် | *5001# | *500# | *224# |
၂၀၀၀ ကျပ် | ၁၀,၀၀၀ ကျပ် | ၄၀၀ ကျပ် | ၃၀ ရက် | *5002# | ||
၅၀၀၀ ကျပ် | ၂၅,၀၀၀ ကျပ် | ၁,၀၀၀ ကျပ် | ၆၀ ရက် | *5005# |
သောကြာနေ့မှာ အပိုဆောင်းလက်ဆောင်ရတာအပြင် တခြားပြောင်းလဲသွားတာတွေရော ရှိပါသလား။
မရှိပါ။ ပုံမှန်ဈေးနှုန်းနှင့် သက်တမ်းတို့အပြင် Data Carry Plus ၏ Carry-over function၊ Htaw B ၏ အထူးနှုန်းထားများအစရှိတဲ့ ခံစားခွင့်များအတိုင်း ပုံမှန်ဆက်လက်အသုံးပြုနိုင်မှာပါ။
ဘယ်နည်းလမ်းကိုသုံးပြီး ဝယ်ယူရင် အပိုဆောင်းခံစားခွင့်ရမှာလဲ။ ဝယ်ယူရမည့်နည်းလမ်းကို သတ်မှတ်ထားပါသလား (ဥပမာ - MPT4U၊ USSD အစရှိသဖြင့်)။
သတ်မှတ်မထားပါ။ MPT4U၊ *777#၊ *500#၊ *106# အစရှိသဖြင့် မည်သည့်နည်းလမ်းကိုမဆို အသုံးပြု၍ သောကြာနေ့တွင် Htaw B နှင့် Data Carry Plus Packs အသစ်ဝယ်ယူလိုက်တိုင်း အပိုဆောင်းခံစားခွင့်များ ရရှိမှာပါ။
Friday မှာ Htaw B နဲ့ Data Carry Plus Packs ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။
ရပါတယ်။ Htaw B Pack ကိုလက်ဆောင်ပေးမည်ဆိုပါက *500# မှတစ်ဆင့် လက်ဆောင်ပေးမည့် Pack ကို ရွေးချယ်၍“2. Gift”ကို ရွေးချယ်ကာ လက်ဆောင်ပေးလိုသည့်ဖုန်းနံပါတ်ကိုရိုက်နှိပ်လိုက်ပါ။
Data Carry Plus Pack ကိုလက်ဆောင်ပေးမည်ဆိုပါက *106*2# (သို့) *777# မှတစ်ဆင့် လက်ဆောင်ပေးမည့် Pack ကို ရွေးချယ်၍“2. Gift (သို့) 2.လက်ဆောင်ပေးမည်”ကို ရွေးချယ်ကာ လက်ဆောင်ပေးလိုသည့်ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါသည်။
သောကြာနေ့တွင် လက်ဆောင်ပေးပါက လက်ဆောင်ရရှိသူသည် သက်ဆိုင်ရာ Htaw B (သို့) Data Carry Plus Pack ၏ သောကြာနေ့တွင်ရရှိမည့် အပိုဆောင်းခံစားခွင့်များပါ ရရှိမည်ဖြစ်ပါသည်။
Happy Friday ပရိုမိုးရှင်းအစီအစဉ်က ဘယ်အချိန်ထိပါလဲ။
စက်တင်ဘာလ (၁၃) ရက်နေ့မှစ၍ ထပ်မံမကြေညာမီအချိန်အထိ။