MPT Myanmar | Moving Myanmar Forward A Kyite Poh - MPT Myanmar | Moving Myanmar Forward
×

အကြိုက်ပို့ ပက်ကေ့ချ်ဆိုတာဘာလဲ။

MPTမှ တန်ဖိုးထားလေးစားရပါသော သုံးစွဲသူများအားလုံးအတွက် ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ ပိုမိုဆက်သွယ်နိုင်ရန် သက်သာသောနှုန်းထားဖြင့် MPT အချင်းချင်း SMS များ စိတ်ကြိုက်ပေးပို့နိုင်သော အကြိုက်ပို့ ပက်ကေ့ချ်ကို  မိတ်ဆက်ပေးလိုက်ပါပြီ။

ဒီပက်ကေ့ချ်လေးမှာ မတူညီသော သုံးစွဲခွင့်သက်တမ်းများနှင့် မိမိကြိုက်နှစ်သက်ရာ SMS အရေအတွက်

အလိုက် အောက်ပါအတိုင်း ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

အမည်ဈေးနှုန်း (ကုန်သွယ်ခွန် ပါဝင်ပြီး)သက်တမ်းSMS အရေအတွက်
(On-net)
ဝယ်ယူရန်
အကြိုက်ပို့
၂၄ နာရီ ပက်ကေ့ချ်
၁၉၈ ကျပ်၂၄ နာရီ၁,၀၀၀*2427*1#
အကြိုက်ပို့
၇ ရက်
ပက်ကေ့ချ်
၄၉၈ ကျပ်၇ ရက်၅,၀၀၀*2427*2#

အကြိုက်ပို့ ပက်ကေ့ချ်ကို *2427# သို့ခေါ်ဆိုပြီးဖြစ်စေ၊ MPT4U Appမှဖြစ်စေ အခြားသော မိမိကြိုက်နှစ်သက်ရာနည်းလမ်းများဖြင့် ဝယ်ယူအသုံးပြုနိုင်ပါသည်။

ပရိုမိုးရှင်းကာလ ၂၀၂၁ခုနှစ် ဧပြီလ(၂၇) ရက်နေ့မှ ထပ်မံမကြေညာခင်အချိန်အထိ

စည်းကမ်းသတ်မှတ်ချက်များ

၁။ မည်သည့် အကြိုက်ပို့ ပက်ကေ့ချ် ကိုမဆို ဝယ်ယူပါက MPT အချင်းချင်း သက်သာသော နှုန်းထားများဖြင့် စာတိုများ ပေးပို့နိုင်ပါသည်။

၂။ဆွေ/ရှယ်/ရွှေ အစီအစဉ် ရယူထားသော GSM/WCDMA Prepaid အသုံးပြုသူများ ဝယ်ယူနိုင်ပါသည်။

၃။ CDMA, Base Tariff, Postpaid  နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၄။ အကြိုက်ပို့ ပက်ကေ့ချ်များကို အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။

၅။ အကြိုက်ပို့ ၂၄ နာရီ ပက်ကေ့ချ် ကိုဝယ်ယူသူသည် ၂၄ နာရီအပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ရှိ အကြိုက်ပို့ ၂၄ နာရီ ပက်ကေ့ချ်သက်တမ်းမကုန်ခင် တူညီသော ပက်ကေ့ချ်အား ထပ်မံဝယ်ယူခြင်းဖြင့် ပက်ကေ့ချ်အချင်းချင်း ပေါင်းစည်း၍ သက်တမ်းတိုးနိုင်မည်မဟုတ်ပါ။ အကြိုက်ပို့ ၂၄ နာရီ ပက်ကေ့နှစ်ခုအား သီးခြားပက်ကေ့ချ်များဖြစ် ၎င်းတို့၏ သက်တမ်းအတိုင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။

၆။ အကြိုက်ပို့ ၇ ရက် ပက်ကေ့ချ် ကိုဝယ်ယူသူသည် လက်ရှိ ပက်ကေ့ချ်သက်တမ်းမကုန်မီ အကြိုက်ပို့ ၇ ရက် ပက်ကေ့ချ်ကို ထပ်မံဝယ်ယူပါက SMS အရေအတွက်များ ပေါင်းစည်းသွားမည်ဖြစ်ပြီး နောက်ဆုံးဝယ်ယူသည့် ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၇။ အကြိုက်ပို့  ပက်ကေ့ချ် များကို  မည်သည့် channel မှ မဆို ဝယ်ယူနိုင်ပြီး ထိပေါက် chance ၁ခု ရရှိကာ MPT4U တွင် ကံစမ်းနိုင်ပါသည်။

၈။ ပရိုမိုးရှင်းကာလသည် ၂၀၂၁ခုနှစ် ဧပြီလ(၂၇)ရက်နေ့မှ ထပ်မံမကြေညာခင်အချိန်အထိ အကျုံးဝင်သည်။

အမေးများသောမေးခွန်းများ

၁။ အကြိုက်ပို့ အစီအစဉ်ဆိုတာဘာလဲ။

အကြိုက်ပို့ ဆိုသည်မှာ MPT မှ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ ပိုမိုဆက်သွယ်နိုင်ရန် သက်သာသောနှုန်းထားဖြင့် MPT အချင်းချင်း SMS များ စိတ်ကြိုက်ပေးပို့နိုင်အောင် စီစဉ်ပေးထားတဲ့ အစီအစဉ်လေးဖြစ်ပါသည်။

၂။ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

အမည် ဈေးနှုန်း (ကုန်သွယ်ခွန် ပါဝင်ပြီး) သက်တမ်း SMS အရေအတွက်
(On-net)
ဝယ်ယူရန်
အကြိုက်ပို့
၂၄ နာရီ ပက်ကေ့ချ်
၁၉၈ ကျပ် ၂၄ နာရီ ၁,၀၀၀ *2427*1#
အကြိုက်ပို့
၇ ရက်
ပက်ကေ့ချ်
၄၉၈ ကျပ် ၇ ရက် ၅,၀၀၀ *2427*2#

၃။ အစီအစဉ်ကို မည်သူတွေဝယ်ယူအသုံးပြုနိုင်ပါသလဲ?

MPT GSM/WCDMA prepaid [ဆွေသဟာ(သို့မဟုတ်)ရှယ်ပြော(သို့မဟုတ်)ရွှေစကား] အသုံးပြုနေသူများအားလုံး ဝယ်ယူအသုံးပြုနိုင်ပါသည်။ CDMA, Postpaid, Base Tariff နှင့် လက်ရှိအသုံးပြုခြင်း မရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၄။ အစီအစဉ်ကိုရယူရန်မည်သို့လုပ်ဆောင်ရမည်နည်း?

*2427# သို့ ဖုန်းခေါ်ဆို၍လည်းကောင်း၊ MPT4U App (သို့မဟုတ်) MPT Pay မှလည်းကောင်း၊ နီးစပ်ရာ MPT အရောင်းဆိုင်များမှတဆင့် ဝယ်ယူနိုင်ပါသည်။

၅။ ပက်ကေ့ချ်ဈေးနှုန်းများမှာအခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါသည်။

၆။ လက်ကျန်ပမာဏကိုဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ ဖုန်းခေါ်ဆို၍လည်းကောင်း(သို့မဟုတ်) MPT4U App မှတဆင့်လည်းကောင်း စစ်ဆေး ကြည့်နိုင်ပါသည်။

၇။ အကြိုက်ပို့ ပက်ကေ့ချ်ကို အကြိမ်ရေ ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိုက်ပို့ ပက်ကေ့ချ်ကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။အကြိုက်ပို့ ၇ ရက် ပက်ကေ့ချ်၏ သက်တမ်းမကုန်ခင် တူညီသော ပက်ကေ့ချ်ထပ်မံဝယ်ယူပါက ပက်ကေ့ချ်များ၏ SMS များ ကို ပေါင်းစည်းအသုံးပြုနိုင်သည့်အပြင် အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါသည်။

အကြိုက်ပို့  ၂၄ နာရီ ပက်ကေ့ချ်သည် သက်တမ်းမကုန်ခင် တူညီသော ပက်ကေ့ချ်ထပ်မံဝယ်ယူခြင်းဖြင့် ပက်ကေ့ချ်အချင်းချင်း ပေါင်းစည်း၍ သက်တမ်းတိုးမည်မဟုတ်ဘဲ သီးခြား အကြိုက်ပို့  ၂၄ နာရီ ပက်ကေ့ချ် များအနေဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ သို့သော် ပက်ကေ့ချ် တစ်ခုချင်းစီ၏ သက်တမ်းကို ၂၄ နာရီအပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၈။ ပက်ကေ့ချ် ရဲ့ expire date ကို ဘယ်လိုသတ်မှတ်မှာလဲ?

၂၄နာရီ ပက်ကေ့ချ် ရဲ့ သက်တမ်း ကို real time date ဖြင့် သတ်မှတ်မှာ ဖြစ်ပါသည်။ ပက်ကေ့ချ် သက်တမ်းကို ၂၄ နာရီ အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ဥပမာ-ပြီ (၂၈)ရက်နေ့ရဲ့ မနက်၁၀နာရီမှာ ဝယ်ရင် ပြီ (၂၉)ရက်နေ့ မနက် ၁၀နာရီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါသည်။

ရက် ပက်ကေ့ချ် ရဲ့ သက်တမ်း ကို calendar date ဖြင့် သတ်မှတ်မှာ ဖြစ်ပါသည်။ ဥပမာ-ပြီ (၂၈)ရက်နေ့ရဲ့ မနက်၁၀နာရီမှာ ဝယ်ရင် မေလ (၄) ရက်နေ့ ည ၁၂ နာရီ  မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါသည်။

၉။ အကြိုက်ပို့ ပက်ကေ့ချ်များကို ဝယ်ယူပြီး ထိပေါက် အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ မည်သည့် channel မှမဆို အကြိုက်ပို့ ပက်ကေ့ချ်များကိုဝယ်ယူပြီး ထိပေါက် chance (၁) ခုရရှိကာ MPT4U တွင် ထိပေါက်ကစားပြီး ကံစမ်းနိုင်ပါသည်။

၁၀။ အကြိုက်ပို့ ပက်ကေ့ချ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။

ဟုတ်ကဲ့ ရပါတယ်။ အကြိုက်ပို့ ပက်ကေ့ချ်များကို တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U App မှတစ်ဆင့် (သို့) *2427# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။

၁၁။ ပရိုမိုးရှင်းကာလ ဘယ်အချိန်အထိလဲ။

ပရိုမိုးရှင်းကာလမှာ  ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှ ထပ်မံမကြေညာခင်အထိ ဖြစ်ပါတယ်။