MPTမှ လေးစားတန်ဖိုးထားရပါသော သုံးစွဲသူမိဘပြည်သူများအတွက် Web Broswer များသာမက Android App နဲ့ပါ ဝင်ရောက်ကြည့်ရှုနိုင်တဲ့ Discover ဝန်ဆောင်မှုကို Facebook ကုမ္ပဏီနှင့်ပူးပေါင်း၍ ဂုဏ်ယူစွာဖြင့် ယူဆောင်လာခဲ့ပါပြီ။
MPTမှပေးထားသော နေ့စဉ်20MB အခမဲ့ဒေတာဖြင့် Discover တွင် မိမိကြည့်ရှုလိုသော ဝက်ဘ်ဆိုက်ဒ်များအား Android Applicationဖြင့်ဖြစ်စေ ၊ မိုဘိုင်း Webဖြင့်ဖြစ်စေ ကြည့်ရှုနိုင်ပါသည်။
သို့သော် Discover ကိုအသုံးပြုနေချိန် Video၊ အသံဖိုင်တွေနဲ့ အခြားသော ဒေတာအသုံးပြုမှုများတဲ့ Website တွေကိုတော့ အသုံးပြုလို့ရနိုင်မည်မဟုတ်ပါ။ ဒါကြောင့် MPT၏Discover အစီအစဉ်က အင်တာနက်အသုံးပြုသူများအတွက် ဖုန်းဘေလ်မရှိတဲ့အချိန်မျိုးတွင် တစ်ဦးနဲ့တစ်ဦး အဆက်အသွယ်မပြတ်ရှိနေစေနိုင်မယ့် အစီအစဉ်ဖြစ်ပါသည်။ ယခုကဲ့သို့ Covid-19 ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်နေတဲ့အချိန်မျိုးတွင် MPT Discover နှင့် ကျန်းမာရေးနဲ့ပတ်သတ်တဲ့ Update သတင်းများအပြင် အခြားသော အင်တာနက် website တွေကို ဖုန်းဘေလ်အကုန်ခံစရာမလိုဘဲ သိရှိနိုင်ပါပြီ။
သုံးစွဲသူများအနေဖြင့် Discover အား Free Modeဖြင့်အသုံးပြုရာတွင် ပုံနှင့် ဗီဒီယိုများကို မြင်ရမည်မဟုတ်ပါ။ အကယ်၍ ပုံနှင့် ဗီဒီယိုများကို ကြည့်ရှုလိုပါက Paid Modeသို့ပြောင်းလဲရန်လိုအပ်ပြီး ဒေတာဖိုးအား
က။ ပတ်ကေ့ချ်ဝယ်ယူထားပါက ဝယ်ယူထားသောပတ်ကေ့ချ်ထဲမှ ကျသင့်မည်ဖြစ်ပြီး
ခ။ ပတ်ကေ့ချ်မဝယ်ယူထားပါက သုံးသလောက်ပေး ဒေတာနှုန်းထားဖြင့် ကျသင့်နိုင်သည်။