ထောဘီ ၇ ဆ ပက်ကေ့ချ် ဆိုတာ မိမိဖုန်းဘေလ်တွေကို ထောဘီဖုန်းဘေလ် ၇ ဆ ပြောင်းပြီး MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်းနှင့် ဒေတာအသုံးပြုခြင်းမျာကို သတ်မှတ်ထားသောပက်ကေ့ချ်သက်တမ်းအတွင်း အသုံးပြုနိုင်သော ပက်ကေ့ချ်များပဲ ဖြစ်ပါတယ်။ ထောဘီဖုန်းဘေလ် ၇,၇၇၇ကျပ်ဖြင့် အများဆုံး MPT-MPT ဖုန်းခေါ်ရန် ၁၇၅ မိနစ်(သို့) အင်တာနက်သုံးရန် 532 MB (သို့) MPT-MPT SMS ပို့ရန် အစောင် အရေအတွက် ၃၈၈ ရရှိအသုံးပြုနိုင်ပါမည်။
ထောဘီ ၇ ဆ ပက်ကေ့ချ်အမျိုးအစား (၂)မျိုး ရှိပါတယ်။ ပုံမှန်အသုံးပြုနိုင်သော Regular ပက်ကေ့ချ်နှင့် အလိုအလျောက်သက်တမ်းတိုးစနစ်ပါဝင်သော Auto Renewal ပက်ကေ့ချ်များဖြစ်ပြီး အောက်ပါဇယားတွင် ကြည်ရှုနိုင်ပါသည်။
ထောဘီ ၇ဆ
ထောဘီ ၇ ဆ ပက်ကေ့ချ် အသေးစိတ်
အမျိုးအစား | ရှိရင်းဖုန်းဘေလ် | ထောဘီ ဖုန်းဘေလ် | အသုံးပြုမှု | ထောဘီ ဖုန်းဘေလ် အသုံးပြုနိုင်သည့်ကာလ | “ထိတိုင်းထော” (Htaw B Hti Pauk) Lucky Draw | Common USSD | လက်ကျန်ငွေစစ်ဆေးရန် |
---|---|---|---|---|---|---|---|
ထောဘီ၇ ဆ Regular | ၁,၁၁၁ ကျပ် | ၇,၇၇၇ ကျပ် | MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ SMS ပို့ခြင်း နှင့် Data (PayG) အသုံးပြုမှုများ | ၁၅ ရက် | ကံစမ်းရန် အခွင့်အရေးရရှိပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံ စမ်း ထူးရရှိ နိုင်မည်။ | *700# | *224# |
၂,၂၂၂ ကျပ် | ၁၅,၅၅၄ ကျပ် | ၃၀ ရက် | |||||
၅,၅၅၅ ကျပ် | ၃၈,၈၈၅ ကျပ် | ၆၀ ရက် | |||||
ထောဘီ ၇ ဆ Auto Renewal | ၁,၁၀၇ ကျပ် | ၇,၇၇၇ ကျပ် | ၁၅ ရက် | ||||
၂,၂၀၇ ကျပ် | ၁၅,၅၅၄ ကျပ် | ၃၀ ရက် | |||||
၅,၅၁၇ ကျပ် | ၃၈,၈၈၅ ကျပ် | ၆၀ ရက် |
‘ထောဘီ ၇ ဆ’ Auto Renewal ပက်ကေ့ချ်သည် အလိုအလျှောက်ဝယ်ယူရန် သုံးစွဲသူမှ အဆိုပြုထားပါက ထောဘီလက်ကျန်ငွေ (၁၀၀၀)ကျပ်အောက်လျော့နည်းသည့်အခါ အလိုအလျောက်သက်တမ်းတိုးဝယ်ယူပေးသွားမည်။ (သို့မဟုတ်) ထောဘီ လက်ကျန်ငွေ (၁၀၀၀)ကျပ်အောက်လျော့နည်း ခြင်းမရှိသော်လည်း အသုံးပြုနိုင်သောသက်တမ်း (၁၅ရက်/၃၀ရက်/၆၀ရက်) ကို ကျော်လွန်သွားသောအခါ အလိုအလျောက်သက်တမ်းတိုး ဝယ်ယူ ပေးသွားမည် ဖြစ်ပါသည်။
ပက်ကေ့ချ်တစ်ခုချင်းအလိုက် ဝယ်ယူနိုင်မည့် channel များ, ဖုန်းခေါ်ဆိုခြင်း/ SMS ပေးပို့ခြင်းနှင့် ဒေတာနှုန်းထားများ အပြင် ပက်ကေ့ချ်တစ်ခုချင်းစီ၏ အများဆုံးအသုံးပြုနိုင်သောပမာဏကို အောက်ပါဇယားတို့တွင် ကြည့်ရှုနိုင်ပါသည်။
အမျိုးအစား | ထောဘီ ၇ဆ ပမာဏ | အဆိုပြုဝယ်ယူရန် USSD | အဆိုပြုခြင်း ပယ်ဖျက်ရန် USSD | SMS | အခြား |
---|---|---|---|---|---|
ထောဘီ ၇ ဆ Regular | ၁,၁၁၁ ကျပ် x ၇ = ၇,၇၇၇ ကျပ် | *7001# | - | Send 1,111 to 1332 | MPT4U, MPT Pay and all available channels |
၂,၂၂၂ ကျပ် x ၇ = ၁၅,၅၅၄ ကျပ် | *7002# | - | Send 2,222 to 1332 | ||
၅,၅၅၅ ကျပ် x ၇ = ၃၈,၈၈၅ ကျပ် | *7005# | - | Send 5,555 to 1332 | ||
ထောဘီ ၇ ဆ Auto Renewal | ၁,၁၀၇ ကျပ် x ၇ = ၇,၇၇၇ ကျပ် | *700*1*3# | *700*1*4# | MPT4U, MPT Pay, CRM | |
၂,၂၀၇ ကျပ် x ၇ = ၁၅,၅၅၄ ကျပ် | *700*2*3# | *700*2*4# | |||
၅,၅၁၇ ကျပ် x ၇ = ၃၈,၈၈၅ ကျပ် | *700*5*3# | *700*3*4# |
ထောဘီ ၇ ဆ နှုန်းထားများ | |
---|---|
Data | 1 MB လျှင် ၁၄.၆ ကျပ် |
MPT-MPT Voice | တစ်မိနစ်လျှင် ၄၄.၄ ကျပ် |
MPT-MPT SMS | SMS တစ်စောင်လျှင် ၂၀ကျပ် |
ထောဘီ ၇ဆပမာဏ (ကျပ်) | အများဆုံးအသုံးပြုနိုင်သောပမာဏ | #colspan# | |
---|---|---|---|
Data (MB) | MPT-MPT Voice (မိနစ်) | MPT-MPT SMS (အစောင်ရေ) | |
၇,၇၇၇ | 532 | 175 | 388 |
၁၅,၅၅၄ | 1065 | 350 | 777 |
၃၈,၈၈၅ | 2663 | 875 | 1,944 |
FAQ
1) အလိုအလျောက် သက်တမ်းတိုး ထောဘီ ၇ ဆဆိုတာဘာပါလဲ။
ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၇ ဆ ပွားကာ ထောဘီ ၇ ဆဖုန်းဘေလ်အဖြစ် ပြောင်းလဲ၍ MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၇ဆ နှုန်းထားများဖြင့် စိတ်တိုင်းကျအသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ လက်ကျန် ထောဘီ balance 1000Ks အောက်ရောက်ရှိသွားချိန် (or) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်း ထိပေါက်ဂိမ်းမှ ဆုလက်ဆောင်များကံစမ်းရယူနိုင်ဖို့အခွင့်အရေးရရှိမှာဖြစ်ပါသည်။
ဒေတာ | MPT ဖုန်းများသို့ခေါ်ဆိုရန် | MPT ဖုန်းများသို့စာတိုပေးပို့ရန် |
14.6Ks/MB | 44.4Ks/min | 20 Ks/SMS |
အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၇ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။
အသေးစိတ် | ထောဘီ ၇ဆ ဖုန်းဘေလ် သက်တမ်း |
---|---|
ပုံမှန်ဖုန်းဘေလ် ၁၁၀၇ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၇၇၇၇ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၁၅ ရက် |
ပုံမှန်ဖုန်းဘေလ် ၂၂၀၇ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၁၅၅၅၄ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၃၀ ရက် |
ပုံမှန်ဖုန်းဘေလ် ၅၅၁၇ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၃၈၈၈၅ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၆၀ ရက် |
2) ထောဘီ ၇ ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။
MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) အစီအစဉ်အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။
3)ထောဘီ ၇ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။
ထောဘီ ၇ဆ ဖုန်းဘေလ်ကိုအောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူအသုံးပြုနိုင်ပါသည်။
အလိုအလျောက်သက်တမ်းတိုး ထောဘီ ၇ဆ ဖုန်းဘေလ် | သက်တမ်း | ရယူနိုင်သည့်နည်းလမ်းများ | လက်ကျန်ဖုန်းဘေလ် စစ်ဆေးရန် | ||
---|---|---|---|---|---|
တိုက်ရိုက် USSD | Common USSD | App | |||
ပုံမှန်ဖုန်းဘေလ် ၁,၁၀၇ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၇,၇၇၇ ကျပ် | ၁၅ ရက် | *700*1*3# | *700# | MPT4U App (သို့မဟုတ်) MPT Pay | *224# |
ပုံမှန်ဖုန်းဘေလ် ၂,၂၀၇ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၁၅,၅၅၄ ကျပ် | ၃၀ ရက် | *700*2*3# | |||
ပုံမှန်ဖုန်းဘေလ် ၅,၅၁၇ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၃၈,၈၈၅ ကျပ် | ၆၀ ရက် | *700*3*3# |
4) အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို MPT4U ကတဆင့် ဝယ်ယူလို့ရပါသလား။
အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို MPT4U တွင် ဝယ်ယူအသုံးပြုရန် iOS Version 1.4.10 နှင့် Android Version 4.4.1 ရှိရန်လိုအပ်ပါသည်။
5) အလိုအလျောက်သက်တမ်းတိုးထောဘီ ၇ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။
ထောဘီ ၇ဆ ဖုန်းဘေလ်ကို MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၇ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။
6) အလိုအလျောက်သက်တမ်းတိုးထောဘီ ၇ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။
ထောဘီ ၇ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။
- ဒေတာ – 14.6Ks/MB (အင်တာနက်အသုံးပြုမှုကို 200KB နှုန်းဖြင့်ကောက်ခံပါမည်)
- MPT ဖုန်းများသို့ခေါ်ဆိုခြင်း – 44.4Ks/min (ဖုန်းခေါ်ဆိုမှုကို ၂၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
- MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – 20Ks/SMS
(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)
7) ထောဘီ ၇ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။
လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၇ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူအသုံးပြုခြင်းဖြစ်ပါသည်။ MPTဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် အသုံးပြုပါကထောဘီ ၇ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။
8) ထောဘီ ၇ဆ ဖုန်းဘေလ်ဝယ်ယူထားပြီး အခြားအော်ပရေတာနံပါတ်များသို့ခေါ်ဆိုခြင်း (သို့) အခြားအော်ပရေတာ နံပါတ်များသို့စာတိုပေးပို့ခြင်း (သို့) ပက်ကေ့ချ်နှင့် VAS ဝန်ဆောင်မှုများဝယ်ယူခြင်းတို့ပြုလုပ်လျှင် ဘယ်လိုကျသင့်မှာပါလဲ။
ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း ကျသင့်စေမည်ဖြစ်ပါသည်။
9) ထောဘီ ၇ဆ ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။
ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း (သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ကောက်ခံကျသင့်စေမည်ဖြစ်ပါသည်။ ထောဘီ ၇ဆ ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက် အသုံးပြုနိုင်ပါသည်။
10) ထောဘီ ဖုန်းဘေလ် (၅ဆ)၊ ထောဘီ (၇ဆ) နှင့် ထောဘီ (၁၀ဆ) ဖုန်းဘေလ် ၃ခုလုံးရှိနေပါတယ်။ Data နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း အသုံးပြုမှုအတွက် မည်သည့် pack မှ အရင် ကျသင့်ပါမလဲ။
ထောဘီ ၅ဆ ဖုန်းဘေလ်မှ အရင်ကျသင့်မည်ဖြစ်ပါသည်။ ပြီးနောက် ထောဘီ၇ဆ မှ ကျသင့်မှာဖြစ်ပြီး နောက်ဆုံးမှာ ထောဘီ၁၀ဆမှကျသင့်မှာဖြစ်ပါသည်။
11) ထောဘီ ၇ဆ ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ စာတိုပေးပို့နိုင်ပါသလဲ။ ဒေတာသုံးနိုင်ပါသလဲ။
ထောဘီ ၇ဆ ဖုန်းဘေလ် ၇၇၇၇ကျပ်သည်
- ဒေတာတစ်မျိုးတည်းအသုံးပြုပါက 532 MB အထိ အသုံးပြုနိုင်ပါသည်။
(သို့မဟုတ်)
- MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက 175 မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။
(သို့မဟုတ်)
- MPT ဖုန်းများသို့စာတိုပို့ရန်တစ်မျိုးတည်းအသုံးပြုပါက 388 စောင် အထိ ပေးပို့နိုင်ပါသည်။
ထောဘီ ၇ဆ ဖုန်းဘေလ်ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ ဥပမာ- ၇၇၇၇ကျပ်ဖြင့် ဒေတာ 455 MB + MPT အချင်းချင်းဖုန်းခေါ်ရန် 20 မိနစ် + MPT ဖုန်းအချင်းချင်း စာတိုပေးပို့ရန် 12 စောင် အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်။
12) အလိုအလျောက်သက်တမ်းတိုး Auto renewal 7X Htaw B Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?
• အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
• ထောဘီ ဖုန်းဘေလ်ပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
• Regular ထောဘီ ၇ဆ ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal 7X Htaw B ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal 7X Htaw B ပက်ကေ့ချ် ဝယ်ယူပြီး Regular 7X Htaw B ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့် အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
13) 1107 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 1111 ကျပ်တန် Regular Data Carry ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
ရပါတယ်။ Auto renewal Data Carry Plus ပက်ကေ့ချ်ဝယ်ယူပြီး Regular ထောဘီ ၇ဆ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောထောဘီ ဖုန်းဘေလ် ပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
14) 1107 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 1107 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
ရပါတယ်။ ထောဘီ ဖုန်းဘေလ်ပမာဏ တူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန် ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
15) 1107 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 2207 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
မရပါ။ ထောဘီ ဖုန်းဘေလ်ပမာဏချင်းမတူသော Auto renewal packs များအကြိမ်အကန့်အသတ်မရှိ ဝယ်ယူခြင်းကို ခွင့်မပြုပါ။ ထောဘီ ဖုန်းဘေလ်ပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။ E.g. 2207 ကျပ်တန် Auto renewal ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိ 1107 ကျပ်တန် Auto-renewal ပက်ကေ့ချ်ကို UNSUBSCRIBEလုပ်ပေးရန်လိုအပ်ပါသည်။
16) လက်ကျန် balance 1000Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?
လက်ကျန် balance 1000Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။
17) အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?
အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး (၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။
18) ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?
သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် (၇) ရက်အတွင်း တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါကပက်ကေ့ချ်ကို ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။
19) လက်ကျန် balance 1000Ks အောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?
ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက လက်ကျန် 7X Htaw B Balance ကျန်ရှိနေလျှင် ကျန်ရှိနေသော balance ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။
20) ထောဘီ ၇ဆ ဖုန်းဘေလ်ကိုသုံးပြီး packs တွေဝယ်ယူနိုင်မှာပါလား။
ထောဘီ ၇ဆ ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီ ၇ဆ ဖုန်းဘေလ်ဖြင့် သတ်မှတ်ဝန်ဆောင်မှုများကို သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
21) ထောဘီ ၇ဆ ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။
ထောဘီ ၇ဆ ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။
22) အလိုအလျောက် သက်တမ်းတိုး ထောဘီ ၇ဆ pack ဝယ်ယူပါက ထောဘီထိပေါက် ကံစမ်းခွင့်ရရှိမှာပါလား။
• ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး Htaw B 7 X ပက်ကေ့ချ်များကို USSD, MPT4U, MPT Pay, CRM channels များမှ ပထမအကြိမ်ဝယ်ယူခြင်း (သို့) ဒုတိယကြိမ်နှင့်အထက် အလိုအလျောက်သက်တမ်းတိုးသည့် အကြိမ်တိုင်းအတွက် ထိပေါက်ကစားဖို့ အခွင့်အရေး (၁)ကြိမ်စီ ရရှိမှာဖြစ်ပါတယ်။
• Hti Pauk Chance ဖြင့် MPT4U တွင် ထောဘီထိပေါက်ဂိမ်းကိုဝင်ရောက်ကစား၍ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံစမ်းရယူနိုင်ပါသည်။ (ကံထူးထားသည့် ထောဘီဖုန်းဘေလ်များကို ရရှိထားသည့်သက်တမ်းအလိုက် ဒေတာ 10.7Ks/MB၊ MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန် 32.5Ks/min နှင့် MPT ဖုန်းများသို့စာတိုပေးပို့ရန် 20Ks ဖြင့် အသုံးပြုနိုင်ပါသည်။)
23) ၇ဆ ဖုန်းဘေလ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။
Autorenewal ပက်ကေ့ချ်များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ။
24) အလိုအလျောက် သက်တမ်းတိုးထောဘီ ၇ဆ ပက်ကေ့ချ်တွင် Carry Over Function ပါဝင်သလား?
Carry Over Function မပါရှိပါ။ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး အလိုအလျောက်သက်တမ်းတိုးချိန်တွင် လက်ကျန်ထောဘီ balance များ ကျန်ရှိနေပါက လက်ကျန်ထောဘီ balance များသည် ပက်ကေ့ချ်အသစ်၏ထောဘီ balance နှင့် ပေါင်းစည်းသယ်ဆောင်အသုံးမပြုနိုင်ပါ။
25) အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် နှစ်ခု Data Carry Plus နှင့် Htaw B 7X ကို ဝယ်ယူထားပါတယ်။ ဘယ်ပက်ကေ့ချ်က အရင်သက်တမ်းတိုးမှာလဲ?
အလိုအလျောက် သက်တမ်းတိုး Data Carry Plus နှင့် Htaw B 7X ဝယ်ယူထားပြီး တူညီသောနေ့ရက်တွင် အလိုအလျောက်သက်တမ်းတိုးရမည်ဖြစ်ပါက လက်ကျန်ဖုန်းဘေလ် လုံလောက်စွာရှိနေမယ်ဆိုရင် ပက်ကေ့ချ် နှစ်ခုလုံးသည် တပြိုင်နက်တည်း သက်တမ်းတိုးမှာဖြစ်ပါသည်။ လက်ကျန် ဖုန်းဘေလ်သည် ပက်ကေ့ချ်တစ်ခုစာသာကျန်ရှိပါက ကျပန်းစနစ်ဖြင့်သာ သက်တမ်းတိုးမှာဖြစ်ပါသည်။ ဥပမာ။ ။ သုံးစွဲသူက ငွေ ၂၀၀၀ ကျပ် ဖြည့်မယ်ဆိုလျှင် ပက်ကေ့ချ်တစ်ခုကိုသာ သက်တမ်းတိုးနိုင်မှာဖြစ်သောကြောင့် ကျပန်းစနစ်အရ ၁၁၀၇ ကျပ်တန် အလိုအလျောက်ထောဘီ ၇ဆပက်ကေ့ချ် (သို့မဟုတ်) ၉၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး Data Carry Plus ပက်ကေ့ချ်တစ်ခုသာ အရင်သက်တမ်းတိုးမည်ဖြစ်သည်။