MPT Myanmar | Moving Myanmar Forward Mahar mm - MPT Myanmar | Moving Myanmar Forward
×

Mahar Mobile မှာ ရှိတဲ့ မြန်မာဇာတ်ကားထောင်ပေါင်းများစွာကို
MPT နဲ့အတူ အခမဲ့ ကြည့်ရှုနိုင်ပါပြီ

MPT မိုဘိုင်းဒေတာ အသုံးပြုသူတိုင်း မြန်မာဇာတ်ကားထောင်ပေါင်းများစွာကို Mahar Mobile မှာ စာရင်းသွင်းခပေးဆာင်ရန်မလိုဘဲ အခမဲ့ ကြည့်ရှုနိုင်ပါပြီ။

အကြိုက်ဆုံး ဇာတ်ကားတွေကို စာရင်းသွင်းခပေးဆောင်ရန်မလိုဘဲ အသက်သာဆုံး ဒေတာအသုံးပြုခ နှုန်းထားဖြင့် Mahar App ပေါ်တွင် အကန့်အသတ်မရှိ ကြည့်ရှုလိုက်ပါ။

Download Mahar App

မေးလေ့ရှိသောမေးခွန်းများ

၁။ Mahar ဆိုတာဘာလဲ။

Mahar ဆိုတာ ဗွီဒီယို ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ထောင်ပေါင်းများစွာသော မြန်မာဇာတ်ကားကောင်းများကို တစ်နေရာထဲတွင် ဒေါင်းလုတ်ပြုလုပ်၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ကြည့်ရှုနိုင်မည့် အပ်ပလီကေးရှင်းတစ်ခုဖြစ်ပါသည်။

၂။ MPT ရဲ့ Mahar နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုအသစ်က ဘာလဲ။

MPT မိုဘိုင်းလ်ဒေတာကို အသုံးပြုသူတိုင်း မဟာ မှာရှိတဲ့ ဇာတ်ကားများအားလုံးကို စာရင်းသွင်းခပေးစရာမလိုဘဲ စိတ်ကြိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အခြား Network ကိုပြောင်းလဲအသုံးပြုလိုက်ပါက ကြည့်ရှုနေဆဲ (သို့မဟုတ်) ဒေါင်းလုတ်ပြုလုပ်နေဆဲ အဆင့်သည် ရပ်တန့်သွားမည်ဖြစ်ပြီး MPT ကွန်ရက်ကို ပြန်လည် အသုံးပြုမှသာ ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။

၃။ ဒေတာအသုံးပြုခ ဘယ်လိုကျသင့်မှာလဲ။

MPT ရဲ့မိုဘိုင်းဒေတာ အသုံးပြုသူတိုင်း မဟာ မှာရှိတဲ့ ဇာတ်ကားများအားလုံးကို စာရင်းသွင်းခပေးဆောင်ရန်မလိုဘဲ ကြည့်ရှုနိုင်ပါတယ်။ ဒေတာ အသုံးပြုခကျသင့်မည်ဖြစ်ပြီး ဝယ်ယူထားသော ပက်ကေ့ချ်အလိုက် (သို့) သုံးသလောက်ပေး အင်တာနက်မှ ဖြတ်တောက်သွားမည် ဖြစ်ပါသည်။

၄။ ဇာတ်ကားများကို အရေအတွက် အကန့်အသတ်နဲ့ ကြည့်ရှုရမှာလား။

ဇာတ်ကားများကို အကန့်အသတ်မရှိကြည့်ရှုနိုင်မှာဖြစ်ပြီး MPT ရဲ့ မိုဘိုင်း ဒေတာကွန်ယက်ဖြင့် တိုက်ရိုက် (သို့) app ထဲသို့ဒေါင်းလုတ်ပြုလုပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

၅။ ဇာတ်ကားတွေကို ဒေါင်းလုတ်ပြုလုပ်နိုင်ပါသလား။

ပြုလုပ်နိုင်ပါတယ်။ MPT ရဲ့ မိုဘိုင်း ဒေတာကွန်ယက်ဖြင့် တိုက်ရိုက် (သို့) app ထဲသို့ဒေါင်းလုတ်ပြုလုပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ ဒေါင်းလုတ်ပြုလုပ်ပြီး ၇ ရက်အတွင်းကြည့်ရှုနိုင်ပါတယ်။

၆။ မဟာ စာရင်းသွင်းခပေးပြီးပါက ဘာဆက်လုပ်ရမလဲ။

စာရင်းသွင်းခ ပေးထားသူများအနေဖြင့် ဇာတ်ကားများကို မည့်သည့် ကွန်ရက်နှင့်မဆို ကြည့်ရှုနိုင်ပါတယ်။ MPT မိုဘိုင်းလ်ဒေတာကိုသာ အသုံးပြုမည်ဆိုပါက 8686 သို့ MAHAR OFF ဟုပေးပို့ပြီး စာရင်းသွင်းဝန်ဆောင်မှုကို ရပ်တန့်လိုက်ပါ။

၇။ Mahar app ကိုဖွင့်ပေမယ့် ဇာတ်ကားတွေကို ကြည့်လိုမရဘူး။ ဘယ်လိုလုပ်ရမလဲ။

MPT ရဲ့မိုဘိုင်းဒေတာကို ဖွင့်ထား ခြင်းရှိ/မရှိ သေချာ စစ်ဆေးပေးပါ။ ဖွင့်ထားသော်လည်း ကြည်လို့မရပါက app ကို ပိတ်လိုက်ပါ။  Setting ထဲရှိ cache များကို ရှင်းလင်းပြီး restart ပြုလုပ်ပါ။

၈။ ဒေါင်းလုတ်ပြုလုပ်ထားတဲ့ video တွေကို ဘယ်နှစ်ရက် သိမ်းဆည်းကြည့်ရှုနိုင်ပါသလဲ?

ဒေါင်းလုတ်ပြုလုပ်ထားတဲ့ video တွေကို ၇ ရက် သိမ်းဆည်းကြည့်ရှုနိုင်ပါတယ်။ ၇ ရက်ပြီးနောက် MPT  မိုဘိုင်းဒေတာဖြင့် ထပ်မံဒေါင်းလုတ်ပြုလုပ်ပြီး (သို့) တိုက်ရိုက်ကြည့်ရှုလိုက်ပါ။

၉။ မဟာမိုဘိုင်း အပလီကေးရှင်းကို Android version ဘယ်လောက်နဲ့မှသုံးလို့ရမှာလဲ။

Android Version 5.0 အထက်ရှိသော မည်သည့်ဖုန်းအမျိုးအစားနှင့်မဆို ကြည့်ရှုနိုင်ပါသည်။

၁၀။ Mahar app နှင့် ပတ်သက်ပြီး အခက်အခဲရှိပါက ဘယ်လိုလုပ်ရမလဲ။

MPT မိုဘိုင်း ဒေတာကွန်ယက်နဲ့ပတ်သက်၍ အဆင်မပြေပါက MPT ရဲ့ ဖုန်းနံပါတ် ၁၀၆ ကိုခေါ်ဆိုမေးမြန်းနိုင်ပါတယ်။

Mahar App နဲ့ပတ်သက်၍ အဆင်မပြေပါက Mahar Mobile Facebook Messenger ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

၁၁။ MPT sim card ရှိပေမယ့် မိုဘိုင်းဒေတာမသုံးချင်ဘူး၊ ဝိုင်ဖိုင်နဲ့သုံးချင်သူတွေကရော ဘယ်လိုလုပ်ရမလဲ။

MPT sim card ရှိပြီး ဝိုင်ဖိုင်နဲ့သုံးချင်သူများကတော့ ပရီမီယမ်ဇာတ်ကားတစ်ကားကို ၁၅၀ ကျပ်နဲ့ဝယ်ယူပြီး ဝိုင်ဖိုင် ကွန်ရက်ဖြင့် ကြည့်ရှုနိုင်ပါတယ်။