MPT Myanmar | Moving Myanmar Forward MPT ThaDinGyut Digital Lighting Festival 2020 MM - MPT Myanmar | Moving Myanmar Forward
×

'တူယှဉ်နွှဲပျော် MPT သီတင်းကျွတ် မီးထွန်းပွဲတော်' ဆိုတာ ဘာလဲ ။

‘တူယှဉ်နွှဲပျော် MPT သီတင်းကျွတ် မီးထွန်းပွဲတော်’ သည် မြတ်စွာဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်ခြင်းနှင့် သက်ကြီးရွယ်အို ဘိုးဘိုး၊ ဘွားဘွားတို့အား ဂါရဝပြုကန်တော့ခြင်းတို့အား MPT မှ မြန်မာပြည်သူပြည်သား အားလုံးနှင့်အတူ တပျော်တပါး ၊ ပျော်ရွှင်စွာအတူပါဝင်ဆင်နွှဲနိုင်စေရန် ကျင်းပသောအိမ်မှာနေရင်း ဒါနပြုနိုင်မည့် ဒီဂျစ်တယ်မီးထွန်းပွဲတော်ဖြစ်ပါသည် ။ မီးထွန်းပုံလေး (၁)ပုံ ပေးပို့မျှဝေရင်း ကုသိုလ်ရယူနိုင်မည့် အခွင့်အရေး လည်းဖြစ်ပါသည်။

စည်းကမ်းသတ်မှတ်ချက်များ

၁) ဤပွဲတော်ကို မည်သူမဆို ပါဝင်ဆင်နွှဲခွင့်ရှိသည် ။

၂) ပါဝင်ဆင်နွှဲလိုသူသည် MPT – Facebook Page အား Like လုပ်ထားသူ ဖြစ်ရမည်။

၃ ) ပါဝင်ဆင်နွှဲလိုသူသည် ဖယောင်းတိုင်မီး ၊ ဆီမီး ၊ ရောင်စုံမီးပုံး (သို့မဟုတ် ) လျှပ်စစ်မီးတို့ ပါဝင်ရိုက်ကူးထားသော မီးထွန်းပုံရိပ်လေးများဖြင့် ဖြစ်စေ ၊ မိမိတို့ကိုယ်တိုင် (သို့မဟုတ်) မိသားစုဝင်များ ၊ ဆွေမျိုးမိတ်သင်္ဂဟများဖြင့် ပျော်ရွှင်စွာ သီတင်းကျွတ်ဆီမီးထွန်းပွဲတော် ဆင်နွှဲနေသည့် ပုံရိပ်လေး များအား မိမိတို့၏ ကိုယ်ပိုင် Facebook စာမျက်နှာပေါ်တွင် #MPT_Happy_Thadingyut2020 ဟုသော Hash Tag နှင့်အတူ Public ဖြင့် ရေးသားမျှဝေပေးရမည် ။

၄) အဆိုပါမျှဝေထားသော မိမိတို့၏ မီးထွန်းပုံရိပ် – Screen Shot များအား MPT မှ သတ်မှတ်ပေးထားသော Facebook Messenger Link ( m.me/101636238411602 ) သို့ ပေးပို့ပါဝင်ရမည် ဖြစ်သည်။

၅) ပါဝင်ဆင်နွှဲသည့် ဓာတ်ပုံများသည် ကိုယ်ပိုင်ဓာတ်ပုံဖြစ်ရမည် ဖြစ်ပြီး မထင်မရှားပုံများ ၊ အခြားကုန်အမှတ်တံဆိပ်ပါဝင်နေသော ဓာတ်ပုံများ ၊ မသင့်လျော်သောပုံများ ၊ အင်တာနက်မှ ကူးထားသောပုံများ မဖြစ်ရပါ ။

၆ ) Facebook Account (၁)ခု လျှင် (၁) ကြိမ်သာ ပါဝင်ခွင့်ရှိသည် ။

၇) နိုဝင်ဘာလ (၃) ရက်နေ့ ၊ ည (၁၂) နာရီအထိ နောက်ဆုံးထား၍ ပေးပို့ပါဝင်နိုင်ပါသည် ။

၈) ရရှိလာသော ပါဝင်ဆင်နွှဲသည့်ဓာတ်ပုံများအားလုံးကို MPT မှ စိစစ်လက်ခံပေးသွားမည်ဖြစ်ပြီး ပါဝင်ဆင်နွှဲသူ (၁)ဦးချင်းစီအတွက် (၁)ဦးလျှင်ငွေကျပ် ( ၃၀၀) ကျပ်နှုန်းဖြင့် ရန်ကုန်မြို့ ရှိ ဘိုးဘွားရိပ်သာ (၁) ခုသို့ သီတင်းကျွတ်အလှူဒါနအဖြစ် ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပါသည် ။

၉) ‘တူယှဉ်နွှဲပျော် MPT သီတင်းကျွတ် မီးထွန်းပွဲတော်’ ကာလမှာ ၂၀၂၀ ခုနှစ် ၊ အောက်တိုဘာလ (၂၅) ရက်နေ့မှ နိုဝင်ဘာလ (၃) ရက်နေ့အထိဖြစ်ပြီး စုစုပေါင်း (၉)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

၁၀) နိုဝင်ဘာလ (၅) ရက်နေ့တွင် ပါဝင်ဆင်နွှဲသူအားလုံး၏ အမှတ်တရဓာတ်ပုံများအား MPT မှ အမှတ်တရ ဂုဏ်ပြုတင်ဆက် ပေးသွားမည် ဖြစ်ပါသည် ။

၁၁) MPT သည် ‘တူယှဉ်နွှဲပျော် MPT သီတင်းကျွတ် မီးထွန်းပွဲတော်’ တွင် ပါဝင်ဆင်နွှဲသည့် ဓာတ်ပုံများအားလုံးအတွက် ပိုင်ရှင်မှ ခွင့်ပြုပြီးဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ပြီး အခြေအနေအမျိုးမျိုး၌ သုံးစွဲခွင့်ရှိသည်ဟု ယူဆပါမည်။

၁၂) အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် MPT ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။

အမေးများသောမေးခွန်းများ

၁။ 'တူယှဉ်နွှဲပျော် MPT သီတင်းကျွတ် မီးထွန်းပွဲတော်' ဆိုတာ ဘာလဲ ။

‘တူယှဉ်နွှဲပျော် MPT သီတင်းကျွတ် မီးထွန်းပွဲတော်’ သည် မြတ်စွာဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်ခြင်းနှင့် သက်ကြီးရွယ်အို ဘိုးဘိုး၊ ဘွားဘွားတို့အား ဂါရဝပြုကန်တော့ခြင်းတို့အား MPT မှ မြန်မာပြည်သူပြည်သား အားလုံးနှင့်အတူ တပျော်တပါး ၊ ပျော်ရွှင်စွာအတူပါဝင်ဆင်နွှဲနိုင်စေရန် ကျင်းပသောအိမ်မှာနေရင်း ဒါနပြုနိုင်မည့် ဒီဂျစ်တယ်မီးထွန်းပွဲတော်ဖြစ်ပါသည် ။ မီးထွန်းပုံလေး (၁)ပုံ ပေးပို့မျှဝေရင်း ကုသိုလ်ရယူနိုင်မည့် အခွင့်အရေး လည်းဖြစ်ပါသည်။

၂။ 'တူယှဉ်နွှဲပျော် MPT သီတင်းကျွတ် မီးထွန်းပွဲတော်' တွင် ဘယ်လိုပါဝင်လို့ရမလဲ ။

ပါဝင်ဆင်နွှဲလိုသူသည် ဖယောင်းတိုင်မီး ၊ ဆီမီး ၊ ရောင်စုံမီးပုံး (သို့မဟုတ် ) လျှပ်စစ်မီးတို့ ပါဝင်ရိုက်ကူးထားသော မီးထွန်းပုံရိပ်လေးများကိုဖြစ်စေ ၊ မိမိတို့ကိုယ်တိုင် (သို့မဟုတ်) မိသားစုဝင်များ ၊ ဆွေမျိုးမိတ်သင်္ဂဟများဖြင့် သီတင်းကျွတ်ဆီမီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေသည့်ပုံရိပ်လေးများအား မိမိတို့ကိုယ်ပိုင် Facebook စာမျက်နှာပေါ်တွင် #MPT_Happy_Thadingyut2020 ဟုသော Hash Tag နှင့်အတူ Public ဖြင့် ရေးသားမျှဝေပေးရပါမည် ။ မျှဝေထားသော Screen Shot အား MPT မှ သတ်မှတ်ပေးထားသော Facebook Messenger (m.me/101636238411602) သို့ ပေးပို့ပါဝင်ရမည် ဖြစ်ပါသည်။

၃။ 'တူယှဉ်နွှဲပျော် MPT သီတင်းကျွတ် မီးထွန်းပွဲတော်' က ပါဝင်ဆင်နွှဲသူတွေအတွက် ဘာတွေ လုပ်ပေးမှာလဲ ။

သီတင်းကျွတ်ကာလရဲ့ Stay Home တွင် အိမ်မှာနေထိုင်ရင်း MPT မှ မြန်မာြပည်သူပြည်သားများအားလုံးနှင့်အတူ ဆီမီး (၁၀,၀၀၀) ပူဇော်လှူဒါန်းရန် ရည်ရွယ်လျက် မီးထွန်းပွဲတွင် ပါဝင်ဆင်နွှဲသည့် ပရိသတ်(၁) ဦးချင်းစီအတွက် (၁) ဦးလျှင် ငွေကျပ် (၃၀၀) နှုန်းအားဖြင့် ရန်ကုန်မြို့ရှိ ဘိုးဘွားရိပ်သာ(၁)ခုသို့ လှူဒါန်းပေးအပ်သွားမည်ဖြစ်ပါသည် ။

၄။ 'တူယှဉ်နွှဲပျော် MPT သီတင်းကျွတ် မီးထွန်းပွဲတော်' ကို ဘယ်သူတွေ ပါဝင်ဆင်နွှဲနိုင်ပါသလဲ ။

မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ပါသည်။

၅။ မည့်သည့်နေ့အထိ ပါဝင်ဆင်နွှဲနိုင်ပါသလဲ ။

နိုဝင်ဘာလ (၃)ရက်နေ့ ၊ ၂၀၂၀ ခုနှစ် ၊ ည (၁၂) နာရီအထိ နောက်ဆုံးပေးပို့ပါဝင်နိုင်ပါသည် ။