ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်သူများအနေဖြင့် အောက်ပါအချက်များအတိုင်း ပြုလုပ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
(၁) စာရေးဆရာ တစ်ယောက်ချင်းစီအလိုက် ရွေးချယ်ပေးထားသော စာအုပ်များထဲမှ မိမိကြိုက်နှစ်သက်သော စာအုပ်ကိုရွေးချယ်ပြီး မိမိ၏ကိုယ်ပိုင် အတွေးအမြင်ဖြင့်စာညွှန်းရေးသားရမည်ဖြစ်ပါသည်။ (စာညွှန်းရေးသားရာတွင် အများဆုံး ကန့်သတ်ထားသော စာလုံးအရေအတွက်မှာ ၂၀၀၀ ဖြစ်ပါသည်။)
(၂) ပြိုင်ပွဲဝင်များ သည် ဖတ်ညွှန်းများကို သက်ဆိုင်ရာHashtagများဖြင့်(#AuthorNameReviewDiary #WunZinnMPT)
မိမိ၏ ကိုယ်ပိုင် Facebook အကောင့် တွင် အောက်ဖော်ပြပါ အချိန်များအတွင်း public ဖြင့်တင်ရပါမည်။
စာရေးဆရာ အမည် |
ပြိုင်ပွဲကာလ |
အသုံးပြုရမည့် Hashtag များ |
ဆရာ အကြည်တော် |
၀၁ ဇူလိုင်လ ၂၀၂၀ မှ
၁၀ ဇူလိုင်လ ၂၀၂၀ အထိ |
#AKyiTawReviewDiary
#WunZinnMPT |
ဆရာမ စံပါယ်ဖြူနု |
၁၁ ဇူလိုင်လ ၂၀၂၀ မှ
၂၀ ဇူလိုင်လ ၂၀၂၀ အထိ |
#SabalPhyuNuReviewDiary
#WunZinnMPT |
ဆရာမ မစန္ဒာ |
၂၁ ဇူလိုင်လ ၂၀၂၀ မှ
၃၀ ဇူလိုင်လ ၂၀၂၀ အထိ |
#MaSandarReviewDiary
#WunZinnMPT |
ဆရာ သိုးဆောင်း |
၃၁ ဇူလိုင်လ ၂၀၂၀ မှ
၀၉ သြဂုတ်လ ၂၀၂၀ အထိ |
#ThoeSaungReviewDiary
#WunZinnMPT |
Facebook Post တင်သောအချိန်တွက် စာအုပ်၏ဓာတ်ပုံအသုံးပြုလိုပါက Wun Zinn App ထဲရှိ စာအုပ်ပုံကို အသုံးပြုနိုင်ပါတယ် (သို့မဟုတ်) မိမိ၏ကိုယ်ပိုင်စာအုပ်ကို ဓါတ်ပုံရိုက်ပြီးလည်းတင်နိုင်ပါသည် (ထိုသို့ ဓါတ်ပုံရိုက်ထားသော စာအုပ်များ၏ မူပိုင်ခွင့်ကို Post တင်ထားသောသူကသာတာဝန်ယူရမည်ဖြစ်ပါသည်။) ဖတ်ညွှန်းတိုင်းရဲ့ အဆုံးမှာတော့ ပါဝင်ယှဉ်ပြိုင်သူရဲ့ အမည်ရင်း (သို့မဟုတ်) ကလောင်အမည်ကို ဖော်ပြရပါမယ်။
(၃) ထို့နောက် “ ဖတ်ညွှန်းဒိုင်ယာရီ စာညွှန်းပြိုင်ပွဲ” ၏ Facebook Group တွင် http://bit.ly/ReviewDiaryFB အဖွဲ့ဝင်ဖြစ်အောင် Join ပေးရမည်ဖြစ်ပြီး Group ထဲတွင် တင်ထားသော Google Form တွင် ပြိုင်ပွဲဝင်အနေဖြင့် မေးထားသော အချက်အလက်များကို ပြည့်စုံစွာ ဖြည့်သွင်းပြီးပါက အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်ပြီးဖြစ်ပါပြီ။
(ကန့်သတ်ချက် ။ ။ပြိုင်ပွဲဝင်ဖတ်ညွှန်းများဟာ နိုင်ငံရေးနဲ့ ဘာသာရေး အရောင်ကင်းပြီး ပုဂ္ဂိုလ်ရေး ထိခိုက်ဝေဖန်မှုတို့ မပါဝင်တဲ့ ဖတ်ညွှန်းများဖြစ်ဖို့ လိုအပ်ပါတယ်။ ပြိုင်ပွဲဝင်ထားသော ဖတ်ညွှန်းများကို သတ်မှတ်ထားတဲ့ ပြိုင်ပွဲရက် မကျော်လွန်ခင်အတွင်း တည်းဖြတ်နိုင်ပါသော်လည်း ပြိုင်ပွဲရက် ကျော်လွန်မှ ပြင်ဆင်တည်းဖြတ်မှုများ ကိုမူ လက်ခံမည်မဟုတ်ပါ။)