MPT Myanmar | Moving Myanmar Forward Shwe mic khae mm - MPT Myanmar | Moving Myanmar Forward
×

ရွှေမိုက်ခဲ သီချင်းဆိုပြိုင်ပွဲ

“ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲ အကြောင်း

“ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲသည် အိမ်မှာနေရင်း အဆိုတော်ဖြစ်ဖို့ အခွင့်အရေးရနိုင်မည့်အပြင် သိန်း ၁၀၀ဖိုးဆုကြီးတွေအပြင်ကိုယ်ပိုင်သီချင်းပိုင်ဆိုင်နိုင်မည့်ပထမဦးဆုံးသော Digital Platform (Online) မှတစ်ဆင့်ယှဉ်ပြိုင်နိုင်မည့်ပြိုင်ပွဲဖြစ်သည်။ Semi-Final နှင့် Grand-Final အဆင့်များတွင် Live Show အစီအစဉ်များ ပါဝင်မည်ဖြစ်ပါသည်။

အွန်လိုင်းယှဉ်ပြိုင်မှု အဆင့်

ပြိုင်ပွဲဝင်သူ အနေဖြင့် ပထမအဆင့်အတွက် သတ်မှတ်ပေးထားတဲ့ သီချင်း အပုဒ် ( ၄၀ ) ထဲမှ မိမိ နှစ်သက်ရာ သီချင်းတွေကို ရွေးချယ်သီဆို မှတ်တမ်းတင် ထားတဲ့ Video Clip ဖြင့် ပေးပို့ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။အဆိုပါ Video Clip ကို မိမိ၏ ကိုယ်ပိုင် Facebook Account တွင် Hashtag (#shwemickhae #taythantharMPT ) များဖြင့် Public post တင်ရပါမယ်။ထို့နောက် အဆိုပါ post link နှင့်အတူ ပြိုင်ပွဲဝင်၏ နာမည်၊ ဖုန်းနံပါတ်(MPT ဖုန်းနံပါတ်သာ) အပြည့်အစုံကို သတ်မှတ်ထားတဲ့ Shwe Mic Khae Facebook page (m.me/shwemickhae) Messenger သို့ တိုက်ရိုက်ပေးပို့ ပြီး ပြိုင်ပွဲဝင် အဖြစ် အောင်မြင်စွာ ပါဝင်နိုင်မှာဖြစ်တယ်။ ကိုယ်ပိုင်သီချင်းဖြင့် ယှဉ်ပြိုင်ခွင့်မရှိပါ။

Level 1 တွင် သီဆိုရန် သီချင်း အပုဒ် (၄၀) မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Level 1 Song List

စဥ် တေးသီချင်းအမည် မူရင်းအဆိုတော် စဥ် တေးသီချင်းအမည် မူရင်းအဆိုတော်
၁။ မချစ်ရဘူးတဲ့လား ဝေလ ၂၀။ ဆေး ကော်နီ
၂။ လိုသလိုသုံး သာဒီးလူ ၂၁။ ဧည့်သည် တင်ဇာမော်
၃။ ညီလေး မျိုးကြီး ၂၂။ Sunshine ဝိုင်းစုခိုင်သိန်း
၄။ မိုးမခအိမ်မက်ခရမ်းပြာ Eternal Gosh ၂၃။ အလကားပဲ နီနီခင်ဇော်
၅။ ဝေးသွားလည်း Big Bag ၂၄။ မိန်းကလေးတယောက်

အသည်းကွဲနေတယ်

ဖြူဖြူကျော်သိန်း
၆။ ငါသွားတော့မယ် R ဇာနည် ၂၅။ Message ဂျူဝယ်
၇။ သဘာဝနဲ့တွေ့ဆုံခြင်း အောင်ထက် ၂၆။ ကျွန်မ ကေကေမိုး
၈။ အသဲနှလုံးမရှိတဲ့သူ ဖြိုးပြည့်စုံ ၂၇။ အသည်းကွဲအထိမ်းအမှတ် ဖြူဖြူဟန်
၉။ နွေးသွားတယ် ထက်ယံ ၂၈။ Crush on you Sophia Everest
၁၀။ ချစ်နေပြီ အုပ်စိုးခန့် ၂၉။ Don’t you know Grace
၁၁။ If I ain’t got you William Tun & Jaz3 ၃၀။ ရှေ့ဆက်ရန်မရှိ ထက်သီရိ
၁၂။ လိုင်းပေါ်မတင်ပါနဲ့ ဝေကြီး ၃၁။ အမှားတရား ချမ်းမြေ့
၁၃။ အနီးဆုံးရန်သူ ဝေလ ၃၂။ ပုံပြင် ကော်နီ
၁၄။ ကိုယ်စောင့်နတ် ဖိုးပြည့် ၃၃။ အချစ်ရဆုံးသူစိမ်း နီနီခင်ဇော်
၁၅။ အလွမ်းညနေခင်း သာဒီးလူ ၃၄။ နှုတ်ဆက်ပါတယ် ဝိုင်းစုခိုင်သိန်း
၁၆။ ဝဋ်ကြွေး ဟန်နေတာ ၃၅။ နှလုံးသားအရင်းအနှီး အိုင်ရင်းဇင်မာမြင့်
၁၇။ အသည်းကွဲဧည့်သည် ဖြိုးပြည့်စုံ ၃၆။ Mask Mary
၁၈။ အပြစ်မယူ အုပ်စိုးခန့် ၃၇။ အရှုံးထက်ပိုသော ဖြူဖြူကျော်သိန်း
၁၉။ ဒဿ NJ ၃၈။ မောင်မငိုရဘူးနော် ကေကေမိုး
၃၉။ အသည်းကွဲတယ်ဆိုတာ နင်ဇီမေ
၄၀။ အလွမ်းသီချင်း Jewel

မေးခွန်းများ

၁။ “ရွှေမိုက်ခဲ ” သီချင်းဆိုပြိုင်ပွဲ ဆိုတာ ဘာလဲ။

“ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲသည် MPT နှင့် တေးသံသာ တို့ပူးပေါင်းတင်ဆက်သည့် သီချင်းဆိုပြိုင်ပွဲ ဖြစ်ပြီး ပြိုင်ပွဲ၀င်များအနေဖြင့် အိမ်မှာနေရင်း အဆိုတော်ဖြစ်ဖို့ အခွင့်အရေးရနိုင်သလို ပြိုင်ပွဲဝင်လိုက်ရုံဖြင့် ဆုလက်ဆောင်များစွာ ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး ကနဦးအဆင့်တွင် Digital Platform (Online) မှတစ်ဆင့် လွယ်ကူစွာ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး Semi-Final နှင့် Grand-Final အဆင့်များတွင် Live Show အစီအစဥ်များ ပါ၀င်မည်ဖြစ်ပါသည်။

၂။ “ရွှေမိုက်ခဲ ” သီချင်းဆိုပြိုင်ပွဲကြီး စတင်ဖြစ်ပေါ်လာပုံ ကို ရှင်းပြပေးပါ။

အသံပါရမီရှင်များအတွက် အိမ်မှာနေရင်း အဆိုတော်ဖြစ်ဖို့ အခွင့်အလမ်း ဖန်တီးပေးချင်တဲ့ စေတနာ အပြင် ပြိုင်ပွဲဝင်များ ထံမှ မည်သည့် အခကြေးငွေ ကောက်ခံမှုမရှိဘဲ Digital Platform ကတစ်ဆင့် ပျော်ပျော်ရွှင်ရွှင် သီဆိုယှဉ်ပြိုင်နိုင်ဖို့ အတွက် MPT နှင့် တေးသံသာ တို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးထားတဲ့ သီချင်းဆို ပြိုင်ပွဲ ဖြစ်ပါတယ်။

ဆုအနေဖြင့် ကျပ်သိန်း ၁၀၀ ဖိုးဆုကြီးတွေအပြင် နှင့် ကိုယ်ပိုင်သီချင်းပိုင်ဆိုင်ခွင့် အပါအဝင် အခြားသော ဆုပေါင်းများစွာကို ယှဉ်ပြိုင်ရင်း ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကြီး ဖြစ်ပါတယ်။
(မှတ်ချက်။ ။ သတ်မှတ်ပေးထားသော ပြိုင်ပွဲဝင်ခွင့် သီချင်းများသည် တေးသံသာ မှ တရားဝင်အသုံးပြုခွင့်ရရှိထားပြီးဖြစ်သည်)

၃။ “ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲကြီးကို မည်သူတွေ ပါဝင်ယှဉ်ပြိုင်နိုင်မှာလဲ။ ပြိုင်ပွဲဝင်ရန် အခကြေးငွေ လိုအပ်ပါသလား။

အသက် ၁၈ နှစ် နှင့် အထက် မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး အသက် ၁၈ နှစ် မပြည့်ပါ က အုပ်ထိန်းသူ ခွင့်ပြုချက် ပါမှသာ ပါဝင်ယှဥ်ပြိုင်နိုင်မှာဖြစ်ပါတယ်။  ပြိုင်ပွဲဝင်ရန် မည်သည့် အခကြေးငွေမှ မလိုအပ်ပါ။

၄။ “ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲကြီးကို ဘယ်လို ပါဝင်ရမလဲ။ စည်းမျဉ်းစည်းကမ်းကဘာတွေလဲ။ ကိုယ်ပိုင်သီချင်းဖြင့် ယှဉ်ပြိုင်ခွင့်ရှိပါသလား။

ပြိုင်ပွဲဝင်သူ အနေဖြင့် တေးသံသာ မှ ပထမအဆင့်အတွက် သတ်မှတ်ပေးထားတဲ့ သီချင်း အပုဒ် ( ၄၀ ) ထဲမှ မိမိ နှစ်သက်ရာ သီချင်းကို ရွေးချယ်သီဆို မှတ်တမ်းတင် ထားတဲ့ (အများဆုံး ၅မိနစ်စာ ) Video Clip ဖြင့် ပေးပို့ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

အဆိုပါ Video Clip ကို မိမိ၏ ကိုယ်ပိုင် Facebook Account တွင် Hashtag (#shwemickhae #taythantharMPT )  များဖြင့် Public post တင်ရပါမယ်။

ထို့နောက် အဆိုပါ post link နှင့်အတူ ပြိုင်ပွဲဝင်၏ နာမည်၊ ဖုန်းနံပါတ်(MPT ဖုန်းနံပါတ်သာ) အပြည့်အစုံကို  သတ်မှတ်ထားတဲ့ Shwe Mic Khae Facebook page (m.me/shwemickhae) Messenger သို့ တိုက်ရိုက်ပေးပို့ ပြီး ပြိုင်ပွဲဝင် အဖြစ် အောင်မြင်စွာ ပါဝင်နိုင်မှာဖြစ်တယ်။     ကိုယ်ပိုင်သီချင်းဖြင့် ယှဉ်ပြိုင်ခွင့်မရှိပါ။ တစ်ပုဒ်ထက်မကလည်း ပြိုင်နိုင်တယ်ဆိုတော့ မိုက်မချစတမ်း မိုက်ခဲလိုက်တော့နော်။

Level 1 တွင် သီဆိုရန် သီချင်း အပုဒ် (၄၀) မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Level 1 Song List

စဥ် တေးသီချင်းအမည် မူရင်းအဆိုတော် စဥ် တေးသီချင်းအမည် မူရင်းအဆိုတော်
၁။ မချစ်ရဘူးတဲ့လား ဝေလ ၂၀။ ဆေး ကော်နီ
၂။ လိုသလိုသုံး သာဒီးလူ ၂၁။ ဧည့်သည် တင်ဇာမော်
၃။ ညီလေး မျိုးကြီး ၂၂။ Sunshine ဝိုင်းစုခိုင်သိန်း
၄။ မိုးမခအိမ်မက်ခရမ်းပြာ Eternal Gosh ၂၃။ အလကားပဲ နီနီခင်ဇော်
၅။ ဝေးသွားလည်း Big Bag ၂၄။ မိန်းကလေးတယောက်

အသည်းကွဲနေတယ်

ဖြူဖြူကျော်သိန်း
၆။ ငါသွားတော့မယ် R ဇာနည် ၂၅။ Message ဂျူဝယ်
၇။ သဘာဝနဲ့တွေ့ဆုံခြင်း အောင်ထက် ၂၆။ ကျွန်မ ကေကေမိုး
၈။ အသဲနှလုံးမရှိတဲ့သူ ဖြိုးပြည့်စုံ ၂၇။ အသည်းကွဲအထိမ်းအမှတ် ဖြူဖြူဟန်
၉။ နွေးသွားတယ် ထက်ယံ ၂၈။ Crush on you Sophia Everest
၁၀။ ချစ်နေပြီ အုပ်စိုးခန့် ၂၉။ Don’t you know Grace
၁၁။ If I ain’t got you William Tun & Jaz3 ၃၀။ ရှေ့ဆက်ရန်မရှိ ထက်သီရိ
၁၂။ လိုင်းပေါ်မတင်ပါနဲ့ ဝေကြီး ၃၁။ အမှားတရား ချမ်းမြေ့
၁၃။ အနီးဆုံးရန်သူ ဝေလ ၃၂။ ပုံပြင် ကော်နီ
၁၄။ ကိုယ်စောင့်နတ် ဖိုးပြည့် ၃၃။ အချစ်ရဆုံးသူစိမ်း နီနီခင်ဇော်
၁၅။ အလွမ်းညနေခင်း သာဒီးလူ ၃၄။ နှုတ်ဆက်ပါတယ် ဝိုင်းစုခိုင်သိန်း
၁၆။ ဝဋ်ကြွေး ဟန်နေတာ ၃၅။ နှလုံးသားအရင်းအနှီး အိုင်ရင်းဇင်မာမြင့်
၁၇။ အသည်းကွဲဧည့်သည် ဖြိုးပြည့်စုံ ၃၆။ Mask Mary
၁၈။ အပြစ်မယူ အုပ်စိုးခန့် ၃၇။ အရှုံးထက်ပိုသော ဖြူဖြူကျော်သိန်း
၁၉။ ဒဿ NJ ၃၈။ မောင်မငိုရဘူးနော် ကေကေမိုး
၃၉။ အသည်းကွဲတယ်ဆိုတာ နင်ဇီမေ
၄၀။ အလွမ်းသီချင်း Jewel

၅။ အဖွဲ့လိုက်(သို့) duo trio ပါဝင်ယှဉ်ပြိုင်ခွင့်ရှိပါသလား။ Music တူရိယာတခုခုတီးခတ်ပြီး သီဆိုလို့ရပါသလား။

တစ်ဦးချင်း (Solo) (သို့) အဖွဲ့လိုက်(သို့) duo trio ပါဝင်ယှဉ်ပြိုင်ခွင့်ရှိပါတယ်။  ပြိုင်ပွဲဝင်အနေဖြင့် ကြိုက်နှစ်သက်ရာ တူရိယာတစ်ခုခု တီးခတ်ပြီး သီဆိုယှဉ်ပြိုင်နိုင်ပါတယ်။

( မူပိုင်ခွင့်နှင့် မလွတ်ကင်းသော another karaoke Track ၊ အခြားApp များမှ အတီးTrack များနှင့် Beat Box ဖြင့် သီဆိုယှဉ်ပြိုင်ခြင်းအား လက်ခံမည်မဟုတ်ပါ။ ထိုသို့ သီဆိုရာတွင် ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ခဲ့လျှင် သီဆိုသူ (၀ါ) ပြိုင်ပွဲဝင် တာဝန်သာဖြစ်သည်။)

၆။ ပြိုင်ပွဲကာလ ဘယ်လောက်ကြာမှာလဲ။ ပြိုင်ပွဲ အဆင့် ဘယ်နှစ်ဆင့် ရှိလဲ။

ပြိုင်ပွဲကာလ စုစုပေါင်း (၄ ပါတ် တိတိ)  ကြာမြင့်မှာဖြစ်ပြီး

ပထမအဆင့် (Level 1) အွန်လိုင်းမှ ယှဉ်ပြိုင်မှုကာလ မှာ – ရက်သတ္တပါတ်၂ ပါတ် တိတိကြာမြင့်မည်ဖြစ်ပါသည်။

ဒုတိယအဆင့် (Semi Final) + တတိယအဆင့်(Grand Final) – ရက်သတ္တပါတ်၂ ပါတ်

ပြိုင်ပွဲအဆင့် ပြိုင်ပွဲကာလ(သို့) ရွေးချယ်ပေးမည့်ရက် အကြောင်းအရာ
ပထမအဆင့်

(Level 1)

၂၂ ဖေဖော်ဝါရီ ၂၀၂၀ မှ

၇ မတ်လ ၂၀၂၀

ပေးပို့ယှဉ်ပြိုင်လာသော သူများ အနက်မှ ၁၀ ဦး ဆန်ခါတင် ရွေးချယ်မည်ဖြစ်သည်။
ဒုတိယအဆင့်

(Semi Final)

၂၁ မတ်လ ၂၀၂၀ ဆန်ခါတင် ၁၀ ဦး အနက်မှ ၄ဦးကို ရွေးချယ်မည်ဖြစ်သည်။
တတိယအဆင့်

(Grand Final)

၂၈ မတ်လ ၂၀၂၀ ဒုတိယအဆင့်တွင် ရွေးချယ်ထားသော ၄ဦးယှဉ်ပြိုင်ရမည်ဖြစ်သည်။

-ပြိုင်ပွဲအဆင့် ၃ဆင့်ရှိပါတယ်။

  • ပထမအဆင့် အနေဖြင့်ပေးပို့လာသောvideo clipများကိုလက်ခံခြင်း၊ လက်ခံထားသော video clip များထဲမှ စိစစ်ရွေးချယ်ပြီး ဆန်ခါတင် ၁ဝဦး ပေါ်ထွက်လာမှာဖြစ်ပါတယ်။
  • ဒုတိယအဆင့်မှာ  ဆန်ခါတင် ၁ဝဦး ထဲကမှ ၄ဦး ထပ်မံရွေးချယ်မှာဖြစ်ပါတယ်။
  • တတိယအဆင့်(GrandFinal)တွင် Final Winners များကိုရွေးချယ်သွားမှာဖြစ်ပါတယ်။

၇။ “ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲဝင်များ အနေဖြင့် ခံစားခွင့်ရှိမည့် ဆုအစီစဉ်တွေက ဘာတွေလဲ။

ရရှိနိုင်မည့်ဆုများကို အောက်ပါအတိုင်းခွဲခြားထားပါသည်။

  • ပထမအဆင့် ယှဉ်ပြိုင်သူများထဲမှ မိမိသီဆိုထားသော သီချင်းဗွီဒီယိုဖိုင်အား “ရွှေမိုက်ခဲ” Facebook messenger သို့  ပထမဦးဆုံးပေးပို့လာသော အယောက်(၃၀) အား MPT ကျပ်တစ်သောင်းတန် ဖုန်းငွေဖြည့်ကဒ်အား ပေးအပ်သွားမည်ဖြစ်ပါသည်။
  • ဒါ့အပြင် ပထမအဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ထားသော ပြိုင်ပွဲဝင်များထဲမှ ကံထူးသူ (၁၀) ယောက်ကို ကံစမ်းမဲနှိုက်ရွေးချယ်ကာ တစ်ယောက်လျှင် ကျပ် တစ်သိန်း တိတိ ချီးမြှင့်သွားမည်ဖြစ်ပြီး MPT Mobile Money App ကိုအသုံးပြု၍ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။
  • Gand Final တွင် အနိုင်ရရှိသော Winner သည် ဆုကြေးငွေ မြန်မာကျပ်ငွေသိန်း (၇၀) နှင့် ကိုယ်ပိုင်သီချင်းတစ်ပုဒ်၊ First Runner Up သည် ဆုကြေးငွေ မြန်မာကျပ်ငွေသိန်း (၃၀) နှင့် ကိုယ်ပိုင်သီချင်းတစ်ပုဒ်စီအား တေးသံသာမှ စီစဉ်ပေးမည်ဖြစ်ပြီး တေးသံသာဝန်ဆောင်မှုတွင်လည်း ထိုသီချင်းအားထည့်သွင်းပေးသွားမည် ဖြစ်သည်။
ဆုအမည် ဆုကြေး ဆုအရေအတွက်
Early Birds

(​အစောဆုံးပြိုင်ပွဲဝင်သူများ)

MPT ဖုန်းဘေလ် တစ်သောင်းတန်ကဒ် ၃၀
Lucky Draw Program ကျပ် တစ်သိန်းတိတိ ၁၀
Grand Final winners

(Winner and 1st runner up)

Winner – ကျပ်သိန်း ၇၀+

Exclusive Single Song (1 Song)

1st runner up – ကျပ်သိန်း ၃၀+ Exclusive Single Song (1 Song)

အထူးအစီအစဉ် အနေနဲ့ မိမိ ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်(ပထမအဆင့်မှာ ရွေးချယ်ထားတဲ့ ဆန်ခါတင် ၁ဝဦး) ကို SMS မှတစ်ဆင့် ဆုငွေများ ပေးပို့ ချီးမြှင့် နိုင်မှာ ဖြစ်ပါတယ်။

SMS Voting ပေးပို့ရန်အသေးစိတ်

Short Code Number (7171) သို့ မိမိ ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင် နံပါတ်ကို ပေးပို့ရန် (MPT Phone number ဖြင့်သာ)။ SMS  တစ်စောင်ကို ၁၀၀ ကျပ် (ကုန်သွယ်ခွန် ပါဝင်ပြီး)  ကျသင့်မှာ ဖြစ်ပြီး အရေအတွက် အကန့်သတ်မရှိ       ပေးပို့နိုင်မှာဖြစ်ပါတယ်။

SMS Voting မှတစ်ဆင့်ရရှိလာသော ဆုငွေများကိုလည်း (ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို နုတ်ပြီး) ပြိုင်ပွဲဝင်များထံသို့သာပေးအပ်သွားမှာဖြစ်ပြီး MPT နှင့် Tay Than Thar မှ အကျိုးအမြတ်တစ်စုံတစ်ရာကိုမှ ရယူသွားမည်မဟုတ်ပါ။ ဥပမာ – ပြိုင်ပွဲဝင် နံပါတ် (၁) သည် Voting အစောင် (၃၀) ရရှိခဲ့ပါက ထိုအစောင် (၃၀)နှင့်ညီမျှသော ငွေပမာဏအား ပြိုင်ပွဲဝင်နံပါတ်(၁) သို့ပေးအပ်သွားမည်ဖြစ်ပါသည်။

၈။ “ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲကြီးတွင် ပါဝင် အကဲဖြတ်ပေးမယ့်ဒိုင်တွေက ဘယ်သူတွေလဲ။ MPT ဘက်ကရော ပါဝင်ရွေးချယ်ခွင့်ရှိလား။

တေးရေးဆရာ မြင့်မိုးအောင်၊ Leonard မောင်မောင်လွင် ၊ အဆိုတော် ရေဗက္ကာဝင်း၊ တေးရေးဆရာ ဝေကြီး နှင့် အဆိုတော် ဂျူဝယ်လ် တို့ ပါဝင်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲအဆင့်တိုင်းအတွက် ပြိုင်ပွဲဝင်များ စိစစ်ရွေးချယ်ခြင်းကို ဒိုင်များနှင့် တေးသံသာ မှ ရွေးချယ်ပေးသွားမှာဖြစ်ပြီး အငြင်းပွားမှု တစ်စုံတစ်ရာရှိပါက ဒိုင်များ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။ MPT ဘက်ကပါဝင်ရွေးချယ်ခြင်းမရှိပါဘူး။

၉။ ပြိုင်ပွဲဝင်ပုံစံနှင့် အသေးစိတ်ကို သိရှိလိုပါက ဘယ်ကို ဆက်သွယ်မေးမြန်းနိုင်ပါသလဲ။

တေးသံသာ official Facebook page https://web.facebook.com/taythantharmusic/ ( သို့မဟုတ် )

ရွှေမိုက်ခဲ official Facebook page https://www.facebook.com/shwemickhae/ ( သို့မဟုတ် ) Phone Number – 09441117711, 106 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မှာဖြစ်ပါတယ်။