၁။ ဆွေ/ရှယ်/ရွှေ အစီအစဉ် ရယူထားသော MPT GSM/WCDMA prepaid စနစ် (လက်ရှိ) ဖုန်းအသုံးပြုသူများ ဝယ်ယူနိုင်ပါသည်။
၂။ Postpaid, CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။
၃။ သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာနည်းလမ်းမှတစ်ဆင့် ဝယ်ယူအသုံးနိုင်ပါသည်။
၄။ အကန့်အသတ်မရှိ Facebook Data အတွက် Facebook App/ Browser မှ Facebook (ပြင်ပ links များမပါဝင်) နှင့် Messenger (Voice, Video calls များမပါဝင်) ကို အချိန်အကန့်အသတ်မရှိ အသုံးပြုနိုင်ပါသည်။
၅။ Messenger မှ Voice call, video call များနှင့် Facebook မှတစ်ဆင့် click နှိပ်ပြီးပြင်ပ Websiteများ၊ link များကိုဝင်ရောက်အသုံးပြုခြင်းများကို ၀ယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်ပါသည်။
၆။ Viber အသုံးပြုခွင့် (Voice, Video calls များမပါဝင်) ကို အကန့်အသတ်မရှိ အသုံးပြုနိုင်ပါသည်။ Voice, Video calls များ အသုံးပြုခြင်းများကို ၀ယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go Rate ဖြင့် ကောက်ခံသွားမည်ဖြစ်ပါသည်။
၇။ အကန့်အသတ်မရှိ MLBB Data အသုံးပြုခွင့်သည် အဆိုပါ ဂိမ်းကစားရန်အတွက်သာဖြစ်ပြီ: ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်းဆက်သွယ်ပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်း အတွက်မဟုတ်သည့် အခြားအသုံးပြုမှုများအတွက် ၀ယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်သည်။
၈။ Data Bonus (2GB) ကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်ပါမည်။
၉။ MPT ဖုန်းအချင်းချင်းကို ၁ မိနစ်လျှင် ၁၀ ကျပ်နှုန်း (အခွန်မပါ) ဖြင့် ခေါ်ဆိုနိုင်ပါမည်။
၁၀။ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ခံစားခွင့်များကို နောက်ဆုံးသက်တမ်းအထိ သက်တမ်းတိုး ပေါင်းစည်းအသုံးပြုနိုင်မှာဖြစ်ပါသည်။ သို့ရာတွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့ မတိုင်ခင် နှင့် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့ နှင့် ယင်းနေ့ နောက်ပိုင်း ဝယ်ယူထားသော ပက်ကေ့ချ်များ၏ ခံစားခွင့်များသည် သက်တမ်းတိုး ပေါင်းစည်းအသုံးပြုနိုင်မည်မဟုတ်ပါ။
၁၁။ MPTကြောင့်ဖြစ်စေ သို့မဟုတ် MPT၏ကွန်ရက်များတွင် ဖြစ်ပေါ်နေသည် ဖြစ်စေ သို့မဟုတ် အခြားသူ တစ်ဦးတစ်ယောက်ကြောင့်ဖြစ်စေ သို့မဟုတ် အခြားကွန်ရက် တစ်ခုခုတွင် ဖြစ်ပေါ်နေသည်ဖြစ်စေ ဆက်သွယ်ရေးကွန်ရက်၊ စနစ် သို့မဟုတ် ဝန်ဆောင်မှု တစ်စုံတစ်ရာတွင် ချို့ယွင်းမှု၊ အနှောင့်အယှက်ရှိမှု၊ အလျဉ်ပြတ်စေမှု သို့မဟုတ် ပြည့်ကျပ်မှု စသည့် ဖြစ်ရပ်တစ်ခုခု ဖြစ်ပေါ်ခြင်း တွေ့ရှိိပါက ဝယ်ယူသုံးစွဲသူအား စာနှင့်ရေးထားသည့် နို့တစ်စာ ပေ:ပို့ခြင်းမပြုဘဲ၊ MPT သည် ဝန်ဆောင်မှု တစ်စုံတစ်ရာ ကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ အချိန်မရွေး ဆိုင်းငံ့နိုင် သို့မဟုတ် ရပ်စဲနိုင် သည်။ အသေးစိတ်သိရှိရန် https://www.mpt.com.mm/mm/about-home/terms-conditions-mm/
၁၂။ ပရိုမိုးရှင်းကာလသည် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့ (မနက် ၄နာရီ) မှ ထပ်မံမကြေညာခင်အချိန်အထိ အကျုံးဝင်ပါသည်။
အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ခံစားခွင့်များကို နောက်ဆုံးသက်တမ်းအထိ သက်တမ်းတိုး ပေါင်းစည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ သို့ရာတွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့ မတိုင်ခင် နှင့် ထိုနေ့ရက်မှ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့ နှင့် ယင်းနေ့ နောက်ပိုင်း ဝယ်ယူထားသော ပက်ကေ့ချ်များ၏ ခံစားခွင့်များနှင့် သက်တမ်းများ ပေါင်းစည်းအသုံးပြုနိုင်မည်မဟုတ်ပါ။