MPT Myanmar | Moving Myanmar ForwardTop-Up Bonus - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

ငွေဖြည့်လက်ဆောင်

MPTမှ လေးစားရပါသော Prepaidသုံးစွဲသူများအတွက်ငွေဖြည့်ကတ်ကို အသုံးပြု၍ သတ်မှတ်ထားသော ငွေဖြည့်ပမာဏများဖြင့် MPT4U တွင် ဖုန်းငွေဖြည့်တိုင်း Facebook App, Messenger နှင့် Browser မှတစ်ဆင့် Facebook အသုံးပြုခြင်းတို့အတွက် ဒေတာလက်ဆောင်များရရှိမည့်အစီအစဉ်ကို ယူဆောင်လာပါပြီ။

ငွေဖြည့်ကတ်ကိုအသုံးပြုပြီး MPT4Uတွင် ဖုန်းငွေဖြည့်ရင် ဘာတွေရရှိနိုင်ပါသလဲ။

ဖုန်းငွေဖြည့်ပမာဏများ (ကျပ်)လက်ဆောင်
(Facebook ဒေတာ)
သက်တမ်း
၁၀၀၀600 MB(၃) ရက်
၃၀၀၀1400MB(၇) ရက်
၅၀၀၀3000MB(၁၅) ရက်
၁၀၀၀၀6000 MB(၃၀) ရက်

ပရိုမိုးရှင်းကာလ – ၂၀၂၀ သြဂုတ်လ (၅) ရက် မှ ထပ်မံမကြေညာမီ အချိန်အထိ။

စည်းကမ်းချက်များ

  • MPT Prepaid စနစ်အသုံးပြုသူများသည် Voucher card ကို အသုံးပြု၍ သတ်မှတ်ထားသော ငွေဖြည့်ပမာဏများ ဖြင့် MPT4U တွင် ဖုန်းငွေဖြည့်ရုံဖြင့် Top-up Bonus (Facebook Data) အစီအစဉ်တွင် ပါဝင်နိုင်ပါမည်။
  • Base Tariff အသုံးပြုသူများ၊ Postpaid အသုံးပြုသူများ နှင့် CDMA အသုံးပြုသူများ ယခု အစီအစဉ်တွင် အကျုံးမဝင်ပါ။
  • Facebook ဒေတာလက်ဆောင်ကို Facebook App (ပြင်ပlinksများမပါဝင်), Messenger (voice,video callများမပါဝင်) နှင့် Browser မှတစ်ဆင့် Facebook အသုံးပြုခြင်း တို့အတွက် ရရှိထားသော သက်တမ်းများအတိုင်း အသုံးပြုနိုင်ပါသည်။
  • ဖုန်းငွေဖြည့်သည့် အကြိမ်ရေ သတ်မှတ်ထားခြင်း မရှိပါ။ အကန့်အသတ်မရှိ ဖုန်းငွေဖြည့်၍ အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။
  • ဖုန်းငွေဖြည့်သွင်းခြင်းမှ ရရှိထားသော Facebook ဒေတာလက်ဆောင်များသည် ပေါင်းစည်းသွားပြီး နောက်ဆုံး ရရှိ အသုံးပြုနိုင်သည့် ငွေဖြည့်သက်တမ်းအတိုင်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။
  • ပရိုမိုးရှင်းကာလ – ၂၀၂၀ သြဂုတ်လ ၅ရက် မှ ထပ်မံ မကြေညာမီ အချိန်အထိ။

မေးလေ့ရှိသောမေးခွန်းများ

၁။ Top-up Bonus (Facebook Data) အစီအစဉ်ဆိုတာ ဘာပါလဲ။

ဖုန်းငွေဖြည့်ပါက Facebook အသုံးပြုခြင်းအတွက် ဒေတာလက်ဆောင်ရရှိမယ့် အစီအစဉ်ပါ။ MPT Prepaid သုံးစွဲသူများသည် Voucher card ကို အသုံးပြု၍ သတ်မှတ်ထားသော ငွေဖြည့်ပမာဏများ ဖြင့် MPT4U တွင် ဖုန်းငွေဖြည့်တိုင်း Facebook App(ပြင်ပlinksများမပါဝင်), Messenger (voice,video callများမပါဝင်) နှင့် Browser မှတစ်ဆင့် Facebook အသုံးပြုခြင်းတို့အတွက် ဒေတာလက်ဆောင်များ ရရှိမှာဖြစ်ပါတယ်။

၂။ Top-up Bonus (Facebook Data) အစီအစဉ်ကို ဘယ်သူတွေ ပါဝင်နိုင်မှာပါလဲ။

MPT Prepaid စနစ် အသုံးပြုသူများသည် Top-up Bonus (Facebook Data) အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

၃။ Top-up Bonus (Facebook Data) ပရိုမိုးရှင်းအစီအစဉ်မှာပါဝင်ဖို့ ဘာလုပ်ရမလဲ?

Voucher Card ကို အသုံးပြု၍ MPT4U တွင် သတ်မှတ်ထားသော ငွေဖြည့်ပမာဏအတိုင်း ဖုန်းငွေဖြည့်လိုက်ရုံပါပဲ။ Facebook အသုံးပြုခြင်းအတွက် ဒေတာလက်ဆောင်များကို ဖော်ပြထားသော သက်တမ်းများအတိုင်း ရရှိနိုင်မှာပါ။

ဖုန်းငွေဖြည့်ပမာဏများ (ကျပ်)လက်ဆောင်

(Facebook ဒေတာ)

သက်တမ်းအသုံးပြုခြင်း
၁၀၀၀600 MB(၃) ရက်Facebook App (ပြင်ပlinksများမပါဝင်), Messenger (voice,video callများမပါဝင်) နှင့် Browser မှတစ်ဆင့် Facebook အသုံးပြုခြင်း
၃၀၀၀1400MB(၇) ရက်
၅၀၀၀3000MB (၁၅) ရက်
၁၀၀၀၀6000 MB (၃၀) ရက်

၄။ ရရှိထားတဲ့ Facebook ဒေတာလက်ဆောင်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။

Facebook ဒေတာလက်ဆောင်ကို Facebook App (ပြင်ပlinksများမပါဝင်), Messenger (voice,video callများမပါဝင်) နှင့် Browser မှတစ်ဆင့် Facebook အသုံးပြုခြင်း တို့အတွက် ငွေဖြည့်မှုအလိုက် ရရှိ ထားသော သက်တမ်းများအတိုင်း အသုံးပြုနိုင်ပါသည်။

၅။ Facebook ဒေတာလက်ဆောင်ရရှိကြောင်း ဘယ်လိုသိနိုင်ပါသလဲ။

ဖုန်းငွေဖြည့်လိုက်ပါက Facebook ဒေတာလက်ဆောင် ရရှိမည်ဖြစ်ပြီး ၊ ရရှိကြောင်း စာတိုပေးပို့၍လည်း အသိပေးပါမည်။ *224# ကိုခေါ်ဆိုပြီးလည်း စစ်ဆေးကြည့်နိုင်ပါသည်။

၆။ Top-up Bonus (Facebook Data) အစီအစဉ်သည် Base Tariff အသုံးပြုသူများအတွက် အကျုံးဝင်ပါသလား။

မဟုတ်ပါ။ Base Tariff အသုံးပြုသူများသည် Top-up Bonus (Facebook Data) အစီအစဉ်တွင် အကျုံးမဝင်ပါ။

၇။ (၁၀၀၀)ကျပ် ကို ဖုန်းငွေဖြည့်ကတ်မှ တစ်ဆင့် ဖြည့်ထားပါတယ်။ နောက်ထပ် (၁၀၀၀)ကျပ်ကို E top-up ဖြင့် ထပ်ဖြည့်ပါတယ်။ သို့သော် Facebook ဒေတာလက်ဆောင် မရရှိပါဘူး။ ဘာဖြစ်လို့ပါလဲ။

Top-up Bonus (Facebook Data) အစီအစဉ်သည် Voucher card ကို အသုံးပြု၍ MPT4U တွင် ဖုန်းငွေဖြည့်ခြင်း တစ်ခုတည်းအတွက်သာ အကျုံးဝင်ပါသည်။ အခြား နည်းလမ်းများဖြင့် ဖုန်းငွေဖြည့်မည် ဆိုပါက Facebook ဒေတာလက်ဆောင် မရရှိနိုင်ပါ။

၈။ MPT Money ကို အသုံးပြု၍ MPT4U တွင် (၁၀၀၀) ကျပ်ကို ဖြည့်သွင်းထားပါတယ်။ Facebook ဒေတာလက်ဆောင် ရရှိနိုင်ပါသလား။

မရရှိနိုင်ပါ၊ သတ်မှတ်ထားသော ဖုန်းငွေဖြည့်ပမာဏများအတိုင်း Voucher card ကို အသုံးပြု၍ MPT4U တွင် ဖုန်းငွေဖြည့်မှသာ Facebook ဒေတာလက်ဆောင်ကို ရရှိမှာဖြစ်ပါတယ်။

၉။ သတ်မှတ်ထားသော ဖုန်းငွေဖြည့်ပမာဏများအတိုင်း Voucher card ကို အသုံးပြု၍ MPT4U တွင် ဖုန်းငွေဖြည့်ထားပါတယ်။ Facebook ဒေတာလက်ဆောင်ကို ဘယ်လိုရရှိနိုင်ပါမလဲ။

Voucher card ကို အသုံးပြု၍ MPT4U တွင် ဖုန်းငွေဖြည့်သွင်းပါက Facebook App (ပြင်ပlinksများမပါဝင်), Messenger (voice,video callများမပါဝင်) နှင့် Browser မှတစ်ဆင့် Facebook အသုံးပြုခြင်းတို့အတွက် ဒေတာလက်ဆောင်ကို ဖော်ပြထားသော သက်တမ်းများအတိုင်း ရရှိမှာ ဖြစ်ပါတယ်။ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဖုန်းငွေဖြည့်ပမာဏများ (ကျပ်)လက်ဆောင်

(Facebook ဒေတာ)

သက်တမ်း
၁၀၀၀600 MB(၃) ရက်
၃၀၀၀1400MB(၇) ရက်
၅၀၀၀3000MB (၁၅) ရက်
၁၀၀၀၀6000 MB (၃၀) ရက်

၁၀။ တစ်နေ့လျှင် မည်သည့်အကြိမ်ခန့် ဖုန်းငွေဖြည့်နိုင်ပါသလဲ။

ကန့်သတ်ထားခြင်းမရှိပါ။ တစ်နေ့လျှင် အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဖုန်းငွေဖြည့်နိုင်ပါသည်။

၁၁။ Voucher card ကို အသုံးပြု၍ (၁၀၀၀) ကျပ်ကို MPT4U တွင် ဖြည့်ထားပါတယ်။ ထို့နောက် Voucher card ကို အသုံးပြု၍ နောက်ထပ် (၃၀၀၀) ကျပ်ကို MPT4U တွင် ဖုန်းငွေထပ်ဖြည့်ပါတယ်။ ရရှိထားသော Facebook ဒေတာလက်ဆောင်များသည် ပေါင်းစည်းသွားမှာပါလား။

ဟုတ်ပါတယ်။ Voucher card ကို အသုံးပြု၍ MPT4U တွင် ဖုန်းငွေဖြည့်သွင်းခြင်းမှ ရရှိထားသော Facebook ဒေတာလက်ဆောင်များသည် ပေါင်းစည်းသွားပြီး နောက်ဆုံး ရရှိ အသုံးပြုနိုင်သည့် ငွေဖြည့်  သက်တမ်းအတိုင်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

၁၂။ “Top-up Bonus” (Facebook Data) အစီအစဉ်ကာလက ဘယ်အထိလဲ။

“Top-up Bonus” (Facebook Data) အစီအစဉ်ကာလမှာ ၂၀၂၀ သြဂုတ်လ ၅ရက်နေ့မှ ထပ်မံမကြေညာမီအချိန်အထိ ဖြစ်ပါသည်။