MPT’s FTTH Fiber To The Home
မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် မြန်နှုန်းမြင့် အိမ်သုံးဖိုင်ဘာအင်တာနက်
MPT FTTH ဝန်ဆောင်မှုအသုံးပြုခြင်းဖြင့် ရရှိနိုင်မည့်အားသာချက်များ





အထက်ပါ အကျိုးအမြတ်များကို ရယူနိုင်ရန်အသေးစိတ် Registerပြုလုပ်ပုံအဆင့်ဆင့်ကို
( ဒီနေရာ ) တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
• အထက်ပါဈေးနှုန်းများတွင် ကုန်သွယ်ခွန်ပါဝင်ပြီးဖြစ်သည်။
• အိမ်ယာများအတွက်လျှောက်ထားရန်စိတ်ဝင်စားသူများ ဤနေရာတွင် လျှောက်ထားနိုင်ပါသည်။
• လူကိုယ်တိုင်လျှောက်ထားခြင်းကို ဤ MPT ဆိုင်ခွဲများ တွင်ပြုလုပ်နိုင်ပါသည်။ နိုင်ငံသားမှတ်ပုံတင် မိတ္တူ ယူဆောင်လာရမည်။
MPT FTTH ရရှိနိုင်သောနေရာများ
*Service availability will be based on the feasibility check of the location.

မေးခွန်းများ
၁။ FTTH ဆိုတာ ဘာလဲ။
FTTH (Fiber to the Home) ဆိုတာ ဖိုက်ဘာသွယ်တန်းပြီး အိမ်အရောက်ချိတ်ဆက်နိုင်တဲ့အင်တာနက်ဝန်ဆောင်မှုပဲဖြစ်ပါတယ်။
၂။ ADSL ဝန်ဆောင်မှုနဲ့ ဘာကွာခြားပါလဲ။
• ADSL ဆိုတာ တယ်လီဖုန်းလိုင်းစနစ်နဲ့ အသုံးပြုနိုင်တဲ့ အင်တာနက်ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။
• ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုကတော့ တယ်လီဖုန်းလိုင်းနဲ့ ချိတ်ဆက်အသုံးပြုရတဲ့ ADSL အင်တာနက်စနစ်ထက် ပိုပြီးတည်ငြိမ်ပြီး မြန်ဆန်ပါတယ်။ ဖိုက်ဘာအင်တာနက်စနစ်ဟာ အကျိုးကျေးဇူးများပါတယ်။ (ဥပမာအားဖြင့် မိုးသည်းထန်စွာရွာသွန်းနေတဲ့အချိန်တွေမှာတောင် ဖိုက်ဘာအင်တာနက်စနစ်က လိုင်းကျသွားခြင်းမျိုးမရှိပဲ တည်ငြိမ်တဲ့အနေအထားမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။)
၃။ အကယ်၍ သုံးစွဲသူအနေနဲ့ ဒီမြန်နှုန်းမြင့်အင်တာနက်မရနိုင်တဲ့ ဧရိယာပြင်ပမှာ နေထိုင်တာဆိုရင် MPT ရဲ့ မြန်နှုန်းမြင့်အင်တာ နက်ဝန်ဆောင်မှုကို မရနိုင်ဘူးပေါ့။
MPT က 4G နည်းပညာပါဝင်တဲ့ LTE+ ဆိုတဲ့ မြန်နှုန်းမြင့်မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုလည်း ရှိပါသေးတယ်။ လူကြီးမင်းအနေနဲ့ ရန်ကုန်မြို့ရဲ့နေရာတော်တော်များများအပါအဝင် နိုင်ငံတစ်ဝှမ်းမှာ LTE+ အင်တာနက်ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ MPTရဲ့ မြန်နှုန်းမြင့် LTE+ အင်တာနက်ဝန်ဆောင်မှုကို စမ်းသပ်သုံးစွဲကြည့်နိုင်ပါတယ်။
၄။ သုံးစွဲသူတွေအနေနဲ့ 10Mbps၊ 25Mbps နဲ့ 50 Mbps ဒေတာအမြန်နှုန်းကို အမြဲတမ်းရနိုင်မလား။
• ယခုအင်တာနက်စနစ်မှာ 10Mbps၊ 25Mbps နဲ့ 50Mbps ဒေတာအမြန်နှုန်းအထိ အများဆုံးရရှိနိုင်မှာဖြစ်ပြီး ဒီအမြန်နှုန်းတွေဟာ အင်တာနက်ဝန်ဆောင်မှုကို အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါတယ်။
• အသုံးပြုသူအများအပြား တစ်ချိန်တည်းအသုံးပြုတဲ့အခြေအနေမျိုးမှာတော့ အင်တာနက်အမြန်နှုန်းဟာ မူလက အများဆုံးရရှိနိုင်တဲ့အမြန်နှုန်းထက် အနည်းငယ်နှေးသွားနိုင်ပါတယ်။ ဒါပေမဲ့ အသုံးပြုသူ တစ်ဦးချင်းစီအတွက် လုံလောက်မယ့်အမြန်နှုန်းကို ပေးစွမ်းနိုင်တယ်လို့ MPT က အာမခံပါတယ်။
၅။ အင်တာနက်သုံးစွဲတဲ့အခါ ဒေတာပမာဏကန့်သတ်မှုတွေရှိပါသလား။
မရှိပါဘူး။ အသုံးပြုသူတွေအနေနဲ့ ဒေတာအကန့်အသတ်မရှိ အင်တာနက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။