MPT Myanmar | Moving Myanmar Forwardဆင်းမ်ကတ်မှတ်ပုံတင်ခြင်း - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း

MPT သုံးစွဲသူများအားလုံးသည် MPT 4U အက်ပလီကေးရှင်း သို့မဟုတ် care.mpt.com.mm ဝက်ဘ်ဆိုက် တို့မှတစ်ဆင့်

(၁) ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို ပြန်လည်ပြင်ဆင်ခြင်း အတွက် မည်သည့် ထပ်ဆောင်းကုန်ကျမှုမျှ မရှိဘဲ အောက်ပါ နည်းလမ်းများမှတစ်ဆင့် လွယ်ကူစွာ စာရင်းသွင်း၍ မှတ်ပုံတင်နိုင်ပါသည်။ (၁) သင်၏ဆင်းမ်ကတ်တွင် မှတ်ပုံတင်ထားသောအချက်အလက်များကိုစစ်ဆေးရန် * 601 # ကိုသာခေါ်ဆိုပါ။

(၂) MPT 4U အက်ပလီကေးရှင်း (Android ဖုန်းအသုံးပြုသူများအနေဖြင့် *4040# သို့ ခေါ်ဆိုခြင်းဖြင့် MPT4U အက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ် ပြုလုပ်၍  ရယူနိုင်ပါသည်။ Apple Store https://apple.co/3bdjV7w သို့မဟုတ် Google Play store https://bit.ly/2WB6BWq တို့တွင် ဒေါင်းလုတ်ပြုလုပ်နိုင်မည် ဖြစ်ပြီး ဒေတာသုံးစွဲခ ကျသင့်မည်ဖြစ်သည်။) (၃) MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့် care.mpt.com.mm ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားမှုအရ သုံးစွဲသူများအနေဖြင့် မိမိနိုင်ငံသားစိစစ်ရေးကတ် တစ်ခုလျှင် ဆင်းမ်ကတ် (၂) ကတ်ကိုသာ မှတ်ပုံတင်ခွင့်ပြုထားပါသည်။ MPT သုံးစွဲသူများအား  အချက်အလက်မှန်ကန်စွာဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက် မတိုင်မီ စနစ်တကျ စာရင်းသွင်းမှတ်ပုံတင်ရန် တိုက်တွန်းအပ်ပါသည်။  

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း

1: ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုတာ ဘာလဲ။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုသည်မှာ တယ်လီကွန်းအော်ပရေတာများထံမှ ဆင်းမ်ကတ် ဝယ်ယူသည့်အခါ ဆောင်ရွက်ရသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

2. ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ဘယ်အချိန်မှာ လုပ်ဖို့လိုပါသလဲ။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းမှာ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန ညွှန်ကြားချက်ကို MPT မှ လိုက်နာဆောင်ရွက်ခြင်းဖြစ်ပြီး အသုံးပြုသူများအနေဖြင့် ဆင်းမ်ကတ်ဝယ်ယူပြီးနောက် မိမိနာမည်ဖြင့် မှတ်ပုံတင်မထားပါက မှတ်ပုံတင်ရန် လိုအပ်ပါသည်။

3.ဖုန်းနံပါတ်တွေကို ဘာကြောင့်မှတ်ပုံတင်ဖို့ လိုအပ်တာလဲ။

နိုင်ငံတော်အစိုးရ၏ သတ်မှတ်ချက်အရ ဆင်းမ်ကတ်များအားလုံးကို မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။

4. နိုင်ငံတော်အစိုးရ၏ သတ်မှတ်ချက်အရ ဆင်းမ်ကတ်များအားလုံးကို မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်ပြီး PTD ရဲ့ ညွှန်ကြားချက်အရ ဆင်းမ်ကတ်များကို မှတ်ပုံတင်ရာတွင် သုံးစွဲသူ၏ အမည်၊ မြန်မာနိုင်ငံသားဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ် (နိုင်ငံသား/ဧည့်နိုင်ငံသား/နိုင်ငံသားပြု/နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား) နှင့် ၄င်းကတ်ပြားတို့၏ မိတ္တူ တို့လိုအပ်မည်ဖြစ်ပါသည်။

5. ဆင်းမ်ကတ်မှတ်ပုံတင်သူတွေရဲ့ သတင်းအချက်အလက်များဟာ လုံခြုံမှုရှိပါသလား။

ဟုတ်ကဲ့။ ဆင်းမ်ကတ်မှတ်ပုံတင်စေလိုသည့် ရည်ရွယ်ချက်မှတစ်ပါး အခြားရည်ရွယ်ချက် မရှိသဖြင့် အော်ပရေတာများမှ ရရှိသောသတင်းအချက်အလက်များအားလုံးမှာ လုံခြုံမှု အပြည့် ရှိပါသည်။

6. စာချုပ်ဖြင့်ဝယ်ယူထားသော MPT ဆင်းမ်ကတ်များကိုလည်းလည်း မှတ်ပုံတင်ရန်လိုအပ်ပါသလား။?

လက်ရှိအသုံးပြုနေသော ဆင်းမ်ကတ်ပိုင်ရှင်နဲ့ စာချုပ်ပါ နာမည်တို့ တူညီမှုမရှိပါက မှတ်ပုံတင်ခြင်းကို ပြန်လည်လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်ပါသည်။

7. တစ်ယောက်ထဲမှ ဆင်းမ်ကတ်များစွာကို မှတ်ပုံတင်လို့ ရပါသလား။

:  ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန ၏ ညွှန်ကြားချက်အရ ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍  နိုင်ငံသားစိစစ်ရေး နံပါတ် တစ်ခုလျှင် အော်ပရေတာ တစ်ဦး၏ ဆင်းမ်ကတ် ၂ ခုသာ မှတ်ပုံတင်နိုင် မည် ဖြစ်ပါသည်။

8. ကိုယ့်နာမည် နဲ့ မှတ်ပုံတင်ထား မထား စစ်လို့ရလား။?

ဟုတ်ကဲ့ *601# သို့ခေါ်ဆို၍  စစ်ဆေးနိုင်ပါသည်။ အကယ်၍ အချက်အလက်များမှာ ကိုက်ညီမှုမရှိပါက MPT4U App (သို့မဟုတ်) MPT’s customer selfcare website (care.mpt.com.mm) တို့တွင် အချက်အလက်များကို၀င်ရောက် စစ်ဆေးနိုင်ပါသည်။ ထို့အပြင် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ MPT Own Shop များကို သွားရောက်၍ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းအတွက် အကူအညီများ ရယူနိုင်ပါသည် ။

9. ဆင်းမ်ကတ်မှတ်ပုံမတင်ဘူးဆိုရင် ဘာဖြစ်မလဲ။

MPT ၏ ဝန်ဆောင်မှုများကို အသုံးပြု၍ ရနိုင်မည် မဟုတ်ပါ။

10. MPT Own Shop, Branded Shop နဲ့ အရောင်းဆိုင် (POS) ဘယ်လောက်ရှိပါသလဲ။

နိုင်ငံတစ်ဝန်းတွင် MPT Own Shop ၈၉ ဆိုင်၊ MPT Branded Shop  ၂၁၈ ဆိုင်နှင့် အရောင်းဆိုင် (POS) ၁ သိန်း နီးပါရှိပါသည်။

11. MPT4U ကို download လုပ်ရန် အသုံးပြုသည့်ဒေတာ ချိတ်ဆက်ခ ပေးရမှာလား။

အခမဲ့ ဖြစ်ပါသည် ။ MPT4U App ကို *4040# ခေါ်ဆိုခြင်းဖြင့် အခမဲ့ ဒေါင်းလုတ်ပြုလုပ်၍ ရယူနိုင်ပါသည် ။ ထို့အပြင် Apple store / Google Play store တို့တွင် ဒေါင်းလုတ်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။(အင်တာနက်ဒေတာခ ကျသင့်မည်ဖြစ်ပါသည်။)

12. Call Center 106 ကို ခေါ်ဆိုပြီး စစ်ဆေးလို့ရလား ? 106 သည် မှတ်ပုံတင်ထားသော သုံးစွဲသူများ၏အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားသွားမည်လား။

သုံးစွဲသူများ အနေဖြင့် call center 106 ကို ခေါ်ဆို၍ ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ပါသည်။

13. သုံးစွဲသူများသည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် အချက်အလက်များကို 106 တွင် ပြင်ဆင်လို့ ရပါသလား။

သုံးစွဲသူများ အနေဖြင့် call center 106 ကို ခေါ်ဆို၍ ဆင်းမ်ကတ် မှတ်ပုံတင်ထားခြင်း အချက်အလက်များကို ပြင်ဆင်၍ မရနိုင်ပါ။

14. သုံးစွဲသူများသည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် အချက်အလက်များကို မည်သည့်နေရာတွင် ပြင်ဆင်လို့ရပါသလဲ။

MPT သုံးစွဲသူများသည် မိမိနှင့်  နီးစပ်ရာ MPT Own shop များသို့ သွားရောက်၍ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်ပြီး အချက်အလက်များကိုMPT4U အက်ပလီကေးရှင်း နှင့် MPT’s customer self-care website (care.mpt.com.mm) တို့တွင် ပြင်ဆင်နိုင်ပါသည်။

15. ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် USSD က ဘာလဲ။

MPT သုံးစွဲသူများအတွက် ၎င်းတို့၏ဆင်းမ်ကတ် မှတ်ပုံတင်ထားခြင်းရှိမရှိ လျှင်မြန်စွာ စစ်ဆေးကြည့်ရှုနိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။

16. USSD လုပ်ဆောင်ချက်က ဘယ်လိုလဲ။

သုံးစွဲသူများအနေဖြင့် * 601 #  သို့ခေါ်ဆို၍ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ရှိမရှိကို စစ်ဆေးနိုင်မည်ဖြစ်ပြီး ပထမဦးစွာ မှတ်ပုံတင်ထားသည့်အချက်အလက်တောင်းဆိုမှုအောင်မြင်ကြောင်း အတည်ပြု စာတို(SMS) ကိုလက်ခံရရှိမည်ဖြစ်ပြီး နောက်ချက်ခြင်း နောက်ထပ်စာတို(SMS) ကိုလက်ခံရရှမည်ဖြစ်သည်။ စာတိုတွင်   မိမိကိုင်ဆောင်ထားသော ဖုန်းနံပါတ်ကို မိမိ NRC နံပါတ်ဖြင့်တိုက်၍ စစ်ဆေးနိုင်မည်ဖြစ်ပြီး အကယ်၍အချက်အလက်များမှာ ကိုက်ညီမှုမရှိပါက SMS တွင်ပါရှိသော လင့်ခ်မှတစ်ဆင့်၀င်ရောက်၍ အချက်အလက်များကို ပြင်ဆင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

17. ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း အောင်မြင်မှုရှိမရှိ ဘယ်လိုစစ်ဆေးနိုင်ပါသလဲ။

*601# ကိုခေါ်ဆိုပြီးနောက် သုံးစွဲသူ၏ဖုန်းမျက်နှာပြင်ပေါ်တွင် ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း ရှိမရှိ စာတန်းပေါ်လာမည်ဖြစ်ပါသည်။ မိမိနာမည်ဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း မရှိပါက မိမိ၏ အချက်အလက်များဖြင့် မှန်ကန်စွာ မှတ်ပုံတင်ရန် လိုအပ်ပါမည်။ ထို့နောက်  MPT 4U App သို့မဟုတ် Self-Care webpage https://care.mpt.com.mm/ နှင့်  MPT Own shop များတွင် စစ်ဆေးနိုင်ပါသည်။

18. သုံးစွဲသူများအတွက် ဝန်ဆောင်ခပေးရမှာလား။

ဝန်ဆောင်ခ ပေးအပ်ရန်မလိုပါ။

19. ဘယ်သူတွေအသုံးပြုနိုင်ပါသလဲ။

CDMA သုံးစွဲသူများမှ လွဲ၍ MPT သုံးစွဲသူများအားလုံး  *601# ကို အသုံးပြုနိုင်ပါသည်။

20. ဧပြီလ ၃၀ ရက်နေ့နောက်ဆုံးထားပြီး ဆင်းမ်ကတ်မှတ်ပုံမတင်ရင် ဘာဖြစ်မလဲ၊၊

ဧပြီလ ၃၀ ရက်နေ့နောက်ဆုံးထားပြီး ဆင်းမ်ကဒ်မှတ်ပုံတင်ထားခြင်းမရှိပါက ၂၀၂၀ ပြည့်နှစ်၊ မေလ ၁ ရက်  မှစပြီး ဆင်းမ်ကတ် (၂) ကတ်ထပ်ပို၍ မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ နှင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များသည် အထွက်ဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပို့ခြင်း၊ အင်တာနက်အစရှိသော MPT ၏ ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ပဲ Call Center ၁၀၆ သို့ ဖုန်းခေါ်ဆိုခြင်းမှလွဲ၍ One Way Blocked အနေဖြင့် အဝင်ဖုန်းလက်ခံခြင်းကိုသာ ပြုလုပ်နိုင်မည်ဖြစ်သည်။ အွန်လိုင်းမှတစ်ဆင့် အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံတင်ရန်အတွက် အင်တာနက်ဖွင့်ထားရန် လိုအပ်မည်ဖြစ်သည်။

21. အထွက်ဖုန်းခေါ်ဆိုမှုမပြုလုပ်နိုင်ခြင်း(One Way Block) အခြေအနေတွင် ဆင်းမ်ကတ် မှတ်ပုံတင် လို့ရနိုင်သေးလား၊၊

အထွက်ဖုန်းခေါ်ဆိုမှုမပြုလုပ်နိုင်ခြင်း(One Way Block) အခြေအနေတွင် ဆင်းမ်ကဒ်များကို အထက်တွင် ဖော်ပြထားသော နည်းလမ်းများကို အသုံးပြု၍ ( USSD *601# ကိုခေါ်ဆို၍လည်းကောင်း (သို့) MPT4U အက်ပလီကေးရှင်း (သို့) MPT’s Customer Self-care website ဖြစ်သော care.mpt.com.mm များကို အသုံးပြု၍) ဆင်းမ်ကတ်များကို အချက်အလက်မှန်ကန်စွာဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်မတိုင်မီ စာရင်းသွင်း မှတ်ပုံတင်မည်ဆိုပါက ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အကယ်၍ သတ်မှတ်ကာလ အတွင်း (မေလ နှင့် ဇွန်လအတွင်း) အချက်အလက်မှန်ကန်စွာဖြင့် ဆင်းမ်ကတ်မှတ်ပုံ တင်ခြင်းကို မပြုလုပ်ထားသည့် ဆင်းမ်ကတ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်သည်။ အွန်လိုင်းမှတစ်ဆင့် အချက်အလက် မှန်ကန်စွာဖြင့် မှတ်ပုံတင်ရန်အတွက် အင်တာနက်ဖွင့်ထားရန် လိုအပ်မည်ဖြစ်သည်။

22. အထွက်ဖုန်းခေါ်ဆိုမှုမပြုလုပ်နိုင်ခြင်း(One Way Blocked) အခြေအနေတွင် ဆင်းမ်ကတ် ကို အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံမတင်ဘူးဆိုရင် ဘာဆက်ဖြစ်မှာလဲ၊၊

အထွက်ဖုန်းခေါ်ဆိုခြင်း ပိတ်သိမ်းခံရပြီး (One Way Blocked) အခြေအနေတွင် ဆင်းမ်ကတ်ကို အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံမတင်ဘူးဆိုလျှင် ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ ၂၀၂၀ ပြည့်နှစ် ဇွန်လကုန်တွင် အပြီးပိတ်သိမ်းသွားမည်ဖြစ်သည်။

23. တကယ်လို့ ကိုယ်တင်ထားတာမဟုတ်ဘဲ ကိုယ့်မှတ်ပုံတင်သုံးထား မထား ဘယ်လိုသိရပါမလဲ၊၊

ဟုတ်ကဲ့… မိမိနိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းကိုယူဆောင်၍ မိမိကိုယ်တိုင် MPT ၏ သက်ဆိုင်ရာ Own Shop/ MPT Office တွေမှာ ဝန်ထမ်းများ၏ အကူအညီရယူနိုင်ပါတယ်၊၊

24. တစ်ခြားသူက ကိုယ့်မှတ်ပုံတင်ကို တနည်းနည်းနဲ့ရယူ မှတ်ပုံတင်ထားပါက မိမိမှ တစ်ခြား Sim အတွက် ထပ်မံမှတ်ပုံတင်ပါက ၂ ခုထက်ပိုနေသော Sim များအတွက် ဘယ်လိုစီမံဆောင်ရွက်ထားပါသလဲ၊၊

ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန ၏ ညွှန်ကြားချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုလျှင် အော်ပရေတာ တစ်ဦး၏ ဆင်းမ်ကတ် ၂ ခုသာ မှတ်ပုံတင်နိုင် မည်ဖြစ်ပါသည်။ ဒါ့အပြင် မိမိနိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းကိုယူဆောင်၍ မိမိကိုယ်တိုင် MPT ၏ သက်ဆိုင်ရာ Own Shop/ MPT Office တွေမှာ ဝန်ထမ်းများ၏ အကူအညီရယူနိုင်ပါတယ်၊၊

ဆင်းမ်ကတ် Activation

၁။ ဆင်းမ်ကတ် Activation အတွက် မည်သည့်အချက်များ ပြုလုပ်ရန် လိုအပ်ပါမလဲ။

ဆင်းမ်ကတ် Activation ပြုလုပ်ရန်အတွက် အနည်းဆုံး ၂၀၀၀၁ ကျပ် ဖုန်းငွေဖြည့်သွင်းရန် လိုအပ်ပါသည်။

၂။ ပထမဆုံးအကြိမ် ငွေဖြည့်သည့်ပမာဏသည် ၂၀၀၀၁ကျပ်အောက် လျော့နည်းနေရင် ဘယ်လိုဖြစ်မှာပါလဲ။

ပထမဆုံးအကြိမ် ၂၀၀၀၁ ကျပ်အောက် ငွေဖြည့်ပါက SIM Activation မပြုလုပ်နိုင်ပါ။ မအောင်မြင်ကြောင်း စာတိုကို လက်ခံရရှိပါမည်။