MPT Myanmar | Moving Myanmar Forward faqs campaigns mm - MPT Myanmar | Moving Myanmar Forward
×

အမျိုးအစားလိုက် ရွေးရန်

အမေးများသောမေးခွန်းများ

Data Carry Plus Auto-Renewal Packs

၁။ Auto Renewal Data Carry Plus Package ဆိုတာ ဘာလဲ?

Auto Renewal Data Carry Plus ပက်ကေ့ခ်ျဆိုတာ 1000 GB အထိ အပိုလက်ဆောင်ဒေတာများ ကံထူးရယူနိုင်မည့်အပြင် သုံးရန်ကျန်ရှိနေသည့် လက်ကျန်ဒေတာများကို သယ်ဆောင်သွားနိုင်မည့် Carry Over Function ပါဝင်တဲ့ ရက်(၃၀)သုံးပက်ကေ့ချ်များဖြစ်ပါတယ်။ အလိုအလျောက်သက်တမ်းတိုးစနစ်ပါဝင်သည့်အတွက် ခဏခဏ ပက်ကေ့ချ်ကို ဝယ်ယူနေစရာမလိုဘဲ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

နှုန်းထား
(ကုန်သွယ်ခွန်ပါပြီး)
ဒေတာပမာဏ Main data
သက်တမ်း
Lucky Data Lucky data
သက်တမ်း
Direct USSD
Direct USSD Common USSD Remark
979 Ks 905 MB

၃၀ ရက်
[သက်တမ်းကုန်ဆုံးပြီး (၇)ရက်အတွင်း ဒေတာ
သယ်ဆောင်ခွင့်
ရှိသည်

Can win
Up to 1000GB!

၇ ရက်

SUB: *777*3*3#
UNSUB: *777*3*4#

*777#

ပက်ကေ့ချ်၏ လက်ကျန်balance 50MB အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်

1,279 Ks 1,180 MB SUB *777*4*3#
UNSUB: *777*4*4#

၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါတယ်။

၃။ အလိုအလျောက်သက်တမ်းတိုး Data Carry Plus Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA prepaid and postpaid အသုံးပြုသူများ နှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၄။ Auto renewal Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး Lucky Data ပါဝင်ကံစမ်း နိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ မည်သည့် Auto renewal Data Carry Plus ပက်ကေ့ချ်များကိုမဆို ဝယ်ယူပြီး Lucky Data 1000GB အထိ အပိုလက်ဆောင်ဒေတာကို ကံစမ်းရရှိနိုင်ပါတယ်။

၅။ သောကြာနေ့တွင် Auto Renewal Data Carry Plus Pack ဝယ်ယူပါက ဘယ်လိုခံစားခွင့်တွေရှိမှာပါလဲ?

သောကြာနေ့တွင် Auto Renewal Data Carry Plus ဝယ်ယူပါက Happy Friday အပိုဆောင်း ဒေတာ (MBs) များရရှိမှာဖြစ်ပါတယ်။

၆။ ကံထူးထားတဲ့ဒေတာကို ဘာတွေသုံးလို့ရမှာလဲ?

ကံထူးထားတဲ့ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်အတွင်း အသုံးပြုနိုင်ပါသည်။

၇။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာ၊ ကံထူးထားသောဒေတာလက်ကျန်ပမာဏနှင့် သက်တမ်း ကို စစ်ဆေးနိုင်ပါတယ်။

၈။ အလိုအလျောက်သက်တမ်းတိုးData Carry Plus Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ဒေတာပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏လက်ကျန် ဒေတာပမာဏ 50 MB အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

Regular Data Carry Plus ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal Data Carry Plus  ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal Data Carry Plus  ပက်ကေ့ချ် ဝယ်ယူပြီး Regular Data Carry Plus ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ  ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ  50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၉။ ၉၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ ကျပ်တန် Regular Data Carry ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ Auto renewal Data Carry Plus ပက်ကေ့ချ်ဝယ်ယူပြီး Regular Data Carry Plus ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောဒေတာပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၀။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ ဒေတာပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၁။ ၉၇၉ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၂၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

မရပါ။ ဒေတာ ပမာဏချင်းမတူသော Auto renewal packs များအကြိမ်အကန့်အသတ်မရှိ ဝယ်ယူခြင်းကို ခွင့်မပြုပါ။ ဒေတာပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။

၁၂။ အလိုအလျောက်သက်တမ်းတိုး Data Carry Plus Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

Package တစ်ခု၏ သက်တမ်းက (၃၀)ရက်ဖြစ်ပြီး ဒေတာသယ်ယူနိုင်သောကာလမှာ (၇)ရက် ဖြစ်ပါတယ်။ ဒေတာသယ်ယူနိုင်သောကာလအတွင်း Pack အသစ်ဝယ်ယူပါက ပက်ကေ့ချ်ဒေတာ ပမာဏကို ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာကို (၇)ရက် အသုံးပြုနိုင်မှာဖြစ်ပြီး သက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၁၃။ လက်ကျန် Data 50MB ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?

လက်ကျန် Data 50MB ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

၁၄။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?

ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်)အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခုဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကို လည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။

၁၅။ Auto Renewal Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

ထိပေါက် chance မရရှိနိုင်ပါ။

၁၆။ Auto Renewal Data Carry Plus ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

Autorenewal ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ

၁၇။ အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။

၁၈။ ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်အတွင်း) တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါက ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

၁၉။လက်ကျန် Data 50MBအောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?

ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက လက်ကျန် data ကျန်ရှိနေလျှင် ကျန်ရှိနေသော data ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။

ပုံမှန် All in one ထောဘီ ၁၀ဆ

1. All in one ထောဘီ ၁၀ ဆ ဆိုတာဘာပါလဲ။

ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၁၀ ဆ ပွားကာ ထောဘီ ၁၀ ဆဖုန်းဘေလ်အဖြစ် ပြောင်းလဲ၍ ဒေတာသုံးစွဲခြင်း၊ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းကိုအထူးနှုန်းထားဖြင့်စိတ်တိုင်းကျအသုံးပြုနိုင်သလို MPT အချင်းချင်းအကန့်အသတ်မရှိအခမဲ့ စာတိုပေးပို့ခြင်းကိုလည်း ပက်ကေ့ချ်၏သက်တမ်းအတွင်းအသုံးပြုနိုင်မှာဖြစ်ပါသည်။

Data 1 MB လျှင် ၁၁ ကျပ်
Any-net Voice တစ်မိနစ်လျှင် ၁၁၀ ကျပ်
Any-net SMS SMS တစ်စောင်လျှင် ၅၅ကျပ်
MPT-MPT SMS ၀ ကျပ် (အကန့်အသတ်မရှိ)

အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။

အသေးစိတ် ထောဘီ ၁၀ဆ ဖုန်းဘေလ်သက်တမ်း
ပုံမှန်ဖုန်းဘေလ် ၃၀၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ ၁၅ ရက်
ပုံမှန်ဖုန်းဘေလ် ၅၀၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၅၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ ၃၀ ရက်
ပုံမှန်ဖုန်းဘေလ် ၁၀၀၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၁၀၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ ၉၀ ရက်

2. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။

MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) အစီအစဉ်အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။

3. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၁၀ ဆ ဖုန်းဘေလ်ကိုအောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူအသုံးပြုနိုင်ပါသည်။

ထောဘီ ၁၀ဆ ဖုန်းဘေလ် ထောဘီ ၁၀ဆ ဖုန်းဘေလ်
သက်တမ်း
ရယူနိုင်သည့်နည်းလမ်းများ လက်ကျန်စစ်ဆေးရန်
SMS Direct USSD Common USSD အခြား
ပုံမှန်ဖုန်းဘေလ် ၃၀၀၀ ကျပ် = ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ ကျပ် ၁၅ ရက် Send 30000 to 1332 *5010*1*1#

*5010#

USSD Menu (*106#), MPT4U App, MPT Pay App, Web SC, DMS, CRM, SDP channels

*224#

ပုံမှန်ဖုန်းဘေလ် ၅၀၀၀ ကျပ်= ထောဘီ ၁၀ဆ ဖုန်းဘေလ် ၅၀၀၀၀ ကျပ် ၃၀ ရက် Send 50000 to 1332 *5010*2*1#
ပုံမှန်ဖုန်းဘေလ် ၁၀၀၀၀ ကျပ်= ထောဘီ ၁၀ဆ ဖုန်းဘေလ် ၁၀၀၀၀၀ ကျပ် ၉၀ ရက် Send 100000 to 1332 *5010*3*1#

4. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၁၀ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။ အကန့်သတ်မရှိ MPT အချင်းချင်း စာတိုပေးပို့ခြင်းကို အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပါသည်။

5) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။
• ဒေတာ – 11Ks/MB (အင်တာနက်အသုံးပြုမှုကို 1MB နှုန်းဖြင့်ကောက်ခံပါမည်)
• မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုခြင်း- 110Ks/min (ဖုန်းခေါ်ဆိုမှုကို ၃၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
• အခြား ဖုန်းများသို့စာတိုပေးပို့ခြင်း – 55Ks/SMS
• MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – အခမဲ့ အကန့်သတ်မရှိ SMS
(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)

6. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။

လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူအသုံးပြုခြင်းဖြစ်ပါသည်။ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် ထောဘီ ၁၀ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။ ပက်ကေ့ချ်များဝယ်ယူခြင်း၊ VAS ဝန်ဆောင်မှုရယူခြင်းများ ပြုလုပ်ပါက ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း ကျသင့်စေမည်ဖြစ်သည်။

7. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။

ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း (သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ကောက်ခံကျသင့်စေမည်ဖြစ်ပါသည်။ ထောဘီ ၁၀ဆ ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက် အသုံးပြုနိုင်ပါသည်။

8. ထောဘီ ဖုန်းဘေလ် (၅ဆ)၊ ထောဘီ (၇ဆ) နှင့် ထောဘီ (၁၀ဆ) ဖုန်းဘေလ် ၃ခုလုံးရှိနေပါတယ်။ Data နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း အသုံးပြုမှုအတွက် မည်သည့် pack မှ အရင် ကျသင့်ပါမလဲ။

ထောဘီ ၅ဆ ဖုန်းဘေလ်မှ အရင်ကျသင့်မည်ဖြစ်ပါသည်။ ပြီးနောက် ထောဘီ၇ဆ မှ ကျသင့်မှာဖြစ်ပြီး နောက်ဆုံးမှာ ထောဘီ၁၀ဆမှကျသင့်မှာဖြစ်ပါသည်။

9. ထောဘီ ၁၀ဆ ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ စာတိုပေးပို့နိုင်ပါသလဲ။ ဒေတာသုံးနိုင်ပါသလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ကျပ်သည်
o ဒေတာတစ်မျိုးတည်းအသုံးပြုပါက 2727 MB အထိ အသုံးပြုနိုင်ပါသည်။ (သို့မဟုတ်)
o မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက 273 မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။
(သို့မဟုတ်)
oအခြား ဖုန်းများသို့စာတိုပေးပို့ရန်တစ်မျိုးတည်းအသုံးပြုပါက 545 စောင် အထိ ပေးပို့နိုင်ပါသည်။
oMPT ဖုန်းများသို့စာတိုပေးပို့ခြင်း ကို အကန့်သတ်မရှိ အသုံးပြုနိုင်ပါသည်။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ ဥပမာ- ၃၀၀၀၀ကျပ်ဖြင့် ဒေတာ 2GB + မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန် 50 မိနစ် + မည်သည့်ဖုန်းကိုမဆိုစာတိုပို့ ရန် 35 စောင် + အကန့်သတ်မရှိ MPT ဖုန်းများသို့စာတိုပေးပို့နိုင်ခြင်း အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်။

10. ထောဘီ (၅ဆ) pack ဝယ်ယူရင် ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပါတယ်။ ထောဘီ ၁၀ဆ pack ဝယ်ယူပါကလည်း ကံစမ်းခွင့်ရရှိမှာပါလား။

ဟုတ်ကဲ့။ ကြိုက်နှစ်သက်ရာ Regular ထောဘီပက်ကေ့ချ်ကို မည်သည့်နည်းလမ်းဖြင့်မဆို ဝယ်ယူပါက ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံထူးနိုင်မည်ဖြစ်ပါသည်။ ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းမှ ရရှိထားသော ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဒေတာ 5.5Ks/MB၊ MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန် 27.4Ks/min နှင့် MPT ဖုန်းများသို့စာတိုပေးပို့ရန် 20Ks ဖြင့် အသုံးပြုနိုင်ပါသည်။

11. ထောဘီ ၁၀ဆ ဖုန်းဘေလ် ဘယ်နှကြိမ်ပြောင်းလဲရယူနိုင်ပါသလဲ။ အကြိမ်ကြိမ်ပြောင်းလဲနိုင်မှာပါလား။

အကြိမ်အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပြီး ထောဘီ ၁၀ဆဖုန်းဘေလ်များပေါင်းစည်းကာ အရှည်ဆုံးသက်တမ်းထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

12. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကိုသုံးပြီး packs တွေဝယ်ယူနိုင်မှာပါလား။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် သတ်မှတ်ဝန်ဆောင်မှုများကို သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

13. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။

14. ထောဘီ ၁၀ဆ ပက်ကေ့ချ်တွင် Carry Over Function ပါဝင်သလား?

Carry Over Function မပါရှိပါ။ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီးချိန်တွင် လက်ကျန် ထောဘီ balance များကို သယ်ဆောင်လို့မရပါ။

15. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။

ဟုတ်ကဲ့။ တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U app (သို့) *5010# မှတစ်ဆင့် အမှတ်စဉ် “2. Gift/ 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်၍ လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါသည်။

အလိုအလျောက် သက်တမ်းတိုး All in one ထောဘီ ၁၀ ဆ

1. အလိုအလျောက် သက်တမ်းတိုး All in one ထောဘီ ၁၀ ဆဆိုတာဘာပါလဲ။

ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၁၀ ဆ ပွားကာ ထောဘီ ၁၀ ဆဖုန်းဘေလ်အဖြစ် ပြောင်းလဲ၍ ဒေတာသုံးစွဲခြင်း၊ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းကိုအထူးနှုန်းထားဖြင့်စိတ်တိုင်းကျအသုံးပြုနိုင်သလို MPT အချင်းချင်းအကန့်အသတ်မရှိအခမဲ့ စာတိုပေးပို့ခြင်းကိုလည်း ပက်ကေ့ချ်၏သက်တမ်းအတွင်းအသုံးပြုနိုင်မှာဖြစ်ပါသည်။ အလိုအလျောက်ဝယ်ယူရန် အဆိုပြုထားပါက ပက်ကေ့ချ်၏ လက်ကျန် ထောဘီ balance 1000Ks အောက်ရောက်ရှိသွားချိန် (or) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

Data 1 MB လျှင် ၁၁ ကျပ်
Any-net Voice တစ်မိနစ်လျှင် ၁၁၀ ကျပ်
Any-net SMS SMS တစ်စောင်လျှင် ၅၅ကျပ်
MPT-MPT SMS ၀ ကျပ် (အကန့်အသတ်မရှိ)

အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။

အသေးစိတ် ထောဘီ ၁၀ဆ ဖုန်းဘေလ် သက်တမ်း
ပုံမှန်ဖုန်းဘေလ် ၂၉၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ ၁၅ ရက်
ပုံမှန်ဖုန်းဘေလ် ၄၈၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၅၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ ၃၀ ရက်
ပုံမှန်ဖုန်းဘေလ် ၉၆၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၁၀၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ ၉၀ ရက်

2. ထောဘီ ၁၀ ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။

MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) အစီအစဉ်အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။

3. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၁၀ ဆ ဖုန်းဘေလ်ကိုအောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူအသုံးပြုနိုင်ပါသည်။

Autorenewal ထောဘီ ၁၀ဆ ဖုန်းဘေလ် ထောဘီ ၁၀ဆ ဖုန်းဘေလ်
သက်တမ်း
ရယူနိုင်သည့်နည်းလမ်းများ Balance Check
Direct USSD Common USSD
2,900Ks Main Balance = 30,000Ks 10X Htaw B Balance 15Days ဝယ်ယူရန် : *5010*1*3#
ပယ်ဖျက်ရန် : *5010*1*4#
*5010# *224#
4,800Ks Main Balance = 50,000Ks 10X Htaw B Balance 30Days ဝယ်ယူရန် : *5010*2*3#
ပယ်ဖျက်ရန် : *5010*2*4#
9,600Ks Main Balance = 100,000Ks 10X Htaw B Balance 90Days ဝယ်ယူရန် : *5010*3*3#
ပယ်ဖျက်ရန် : *5010*3*4#

4. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၁၀ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။ အကန့်သတ်မရှိ MPT အချင်းချင်း စာတိုပေးပို့ခြင်းကို အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပါသည်။

5. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။
• ဒေတာ – 11Ks/MB (အင်တာနက်အသုံးပြုမှုကို 1MB နှုန်းဖြင့်ကောက်ခံပါမည်)
• မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုခြင်း- 110Ks/min (ဖုန်းခေါ်ဆိုမှုကို ၃၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
• အခြား ဖုန်းများသို့စာတိုပေးပို့ခြင်း – 55Ks/SMS
• MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – အခမဲ့ အကန့်သတ်မရှိ SMS
(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)

6. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။

လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူအသုံးပြုခြင်းဖြစ်ပါသည်။ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် ထောဘီ ၁၀ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။ ပက်ကေ့ချ်များဝယ်ယူခြင်း၊ VAS ဝန်ဆောင်မှုရယူခြင်းများ ပြုလုပ်ပါက ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း ကျသင့်စေမည်ဖြစ်သည်။

7. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။

ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း (သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ကောက်ခံကျသင့်စေမည်ဖြစ်ပါသည်။ ထောဘီ ၁၀ဆ ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက် အသုံးပြုနိုင်ပါသည်။

8. ထောဘီ ဖုန်းဘေလ် (၅ဆ)၊ ထောဘီ (၇ဆ) နှင့် ထောဘီ (၁၀ဆ) ဖုန်းဘေလ် ၃ခုလုံးရှိနေပါတယ်။ Data နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း အသုံးပြုမှုအတွက် မည်သည့် pack မှ အရင် ကျသင့်ပါမလဲ။

ထောဘီ ၅ဆ ဖုန်းဘေလ်မှ အရင်ကျသင့်မည်ဖြစ်ပါသည်။ ပြီးနောက် ထောဘီ၇ဆ မှ ကျသင့်မှာဖြစ်ပြီး နောက်ဆုံးမှာ ထောဘီ၁၀ဆမှကျသင့်မှာဖြစ်ပါသည်။

9. ထောဘီ ၁၀ဆ ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ စာတိုပေးပို့နိုင်ပါသလဲ။ ဒေတာသုံးနိုင်ပါသလဲ။

ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ကျပ်သည်
o ဒေတာတစ်မျိုးတည်းအသုံးပြုပါက 2727 MB အထိ အသုံးပြုနိုင်ပါသည်။
(သို့မဟုတ်)
o မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက 273 မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။
(သို့မဟုတ်)
o အခြား ဖုန်းများသို့စာတိုပေးပို့ရန်တစ်မျိုးတည်းအသုံးပြုပါက 545 စောင် အထိ ပေးပို့နိုင်ပါသည်။
o MPT ဖုန်းများသို့စာတိုပေးပို့ခြင်းကို အကန့်အသတ်မရှိ အသုံးပြုနိုင်ပါသည်။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ ဥပမာ- ၃၀၀၀၀ကျပ်ဖြင့် ဒေတာ 2GB + မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန် 50 မိနစ် + မည်သည့်ဖုန်းကိုမဆိုစာတိုပို့ ရန် 35 စောင် + အကန့်သတ်မရှိ MPT ဖုန်းများသို့စာတိုပေးပို့နိုင်ခြင်း အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်။

10. အလိုအလျောက်သက်တမ်းတိုး Auto renewal 10X Htaw B Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

•အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
• ထောဘီ ဖုန်းဘေလ်ပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
•Regular ထောဘီ ၁၀ဆ ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal 10X Htaw B ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal 10X Htaw B ပက်ကေ့ချ် ဝယ်ယူပြီး Regular 10X Htaw B ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့် အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

11. 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 5000 ကျပ်တန် Regular Data Carry ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ Auto renewal Data Carry Plus ပက်ကေ့ချ်ဝယ်ယူပြီး Regular ထောဘီ ၁၀ဆ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောထောဘီ ဖုန်းဘေလ် ပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

12. 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ ထောဘီ ဖုန်းဘေလ်ပမာဏ တူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန် ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

13. 9600 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

မရပါ။ ထောဘီ ဖုန်းဘေလ်ပမာဏချင်းမတူသော Auto renewal packs များအကြိမ်အကန့်အသတ်မရှိ ဝယ်ယူခြင်းကို ခွင့်မပြုပါ။ ထောဘီ ဖုန်းဘေလ်ပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။ E.g. 2900 ကျပ်တန် Auto renewal ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိ 9600 ကျပ်တန် Auto-renewal ပက်ကေ့ချ်ကို UNSUBSCRIBEလုပ်ပေးရန်လိုအပ်ပါသည်။

14. လက်ကျန် balance 1000Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?

လက်ကျန် balance 1000Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

15.အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး (၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။

16. ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် (၇) ရက်အတွင်း တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါကပက်ကေ့ချ်ကို ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

17. လက်ကျန် balance 1000Ks အောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?

ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက လက်ကျန် 10X Htaw B Balance ကျန်ရှိနေလျှင် ကျန်ရှိနေသော balance ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။

18. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကိုသုံးပြီး packs တွေဝယ်ယူနိုင်မှာပါလား။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် သတ်မှတ်ဝန်ဆောင်မှုများကို သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

19.ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။

ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။

20.အလိုအလျောက် သက်တမ်းတိုး ထောဘီ ၁၀ဆ pack ဝယ်ယူပါက ထောဘီထိပေါက် ကံစမ်းခွင့်ရရှိမှာပါလား။

ထိပေါက် chance မရရှိနိုင်ပါ။

21. အလိုအလျောက် သက်တမ်းတိုး ၁၀ဆ ဖုန်းဘေလ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။

Autorenewal ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ။

22. အလိုအလျောက် သက်တမ်းတိုးထောဘီ ၁၀ဆ ပက်ကေ့ချ်တွင် Carry Over Function ပါဝင်သလား?

Carry Over Function မပါရှိပါ။ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး အလိုအလျောက်သက်တမ်းတိုးချိန်တွင် လက်ကျန်ထောဘီ balance များ ကျန်ရှိနေပါက လက်ကျန်ထောဘီ balance များသည် ပက်ကေ့ချ်အသစ်၏ထောဘီ balance နှင့် ပေါင်းစည်းသယ်ဆောင်အသုံးမပြုနိုင်ပါ။

23. အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် နှစ်ခု Data Carry Plus နှင့် All in one Htaw B 10X ကို ဝယ်ယူထားပါတယ်။ ဘယ်ပက်ကေ့ချ်က အရင်သက်တမ်းတိုးမှာလဲ?

အလိုအလျောက် သက်တမ်းတိုး Data Carry Plus နှင့် All in one Htaw B 10X ဝယ်ယူထားပြီး တူညီသောနေ့ရက်တွင် အလိုအလျောက်သက်တမ်းတိုးရမည်ဖြစ်ပါက လက်ကျန်ဖုန်းဘေလ် လုံလောက်စွာရှိနေမယ်ဆိုရင် ပက်ကေ့ချ် နှစ်ခုလုံးသည် တပြိုင်နက်တည်း သက်တမ်းတိုးမှာဖြစ်ပါသည်။ လက်ကျန် ဖုန်းဘေလ်သည် ပက်ကေ့ချ်တစ်ခုစာသာကျန်ရှိပါက ကျပန်းစနစ်ဖြင့်သာ သက်တမ်းတိုးမှာဖြစ်ပါသည်။ ဥပမာ။ ။ သုံးစွဲသူက ငွေ ၃၀၀၀ကျပ် ဖြည့်မယ်ဆိုလျှင် ပက်ကေ့ချ်တစ်ခုကိုသာ သက်တမ်းတိုးနိုင်မှာဖြစ်သောကြောင့် ကျပန်းစနစ်အရ ၂၉၀၀ကျပ်တန် အလိုအလျောက်ထောဘီ ဆယ်ဆပက်ကေ့ချ် (သို့မဟုတ်) ၉၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး Data Carry Plus ပက်ကေ့ချ်တစ်ခုသာ အရင်သက်တမ်းတိုးမည်ဖြစ်သည်။