အမေးများသောမေးခွန်းများ
အမျိုးအစားလိုက် ရွေးရန်
Night Data Pack
၁။ Night Safety Data Packages ဆိုတာ ဘာလဲ။ ဘယ်လိုဝယ်ယူလို့ ရနိုင်ပါသလဲ။
Night Safety Data Packs ဆိုသည်မှာ ည ၁၁နာရီ မှ မနက် ၇နာရီအတွင်း အင်တာနက်အသုံးပြုမှုများအတွက် ဒေတာ အသုံးပြုနိုင်သော Package များဖြစ်ပါတယ်။
Night Safety Data Package များကို အောက်ပါအတိုင်း ဝယ်ယူနိုင်ပါတယ်။
ဈေးနှုန်းများ (ကုန်သွယ်ခွန်ပါပြီး) | ဝယ်ယူနိုင်သော နည်းလမ်း | ဒေတာပမာဏ(MB) | ကန့်သတ်မြန်နှုန်း | အသုံးပြုနိုင်သည့် ကာလ | Direct USSD |
---|---|---|---|---|---|
၁၉၉ကျပ် | USSD မှ တဆင့် ဝယ်ယူနိုင်ပါသည် | 80 MB | ပုံမှန်အမြန်နှုန်း | ၁ရက် | *233*1# |
၄၉၉ကျပ် | 220 MB | ၃ရက် | *233*2# | ||
၇၉၉ကျပ် | 360 MB | ၇ရက် | *233*3# | ||
၁၉၉ကျပ် | 80 MB | Max1.5Mbps | ၁ရက် | *233*4# | |
၄၉၉ကျပ် | 220 MB | ၃ရက် | *233*5# | ||
၇၉၉ကျပ် | 360 MB | ၇ရက် | *233*6# | ||
၁၉၉ကျပ် | MPT4U မှတဆင့် ဝယ်ယူနိုင်ပါသည် | 83 MB | ပုံမှန်အမြန်နှုန်း | 1 day | None |
၄၉၉ကျပ် | 225 MB | ၃ရက် | |||
၇၉၉ကျပ် | 365 MB | ၇ရက် | |||
၁၉၉ကျပ် | 83 MB | Max 1.5Mbps | ၁ရက် | ||
၄၉၉ကျပ် | 225 MB | ၃ရက် | |||
၇၉၉ကျပ် | 365 MB | ၇ရက် |
အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Package များကို ဝယ်ယူထားပြီး ည ၁၁ နာရီမှ မနက် ၇နာရီအတွင်း ဒေတာ အသုံးပြုပါက Night Safety Data Package မှ ဖြတ်တောက်မည်ဖြစ်ပြီး အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ပါသည်။
အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Package များကို အသုံးပြုလိုပါက
*233*4# သို့ ရိုက်နှိပ်ခေါ်ဆိုပြီး 80MB လျှင် ၁၉၉ကျပ် ကျသင့်သော ၁ရက်သုံး Night Safety Data Package ကို ဝယ်ယူ၍ဖြစ်စေ၊
*233*5 # သို့ ရိုက်နှိပ်ခေါ်ဆိုပြီး 220MB လျှင် ၄၉၉ကျပ် ကျသင့်သော ၃ရက်သုံး Night Safety Data Package ကို ဝယ်ယူ၍ဖြစ်စေ၊
*233*6 # သို့ ရိုက်နှိပ်ခေါ်ဆိုပြီး 360MB လျှင် ၇၉၉ကျပ် ကျသင့်သော ၇ရက်သုံး Night Safety Data Package ကို ဝယ်ယူ၍ဖြစ်စေ အသုံးပြုနိုင်ပါတယ်။
၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?
ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၁၅% ပါဝင်ပြီးဖြစ်ပါတယ်။
၃။ Night Safety Data Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?
ဆွေသဟာ/ရှယ်ပြော/ရွှေစကားအစီအစဉ်ရယူထားသော Prepaid/Postpaid GSM /WCDMA အသုံးပြုသူများနှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။
CDMA နှင့် Base Tariff အသုံးပြုသူများ ဝယ်ယူနိုင်မည် မဟုတ်ပါ။
၄။ Night Safety Data Pack ရဲ့ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?
*224# ကို ခေါ်ဆိုပြီး Night Safety Data Pack ၏ လက်ကျန်ပမာဏကို စစ်ဆေးနိုင်ပါတယ်။
၅။ Night Safety Data Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?
အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မှာဖြစ်ပြီး Package အသုံးပြုနိုင်သည့် ကာလအတွင်းဝယ်ယူပါက ဒေတာပမာဏမှာ ပေါင်းစည်း အသုံးပြုနိုင် ပြီး Package သက်တမ်းကို လည်း ပိုရှည်ကြာသော သက်တမ်းနှင့် အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။
၆။ Night Safety Data Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?
Package ၏ သက်တမ်းမှာ ဝယ်ယူထားသော Package များပေါ်တွင် မူတည်ပြီး ၁ရက်၊ ၃ရက်၊ ၇ရက် စသည်ဖြင့် အသုံးပြုနိုင်ပါတယ်။ လက်ကျန်ဒေတာများကို သယ်ဆောင်အသုံးပြုမှု မရရှိနိုင်ပါ။
၇။ အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ဝယ်ယူထားပြီး သုံးစွဲနိုင်သော ဒေတာပမာဏနှင့် သက်တမ်းကျန်ရှိနေချိန်မှာ အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ခြင်း မရှိသော Night Safety Data Pack ကို ထပ်မံဝယ်ယူပါတယ်။ ဘယ်လိုဖြစ်သွားမှာလဲ။
နောက်ဆုံး ဝယ်ယူထားသော Package ၏မြန်နှုန်းသတ်မှတ်ချက်အတိုင်း အင်တာနက် မြန်နှုန်းကို အသုံးပြုနိုင်မည် ဖြစ်သည်။
(ဥပမာ – အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ခြင်း မရှိသော Night Safety Data Pack ကို ဝယ်ယူထားပြီးနောက် အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ကို ထပ်မံဝယ်ယူပါက သုံးစွဲနိုင်သော ပမာဏ သည် ပေါင်းစည်းသွားပြီး သက်တမ်း ပိုရှည်ကြာသော Package ၏ သက်တမ်းအတိုင်းသုံးစွဲနိုင်မည်ဖြစ်ကာ မြန်နှုန်း
သတ်မှတ်ချက်မှာ နောက်ဆုံး ဝယ်ယူထားသည့် အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack အတိုင်းဖြစ်ပါသည်။
၈။ Package တစ်ခု ဝယ်ယူသုံးစွဲထားပြီး သက်တမ်းကာလ နှင့် ဒေတာပမာဏ မကုန်ခင် နောက်ထပ် သက်တမ်းနှင့် ဒေတာပမာဏ မတူညီသည့် Package များ ထပ်မံဝယ်ယူပါတယ်။ ဘယ်လိုဖြစ်သွားမှာပါလဲ။
လက်ကျန် ဒေတာပမာဏသည် ထပ်မံဝယ်ယူလိုက်သော ဒေတာပမာဏနှင့်
ပေါင်းစည်းသွားမည်ဖြစ်ပြီး သက်တမ်း ပိုရှည်ကြာသော Package ၏ သက်တမ်းအတိုင်းသုံးစွဲနိုင်မည် ဖြစ်ကာ နောက်ဆုံး ဝယ်ယူထားသော Package ၏မြန်နှုန်းသတ်မှတ်ချက်အတိုင်း အင်တာနက် မြန်နှုန်းကို အသုံးပြုနိုင်မည် ဖြစ်သည်။
ဥပမာ- ၃ရက်သုံး Night Satety Data Pack ကို ဝယ်ယူထားပြီး သက်တမ်း ၁နာရီနှင့်
ဒေတာပမာဏ 75MB ကျန်ရှိချိန်တွင် ထပ်မံ၍ 83 MB လျှင် ၁၉၉ကျပ် ကျသင့်သော ၁ရက်သုံး Night Safety Data Pack ကို ဝယ်ယူပါက ဒေတာပမာဏသည် (83MB+75MB) = 158 MB အဖြစ် ပေါင်းစည်းသွားမည် ဖြစ်ပြီး သုံးစွဲနိုင်သော သက်တမ်းသည် သက်တမ်း ပိုရှည်ကြာသော ၁ရက်သုံး Night Safety Data Pack ၏ သက်တမ်းအတိုင်း သုံးစွဲနိုင်ပါမည်။
၉။ Night Safety Data Pack ရဲ့ သက်တမ်းလည်ပတ်ပုံက ဘယ်လိုမျိုးရှိပါသလဲ။
Night Safety Data Pack သည် ၂၄နာရီသက်တမ်းဖြင့် အခြေခံ၍ လည်ပတ်ပါသည်။
ဥပမာ- ၁ရက်သုံး Package ကို ယနေ့မနက် ၇နာရီတွင် ဝယ်ယူထားပါက Package သည် နောက်နေ့မနက် 6:59:59 အထိ သက်တမ်းရှိမည် ဖြစ်ပြီး ည ၁၁နာရီမှ မနက် ၇နာရီအတွင်း သုံးစွဲနိုင်ပါသည်။
ဥပမာ- ၁ရက်သုံး Package ကို နေ့လည် ၁၁နာရီတွင် ဝယ်ယူထားပါက Package သည် နောက်နေ့မနက် 10:59:59 ထိ သက်တမ်းရှိမည် ဖြစ်ပြီး ည ၁၁ နာရီမှ မနက် ၇နာရီအတွင်း သုံးစွဲနိုင်ပါသည်။
ဥပမာ-၁ရက်သုံး Package ကို မနက် ၆နာရီတွင် ဝယ်ယူထားပါက Package သည် နောက်နေ့မနက် 5:59:59 ထိ သက်တမ်းရှိမည် ဖြစ်ပြီး ည ၁၁ နာရီ မှ မနက် ၇နာရီအတွင်း သုံးစွဲနိုင်ပါသည်။
၁၀။ အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5MB ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ကို ဝယ်ယူထားပြီး သက်တမ်းမကုန်ခင် ဒေတာပမာဏ အားလုံး အသုံးပြုလိုက်ပါတယ်။ ဘယ်လို ဖြတ်တောက်မှာပါလဲ။
အခြား ဝယ်ယူထားသော Data Pack များမှ ဖြစ်စေ၊ Main Balance မှ ဖြစ်စေ ဖြတ်တောက်ပါမည်။ သို့သော် အင်တာနက်မြန်နှုန်း ထိန်းညှိ၍ အသုံးပြုမှု မရရှိနိုင်ပါ။ အင်တာနက်မြန်နှုန်း ထိန်းညှိအသုံးပြုလိုပါက မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိနိုင်သော Night Safety Data Pack ကို ထပ်မံ ဝယ်ယူ၍ အသုံးပြုနိုင်ပါတယ်။
၁၁။ Night Safety Data Pack ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား?
*106*2# (သို့) *777# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2.
လက်ဆောင်ပေးမည်”ကိုရွေးချယ်ပြီးလက်ဆောင်ပေးမည့်ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး
တခြားသူများသို့လက်ဆောင်ပေးနိုင်ပါတယ်။
၁၂။ ပရိုမိုးရှင်းကာလမှာ ဘယ်အထိပါလဲ။
ပရိုမိုးရှင်းကာလမှာ ၂၀၂၂ ဇန်နဝါရီလ (၂၂) ရက် မှ ထပ်မံမကြေညာမီအထိ ဖြစ်ပါတယ်။
Night Time Pack
၁။ Night Time Data Pack ဆိုတာ ဘာလဲ။ ဘယ်လိုဝယ်ယူလို့ရနိုင်မှာလဲ။
Night Time Data Pack ဆိုတာ အင်တာနက်အသုံးပြုမှုအားလုံးအတွက် ည ၁၁ နာရီ မှ မနက် ၇ နာရီအတွင်း အသုံးပြုနိုင်သော Package များ ဖြစ်ပါတယ်။
နှုန်းထား (၅% ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီး) | ဒေတာပမာဏ | သက်တမ်း | ဝယ်ယူရန် |
---|---|---|---|
၁၆၉ ကျပ် | 60 MB | ၁ ည | *237*1# |
၈၉၉ ကျပ် | 370 MB | ၇ ည | *237*2# |
၃၄၉၉ ကျပ် | 1500 MB | ည ၃၀ | *237*3# |
၂။ Night Time Data Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာပါလဲ။
MPT Prepaid/postpaid GSM/WCDMA (ဆွေသဟာ/ရှယ်ပြော/ရွှေစကား) အသုံးပြုသူများ ဝယ်ယူအသုံးပြုနိုင်ပါတယ်။
၃။ Night Time Data Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာပါလဲ။
အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါတယ်။ ဒေတာသက်တမ်းများကို ပေါင်းစည်းနိုင်မည် မဟုတ်ပါ။
၄။ စျေးနှုန်းများမှာ အခွန်ပါဝင်ပြီး ဖြစ်ပါသလား။
ဟုတ်ပါတယ်။ စျေးနှုန်းများမှာ အခွန်ပါဝင်ပြီး ဖြစ်ပါသည်။
၅။ ပရိုမိုးရှင်းကာလမှာ ဘယ်အချိန်ထိပါလဲ။
ပရိုမိုးရှင်းကာလမှာ ၂၀၂၂ ဇန်နဝါရီလ (၂၂) ရက် မှ ထပ်မံမကြေညာမီအချိန်အထိ ဖြစ်ပါသည်။
Causal Pack Promo
၁။ Causal pack promo ဆိုတာဘာလဲ။
Causal pack promo ဆိုတာ အင်တာနက်အသုံးပြုသူများအတွက် ဒေတာအသုံးပြုနိုင်သော Packages များဖြစ်ပါတယ်။
၂။ Causal pack promo မှာ အမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ။
Causal pack promo မှာအမျိုးအစား (၃)မျိုးပါဝင်ပါတယ်။
နှုန်းထား (၅% ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး) | ဒေတာပမာဏ | သက်တမ်း | တိုက်ရိုက် ဝယ်ယူရန် | ဝယ်ယူရန် |
---|---|---|---|---|
၁၉၉ ကျပ် | 75MB | ၂ ရက် | *3001# | *3333# |
၉၄၉ ကျပ် | 400MB | ၇ ရက် | *3002# | *3333# |
၂၆၉၉ ကျပ် | 1200MB | ၃၀ ရက် | *3003# | *3333# |
၃။ Causal pack promo ကို ဘယ်သူတွေဝယ်ယူနိုင်ပါသလဲ။
MPT ဆွေသဟာ(သို့မဟုတ်) ရှယ်ပြော(သို့မဟုတ်)ရွေစကား အစီအစဉ်အသုံးပြုနေသော GSM/WCDMA (Prepaid/ Postpaid) စနစ်အသုံးပြုသူများအားလုံးသည် Causal pack promo ကို ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
၄။ Causal pack promo ဝယ်ယူထားပြီး သုံးစွဲနိုင်သော ဒေတာပမာဏနှင့် အသုံးပြုနိုင်သောသက်တမ်း ကျန်ရှိနေချိန်မှာ နောက်ထပ် Causal pack promo ထပ်မံဝယ်ယူပါတယ်။ ဘယ်လိုဖြစ်မှာပါလဲ။
သုံးစွဲနိုင်သော ဒေတာပမာဏနှင့် အသုံးပြုနိုင်သောသက်တမ်းသည် ပေါင်းစည်းသွားမှာ မဟုတ်ပါ။ ဝယ်ယူထားသော Causal pack promo တစ်ခုချင်းစီသည် ယင်းတို့၏ သတ်မှတ်သက်တမ်းကုန်ဆုံးချိန်တွင် အသီးသီးကုန်ဆုံးပါမည်။
၅။ Causal pack promo ကိုအကြိမ်ရေ မည်မျှဝယ်ယူနိုင်သနည်း။
Causal pack promo ကို အကြိမ်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။
၆။ Daily Data Pack/ Causal pack promo နဲ့ Data Carry Pack ကို ဝယ်ထားပါတယ်။ ဘယ်ကအရင်ဖြတ်တောက်မှာပါလဲ။
အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဖြတ်တောက်သွားမည်ဖြစ်ပါသည်။
• Daily Pack
• Causal pack promo
• Data Carry Pack (Data Carry Plus)
Daily Data Pack
၁။ Daily Data Pack ဆိုတာ ဘာလဲ? ဘယ်လိုဝယ်ယူလို့ရနိုင်မှာလဲ?
Daily Data Pack ဆိုတာ အင်တာနက်အသုံးပြုမှုအတွက် အသုံးပြုနိုင်သော ပက်ကေချ့်ဖြစ်ပါတယ်။
ဈေးနှုန်း(ကုန်သွယ်ခွန်ပါပြီး) | ဒေတာပမာဏ | သက်တမ်း | ဝယ်ယူရန် |
---|---|---|---|
၂၉၉ ကျပ် | ၈၀ MB | 1 ရက် | *2001# |
၂။ Daily Data Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်ပါမလဲ။
MPT GSM/ WCDMA (Swe Thahar, Shal Pyaw, Shwe Sagar) အသုံးပြုသူများအားလုံး ဝယ်ယူအသုံးပြုနိုင်ပါတယ်။
၃။ အကြိမ် မည်မျှ ဝယ်ယူနိုင်ပါမလဲ။
အကြိမ် အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါတယ်။
၄။ ပက်ကေချ်တန်ဖိုးတွင် အခွန်ပါဝင်ပါသလား။
ဟုတ်ပါတယ်။ အခွန်အပါအဝင် ဖြစ်ပါတယ်။
Htaw B x 7 Times
1) အလိုအလျောက် သက်တမ်းတိုး ထောဘီ ၇ ဆဆိုတာဘာပါလဲ။
ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၇ ဆ ပွားကာ ထောဘီ ၇ ဆဖုန်းဘေလ်အဖြစ် ပြောင်းလဲ၍ MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၇ဆ နှုန်းထားများဖြင့် စိတ်တိုင်းကျအသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ လက်ကျန် ထောဘီ balance 1000Ks အောက်ရောက်ရှိသွားချိန် (or) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်း ထိပေါက်ဂိမ်းမှ ဆုလက်ဆောင်များကံစမ်းရယူနိုင်ဖို့အခွင့်အရေးရရှိမှာဖြစ်ပါသည်။
ဒေတာ | MPT ဖုန်းများသို့ခေါ်ဆိုရန် | MPT ဖုန်းများသို့စာတိုပေးပို့ရန် |
14.6Ks/MB | 44.4Ks/min | 20 Ks/SMS |
အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၇ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။
အသေးစိတ် | ထောဘီ ၇ဆ ဖုန်းဘေလ် သက်တမ်း |
---|---|
ပုံမှန်ဖုန်းဘေလ် ၁၁၀၇ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၇၇၇၇ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၁၅ ရက် |
ပုံမှန်ဖုန်းဘေလ် ၂၂၀၇ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၁၅၅၅၄ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၃၀ ရက် |
ပုံမှန်ဖုန်းဘေလ် ၅၅၁၇ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၃၈၈၈၅ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၆၀ ရက် |
2) ထောဘီ ၇ ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။
MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) အစီအစဉ်အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။
3)ထောဘီ ၇ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။
ထောဘီ ၇ဆ ဖုန်းဘေလ်ကိုအောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူအသုံးပြုနိုင်ပါသည်။
အလိုအလျောက်သက်တမ်းတိုး ထောဘီ ၇ဆ ဖုန်းဘေလ် | သက်တမ်း | ရယူနိုင်သည့်နည်းလမ်းများ | လက်ကျန်ဖုန်းဘေလ် စစ်ဆေးရန် | ||
---|---|---|---|---|---|
တိုက်ရိုက် USSD | Common USSD | App | |||
ပုံမှန်ဖုန်းဘေလ် ၁,၁၀၇ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၇,၇၇၇ ကျပ် | ၁၅ ရက် | *700*1*3# | *700# | MPT4U App (သို့မဟုတ်) MPT Pay | *224# |
ပုံမှန်ဖုန်းဘေလ် ၂,၂၀၇ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၁၅,၅၅၄ ကျပ် | ၃၀ ရက် | *700*2*3# | |||
ပုံမှန်ဖုန်းဘေလ် ၅,၅၁၇ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၃၈,၈၈၅ ကျပ် | ၆၀ ရက် | *700*3*3# |
4) အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို MPT4U ကတဆင့် ဝယ်ယူလို့ရပါသလား။
အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို MPT4U တွင် ဝယ်ယူအသုံးပြုရန် iOS Version 1.4.10 နှင့် Android Version 4.4.1 ရှိရန်လိုအပ်ပါသည်။
5) အလိုအလျောက်သက်တမ်းတိုးထောဘီ ၇ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။
ထောဘီ ၇ဆ ဖုန်းဘေလ်ကို MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၇ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။
6) အလိုအလျောက်သက်တမ်းတိုးထောဘီ ၇ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။
ထောဘီ ၇ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။
- ဒေတာ – 14.6Ks/MB (အင်တာနက်အသုံးပြုမှုကို 200KB နှုန်းဖြင့်ကောက်ခံပါမည်)
- MPT ဖုန်းများသို့ခေါ်ဆိုခြင်း – 44.4Ks/min (ဖုန်းခေါ်ဆိုမှုကို ၂၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
- MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – 20Ks/SMS
(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)
7) ထောဘီ ၇ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။
လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၇ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူအသုံးပြုခြင်းဖြစ်ပါသည်။ MPTဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် အသုံးပြုပါကထောဘီ ၇ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။
8) ထောဘီ ၇ဆ ဖုန်းဘေလ်ဝယ်ယူထားပြီး အခြားအော်ပရေတာနံပါတ်များသို့ခေါ်ဆိုခြင်း (သို့) အခြားအော်ပရေတာ နံပါတ်များသို့စာတိုပေးပို့ခြင်း (သို့) ပက်ကေ့ချ်နှင့် VAS ဝန်ဆောင်မှုများဝယ်ယူခြင်းတို့ပြုလုပ်လျှင် ဘယ်လိုကျသင့်မှာပါလဲ။
ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း ကျသင့်စေမည်ဖြစ်ပါသည်။
9) ထောဘီ ၇ဆ ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။
ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း (သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ကောက်ခံကျသင့်စေမည်ဖြစ်ပါသည်။ ထောဘီ ၇ဆ ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက် အသုံးပြုနိုင်ပါသည်။
10) ထောဘီ ဖုန်းဘေလ် (၅ဆ)၊ ထောဘီ (၇ဆ) နှင့် ထောဘီ (၁၀ဆ) ဖုန်းဘေလ် ၃ခုလုံးရှိနေပါတယ်။ Data နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း အသုံးပြုမှုအတွက် မည်သည့် pack မှ အရင် ကျသင့်ပါမလဲ။
ထောဘီ ၅ဆ ဖုန်းဘေလ်မှ အရင်ကျသင့်မည်ဖြစ်ပါသည်။ ပြီးနောက် ထောဘီ၇ဆ မှ ကျသင့်မှာဖြစ်ပြီး နောက်ဆုံးမှာ ထောဘီ၁၀ဆမှကျသင့်မှာဖြစ်ပါသည်။
11) ထောဘီ ၇ဆ ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ စာတိုပေးပို့နိုင်ပါသလဲ။ ဒေတာသုံးနိုင်ပါသလဲ။
ထောဘီ ၇ဆ ဖုန်းဘေလ် ၇၇၇၇ကျပ်သည်
- ဒေတာတစ်မျိုးတည်းအသုံးပြုပါက 532 MB အထိ အသုံးပြုနိုင်ပါသည်။
(သို့မဟုတ်)
- MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက 175 မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။
(သို့မဟုတ်)
- MPT ဖုန်းများသို့စာတိုပို့ရန်တစ်မျိုးတည်းအသုံးပြုပါက 388 စောင် အထိ ပေးပို့နိုင်ပါသည်။
ထောဘီ ၇ဆ ဖုန်းဘေလ်ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ ဥပမာ- ၇၇၇၇ကျပ်ဖြင့် ဒေတာ 455 MB + MPT အချင်းချင်းဖုန်းခေါ်ရန် 20 မိနစ် + MPT ဖုန်းအချင်းချင်း စာတိုပေးပို့ရန် 12 စောင် အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်။
12) အလိုအလျောက်သက်တမ်းတိုး Auto renewal 7X Htaw B Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?
• အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
• ထောဘီ ဖုန်းဘေလ်ပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
• Regular ထောဘီ ၇ဆ ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal 7X Htaw B ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal 7X Htaw B ပက်ကေ့ချ် ဝယ်ယူပြီး Regular 7X Htaw B ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့် အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
13) 1107 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 1111 ကျပ်တန် Regular Data Carry ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
ရပါတယ်။ Auto renewal Data Carry Plus ပက်ကေ့ချ်ဝယ်ယူပြီး Regular ထောဘီ ၇ဆ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောထောဘီ ဖုန်းဘေလ် ပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
14) 1107 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 1107 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
ရပါတယ်။ ထောဘီ ဖုန်းဘေလ်ပမာဏ တူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန် ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
15) 1107 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 2207 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
မရပါ။ ထောဘီ ဖုန်းဘေလ်ပမာဏချင်းမတူသော Auto renewal packs များအကြိမ်အကန့်အသတ်မရှိ ဝယ်ယူခြင်းကို ခွင့်မပြုပါ။ ထောဘီ ဖုန်းဘေလ်ပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။ E.g. 2207 ကျပ်တန် Auto renewal ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိ 1107 ကျပ်တန် Auto-renewal ပက်ကေ့ချ်ကို UNSUBSCRIBEလုပ်ပေးရန်လိုအပ်ပါသည်။
16) လက်ကျန် balance 1000Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?
လက်ကျန် balance 1000Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။
17) အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?
အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး (၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။
18) ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?
သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် (၇) ရက်အတွင်း တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါကပက်ကေ့ချ်ကို ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။
19) လက်ကျန် balance 1000Ks အောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?
ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက လက်ကျန် 7X Htaw B Balance ကျန်ရှိနေလျှင် ကျန်ရှိနေသော balance ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။
20) ထောဘီ ၇ဆ ဖုန်းဘေလ်ကိုသုံးပြီး packs တွေဝယ်ယူနိုင်မှာပါလား။
ထောဘီ ၇ဆ ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီ ၇ဆ ဖုန်းဘေလ်ဖြင့် သတ်မှတ်ဝန်ဆောင်မှုများကို သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
21) ထောဘီ ၇ဆ ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။
ထောဘီ ၇ဆ ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။
22) အလိုအလျောက် သက်တမ်းတိုး ထောဘီ ၇ဆ pack ဝယ်ယူပါက ထောဘီထိပေါက် ကံစမ်းခွင့်ရရှိမှာပါလား။
• ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး Htaw B 7 X ပက်ကေ့ချ်များကို USSD, MPT4U, MPT Pay, CRM channels များမှ ပထမအကြိမ်ဝယ်ယူခြင်း (သို့) ဒုတိယကြိမ်နှင့်အထက် အလိုအလျောက်သက်တမ်းတိုးသည့် အကြိမ်တိုင်းအတွက် ထိပေါက်ကစားဖို့ အခွင့်အရေး (၁)ကြိမ်စီ ရရှိမှာဖြစ်ပါတယ်။
• Hti Pauk Chance ဖြင့် MPT4U တွင် ထောဘီထိပေါက်ဂိမ်းကိုဝင်ရောက်ကစား၍ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံစမ်းရယူနိုင်ပါသည်။ (ကံထူးထားသည့် ထောဘီဖုန်းဘေလ်များကို ရရှိထားသည့်သက်တမ်းအလိုက် ဒေတာ 10.7Ks/MB၊ MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန် 32.5Ks/min နှင့် MPT ဖုန်းများသို့စာတိုပေးပို့ရန် 20Ks ဖြင့် အသုံးပြုနိုင်ပါသည်။)
23) ၇ဆ ဖုန်းဘေလ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။
Autorenewal ပက်ကေ့ချ်များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ။
24) အလိုအလျောက် သက်တမ်းတိုးထောဘီ ၇ဆ ပက်ကေ့ချ်တွင် Carry Over Function ပါဝင်သလား?
Carry Over Function မပါရှိပါ။ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး အလိုအလျောက်သက်တမ်းတိုးချိန်တွင် လက်ကျန်ထောဘီ balance များ ကျန်ရှိနေပါက လက်ကျန်ထောဘီ balance များသည် ပက်ကေ့ချ်အသစ်၏ထောဘီ balance နှင့် ပေါင်းစည်းသယ်ဆောင်အသုံးမပြုနိုင်ပါ။
25) အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် နှစ်ခု Data Carry Plus နှင့် Htaw B 7X ကို ဝယ်ယူထားပါတယ်။ ဘယ်ပက်ကေ့ချ်က အရင်သက်တမ်းတိုးမှာလဲ?
အလိုအလျောက် သက်တမ်းတိုး Data Carry Plus နှင့် Htaw B 7X ဝယ်ယူထားပြီး တူညီသောနေ့ရက်တွင် အလိုအလျောက်သက်တမ်းတိုးရမည်ဖြစ်ပါက လက်ကျန်ဖုန်းဘေလ် လုံလောက်စွာရှိနေမယ်ဆိုရင် ပက်ကေ့ချ် နှစ်ခုလုံးသည် တပြိုင်နက်တည်း သက်တမ်းတိုးမှာဖြစ်ပါသည်။ လက်ကျန် ဖုန်းဘေလ်သည် ပက်ကေ့ချ်တစ်ခုစာသာကျန်ရှိပါက ကျပန်းစနစ်ဖြင့်သာ သက်တမ်းတိုးမှာဖြစ်ပါသည်။ ဥပမာ။ ။ သုံးစွဲသူက ငွေ ၂၀၀၀ ကျပ် ဖြည့်မယ်ဆိုလျှင် ပက်ကေ့ချ်တစ်ခုကိုသာ သက်တမ်းတိုးနိုင်မှာဖြစ်သောကြောင့် ကျပန်းစနစ်အရ ၁၁၀၇ ကျပ်တန် အလိုအလျောက်ထောဘီ ၇ဆပက်ကေ့ချ် (သို့မဟုတ်) ၉၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး Data Carry Plus ပက်ကေ့ချ်တစ်ခုသာ အရင်သက်တမ်းတိုးမည်ဖြစ်သည်။
Htaw B 5X
၁။ Htaw B ဆိုတာဘာပါလဲ?
Htaw B သည် MPT က အသစ်ပြင်ဆင်မိတ်ဆက်ပေးလိုက်သည့် ဝန်ဆောင်မှှုတစ်ခုဖြစ်သည်။ MPT သုံးစွဲသူများသည် လက်ကျန်ငွေ(ပုံမှန်ဖုန်းဘေလ်) ကို ထောဘီဖုန်းဘေလ်(ပုံမှန်ဖုန်းဘေလ်၏ ငါးဆ)အဖြစ် ပြောင်းလဲရုံသာမက Htaw B ဖုန်းဘေလ်ကို သတ်မှတ်နှှုန်းထားများဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
အောက်ဖော်ပြပါ လက်ကျန်ငွေ ပမာဏများကို Htaw B ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်သည်။
အသေးစိတ် | ထောဘီ ဖုန်းဘေလ်အသုံးပြုနိုင်သည့်ကာလ |
---|---|
လက်ကျန်ငွေ ၁၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၅၀၀၀ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၁၅ ရက် |
လက်ကျန်ငွေ ၂၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၁၀၀၀၀ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၃၀ ရက် |
လက်ကျန်ငွေ ၅၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၂၅၀၀၀ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၆၀ရက် |
၂။ Htaw B ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ?
- MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) အစီအစဉ်အသုံးပြုသူများအားလုံး ထောဘီဖုန်းဘေလ်များကို အသုံးပြုနိုင်ပါမည်။
၃။Htaw B ဖုန်းဘေလ်ကို ဘယ်လိုရယူ အသုံးပြုနိုင်မှာပါလဲ?
- ထောဘီဖုန်းဘေလ်ရယူအသုံးပြုနိုင်သည့်နည််းလမ်းများစွာရှိပါသည်။ USSD(သို့) SMS(သို့) MPT4U App တို့အနက် ကြိုက်နှစ်သက်ရာနည်းလမ်းကိုသုံးပြီးရယူအသုံးပြုနိုင်ပါသည်။
- USSD ဖြင့် – *500#ကိုခေါ်ဆိုပြီး မိမိလဲလှယ်လိုသည့် ပမာဏကိုရွေးချယ်ကာ Htaw B ဖုန်းဘေလ် (ပုံမှန်ဖုန်းဘေလ်၏ ငါးဆ)အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။
- ပုံမှန်ဖုန်းဘေလ်(လက်ကျန်ငွေ) ၁ဝဝဝကျပ်ကို Htaw B ဖုန်းဘေလ် ၅ဝဝဝကျပ်အဖြစ်ပြောင်းလဲရန် *5001# ကိုခေါ်ဆိုပါ။ ပုံမှန်ဖုန်းဘေလ်(လက်ကျန်ငွေ) ၂ဝဝဝကျပ်ကို Htaw B ဖုန်းဘေလ် ၁ဝဝဝဝကျပ်အဖြစ်ပြောင်းလဲရန် *5002# ကိုခေါ်ဆိုပါ။ ပုံမှန်ဖုန်းဘေလ်(လက်ကျန်ငွေ) ၅ဝဝဝကျပ်ကို Htaw B ဖုန်းဘေလ် ၂၅ဝဝဝကျပ်အဖြစ်ပြောင်းလဲရန် *5005# ကိုခေါ်ဆိုပါ။
- SMS ပေးပို့၍လည်း လဲလှယ်ရယူနိုင်ပါသည်။ (အထက်ပါဇယားတွင်ကြည့်ရှုပါ။)
- MPT4U Application တွင်လည်း ပက်ကေ့ချ်ဝယ်ယူခြင်းနေရာသို့ဝင်ရောက်ကာ Htaw B ဖုန်းဘေလ်များလဲလှယ် ရယူနိုင်ပါသည်။
၄။ Htaw B ဖုန်းဘေလ်ကို ဘယ်လောက်ကြာကြာအသုံးပြုနိုင်မှာပါလဲ။
- Htaw B ဖုန်းဘေလ် ၅၀၀၀ကျပ်ကို (၁၅)ရက် အသုံးပြုနိုင်သည်။
- Htaw B ဖုန်းဘေလ် ၁၀၀၀၀ကျပ်ကို (၃၀)ရက် အသုံးပြုနိုင်သည်။
- Htaw B ဖုန်းဘေလ် ၂၅၀၀၀ကျပ်ကို (၆၀)ရက် အသုံးပြုနိုင်သည်။
- Htaw B ဖုန်းဘေလ် သက်တမ်းမကုန်မီ နောက်ထပ်ထောဘီဖုန်းဘေလ်အသစ်လဲလှယ်ရယူခြင်းဖြင့် သက်တမ်းကုန်ခါနီး ထောဘီများကို သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ ထောဘီကို စဉ်ဆက်မပြတ်အသုံးပြုပါ။
၅။ Htaw B ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။
- ထောဘီဖုန်းဘေလ်ကို MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် SMS ပို့ခြင်း၊ သုံးသလောက်ပေးအင်တာနက်တို့အတွက် သုံးနိုင်ပါသည်။
၆။ Htaw B ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။
- ထောဘီဖုန်းဘေလ်အတွက် သုံးသလောက်ပေးအင်တာနက် – 1MB=၁၀.၇ကျပ်နှုန်း (အင်တာနက်အသုံးပြုမှုကို 200KB နှုန်းဖြင့်ကောက်ခံပါမည်)
- ထောဘီဖုန်းဘေလ်အတွက် MPT-MPT ဖုန်းခေါ်ဆိုခ – ၁မိနစ်=၃၂.၅ ကျပ်နှုန်း(ဖုန်းခေါ်ဆိုမှုကို ၂၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
- ထောဘီဖုန်းဘေလ်အတွက် MPT-MPT SMS ပို့ခ – ၁စောင်=၂၀ကျပ်နှုန်း
(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)
၇။ထောဘီဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့်် တကယ်လဲလိုက်ချိန်မှာတော့ Main Balance ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။
သင်၏ Main Balance သည် ထောဘီ ဖုန်းဘေလ်အဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။*224# ကိုခေါ်ဆိပြီး ထောဘီဖုန်းဘေလ်ကို စစ်ဆေးကြည့်နိုင်ပါသည်။ MPT-MPTဖုန်းခေါ်ခြင်းနှင့် SMSပို့ခြင်း၊ သုံးသလောက်ပေးအင်တာနက် သုံးခြင်းတို့ပြုလုပ်ပါက ထောဘီဖုန်းဘေလ်အတွင်းမှ ဦးစွာဖြတ်တောက်ပါမည်။
၈။ Htaw B ဖုန်းဘေလ်ရှိနေချိန်တွင် အခြားအော်ပရေတာနံပါတ်များသို့ခေါ်ဆိုပါက(သို့) အခြားအော်ပရေတာ နံပါတ်များသို့SMS ပို့ပါက(သို့) ပက်ကေ့ချ်များနှင့် VAS ဝန်ဆောင်မှုများဝယ်ယူအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။
- သုံးစွဲသူအသုံးပြုနေသော အစီအစဉ်(ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) နှုန်းထားအတိုင်းကျသင့်စေမည်ဖြစ်ပြီး လက်ကျန်ငွေအတွင်းမှဖြတ်တောက်မည်ဖြစ်ပါသည်။
၉။Htaw B ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။
- သုံးစွဲသူအသုံးပြုနေသော အစီအစဉ်(ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) နှုန်းထားအတိုင်းကျသင့်စေမည်ဖြစ်သည်။ လက်ကျန်ငွေအတွင်းမှ(သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ဖြတ်တောက်မည်ဖြစ်ပါသည်။
- Htaw B ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့်ဆက်လက်အသုံးပြုပါ။
၁၀။ Htaw B ဖုန်းဘေလ်က ဘယ်လောက်အထိ သုံးနိုင်တာပါလဲ။ ( Htaw B ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ SMSပို့နိုင်ပါသလဲ။ အင်တာနက်သုံးနိုင်ပါသလဲ။)
Htaw B ဖုန်းဘေလ်၅၀၀၀ကျပ်သည်
- MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက ၁၅၃ မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။
(သို့မဟုတ်) - အင်တာနက်တစ်မျိုးတည်းအသုံးပြုပါက ၄၆၇ MB အသုံးပြုနိုင်သည်။
(သို့မဟုတ်) - MPT ဖုန်းများသို့SMSပို့ရန်တစ်မျိုးတည်းအသုံးပြုပါက SMS၂၅၀စောင် ပေးပို့နိုင်ပါသည်။
Htaw B ဖုန်းဘေလ်(ပိုက်ဆံ)ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် လူကြီးမင်းစိတ်တိုင်းကျ အသုံးပြုနိုင်သည်။ ဥပမာ- ၅၀၀၀ကျပ်ဖြင့် MPT-MPTဖုန်းခေါ်ရန် ၂၂ မိနစ် + Data 400 MB အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။
၁၁။ Data Carry Plus Pack/ Social Pack Promo / Night Time Data Pack နဲ့ Htaw B ဖုန်းဘေလ်တွေ ရှိနေပါတယ်။ အင်တာနက်သုံးတဲ့အခါ ဘယ်ကအရင်ဖြတ်တောက်မှာပါလဲ။
- အောက်ဖော်ပြပါ အစီအစဉ်အတိုင်းဖြတ်တောက်မည်သွားမည်ဖြစ်ပါသည်။
o Casual Pack Promo
o Night Time Data Pack
o Htaw B ဖုန်းဘေလ်
o Data Carry Plus
၁၂။အကြိုက်ပြောVoice Pack/Daily Voice Pack/3Days Voice Pack နဲ့ Htaw B ဖုန်းဘေလ်တွေ ရှိနေပါတယ်။ ဖုန်းပြောတဲ့အခါ ဘယ်ကအရင်ဖြတ်တောက်မှာပါလဲ။
- အောက်ဖော်ပြပါ အစီအစဉ်အတိုင်းဖြတ်တောက်မည်သွားမည်ဖြစ်ပါသည်။Daily Voice Pack
- Daily Voice Pack
- 3 Days Voice Pack
- Htaw B ဖုန်းဘေလ်
- အကြိုက်ပြော+ Voice Pack
၁၃။ ထောဘီပက်ကေ့ချ်ဝယ်ရင် ထောဘီထိပေါက် (ထိတိုင်းထော) ကံစမ်းခွင့်ရမှာပါလား။
ဟုတ်ကဲ့။ ကြိုက်နှစ်သက်ရာထောဘီပက်ကေ့ချ်ကို မည်သည့်နည်းလမ်းဖြင့်မဆို ဝယ်ယူပါက ထောဘီထိပေါက် (ထိတိုင်းထော) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံထူးနိုင်မည်ဖြစ်ပါသည်။ ထောဘီထိပေါက် (ထိတိုင်းထော) ဂိမ်းမှ ရရှိထားသော ထောဘီဖုန်းဘေလ်ကို ဒေတာ 10.7Ks/MB၊ MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန် 32.5Ks/min နှင့် MPT ဖုန်းများသို့စာတိုပေးပို့ရန် 20Ks ဖြင့် အသုံးပြုနိုင်ပါသည်။
၁၄။ Htaw B ဖုန်းဘေလ် ဘယ်နှစ်ကြိမ်ပြောင်းလဲလို့ရနိုင်ပါသလဲ။ အကြိမ်ကြိမ်ပြောင်းလဲနိုင်မှာပါလား။
- ပရိုမိုးရှင်းကာလအတွင်း အကြိမ်အရေအတွက်အကန့်အသတ်မရှိပြောင်းလဲနိုင်ပါသည်။
၁၅။ Htaw B ဖုန်းဘေလ်ကိုသုံးပြီး data packs/voice packs တွေဝယ်ယူနိုင်မှာပါလား။
- Htaw B ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီဖုန်းဘေလ်သည် အလွန်သက်သာသောနှုန်းထားဖြင့်ကျသင့်စေသည့်အစီအစဉ်တစ်ခုဖြစ်ပါသည်။ Htaw B ဖုန်းဘေလ်ဖြင့် မည်သည့်ဝန်ဆောင်မှုကို မည်သည့်ပမာဏသာအသုံးပြုနိုင်သည်ဟု ပုံသေသတ်မှတ်ထားခြင်းလုံးဝမရှိပါ။ သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
၁၆။ Htaw B ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။
- Htaw B ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။
၁၇။ Htaw B ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။
- *106*4# (သို့) *500# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2.လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့်ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး တခြားသူများသို့ လက်ဆောင်ပေးနိုင်ပါတယ်။
Data Carry Plus
၁။ Regular Data Carry Plus Package ဆိုတာ ဘာလဲ?
Regular Data Carry Plus Package ဆိုတာကတော့ မည်သည့်ပက်ကေချ့်ကိုမဆို ရက် (၃၀) သက်တမ်းဖြင့်အသုံးပြုနိုင်ပြီး ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်တဲ့ 1000GB အထိ အပိုလက်ဆောင်ဒေတာများလည်း ရယူနိုင်မယ့် ပက်ကေချ့်တွေဖြစ်ပါတယ်။ ဝယ်ယူတိုင်းမှာ ပက်ကေ့ချ်ဒေတာနှင့် သက်တမ်းကို ပေါင်းစည်းသယ်ဆောင်ခွင့် လည်းရှိပါတယ်။
နှုန်းထား (ကုန်သွယ်ခွန်ပါပြီး) | ဒေတာ ပမာဏ | Main data သက်တမ်း | New Lucky Data | Lucky data သက်တမ်း | ဝယ်ယူရန် | လက်ကျန်ငွေစစ်ဆေးရန် | ||
---|---|---|---|---|---|---|---|---|
Direct USSD | SMS | Common USSD | ||||||
၆၉၉ကျပ် | 250MB | ၃၀ ရက် | Up to 1000GB | ၇ ရက် | *777*1# | 1332 သို DC1 ဟုပေးပို့ရန် | *777# | *224# |
၇၉၉ကျပ် | 350MB | *777*2# | 1332 သို DC10 ဟုပေးပို့ရန် | |||||
၉၉၉ ကျပ် | 470MB | *777*3# | 1332 သို DC2 ဟုပေးပို့ရန် | |||||
၁၂၉၉ ကျပ် | 615MB | *777*4# | 1332 သို DC3 ဟုပေးပို့ရန် | |||||
၁၇၉၉ ကျပ် | 860MB | *777*5# | 1332 သို DC4 ဟုပေးပို့ရန် | |||||
၂၆၉၉ ကျပ် | 1290MB | *777*6# | 1332 သို DC5 ဟုပေးပို့ရန် | |||||
၄၄၉၉ ကျပ် | 2160MB | *777*7# | 1332 သို DC6 ဟုပေးပို့ရန် | |||||
၈၉၉၉ ကျပ် | 4330MB | *777*8# | 1332 သို DC7 ဟုပေးပို့ရန် | |||||
၁၇၉၉၉ ကျပ် | 8660MB | *777*9# | 1332 သို DC8 ဟုပေးပို့ရန် | |||||
၂၆၉၉၉ ကျပ် | 13030MB | *777*0# | 1332 သို DC9 ဟုပေးပို့ရန် |
၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?
ပက်ကေ့ချ်ဈေးနှုန်းများမှာ အင်တာနက်ဒေတာအတွက် အခွန် ၁၅% ပါဝင်ပြီးဖြစ်ပါတယ်။
၃။ Regular Data Carry Plus Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?
MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA prepaid and postpaid အသုံးပြုသူများ နှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။
၄။ ၁၂၉၉ကျပ်တန် Regular Data Carry Plus Pack ဝယ်လိုက်ပါတယ်။ အခမဲ့ Facebook အသုံးပြုခွင့်မရရှိပါဘူး။ ဘာလို့လဲ?
ယခုအခြေအနေတွင် social medias အင်တာနက်များ ရပ်ဆိုင်းထားသည့်အတွက် Data Carry Plus မှ Facebook data service ကို ရပ်ဆိုင်းခြင်းဖြစ်ပါသည်။ သို့သော်မည်သည့် data carry plus ပက်ကေ့ချ်မဆို ဝယ်ယူခြင်းဖြင့် lucky data 1000GB အထိ အပိုလက်ဆောင်ဒေတာများ ရရှိမှာဖြစ်ပါတယ်။
၅။ Regular Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?
၉၉၉ကျပ်နှင့်အထက် Data Carry Plus ပက်ကေ့ချ်တွေကို ဝယ်ယူပြီး MPT4U မှာထိပေါက်ကစား၍ ဒေတာလက်ဆောင် 100GB အထိ ရရှိမှာပါ။
၆။ သောကြာနေ့တွင် Regular Data Carry Plus Pack ဝယ်ယူပါက ဘယ်လိုခံစားခွင့်တွေရှိမှာပါလဲ?
သောကြာနေ့တွင် Data Carry Plus ဝယ်ယူပါက Happy Fridayအပိုဆောင်းဒေတာ အစား lucky data 1000GB အထိ အပိုလက်ဆောင်ဒေတာများကံထူး ရရှိမှာဖြစ်ပါတယ်။
၇။ ကံထူးထားတဲ့ဒေတာကို ဘာတွေသုံးလို့ရမှာလဲ?
ကံထူးထားတဲ့ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်အတွင်း အသုံးပြုနိုင်ပါသည်။
၈။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?
*224# ကို ခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာ၊ ကံထူးထားသောဒေတာလက်ကျန်ပမာဏနှင့် သက်တမ်း ကို စစ်ဆေးနိုင်ပါတယ်။
၉။ Regular Data Carry Plus Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?
အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မှာဖြစ်ပြီး ပက်ကေ့ချ်ဒေတာပမာဏနှင့် သက်တမ်းကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
၁၀။ Regular Data Carry Plus Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?
Package တစ်ခု၏ သက်တမ်းက (၃၀)ရက်ဖြစ်ပြီး ဒေတာသယ်ယူနိုင်သောကာလမှာ (၇)ရက် ဖြစ်ပါတယ်။ ဒေတာသယ်ယူနိုင်သောကာလအတွင်း Pack အသစ်ဝယ်ယူပါက ပက်ကေ့ချ်ဒေတာ ပမာဏကို ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာကို (၇)ရက် အသုံးပြုနိုင်မှာဖြစ်ပြီး သက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။
၁၁။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?
ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်)အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခုဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကို လည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။
၁၂။ Regular Data Carry Plus ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?
ရပါတယ်။ Data Carry Plus များကို တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U App မှတစ်ဆင့် (သို့) *106*2# (သို့) *777# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2. လက်ဆောင် ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့်ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင် ပေးနိုင် ပါတယ်။
All in One HtawB 10X - Regular
1. All in one ထောဘီ ၁၀ ဆ ဆိုတာဘာပါလဲ။
ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၁၀ ဆ ပွားကာ ထောဘီ ၁၀ ဆဖုန်းဘေလ်အဖြစ် ပြောင်းလဲ၍ ဒေတာသုံးစွဲခြင်း၊ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းကိုအထူးနှုန်းထားဖြင့်စိတ်တိုင်းကျအသုံးပြုနိုင်သလို MPT အချင်းချင်းအကန့်အသတ်မရှိအခမဲ့ စာတိုပေးပို့ခြင်းကိုလည်း ပက်ကေ့ချ်၏သက်တမ်းအတွင်းအသုံးပြုနိုင်မှာဖြစ်ပါသည်။
Data | 1 MB လျှင် ၂၁.၉ ကျပ် |
Any-net Voice | တစ်မိနစ်လျှင် ၁၃၂ ကျပ် |
Any-net SMS | SMS တစ်စောင်လျှင် ၆၆ ကျပ် |
MPT-MPT SMS | ၀ ကျပ် (အကန့်အသတ်မရှိ) |
အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။
အသေးစိတ် | ထောဘီ ၁၀ဆ ဖုန်းဘေလ်သက်တမ်း |
---|---|
ပုံမှန်ဖုန်းဘေလ် ၃၀၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၁၅ ရက် |
ပုံမှန်ဖုန်းဘေလ် ၅၀၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၅၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၃၀ ရက် |
ပုံမှန်ဖုန်းဘေလ် ၁၀၀၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၁၀၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၉၀ ရက် |
2. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။
MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) အစီအစဉ်အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။
3. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။
ထောဘီ ၁၀ ဆ ဖုန်းဘေလ်ကိုအောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူအသုံးပြုနိုင်ပါသည်။
ထောဘီ ၁၀ဆ ဖုန်းဘေလ် | ထောဘီ ၁၀ဆ ဖုန်းဘေလ် သက်တမ်း | ရယူနိုင်သည့်နည်းလမ်းများ | လက်ကျန်စစ်ဆေးရန် | |||
---|---|---|---|---|---|---|
SMS | Direct USSD | Common USSD | အခြား | |||
ပုံမှန်ဖုန်းဘေလ် ၃၀၀၀ ကျပ် = ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ ကျပ် | ၁၅ ရက် | Send 30000 to 1332 | *5010*1*1# | *5010# | USSD Menu (*106#), MPT4U App, MPT Pay App, Web SC, DMS, CRM, SDP channels | *224# |
ပုံမှန်ဖုန်းဘေလ် ၅၀၀၀ ကျပ်= ထောဘီ ၁၀ဆ ဖုန်းဘေလ် ၅၀၀၀၀ ကျပ် | ၃၀ ရက် | Send 50000 to 1332 | *5010*2*1# | |||
ပုံမှန်ဖုန်းဘေလ် ၁၀၀၀၀ ကျပ်= ထောဘီ ၁၀ဆ ဖုန်းဘေလ် ၁၀၀၀၀၀ ကျပ် | ၉၀ ရက် | Send 100000 to 1332 | *5010*3*1# |
4. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၁၀ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။ အကန့်သတ်မရှိ MPT အချင်းချင်း စာတိုပေးပို့ခြင်းကို အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပါသည်။
5) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။
- ဒေတာ – 21.9Ks/MB (အင်တာနက်အသုံးပြုမှုကို 1MB နှုန်းဖြင့်ကောက်ခံပါမည်)
- မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုခြင်း- 132Ks/min (ဖုန်းခေါ်ဆိုမှုကို ၃၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
- အခြား ဖုန်းများသို့စာတိုပေးပို့ခြင်း – 66Ks/SMS
- MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – အခမဲ့ အကန့်သတ်မရှိ SMS
(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)
6. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။
လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူအသုံးပြုခြင်းဖြစ်ပါသည်။ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် ထောဘီ ၁၀ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။ ပက်ကေ့ချ်များဝယ်ယူခြင်း၊ VAS ဝန်ဆောင်မှုရယူခြင်းများ ပြုလုပ်ပါက ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း ကျသင့်စေမည်ဖြစ်သည်။
7. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။
ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း (သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ကောက်ခံကျသင့်စေမည်ဖြစ်ပါသည်။ ထောဘီ ၁၀ဆ ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက် အသုံးပြုနိုင်ပါသည်။
8. ထောဘီ ဖုန်းဘေလ် (၅ဆ)၊ ထောဘီ (၇ဆ) နှင့် ထောဘီ (၁၀ဆ) ဖုန်းဘေလ် ၃ခုလုံးရှိနေပါတယ်။ Data နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း အသုံးပြုမှုအတွက် မည်သည့် pack မှ အရင် ကျသင့်ပါမလဲ။
ထောဘီ ၅ဆ ဖုန်းဘေလ်မှ အရင်ကျသင့်မည်ဖြစ်ပါသည်။ ပြီးနောက် ထောဘီ၇ဆ မှ ကျသင့်မှာဖြစ်ပြီး နောက်ဆုံးမှာ ထောဘီ၁၀ဆမှကျသင့်မှာဖြစ်ပါသည်။
9. ထောဘီ ၁၀ဆ ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ စာတိုပေးပို့နိုင်ပါသလဲ။ ဒေတာသုံးနိုင်ပါသလဲ။
ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ကျပ်သည်
- ဒေတာတစ်မျိုးတည်းအသုံးပြုပါက 1369 MB အထိ အသုံးပြုနိုင်ပါသည်။
(သို့မဟုတ်)
- မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက 227 မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။
(သို့မဟုတ်)
- အခြား ဖုန်းများသို့စာတိုပေးပို့ရန်တစ်မျိုးတည်းအသုံးပြုပါက 454 စောင် အထိ ပေးပို့နိုင်ပါသည်။
- MPT ဖုန်းများသို့စာတိုပေးပို့ခြင်း ကို အကန့်သတ်မရှိ အသုံးပြုနိုင်ပါသည်။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ ဥပမာ- ၃၀၀၀၀ကျပ်ဖြင့် ဒေတာ 1GB + မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန် 45 မိနစ် + မည်သည့်ဖုန်းကိုမဆိုစာတိုပို့ ရန် 24 စောင် + အကန့်သတ်မရှိ MPT ဖုန်းများသို့စာတိုပေးပို့နိုင်ခြင်း အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်။
10. ထောဘီ (၅ဆ) pack ဝယ်ယူရင် ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပါတယ်။ ထောဘီ ၁၀ဆ pack ဝယ်ယူပါကလည်း ကံစမ်းခွင့်ရရှိမှာပါလား။
ဟုတ်ကဲ့။ ကြိုက်နှစ်သက်ရာ Regular ထောဘီပက်ကေ့ချ်ကို မည်သည့်နည်းလမ်းဖြင့်မဆို ဝယ်ယူပါက ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံထူးနိုင်မည်ဖြစ်ပါသည်။ ထောဘီထိပေါက် (ထိတိုင်းထော)မှ ကံထူးသည့် ထောဘီဖုန်းဘေလ်ကို ဒေတာ 10.7Ks/MB၊ MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန် 32.5Ks/min နှင့် MPT ဖုန်းများသို့စာတိုပေးပို့ရန် 20Ks ဖြင့် အသုံးပြုနိုင်ပါသည်။
11. ထောဘီ ၁၀ဆ ဖုန်းဘေလ် ဘယ်နှကြိမ်ပြောင်းလဲရယူနိုင်ပါသလဲ။ အကြိမ်ကြိမ်ပြောင်းလဲနိုင်မှာပါလား။
အကြိမ်အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပြီး ထောဘီ ၁၀ဆဖုန်းဘေလ်များပေါင်းစည်းကာ အရှည်ဆုံးသက်တမ်းထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
12. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကိုသုံးပြီး packs တွေဝယ်ယူနိုင်မှာပါလား။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် သတ်မှတ်ဝန်ဆောင်မှုများကို သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
13. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။
14. ထောဘီ ၁၀ဆ ပက်ကေ့ချ်တွင် Carry Over Function ပါဝင်သလား?
Carry Over Function မပါရှိပါ။ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီးချိန်တွင် လက်ကျန် ထောဘီ balance များကို သယ်ဆောင်လို့မရပါ။
15. ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။
ဟုတ်ကဲ့။ တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U app (သို့) *5010# မှတစ်ဆင့် အမှတ်စဉ် “2. Gift/ 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်၍ လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါသည်။