MPT Myanmar | Moving Myanmar Forward faqs general mm - MPT Myanmar | Moving Myanmar Forward
×

အမျိုးအစားလိုက် ရွေးရန်

အမေးများသောမေးခွန်းများ

Upgrade 3G SIM to 4G SIM

၁။ 4G ဆင်းမ်ကတ် ဘာ့ကြောင့်လဲလှယ်ရန်လိုအပ်ပါသလဲ။

MPT ၏ ပိုမိုလျင်မြန်သော LTE+ network ကိုအသုံးပြုနိုင်ရန်ဖြစ်သည်။

၂။ LTE+ network ဆိုတာဘာလဲ။ 4G ဆင်းမ်ကတ်သုံးရင် 2G/3G ကတ်ထက်ပိုမိုကုန်ကျနိုင်လား။

LTE+ network သည် MPT ၏ ပိုမိုမြန်ဆန်သော အရည်အသွေးမြင့် LTE+ ကွန်ရက်ဖြစ်ပြီး Website များအားကြည့်ခြင်း ၊ High Definition ဗီဒီယိုများကြည့်ခြင်း၊

video ဖုန်းခေါ် ခြင်း ၊ အွန်လိုင်းဂိမ်းကစားခြင်း ၊ download ဆွဲခြင်း နှင့် ဓာတ်ပုံတင်ခြင်းများအား ယခင်ကထက်ပိုမိုလျင်မြန်စွာ လိုင်းအပြတ်အတောက်မရှိ၊ ရပ်တန့်သွားခြင်း

မကြုံရဘဲအဆင်ပြေစွာ ဆာင်ရွက်နိုင်ပါလိမ့်မည်။ 3G ကွန်ရက်ထက်ပိုမြန်သော်လည်း ဝန်ဆောင်ခပိုပေးစရာမလိုပါ။

၃။ သင်၏ဆင်းမ်ကတ်သည် 2G/3G လား 4G လားဘယ်လိုသိရှိနိုင်မလဲ။

*106*5#ကိုဖုန်းခေါ်ဆိုပါ။ SMS ဖြင့်သင်၏ဆင်းမ်ကတ်အမျိုးအစားကိုအကြောင်းကြားပေးပါသည်။ 2G/3G ဆင်းမ်ကတ်ဖြစ်ပါက 4G ဆင်းမ်ကတ်ပြောင်းလဲရန်လိုအပ်ပါသည်။

၄။ 4G ဆင်းမ်ကတ်ကိုဘယ်လိုပြောင်းလဲနိုင်ပါသလဲ။

အနီးဆုံးMPT ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ပြီး 4G ဆင်းကတ်ကို မိမိ၏မူလဖုန်းနံပါတ်အတိုင်း အခမဲ့လဲလှယ်နိုင်ပါသည်။

၅။ 4G ဆင်းမ်ကတ်လဲလှယ်နိုင်သည့်MPT ပစ္စည်းအရောင်းဆိုင်များမည်သည့်နေရာတွင်ရှိပါသနည်း။

အနီးဆုံး MPT branded shops များနှင့် ကိုယ်စားလှယ်ဆိုင်များစာရင်းကို ဤ link (https://tinyurl.com/y2x9k7jw) တွင်စစ်ဆေးနိုင်ပါသည်။

၆။ MPT အရောင်းဆိုင်များသို့ 4G ဆင်းမ်ကတ်လဲလှယ်ဖို့သွားလျင် ဘာတွေယူသွားဖို့လိုပါသလဲ။

(၁) သင်၏လဲလှယ်လိုသော 2G/3G ဆင်းမ်ကတ်

(၂) မှတ်ပုံတင် မူရင်းနှင့် မိတ္တူ ယူသွားရန်လိုအပ်ပါသည်

၇။ MPT အရောင်းဆိုင်များသို့ 4G ဆင်းမ်ကတ်လဲလှယ်ဖို့သွားလျင် အချိန်ဘယ်လောက်ကြာနိုင်ပါသလဲ။

4G ဆင်းမ်ကတ်လဲလှယ်ခြင်းအတွက်နေ့ချင်းပြီးဆောင်ရွက်ပေးပါသည်။ သို့သော် သွား ရောက်လျှောက်ထားသည့်ဆိုင်ပေါ်မူတည်၍ လူဦးရေ အနည်းအများပေါ်မူတည်၍ အချိန်ကြာကောင်းကြာနိုင်ပါသည်။

၈။ 4Gဆင်းမ်ကတ်လဲလှယ်ခြင်းအတွက် အခကြေးငွေပေးရန်လိုအပ်ပါသလား။

4Gဆင်းမ်ကတ်လဲလှယ်ခြင်းအတွက် အခမဲ့ဖြစ်ပါသည်။

၉။ မိမိ၏မူလဖုန်းနံပါတ်ပြောင်းလဲသွားနိုင်ပါသလား။

မပြောင်းလဲပါ။ မိမိ၏မူလဖုန်းနံပါတ်အတိုင်း 4Gဆင်းမ်ကတ်လဲလှယ်နိုင်ပါသည်။

၁၀။ MPT ၏ LTE network ကို ဘယ်လိုအသုံးပြုနိုင်ပါသလဲ။

MPT ၏ data package များဝယ်ယူပြီး LTE network ကိုအသုံးပြုလိုက်ပါ။ Data package အသေးစိတ်အား ဤ link (https://tinyurl.com/ycvyqg73) တွင်ကြည့်ရှုနိုင်ပါသည်။

Getting Started

၁။ MPT SIM Card တစ်ခုရဲ့စျေးနှုန်းကဘယ်လောက်လဲ။

MPT SIM Card တစ်ခုလျှင် ၁၅ဝဝကျပ်နှင့် ဝယ်ယူနိုင်ပါသည်။

၂။ MPT SIM Card စတင်သုံးစွဲပါက ဘယ်လိုလက်ဆောင်တွေရရှိနိုင်မှာပါလဲ။

SIM Card စတင်အသုံးပြုပြီး (၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ဖုန်းငွေဖြည့်ပါက အပိုလက်ဆောင်များကို အောက်ပါအတိုင်းရရှိနိုင်မည်ဖြစ်ပါသည်။

ငွေဖြည့်ပမာဏ [ကျပ်] Main Balance [ကျပ်] ဖုန်းငွေဖြည့်အပိုလက်ဆောင်[ကျပ်] သက်တမ်း (ရက်) ဒေတာ လက်ဆောင် သက်တမ်း (ရက်) မှတ်ချက်
500 1 500 60 475 MB 60 ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို မည်သည့် အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်းတို့အတွက် သုံးသလောက်ပေးနှုန်းထားများအတိုင်း အသုံးပြုနိုင်ပါသည်။
1,000 1,000 1,000 60
1,099 1 1,000 60 1GB 60
2,199 1 1,000 60 2GB 60
3,299 1 1,000 60 3GB 60
5,399 1 1,000 60 5GB 60

၃။ SIM Card ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို ဘယ်သူတွေရရှိနိုင်မှာလဲ။

MPT SIM Card အသစ် GSM/WCDMA (Prepaid စနစ်) အသုံးပြုသူများသည် SIM Card စတင်အသုံးပြုပြီး (၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ဖုန်းငွေဖြည့်ပါက ဖုန်းငွေဖြည့်အပိုလက်ဆောင်ကိုချက်ချင်း ရရှိမည်ဖြစ်ပါသည်။

၄။ MPT SIM Card အသစ်ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် စတင်အသုံးပြုပြီးနောက်(၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ဖုန်းငွေဖြည့်တဲ့အခါမှာတော့ မည်သည့်အပိုလက်ဆောင်မှမရရှိပါဘူး။ ဘာဖြစ်လို့ပါလဲ? ဘယ်လို စုံစမ်းမေးမြန်းနိုင်ပါသလဲ?

MPT SIM Card အသစ် စတင်အသုံးပြုသူများသည် SIM Card ကို Activate ပြုလုပ်ပြီးမှသာ ဖုန်းငွေဖြည့်ခြင်းဖြင့် အပိုလက်ဆောင်ကိုရရှိနိုင်မည်ဖြစ်ပါသည်။

SIM Card ကို Activate ပြုလုပ်ရန် – (*124#) ကို ရိုက်နှိပ်ခေါ်ဆိုခြင်း(သို့မဟုတ်) ဖုန်းတစ်ကြိမ်ခေါ်ဆိုခြင်း။

106 (Call Center) သို့ ဖုန်းခေါ်ဆို၍လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

၅။ ဆင်းကတ်အသစ်အတွက် ပထမဆုံးအကြိမ်ငွေဖြည့်ခြင်းဖြင့် ပထမဆုံးငွေဖြည့်လက်ဆောင်အပြင် အခြားငွေဖြည့်လက်ဆောင်များပါ ရရှိမှာပါလား။

မရရှိနိုင်ပါ။ ဆင်းကတ်အသစ်ဝယ်ယူ၍ စတင်အသုံးပြုပြီးနောက်(၇)ရက်အတွင်း ပထမဆုံးအကြိမ်ငွေဖြည့်ခြင်းဖြင့် ပထမဆုံးငွေဖြည့်လက်ဆောင်ကိုသာ ရရှိနိုင်မည်ဖြစ်ပါသည်။ စတင်အသုံးပြုပြီးနောက်(၇)ရက်ကျော်လွန်ပြီး ပထမဆုံးအကြိမ်ငွေဖြည့်ပါက ပထမဆုံးငွေဖြည့်လက်ဆောင်ကို ရရှိနိုင်မည်မဟုတ်ဘဲ အခြားငွေဖြည့်လက်ဆောင်များကို သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ခံစားခွင့်ရှိမည်ဖြစ်ပါသည်။

၁။ Top-up Bonus (Second Recharge & After) ဆိုတာ ဘာလဲ။

Top-up Bonus (Second Recharge & After) ဆိုတာကတော့ ငွေဖြည့်လက်ဆောင် ရရှိမည့် အစီအစဉ် ဖြစ်ပြီးတော့ MPT သုံးစွဲသူများသည် ဒုတိယအကြိမ် ဖုန်းငွေဖြည့်သွင်းမှုနှင့် နောက်ထပ် ငွေဖြည့်သွင်းမှုများအတွက် (ပထမဆုံး ငွေဖြည့်သွင်းချိန်မှ စ၍ ရက် (၉၀) အတွင်း) ၇ရက်သက်တမ်းဖြင့် သုံးစွဲနိုင်မည့် ဒေတာလက်ဆောင် 1GB ကို ရရှိမှာပါ။

၂။ ငွေဖြည့်လက်ဆောင်သက်တမ်းမှာ ဘယ်လောက်ပါလဲ။

ငွေဖြည့်လက်ဆောင် သက်တမ်းမှာ (၇) ရက် ဖြစ်ပါသည်။

၃။ ငွေဖြည့်လက်ဆောင်ကို အသုံးပြုရန် ကန့်သတ်မှုရှိပါသလား။ ဒေတာအသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်ပါသလား။

ငွေဖြည့်လက်ဆောင်ကို ဒေတာအသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်ပါသည်။

၄။ ပရိုမိုးရှင်းအစီအစဉ်ကို ဘယ်သူတွေပါဝင်နိုင်မှာပါလဲ။

MPT Prepaid သုံးစွဲသူများအားလုံး ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

၅။ ငွေဖြည့်လက်ဆောင်ကို ဘယ်လိုရရှိနိုင်မှာပါလဲ။

SIM Card အသစ်ကို ပထမဆုံး ငွေဖြည့်ပြီးသည့်အချိန်မှစ၍ ရက်(၉၀)အတွင်း ထပ်မံငွေဖြည့်သွင်းရုံဖြင့် ၇ရက်သက်တမ်းဖြင့် သုံးစွဲနိုင်သည့် ဒေတာလက်ဆောင် 1GB ကို ရရှိမှာပါ။ ရက်(၉၀)အတွင်း ဖြည့်သွင်းသည့်အချိန်တိုင်း ဒေတာလက်ဆောင် 1GB ကို ရရှိပါမည်။

ငွေဖြည့်ပမာဏ [ကျပ်] ငွေဖြည့်လက်ဆောင် သက်တမ်း အသုံးပြုနိုင်ခြင်း
1000 ကျပ် နှင့်အထက် 1 GB ၇ရက် ဒေတာအသုံးပြုမှုများအားလုံး

၆။ ဒုတိယအကြိမ် ဖုန်းငွေဖြည့်သွင်းပြီးပါပြီ။ နောက်ထပ် ဖုန်းငွေဖြည့်ချင်ပါတယ်။ ဖုန်းငွေဖြည့် လက်ဆောင်ကို ရရှိနိုင်မှာပါလား။

(ပထမဆုံး ငွေဖြည့်သွင်းချိန်မှ စ၍ ရက် (၉၀) အတွင်း) ဒုတိယအကြိမ် ဖုန်းငွေဖြည့်သွင်းမှုနှင့် နောက်ထပ် ငွေဖြည့်သွင်းမှုများအတွက် ဖုန်းငွေဖြည့်လက်ဆောင်ရရှိမှာပါ။ ရက်(၉၀)နောက်ပိုင်း ဖုန်းငွေဖြည့်သွင်းမှုများအတွက် ငွေဖြည့်လက်ဆောင် မရရှိနိုင်ပါ။

၇။ ငွေဖြည့်လက်ဆောင်ကို ဘယ်သူတွေ ရရှိသုံးစွဲနိုင်မှာပါလဲ။

MPT Prepaid သုံးစွဲသူများ (ပထမဆုံးဖုန်းငွေဖြည့်ပြီးချိန်မှစ၍ ရက် (၉၀)အတွင်း ၁၀၀၀ကျပ် နှင့်အထက် ထပ်မံငွေဖြည့်သွင်းသူအားလုံး) ငွေဖြည့်လက်ဆောင်ကို ရရှိသုံးစွဲနိုင်မှာပါ။

၈။ ငွေဖြည့်လက်ဆောင် ရရှိရန် ငွေဖြည့်သွင်းနိုင်သည့် အကြိမ်အရေအတွက် ကန့်သတ်ထားပါသလား။

အကန့်အသတ် မရှိပါ။ ပထမဆုံး ငွေဖြည့်သွင်းသည့်အချိန်မှစ၍ ရက်(၉၀)အတွင်း အကန့်အသတ်မရှိ ငွေဖြည့်သွင်းနိုင်ပါသည်။

၉။ SIM Card အသစ် ပထမဆုံး ဖုန်းငွေဖြည့်ခြင်း လက်ဆောင်ကို ရရှိထားပါတယ်။ ထို့နောက်ရက်(၉၀)အတွင်း ထပ်မံ ဖုန်းငွေဖြည့်သွင်း၍ ငွေဖြည့်လက်ဆောင် ရရှိထားပါတယ်။ ပေါင်းစည်းသွားမှာပါလား။

မဟုတ်ပါ။ ပထမဆုံးအကြိမ် ငွေဖြည့်လက်ဆောင် နှင့် ဒုတိယအကြိမ် နှင့် နောက်ဆက်တွဲ ငွေဖြည့်လက်ဆောင်တို့သည် ပေါင်းစည်းသွားမည် မဟုတ်ပါ။

၁၀။ ပထမဆုံး ဖုန်းငွေဖြည့်ပြီးချိန်မှစ၍ ရက် (၉၀) အတွင်းတွင် ထပ်မံ ဖုန်းငွေဖြည့်သွင်းမှုများ ပြုလုပ်ထားပါသည်။ ငွေဖြည့်လက်ဆောင်များသည် ပေါင်းစည်းသွားမှာပါလား။

ဟုတ်ပါတယ်။ ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းပြီးချိန်မှစ၍ ရက် (၉၀)အတွင်း ငွေဖြည့်သွင်း မှုများအတွက် ရရှိထားသော ဒေတာလက်ဆောင်များသည် ပေါင်းစည်းသွားမည်ဖြစ်ပြီး အရှည်ဆုံးသက်တမ်းအတိုင်း ကုန်ဆုံးမှာပါ။

၁၁။ ပရိုမိုးရှင်းကာလ က ဘယ်ထိလဲ။

ပရိုမိုးရှင်းကာလမှာ ၂၀၂၀ စက်တင်ဘာလ (၁၉) ရက်မှ ထပ်မံမကြေညာခင်အချိန်အထိ ဖြစ်ပါတယ်။

International Roaming Services

၁။ ပရိုမိုးရှင်းနှုန်းထားဆိုတာဘာလဲ။

ပရိုမိုးရှင်းနှုန်းထားကို အောက်ပါအတိုင်း နိုင်ငံအလိုက် သတ်မှတ်ထားပါတယ်။

နိုင်ငံများ နှုန်းထား
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ်၊ကမ္ဘောဒီးယား၊ ၊ဗီယက်နမ်၊ လာအို၊ဘရူနိုင်း၊ အင်ဒိုနီးရှား 15 Ks/MB

ပိုမိုသက်သာေသာ နှုန်းထားြဖင့် Roaming rate cutter

9 Ks/MB ဖြင့် (၇)ရက်စာ ၉၀၀ ကျပ်

 

ဂျပန်၊တောင်ကိုရီးယား၊အိန္ဒိယ၊သီရိလင်္ကာ၊သြစတေးလျ၊အမေရိကန် 50 Ks/MB
ယူေက၊ဆွီဒင်၊ရုရှား၊ေနာ္ေဝ၊နယ်သာလန်၊အီတလီ၊

ဟန်ေဂရီ၊ဂျာမနီ၊ျပင္သစ္၊ဖင်လန်၊ဒိန်းမတ်

50 Ks/MB

 

(နှုန်းထားများသည် အခွန် ပါဝင်ပြီး ဖြစ်ပါသည်)

၂။ ပရိုမိုးရှင်းမပါဝင်တဲ့ ပုံမှန်နှုန်းထားဆိုတာဘာပါလဲ။

ပုံမှန်နှုန်းထားကို နိုင်ငံအလိုက် သတ်မှတ်ထားပါသည်။ ပရိုမိုးရှင်းကာလအတွင်းမှာ ပိုမိုသက်သာသော နှုန်းထားဖြင့် ရရှိနိုင်ပါတယ်။

၃။စာရင်းပေးသွင်းရန် လိုအပ်ပါသလား။

စာရင်းပေးသွင်းရန် လိုအပ်မှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Promotion စာရင်းေပးသွင်းြခင်း သက်တမ်း
9 Ks/MB Promotion

(Rate cutter)

လိုအပ်ပါသည် ၇ရက်
Package Promotion

(10000 Ks)

လိုအပ်ပါသည် ၇ရက်
Paygo Promotion မလိုအပ်ပါ

၄။ ပရိုမိုရှင်း သည် Postpaid သို့မဟုတ် Prepaidသုံးစွဲသူများအတွက် အကျုံးဝင်ပါသလား။

MPT GSM/WCDMA Prepaid and Postpaid သုံးစွဲသူများအတွက်အကျုံးဝင်ပါသည်။

သို့သော် Postpaid သုံးစွဲသူများသည် Roaming ဝန်ဆောင်မှုကိုရယူရန်အတွက်

ကြိုတင်ငွေများကိုတစ်ဦးချင်းစီအတွက် MPT Brand Stores များမှ လည်းကောင်း၊ B2B/Corporate များအတွက် Account Managers များမှ တစ်ဆင့်လည်းကောင်း ပေးဆောင်ရန် လိုအပ်ပါသည်။

၅။ ပရိုမိုရှင်း ကာလအတွင်း ဝန်ဆောင်မှုနှုန်းထားများ ပြောင်းလဲထားပါသလား။

သုံးသလောက်ပေး အင်တာနက်နှုန်းထားသာ ပြောင်းလဲထားပါသည်။ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းစသည့် အခြားသောဝန်ဆောင်မှုများကို တန်ဖိုးပြောင်းလဲထားခြင်း မရှိပါ။

၆။ ပရိုမိုးရှင်းသက်တမ်းက ဘယ်အချိန်ထိပါလဲ။

Promotion ကာလမှာ ၂၀၁၉ နိုဝင်ဘာ ၂၇ ရက် မှ နောက်ထပ် မကြေညာမီအချိန်အထိ

ဖြစ်ပါသည်။

၇။ ပရိုမိုးရှင်းနှုန်းထားက နိုင်ငံအကုန်လုံးမှာ ရပါသလား။

မရပါ။ သတ်မှတ်ထားသည့် နိုင်ငံများတွင်သာ ရရှိနိုင်ပါသည်။

၈။ 9Ks/MB ပရိုမိုးရှင်းဆိုတာ ဘာပါလဲ။

အောက်ဖော်ပြပါနိုင်ငံများသို့ သွားရောက်လျှင် ရရှိနိုင်မည့် Roaming Package ဖြစ်ပါသည်။

တန်ဖိုး ၉၀၀ ကျပ်
နှုန်းထား 9Ks/MB
သက်တမ်း ၇ ရက်
Activation *9007#
ရရှိနိုင်ေသာ နိုင်ငံများ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ်၊ကမ္ဘောဒီးယား၊ ၊ဗီယက်နမ်၊ လာအို၊ဘရူနိုင်း၊ အင်ဒိုနီးရှား

၉။9Ks/MB ပရိုမိုးရှင်းအတွက် စာရင်းပေးသွင်းရန် လိုအပ်ပါသလား။

စာရင်းပေးသွင်းရန်လိုအပ်ပါတယ်။ အခွန်အပါအဝင် တစ်ပတ်လျှင် ၉၀၀ ကျပ်ကျသင့်ပါမည်။

၁၀။ ယခု 9Ks/MB ပရိုမိုးရှင်းသည် Postpaid သို့မဟုတ် Prepaid သုံးစွဲသူများအတွက် အကျုံးဝင်ပါသလား။

MPT GSM/WCDMA Prepaid and Postpaid သုံးစွဲသူများအတွက်

အကျုံးဝင်ပါသည်။ သို့သော် Postpaid သုံးစွဲသူများသည် Roaming ဝန်ဆောင်မှုကိုရယူရန်အတွက်

ကြိုတင်ငွေများကိုတစ်ဦးချင်းစီအတွက် MPT Own Shops / MPT TRA Offices များမှ လည်းကောင်း၊ B2B/Corporate များအတွက် Account Managers များမှ တစ်ဆင့်လည်းကောင်း ပေးဆောင်ရန် လိုအပ်ပါသည်။

၁၁။ Package ကိုဘယ်လိုဝယ်ယူရမလဲ။

Package ကိုအောက်ပါနည်းလမ်းများဖြင့် ဝယ်ယူနိုင်ပါသည်။

        1332 သို့ “NINE” ဟု စာတိုပေးပို့၍ ဖြစ်စေ

        *9007# သို့ခေါ်ဆို၍ဖြစ်စေ

        *106*2*5*2# သို့ခေါ်ဆို၍ဖြစ်စေ

        From MPT4U > Package Purchase > Others > Roaming & IDD

        နီးစပ်ရာ retailer များကို သွားရောက်မေးမြန်း၍ DMS မှ တစ်ဆင့်လည်း ဝယ်ယူနိုင်ပါသည်။

၁၂။ ၇ရက်စာ Roaming rate cutter pack ဝယ်ထားပါတယ်။ နောက်ထပ် ၇ရက်စာ 10000Ks/800MB Roaming pack ဝယ်ချင်ပါတယ်။ ဘယ်လိုဖြစ်ပါမလဲ။

ဝယ်ယူ၍ မရပါ။ မူလ ဝယ်ယူထားသော ၇ရက်စာ Roaming rate cutter pack သက်တမ်းမကုန်မချင်း နောက်ထပ် 10000Ks/800MB roaming pack ဝယ်ယူ၍မရနိုင်ပါ။ မူလ ဝယ်ယူထားသော Roaming rate cutter pack သက်တမ်းကုန်ဆုံးပြီးမှသာ ဝယ်ယူနိုင်ပါမည်။

၁၃။ Roaming Rate cutter pack ဝယ်ယူထားပါတယ်။ သုံးစွဲနိုင်သော သက်တမ်းနှင့် ပမာဏ ကျန်ရှိချိန်မှာ နောက်ထပ် Raoming Rate cutter pack ကို ထပ်မံ ဝယ်ယူလိုပါတယ်။ ဘယ်လိုဖြစ်ပါမလဲ။

ဝယ်ယူ၍ မရနိုင်ပါ။ မူလ ဝယ်ယူထားသော Roaming Rate cutter pack ၏ သက်တမ်းနှင့် ပမာဏ ကျန်ရှိနေချိန်တွင် နောက်ထပ် rate cutter pack ဝယ်ယူ၍ မရနိုင်ပါ။ မူလ Roaming Rate cutter pack ၏ ပမာဏ နှင့် သက်တမ်း ကုန်ဆုံးပြီးမှသာ ဝယ်ယူနိုင်ပါမည်။

၁၄။ အထက်ဖော်ပြပါနှုန်းထားသည် ဒေတာတစ်ခုအတွက်သာဖြစ်ပါသလား။

ဒေတာနှုန်းထားအတွက်သာဖြစ်ပါသည်။ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းအတွက် ပုံမှန်နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။

၁၅။ Package ဝယ်ယူရရှိပြီးကြောင်း ဘယ်လိုသိနိုင်မလဲ။

Package ဝယ်ယူပြီးသည့်နောက် အတည်ပြုစာတိုကို လက်ခံရရှိပါမည်။

၁၆။ ထိုနိုင်ငံများသို့ သွားရောက်မလည်ပတ်ခင် Roaming Package ကို စာရင်းပေးသွင်းရန် လိုအပ်ပါသလား။

မလိုအပ်ပါ။ မြန်မာနိုင်ငံ နှင့် Package အသုံးပြုနိုင်သည့် နိုင်ငံများအားလုံးတွင် အဆိုပါ Package ကို ဝယ်ယူရရှိနိုင်ပါသည်။

၁၇။ ထိုနိုင်ငံများအတွက် ယခု Package ကိုမဝယ်ယူချင်ပါက အခြားပရိုမိုးရှင်းများရှိပါသလား။

အဆိုပါ package ကို မဝယ်ယူချင်ပါက ထို ၁၂ နိုင်ငံ (ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊လာအို၊ဘရှုနိုင်း၊အင်ဒိုနီးရှား ) အတွက် 15Ks/MB သုံးသလောက်ပေး အင်တာနက်နှုန်းထားဖြင့် ဆက်လက်အသုံးပြုနိုင်ပါသည်။

15 Ks မှ 9Ks ဖြင့် ၄၀% သက်သာသော အဆိုပါ အထူး Package ကို ဝယ်ယူရန် အကြံပြုလိုပါသည်။

၁၈။ Package သက်တမ်းကုန်ဆုံးလျှင် ဘယ်လိုသိနိုင်ပါမလဲ။

Package သက်တမ်းကုန်ဆုံးသွားပါက စာတိုပေးပို့ အကြောင်းကြားပါမည်။

Package ထပ်မံဝယ်ယူမှုမပြုလုပ်လိုပါက သုံးသလောက်ပေးအင်တာနက် 15Ks/MB ဖြင့် ကောက်ခံသွားပါမည်။

၁၉။ Package ဝယ်ယူ၍ မရပါ။ ဘာကြောင့်ပါလဲ။

လက်ကျန်ငွေ မလုံလောက်၍ ဖြစ်စေ

Base Tariff သုံးစွဲသူဖြစ်နေ၍ဖြစ်စေ

လက်ရှိ Roamng Package ဝယ်ယူထား၍ဖြစ်စေ ဝယ်ယူ၍မရနိုင်ပါ။

၂၀။ ၇ရက်စာ 10000 Ks/800 MB Roaming pack ဝယ်ထားပါတယ်။ နောက်ထပ် ၇ရက်စာ Roaming Rate cutter pack ဝယ်ချင်ပါတယ်။ ဘယ်လိုဖြစ်ပါမလဲ။

ဝယ်ယူ၍ မရပါ။ မူလ ဝယ်ယူထားသော ၇ရက်စာ 10000 Ks/800 MB Roaming pack သက်တမ်းမကုန်မချင်း နောက်ထပ် Roaming Rate cutter pack ဝယ်ယူ၍မရနိုင်ပါ။ မူလ ဝယ်ယူထားသော ၇ရက်စာ 10000Ks/800 MB Roaming pack သက်တမ်းကုန်ဆုံးပြီးမှသာ ဝယ်ယူနိုင်ပါမည်။

၂၁။ သက်တမ်းကုန်ဆုံးကြောင်း ဘယ်လိုသိနိုင်ပါမလဲ။

သက်တမ်းကုန်ဆုံးပါက SMS ဖြင့်အသိပေးအကြောင်းကြားပါမည်။

၂၂။ Roaming အသုံးပြုစဉ် ဖြတ်တောက်သည့်နှုန်းထား ဘယ်လောက်ဖြစ်ပါသလဲ။

50Kb လျှင် တစ်ကြိမ်ဖြတ်တောက်မည်ဖြစ်ပါသည်။

၂၃။ ချေးငွေဝန်ဆောင်မှုမှ international roaming ဝန်ဆောင်မှုများဖြစ်သော နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသလား။

ချေးငွေဝန်ဆောင်မှုမှ international roaming ဝန်ဆောင်မှုများ မရရှိနိုင်ပါ။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက်သာရည်ရွယ်သော ဆင်းမ်ကတ်များ

1. ယခုအသစ်ထွက်ရှိမည့် MPT's Tourist SIM card အားမည်သည့်နေရာတွင် ဝယ်ယူရရှိနိုင်မည်နည်း?

ရန်ကုန် လေဆိပ်၊ ရန်ကုန်, မန္တလေး, နေပြည်တော်,ပုဂံ နှင့် အင်းလေးဒေသများမှ အထင်ကရ ဟိုတယ်များနှင့် နိုင်ငံခြားသားဧည့်သည်များ သွားရောက် တတ်သည့် နေရာများတွင် ၀ယ်ယူရရှိနိုင်ပါသည်။

2. အကယ်၍မြန်မာပြည်သို့နောက်တစ်ခေါက်ပြန်လာသောအခါ ပထမအသုံးပြုခဲ့သော ဖုန်းကတ်ကိုပဲ သုံးလျှင်ရနိုင်ပါသလား?

အကယ်၍ သက်တမ်းမကုန်ခင် ရက် ၉၀ အတွင်း ဆိုပါက အသုံးပြုနိုင်ပါသည်။

3. အသုံးပြုနိုင်ရန်ဘယ်လို activate လုပ်ရပါ့မလဲ?

ပထမဆုံး ဖုန်းခေါ်ဆိုကြည့်ပါ (သို့) *124# ရိုက် ပြီး ခေါ်လိုက်ပါ။

4. ဖုန်းကဒ်ထဲတွင် ငွေဖြည့်ထားမထား ဘယ်လိုသိရှိနိုင်ပါမလဲ?

Activate ပြုလိုက်ပြီးသောအခါ အသင့်ဖြည့်ပြီးသော ငွေကျပ် ၅၀၀၀နှင့် အင်တာနက်အသုံးပြုရန် 1.5 GB မှာ အဆင်သင့် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

5. ရရှိထားသော အသင့်ဖြည့်ပီးသော ငွေကျပ် ၅၀၀၀ နှင့်အင်တာနက် အသုံးပြုရန်ရရှိသော 1.5GB အတွက် ဘယ်အချိန်အထိ ခံစားခွင့်ရှိပါသနည်း?

ဖုန်းကဒ် စတင်အသုံးပြုချိန်မှစ၍ ၁၀ရက်မြောက်နေ့ ည ၁၁နာရီ ၅၉မိနစ် ၅၉စက္ကန့်အထိ အသုံးပြုခွင့်ရရှိပါမည်။ ၁၁ရက်မြောက်နေ့မှစ၍ ထိုဖုန်းကဒ်မှာ ဆွေသဟာ အစီအစဉ် အနေဖြင့် ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါသည်။

6. အကယ်၍ ပထမ ၁၀ရက်အတွင်းငွေထပ်မံဖြည့်ပါက မည်သည့်အချိန်အထိ သုံးစွဲခွင့်ရမည်နည်း?

ငွေထပ်ဖြည့်မည့် ပမာဏကို မူတည်၍ အသုံးပြုခွင့် ကုန်ဆုံးရက်များကို ရရှိမှာ ဖြစ်ပါသည်။ အသင့်ဖြည့်ပြီးသော ငွေကျပ်၅၀၀၀ နှင့် အင်တာနက် အသုံးပြုခွင့် 1.5GB ကတော့ ၁၀ရက်သာ ရရှိမည် ဖြစ်ပါသည်။

7. အကယ်၍ ငွေဆက်လက်၍ ထပ်မံမဖြည့်ပါက ထိုဖုန်းကဒ်မှာ ဆက်သွယ်ခွင့်ပိတ်သွားမည်လား?

အကယ်၍ ငွေဆက်လက်၍ထပ်မံ မဖြည့်ပါက ရက်ပေါင်း ၉၀ ကျော်သောအခါ ထိုဖုန်းကဒ်မှာ အသုံးပြုခွင့် ပိတ်သွားမည် ဖြစ်ပါသည်။

8. ငွေလက်ကျန်ရှိမရှိမည်သို့စစ်ဆေးရမည်နည်း?

*124#ရိုက် ပြီး ခေါ်ဆိုခြင်းဖြင့်သော် လည်းကောင်း၊ 1331 သို့ BAL ရိုက်ပြီးပေးပို့ခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။

International Direct Dialing

၁။ “All in one IDD Promo pack” ဆိုတာဘာလဲ။

“All in one IDD Promo pack” ကို ၄၉၉ကျပ်ဖြင့် ဝယ်ယူထားပါက ဝယ်ယူသည့်နေ့မှ ရက်(၃၀)အတွင်း ထိုင်း/ မလေးရှား/တရုတ် / စင်ကာပူ / ဘင်္ဂလားဒေ့ရှ် / အိန္ဒိယ / တောင်ကိုးရီးယား/ ဂျပန် / သြစတြေးလျ / ဟောင်ကောင် / အမေရိက / ကနေဒါ သို့ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၅၀ကျပ်သာကျ သင့် မည်ဖြစ်ပါသည်။

အမည် နှုန်းထား သတ်မှတ်ချက်များ အသုံးပြုနိုင်သည့် အမျိုးအစား စာတိုပေးပို့မှု သက်တမ်း ဝယ်ယူရန်
All in One IDD Promo Pack ၄၉၉ ကျပ် (Tax အပါအဝင်) တစ်မိနစ်လျှင် ၅၀ ကျပ် ထိုင်း/ မလေးရှား/တရုတ် / စင်ကာပူ / ဘင်္ဂလားဒေ့ရှ် / အိန္ဒိယ /တောင်ကိုးရီးယား/ ဂျပန် / သြစတြေးလျ / ဟောင်ကောင် / အမေရိက / ကနေဒါ သို့ဖုန်းခေါ်ဆိုနိုင်သည်။ ထိုင်းနှင့်မလေးရှား
စာတိုတစ်စောင်လျှင် ၁၅ ကျပ်
ရက် ၃၀ *2050#
အခြားနိုင်ငံများ
စာတိုတစ်စောင်လျှင် ၁၅၀ ကျပ်

၂။ “All in one IDD Promo pack” ကိုဘယ်လိုဝယ်ယူနိုင်မှာပါလဲ။

*2050# ကိုရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ MPT4U application မှတစ်ဆင့်လည်းကောင်း ဝယ်ယူနိုင်ပါသည်။
*106# မှလည်းဝယ်ယူနိုင်ပါသည်။

၃။ “All in one IDD Promo pack” ကိုဘယ်သူတွေဝယ်ယူနိုင်မှာပါလဲ။

MPT prepaid and postpaid GSM/WCDMA ဖုန်း အသုံးပြုသူများအားလုံး ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

၄။ “All in one IDD Promo pack” ရဲ့သက်တမ်းက ဘယ်လောက်လဲ။

ရက် ၃၀ ဖြစ်ပါသည်။

၅။ မက်စေ့ချ်တစ်စောင်ကိုဘယ်လောက်ကျသင့်ပါသလဲ။

ထိုင်းနှင့်မလေးရှား နိုင်ငံအတွက် မက်စေ့ချ်တစ်စောင်လျှင် ၁၅ ကျပ် (ကုန်သွယ်ခွန်ခမပါ) တရုတ် / စင်ကာပူ / ဘင်္ဂလားဒေ့ရှ် / အိန္ဒိယ /တောင်ကိုးရီးယား/ ဂျပန် / သြစတြေးလျ / ဟောင်ကောင် / အမေရိက / ကနေဒါ နိုင်ငံများ အတွက် မက်စေ့ချ်တစ်စောင်လျှင် ၁၅၀ ကျပ် (ကုန်သွယ်ခွန်ခမပါ) ကျသင့်မှာဖြစ်ပါသည်။

၆။ ရက် ၃၀ အတွင်း တစ်ကြိမ်ထပ်ပိုပြီးဝယ်လို့ရလား။

တစ်ကြိမ်ပဲဝယ်ယူနိုင်ပါသည်။

၇။ ပရိုးမိုးရှင်းကာလကဘယ်အထိလဲ။

၂၀၁၈ မေလ ၂၈ ရက်နေ့မှ စတင်ပြီး နောက်ထပ်ကြေငြာချက် မထုတ်ပြန်မှီ အထိဖြစ်ပါသည်။

၈။ ချေးငွေဝန်ဆောင်မှုမှ (IDD Pack) နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသလား။

ချေးငွေဝန်ဆောင်မှုကို အသုံးပြုပြီး (IDD pack) နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း ဝန်ဆောင်မှုများ မရရှိနိုင်ပါ။

Change from Postpaid to Prepaid

၁ ။ Postpaid မှ Prepaid သို့ ပြောင်းလဲခြင်းဆိုတာဘာလဲ။

Postpaid မှ Prepaid သို့ ပြောင်းလဲခြင်းဆိုသည်မှာ ယခုလက်ရှိတွင် Postpaid ဝန်ဆောင်မှုစနစ် (အသုံးပြုပြီးနောက်လတွင် ထွက်ရှိလာသည့် invoice အားငွေပေးချေရသည့်စနစ်) မှ Prepaid ဝန်ဆောင်မှုစနစ် (ဖုန်းဘေလ်ကြိုတင်ဖြည့်ပြီး အသုံးပြုရသည့်စနစ်) သို့ ပြောင်းလဲခြင်း ကို ဆိုလိုပါသည်။

၂ ။ Postpaid to Prepaid ပြောင်းလဲခြင်းကို ဘယ်လိုလုပ်လို့ရမလဲ?

နိုဝင်ဘာလ (၁)ရက်နေ့ မှစတင်ပြီး

(က) ရန်ကုန်မြို့ရှိ Mobile သုံးစွဲသူများသည် ရန်ကုန်မြို့ရှိ (လမ်း ၄၀ ရုံး)နှင့် ဆူးလေ၊ အလုံ နှင့် အင်းစိန် တယ်လီဖုန်းအခွန်ဌာန (TRA) များတွင် လျှောက်လွှာပုံစံ ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။

(ခ) အခြားနယ်များမှ Mobile သုံးစွဲသူများသည် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးဌာနများ တွင် လျှောက်ထားနိုင်ပါသည်။

(ဂ) ရန်ကုန်မြို့ရှိ PSTN သုံးစွဲသူများသည် ရန်ကုန်မြို့ရှိ (လမ်း ၄၀ ရုံး) သို့ တွင် လျှောက်ထားနိုင်ပါသည်။

၃ ။ ရန်ကုန်မြို့ရှိ Postpaid to Prepaid ပြောင်းလဲခြင်းကို လက်ခံဆောင်ရွက်ပေးနေသော ရုံးလိပ်စာများ သိချင်ပါတယ်။

လမ်း(၄၀) ရုံး – အမှတ်(၁၀၃)၊ လမ်း(၄၀)၊ စီးပွားရေးဌာန၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ်- ၀၁-၂၅၂၃၂၂၊ ၀၁-၂၅၄၂၅၄ သို့ ဆက်သွယ်နိုင်ပါသည်။

ဆူးလေရုံး – အမှတ် (၄၆၅/၄၆၉)၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

အလုံရုံး -အမှတ်(၁၈၉)၊ အောက်ကြည့်မြင်တိုင်လမ်းနှင့်သစ်တောလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

အင်းစိန်ရုံး – အမှတ်(၂)၊ လှိုင်မြင့်လမ်း၊ အရှေ့ရွာမ၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

၄ ။ Postpaid to Prepaid ပြောင်းလဲခြင်းကို ဘယ်အချိန်တွေမှာ လုပ်လို့ရမလဲ?

တနင်္လာနေ့မှ သောကြာနေ့အထိ (အစိုးရရုံးပိတ်ရက်များမှအပ) မနက် (၉:၃၀) နာရီ မှ နေ့လည် (၂:၀၀) နာရီအတွင်း သွားရောက်လျှောက်ထားနိုင်ပါတယ်။

၅ ။ Postpaid to Prepaid ပြောင်းလဲခြင်းအား လျှောက်ထားရန် ဘာစာရွက်စာတမ်းတွေ လိုအပ်မလဲ?

၁- နိုင်ငံသားစီစစ်ရေးကဒ်ပြားမိတ္တူ။

၂- မူရင်းပိုင်ဆိုင်မှုအထောက်အထားစာချုပ်/စာအုပ်။

၃- ကိုယ်စားလှယ်လွှဲစာ၊    မူရင်းပိုင်ရှင်၏     နိုင်ငံသားစီစစ်ရေးကဒ်ပြားမူရင်း (မူရင်းပိုင်ရှင်ကိုယ်စား လျှောက်ထားလာမှုအတွက်)။

၆ ။ Postpaid to Prepaid ပြောင်းလဲခြင်းအား လျှောက်ထားရန် ဘယ်လောက်ပေးဆောင်ရမလဲ?

Postpaid to Prepaid ပြောင်းလဲခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ပါ။

သုံးစွဲသူမှ Postpaid မှ Prepaid ပြောင်းလဲခြင်း မပြုလုပ်မှီ အောက်ဖော်ပြပါအတိုင်း ငွေပေးဆောင်ရမည်။

၁)Postpaid စနစ်အသုံးပြုစဉ်ကာလအတွင်း ထွက်ရှိထားသော လစဉ်ကြေးများ အားလုံး နှင့်

၂) နောက်လတွင် ထွက်ရှိလာမည့် လစဉ်ကြေးငွေတောင်းခံလွှာများအတွက် ကြိုတင်ငွေ

  • လစဉ် (၁)ရက်နေ့မှ (၆)ရက်နေ့အတွင်း လျှောက်ထားပါက နောက်ဆုံးထွက်ရှိထားသော လစဉ်ငွေတောင်းခံလွှာ၏ သုံးလစာနှင့်ညီမျှသော ကြိုတင်ငွေ
  • လစဉ် (၇)ရက်နေ့မှ လတစ်လ၏ နောက်ဆုံးရက်နေ့အတွင်း လျှောက်ထားပါက နောက်ဆုံးထွက်ရှိထားသော လစဉ်ကြေး၏ နှစ်လစာနှင့်ညီမျှသော ကြိုတင်ငွေ

၇ ။ Postpaid to Prepaid ကို ပြောင်းလဲရန် အချိန်ဘယ်လောက်ကြာမလဲ။

သုံးစွဲသူမှ လိုအပ်သော စာရွက်စာတမ်းများထောက်ပံ့ခြင်း၊ လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်ပေးခြင်း၊ထွက်ရှိပြီးသော လစဉ်ငွေတောင်းခံလွှာအားလုံး နှင့် သတ်မှတ်ထားသော ကြိုတင်ငွေများ ပေးချေပြီးပါက  ရုံးဖွင့်ရက် တစ်ရက်အတွင်း Postpaid to Prepaid ကို ပြောင်းလဲပေးပါမည်။

၈ ။ Postpaid account တွင် ပိုနေသည့်ငွေနှင့် လိုသည့်ငွေများအား ရှိပါက မည်သို့ပြုလုပ်မည်နည်း။

Postpaid မှ Prepaid သို့ ပြောင်းလဲရန် လျှောက်ထားသည့်အချိန်တွင် ပေးသွင်းခဲ့သော ကြိုတင်ငွေထဲမှ နောက်လတွင်ထွက်ရှိလာမည့် ငွေတောင်းခံလွှာကို ခုနှိမ်ပြီးနောက် Postpaid စနစ် အသုံးပြုစဉ်ကာလ တွင် ကြွေးကျန် ကျန်ရှိနေသေးပါက MPT မှ စာတိုပေးပို့ပြီး အဆိုပါ ကြွေးကျန်အား Prepaid account ထဲသို့ ပြောင်းရွှေ့သွားမည် ဖြစ်ပြီး Prepaid လက်ကျန်ငွေထဲမှ ဖြတ်တောက်သွားမည်။Postpaid account တွင် ကြိုတင်ငွေ ကျန်ရှိနေပါက MPT မှ စာတိုပေးပို့ပြီး အဆိုပါ ကြိုတင်ငွေ လက်ကျန်အား Prepaid account ထဲသို့ ပြောင်းရွှေ့ပေး သွားမည် ဖြစ်သည်။