MPT Myanmar | Moving Myanmar Forward faqs voice mm - MPT Myanmar | Moving Myanmar Forward
×

အမျိုးအစားလိုက် ရွေးရန်

အမေးများသောမေးခွန်းများ

Kyite Yar Khaw Pack

၁။ ကြိုက်ရာခေါ် အစီအစဉ် ဆိုတာ ဘာလဲ?

ကြိုက်ရာခေါ် ဆို သည်မှာ MPT မှ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊မိတ်ဆွေ၊သူငယ်ချင်းများနဲ့ ပိုမိုဆက်သွယ်နိုင်ရန် သက်သာသော နှုန်းထားဖြင့် ပြည်တွင်း Mobile ဖုန်းအားလုံးကို စိတ်ကြိုက်ခေါ်ဆိုနိုင်​အောင် စီစဥ်ပေးထားတဲ့ အစီအစဥ်လေး ဖြစ်ပါသည်။ Special / Premium / Call Center / VAS related numbers မပါဝင်ပါ။

၂။ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

အမည် စျေးနှုန်း

(ကုန်သွယ်ခွန် ပါဝင်ပြီး)

မိနစ်များ သက်တမ်း  အကျိုးကျေးဇူး ဝယ်ယူရန်
၇ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ် ၄၉၇ ကျပ် ၄၆ မိနစ် ၇ ရက်  Carry over function
[သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း လက်ကျန် Voice မိနစ်များ သယ်ဆောင် ခွင့်ရှိသည်]
 *997# (or) MPT4U App (or) MPT Pay
၁၅ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ် ၉၉၇ ကျပ် ၉၂ မိနစ် ၁၅ ရက်
၃၀ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ် ၁၉၉၇ ကျပ် ၁၉၀ မိနစ် ၃၀ ရက်

၃။ အစီအစဉ်ကို မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?

MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ(သို့မဟုတ်)ရှယ်ပြော(သို့မဟုတ်)ရွှေစကား နှင့် Base Tariff အစီအစဉ်] အသုံးပြုနေသူများအားလုံး ၀ယ်ယူ အသုံးပြုနိုင်ပါသည်။ Special / Premium / Call Center / VAS related numbers မပါဝင်ပါ။

၄။ အစီအစဉ်ကို ရယူရန် မည်သို့လုပ်ဆောင်ရမည်နည်း?

997# သို့ဖုန်းခေါ် ဆို၍လည်းကောင်း၊ MPT4U App (သို့) MPT Money မှ လည်းကောင်း၊ နီးစပ်ရာ MPT အရောင်းဆိုင်များမှတဆင့် ဝယ်ယူနိုင်ပါသည်

၅။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

    ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါတယ်။

၆။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ဖုန်းခေါ်ဆို၍လည်းကောင်း(သို့) MPT4U App မှတဆင့် လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။

၇။ ကြိုက်ရာခေါ် ပက်ကေ့ချ် ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး မိနစ်သယ်ဆောင်ခွင့် ကာလအတွင်း ပက်ကေ့ချ်အသစ် ထပ်မံဝယ်ယူပါက ပက်ကေ့ချ်၏ မူလမိနစ်များ ကို ပေါင်းစည်းအသုံးပြုနိုင်သည့်အပြင် အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။

Customer Journey and Voice Minutes Acquisition

၈။ ကြိုက်ရာခေါ် ပက်ကေ့ချ် ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

၇ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်၊ ၁၅ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ် နှင့် ၃၀ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ် ဆိုပြီး ပက်ကေ့ချ် (၃)မျိုး ရှိပါသည်။

ပက်ကေ့ချ်များ ၏ Voice minutes သယ်ယူနိုင်သောကာလမှာ ပက်ကေ့ချ် ၏ သက်တမ်းကုန်ဆုံးပြီး (၇)ရက် အတွင်း ဖြစ်ပါတယ်။

၉။ မိနစ်သယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ မိနစ်တွေက ဘယ်လို ဖြစ်သွားမှာလဲ?

Voice minutes သယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်) အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်မိနစ်များကို အသုံးပြုနိုင်မည်မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခု ထပ်မံ ဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်မိနစ်များ ကို ပေါင်းစည်း အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

၁၀။ ကြိုက်ရာခေါ် ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ မည်သည့် channel မှ မဆို ဝယ်ယူနိုင်ပြီး ထိပေါက် chance ၁ခု ရရှိကာ MPT4U တွင် ကံစမ်းနိုင်ပါသည်။

၁၁။ ကြိုက်ရာခေါ် ပက်ကေ့ချ် ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

ရပါတယ်။ ကြိုက်ရာခေါ် ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U App မှတစ်ဆင့် (သို့) *997# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။

၁၂။ ပရိုမိုးရှင်းကာလက ဘယ်အထိလဲ?

ပရိုမိုးရှင်းကာလမှာ ၂၀၂၁ခုနှစ် ဧပြီလ(၂၉)ရက် မှ ထပ်မံမကြေညာခင်အချိန်အထိ ဖြစ်ပါတယ်။

MPT Voice Pack

၁။ MPTမှာ ဘယ်လို Voice Package တွေရှိတာပါလဲ။

MPTသုံးစွဲသူများ ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်စေရန် Voice Package အမျိုးအစား(၃)မျိုးကို MPTမှ မိတ်ဆက်ပေးထားပါသည်။ Voice Pacakage များကို အသုံးပြုခြင်းဖြင့် သုံးစွဲသူများသည် MPTဖုန်းများသို့ အသက်သာဆုံး နှုန်းထားများဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

10mins Pack 30mins Pack 50mins Pack
စျေးနှုန်း
(ကုန်သွယ်ခွန်ပါ၀င်ပြီး)
၉၉ကျပ် ၂၄၉ကျပ် ၃၉၉ကျပ်
မိနစ် ၁၀ မိနစ် ၃၀ မိနစ် ၅၀ မိနစ်
၀ယ်ယူရန် *2220# ကိုခေါ်ဆိုပါ။ *249# ကိုခေါ်ဆိုပါ။ *399# ကိုခေါ်ဆိုပါ။
သက်တမ်း ၁ ရက် ၃ ရက် ၃ ရက်

Package စျေးနှုန်းများတွင် ကုန်သွယ်ခွန်ပါ၀င်ပြီးဖြစ်ပါသည်။

၂။ MPTရဲ့ Voice Packages ကိုဘယ်သူတွေဝယ်ယူအသုံးပြုနိုင်မှာပါလဲ။

MPT GSM/WCDMA ဆွေသဟာ(သို့မဟုတ်)ရှယ်ပြော(သို့မဟုတ်)ရွှေစကားနှင့် Base Tariff အစီအစဉ် အသုံးပြုနေသူများအားလုံးသည် MPT Voice Package များကို ၀ယ်ယူ အသုံးပြုနိုင်ပါသည်။

၃။ MPTရဲ့ Voice Package ကို ဘယ်လိုဝယ်ယူနိုင်မှာပါလဲ။

  • 10Mins Voice Package ကိုဝယ်ယူရန် *2220# ကိုခေါ်ဆိုပါ။
  • 30Mins Voice Package ကိုဝယ်ယူရန် *249# ကိုခေါ်ဆိုပါ။
  • 50Mins Voice Package ကိုဝယ်ယူရန် *399# ကိုခေါ်ဆိုပါ။
  • 10Mins Voice Package  ၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။
  • 30Mins နှင့် 50Mins Voice Package တို့၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ သုံးရက်မြောက်နေ့ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။

၄။ တစ်ရက်အတွင်းမှာ 10Mins Voice Package တွေအများကြီးဝယ်ယူနိုင်ပါသလား။

၀ယ်ယူနိုင်ပါသည်။

၅။ MPT Voice Packageတွေ ၀ယ်ယူထားပါတယ်။ အခြားအော်ပရေတာနံပါတ််ကို ဖုန်းခေါ်ဆိုတဲ့ အခါမှာ ဘယ်လိုကျသင့်မှာပါလဲ။

အခြားအော်ပရေတာနံပါတ်များသို့ဖုန်းခေါ်ဆိုပါက ပုံမှန်ဖုန်းခေါ်ဆိုခနှုန်းထား အတိုင်းသာ ကျသင့်မည်ဖြစ်ပါသည်။

၆။ USSD Code ကိုရိုက်နှိပ်ခေါ်ဆိုပြီး Voice Package၀ယ်ယူပါတယ်။ ဒါပေမယ့် Voice Packageတွေကိုဝယ်လို့မရပါဘူး။ ဘာဖြစ်လို့ပါလဲ။

  • ဖုန်းလက်ကျန်ငွေမလုံလောက်ပါက MPT Voice Package များကိုဝယ်ယူနိုင်မည် မဟုတ် ပါ။
  • လူကြီးမင်း၏ ဖုန်းသည် ယာယီပိတ်သိမ်းခံထားရပါကလည်း MPT Voice Package များကို ဝယ်ယူ နိုင်မည် မဟုတ်ပါ။

၇။ Package တစ်ခုချင်းဆီ၏ သက်တမ်းကဘယ်လောက်လဲ။

  • 10Mins Voice Package  ၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။
  • 30Mins နှင့် 50Mins Voice Package တို့၏ သက်တမ်းမှာ ၀ယ်ယူသည့်နေ့၏ သုံးရက်မြောက်နေ့ ညသန်းခေါင်ယံ အချိန် (၂၃:၅၉:၅၉နာရီ)အထိ ဖြစ်ပါသည်။
  • ဥပမာ –
 Package ၀ယ်ယူသည့်နေ့ သက်တမ်းကုန်ဆုံးချိန်
Daily 10 Mins Voice Pack 01/11/2017 23:59:59 of 01/11/2017
30 Mins 3 Days Voice Pack 01/11/2017 23:59:59 of 03/11/2017
30 Mins 3 Days Voice Pack 01/11/2017 23:59:59 of 03/11/2017

Shwe Zagar

၁။ “ရွှေစကား” အစီအစဉ်ဆိုတာ ဘာပါလဲ။

• “ရွှေစကား” အစီအစဉ်တွင် MPT သုံးစွဲသူအချင်းချင်းဖုန်းခေါ်ဆိုတိုင်း အသက်သာဆုံးဖုန်းခေါ်ဆိုခနှုန်းထား ၁မိနစ်လျှင် ၁၀ကျပ်သာ ကျသင့်မည်ဖြစ်ပါသည်။

MPT ဖုန်းများသို့ခေါ်ဆိုခ – ၁မိနစ်လျှင် ၁၀ကျပ်
အခြားအော်ပရေတာနံပါတ်များသို့ဖုန်းခေါ်ဆိုခ – ၁မိနစ်လျှင် ၂၇ကျပ်
အင်တာနက်အသုံးပြုခ – 1MB လျှင် ၈ကျပ်
စာတိုပေးပို့ခ – စာတိုတစ်စောင်လျှင် ၁၅ကျပ်

၂။ “ရွှေစကား” အစီအစဉ်ကို ဘယ်သူတွေရယူနိုင်ပါသလဲ။

• MPT GSM/WCDMA ဖုန်းအသုံးပြုသူများသည်  “ရွှေစကား” အစီအစဉ်ကို လျှောက်ထား ရယူနိုင်ပါသည်။

၃။ “ရွှေစကား” အစီအစဉ်ကို ဘယ်လိုရယူနိုင်ပါသလဲ။

• *234*4# ကို ရိုက်နှိပ်ခေါ်ဆိုပြီး “ရွှေစကား” အစီအစဉ်ကို အခမဲ့ရယူနိုင်ပါသည်။

၄။ “ရွှေစကား” အစီအစဉ်ကို ဘယ်လိုပယ်ဖျက်နိုင်ပါသလဲ။

• MPT မှ မတူညီသော ၀န်ဆောင်မှုအစီအစဉ်များကို မိတ်ဆက်ပေးလျက်ရှိပြီး သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာ ၀န်ဆောင်မှုအစီအစဉ်ကို အခမဲ့ပြောင်းလဲရယူအသုံးပြုနိုင်မည်ဖြစ်သည်။

ဆွေသဟာ အစီအစဉ်သို့ပြောင်းလဲရန် – *234*2# ကိုခေါ်ဆိုပါ။
ရှယ်ပြော အစီအစဉ်သို့ပြောင်းလဲရန် – *234*3# ကိုခေါ်ဆိုပါ။
ရွှေစကား အစီအစဉ်သို့ပြောင်းလဲရန် – *234*4# ကိုခေါ်ဆိုပါ။

• ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင်မည်ဖြစ်သည်။

၅။ “ရွှေစကား” အစီအစဉ်ကို အသုံးပြုနေပါတယ်။ MPT ဖုန်းနံပါတ်ကို ၅စက္ကန့်ကြာဖုန်းခေါ်ဆိုတဲ့ အခါ ၁၅စက္ကန့်စာ ဖုန်းခေါ်ဆိုခကျသင့်ပါတယ်။ ဘာဖြစ်လို့ပါလဲ။

• ၂၀၁၇ ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး Base Tariff မှလွဲ ၍ ပြည်တွင်း ဖုန်းခေါ်ဆိုမှုများ အားလုံးကို ၁၅ စက္ကန့်နှုန်းထားဖြင့် ကောက်ခံသွားမည် ဖြစ်ပါသည်။

ဥပမာ- MPT အချင်းချင်းဖုန်းခေါ်ဆိုပါက

၀ မှ ၁၅ စက္ကန့် : ၂.၅၀ကျပ် (excluding tax)
၁၆ မှ ၃၀ စက္ကန့် : ၅.၀၀ ကျပ် (excluding tax)
၃၁ မှ ၄၅ စက္ကန့် : ရ.၅၀ ကျပ် (excluding tax)
၄၆ မှ ၆၀ စက္ကန့် : ၁၀.၀၀ ကျပ် (excluding tax)

၆။ “ရွှေစကား” အစီအစဉ်ကို ရယူထားပါက အင်တာနက်ပက်ကေ့ချ်များကို ၀ယ်ယူအသုံးပြုနိုင်မှာပါလား။

• ၀ယ်ယူနိုင်ပါသည်။
• MPT ၏ အင်တာနက်ပက်ကေ့ချ်အားလုံးကို “ရွှေစကား” အစီအစဉ်တွင်လည်း ၀ယ်ယူအသုံးပြုနိုင်ပါသည်။
• 1MB လျှင် ၁ကျပ်သာကျသင့်မည့် ပက်ကေ့ချ်များအပါအဝင် အင်တာနက်ပက်ကေ့ချ် မျိုးစုံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါသည်။

၇။ လက်ရှိမှာ အင်တာနက်ပက်ကေ့ချ်အသုံးပြုနေပါတယ်။ အသုံးပြုနိုင်တဲ့ဒေတာပမာဏမကုန်ခင် မှာ “ရွှေစကား” အစီအစဉ်သို့ပြောင်းလိုက်ရင် ဘယ်လိုဖြစ်မှာပါလဲ။

• ကျန်ရှိနေသော ဒေတာပမာဏကို “ရွှေစကား” အစီအစဉ်တွင် ဆက်လက်အသုံးပြုနိုင် မည်ဖြစ်ပါသည်။

၈။ ကျွန်တော်က Post-paid စနစ်အသုံးပြုနေသူဖြစ်ပါတယ်။ “ရွှေစကား” အစီအစဉ်ကိုရယူနိုင်မှာ ပါလား။

• ရယူနိုင်ပါတယ်။ *235*4# ကိုရိုက်နှိပ်ခေါ်ဆိုပြီး “ရွှေစကား”အစီအစဉ်ကို အခမဲ့ရယူ နိုင်ပါသည်။

၉။ “ရွှေစကား”အစီအစဉ်ကိုရယူရာတွင် ကန့်သတ်ချက်တစ်စုံတစ်ရာရှိပါသလား။

• MPT GSM/WCDMA ဖုန်းများသည် “ရွှေစကား”အစီအစဉ်ကို လျှောက်ထားရယူ နိုင်ပါသည်။
• ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင်မည်ဖြစ်သည်။

၁၀။ ကျွန်တော်က CDMA ဖုန်းအသုံးပြုနေသူဖြစ်ပါတယ်။ “ရွှေစကား” အစီအစဉ်ကို လျှောက်ထား ရယူနိုင်မှာပါလား။

• CDMA ဖုန်းအသုံးပြုသူများသည် “ရွှေစကား” အစီအစဉ်ကို လျှောက်ထား ရယူနိုင်မည်မဟုတ်ပါ။

၁၁။ MPT SIM Card အသစ်ကို စတင်အသုံးပြုချိန်မှာ ဘယ်အစီအစဉ်ပါ၀င်နေမှာပါလဲ။

• MPT SIM Card အသစ်များတွင် ဆွေသဟာအစီအစဉ်ပါ၀င်နေမည်ဖြစ်သည်။ “ရွှေစကား” အစီအစဉ်ကိုရယူလိုပါက *234*4# ကိုရိုက်နှိပ်ခေါ်ဆိုပြီးလွယ်ကူစွာ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

၁၂။ ကျွန်တော့်ရဲ့ဖုန်းက “ရွှေစကား” အစီအစဉ်ကိုလျှောက်ထားရယူလို့မရပါဘူး။ ဘာဖြစ်လို့ပါလဲ။

• ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။လူကြီးမင်းသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲမှု တစ်ကြိမ်ထက်ပိုသွားပါက လျှောက်ထားမှုအောင်မြင်မည် မဟုတ်ပါ။ နောက်တစ်ရက်တွင် ပြန်လည်လျှှောက်ထားရယူပါ။
• လူကြီးမင်း၏ SIM Card သည် အသုံးပြုမှုယာယီပိတ်သိမ်းခံထားရပါက (One-way block/Two-way block) လျှောက်ထားမှုအောင်မြင်မည် မဟုတ်ပါ။ ဖုန်းငွေဖြည့်ပြီး ပြန်လည်လျှှောက်ထားရယူပါ။

၁၃။ ကျွန်တော်အသုံးပြုနေတဲ့အစီအစဉ်က်ို ဘယ်လိုစစ်ဆေးကြည့်နိုင်မှာပါလဲ။

• *224# ကိုရိုက်နှိပ်ခေါ်ဆိုပါ။ (သို့မဟုတ်) ၁၃၃၁ သို့ BAL ဟု စာတိုပေးပို့ပါ။

Shal Pyaw

၁။ “ရှယ်ပြော” အစီအစဉ်ဆိုတာ ဘာပါလဲ။

• “ရှယ်ပြော” အစီအစဉ်တွင် MPT သုံးစွဲသူအချင်းချင်းဖုန်းခေါ်ဆိုတိုင်း မြန်မာနိုင်ငံတွင် အသက်သာဆုံးဖုန်းခေါ်ဆိုခနှုန်းထား ၁မိနစ်လျှှင် ၁၅ကျပ်သာ ကျသင့်မည်ဖြစ်ပါသည်။
– MPT ဖုန်းအချင်းချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၁၅ကျပ်
– အခြားအော်ပရေတာနံပါတ်များသို့ဖုန်းခေါ်ဆိုပါက တစ််မိနစ်လျှင် ၂၅ကျပ်
– အင်တာနက်အသုံးပြုပါက 1MBလျှင် ၈ကျပ်
– စာတိုပေးပို့ပါက တစ်စောင်လျှင် ၁၅ကျပ်

၂။ “ရှယ်ပြော” အစီအစဉ်ကို ဘယ်လိုရယူနိုင်ပါသလဲ။

• *234*3# ကို ရိုက်နှိပ်ခေါ်ဆိုပြီး ရှယ်ပြောအစီအစဉ်ကို အခမဲ့ရယူနိုင်ပါသည်။

၃။ “ရှယ်ပြော” အစီအစဉ်ကို ဘယ်သူတွေရယူနိုင်ပါသလဲ။

• MPT GSM/WCDMA ဖုန်းအသုံးပြုသူများသည် “ရှယ်ပြော” အစီအစဉ်ကို လျှောက်ထား ရယူနိုင်ပါသည်။

၄။ “ရှယ်ပြော” အစီအစဉ်ကို ရယူထားပါက အင်တာနက်ပက်ကေ့ချ်များကို ၀ယ်ယူအသုံးပြုနိုင်မှာပါလား။

• ၀ယ်ယူနိုင်ပါသည်။
• MPT ၏ အင်တာနက်ပက်ကေ့ချ်အားလုံးကို “ရှယ်ပြော” အစီအစဉ်တွင်လည်း ၀ယ်ယူအသုံးပြုနိုင်ပါသည်။
• 1MB လျှင် ၁ကျပ်သာကျသင့်မည့် ပက်ကေ့ချ်များအပါအဝင် အင်တာနက်ပက်ကေ့ချ် မျိုးစုံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါသည်။

၅။ အင်တာနက်ကို စျေးသက်သက်သာသာနဲ့ အသုံးပြုနိုင်ဖို့ ဘယ်လိုအစီအစဉ်တွေရှိပါသလဲ။

• 1MB လျှင် ၁ကျပ်ကျသင့်မည့် ပက်ကေ့ချ်များအပါအဝင် အင်တာနက်ပက်ကေ့ချ်မျိုးစုံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူပြီး စျေးနှုန်းသက်သာစွာဖြင့် အင်တာနက်အသုံးပြုနိုင်မည် ဖြစ်သည်။

“ရှယ်ပြော” အစီအစဉ်
 

အသုံးပြုနိုင်သော အင်တာနက်ပက်ကေ့ချ်များ

Daily Data Packages
Data Carry Packages
Social Packages
Night Time Data Packages

၆။ “ရှယ်ပြော” အစီအစဉ်ကို ရယူထားပါက Happy Friday Data အပိုဆုများကို ရရှိနိုင်မှာပါလား။

• ရရှိနိုင်ပါသည်။
• ဆွေသဟာအစီအစဉ်တွင် ရရှိနေသည့် အပိုဆုများ(ဥပမာ – Happy Friday Data အပိုဆု အစရှိသဖြင့်) နှင့် ရယူအသုံးပြုနိုင်သည့် အပိုဆောင်းဝန်ဆောင်မှုများ (ဥပမာ – Balance Transfer၊ ယူူထား၊ CRBT အစရှိသဖြင့်) တို့ကို “ရှယ်ပြော” အစီအစဉ်တွင် ဆက်လက်ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

၇။ လက်ရှိမှာ အင်တာနက်ပက်ကေ့ချ်အသုံးပြုနေပါတယ်။ အသုံးပြုနိုင်တဲ့ဒေတာပမာဏမကုန်ခင် မှာ “ရှယ်ပြော” အစီအစဉ်သို့ပြောင်းလိုက်ရင် ဘယ်လိုဖြစ်မှာပါလဲ။

• ကျန်ရှိနေသော ဒေတာပမာဏကို “ရှယ်ပြော” အစီအစဉ်တွင် ဆက်လက်အသုံးပြုနိုင် မည်ဖြစ်ပါသည်။

၈။ ကျွန်တော်က Post-paid စနစ်အသုံးပြုနေသူဖြစ်ပါတယ်။ “ရှယ်ပြော” အစီအစဉ်ကိုရယူနိုင်မှာ ပါလား။

• ရယူနိုင်ပါတယ်။ *235*3# ကိုရိုက်နှိပ်ခေါ်ဆိုပြီး “ရှယ်ပြော”အစီအစဉ်ကို အခမဲ့ရယူ နိုင်ပါသည်။

၉။ “ရှယ်ပြော”အစီအစဉ်ကိုရယူရာတွင် ကန့်သတ်ချက်တစ်စုံတစ်ရာရှိပါသလား။

• MPT GSM/WCDMA ဖုန်းများသည် “ရှယ်ပြော”အစီအစဉ်ကို လျှောက်ထားရယူ နိုင်ပါသည်။
• ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင်မည်ဖြစ်သည်။

၁၀။ ကျွန်တော်က Base Tariff အစီအစဉ်အသုံးပြုနေသူဖြစ်ပါတယ်။ “ရှယ်ပြော” အစီအစဉ်ကို တိုက်ရိုက်လျှောက်ထားရယူနိုင်မှာပါလား။

•ရယူနိုင်ပါသည်။ *234*3# ကိုရိုက်နှိပ်ခေါ်ဆိုပြီး “ရှယ်ပြော”အစီအစဉ်ကို တိုက်ရိုက် လျှောက်ထားရယူနိုင်ပါသည်။

၁၁။ ကျွန်တော်က Base Tariff အစီအစဉ်အသုံးပြုနေသူဖြစ်ပါတယ်။ Base Tariff အစီအစဉ် အသုံးပြုနေချိန်မှာ အင်တာနက်ပက်ကေ့ချ်တွေကိုဝယ်ယူနိုင်မှာပါလား။

• Base Tariff အစီအစဉ် အသုံးပြုနေချိန်တွင် အင်တာနက်ပက်ကေ့ချ်များကို ၀ယ်ယူ အသုံးပြုနိုင်မည်မဟုတ်ပါ။ ဆွေသဟာအစီအစဉ်(သို့မဟုတ်) ရှယ်ပြောအစီအစဉ် (သို့မဟုတ်) ရွှေစကားအစီအစဉ်ကို ဦးစွာပြောင်းလဲရယူပြီးမှ အင်တာနက်ပက်ကေ့ချ်များကို ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

၁၂။ ကျွန်တော်က CDMA ဖုန်းအသုံးပြုနေသူဖြစ်ပါတယ်။ “ရှယ်ပြော” အစီအစဉ်ကို လျှောက်ထား ရယူနိုင်မှာပါလား။

• CDMA ဖုန်းအသုံးပြုသူများသည် “ရှယ်ပြော” အစီအစဉ်ကို လျှောက်ထား ရယူနိုင်မည်မဟုတ်ပါ။

၁၃။ MPT SIM Card အသစ်ကို စတင်အသုံးပြုချိန်မှာ ဘယ်အစီအစဉ်ပါ၀င်နေမှာပါလဲ။

• MPT SIM Card အသစ်များတွင် ဆွေသဟာအစီအစဉ်ပါ၀င်နေမည်ဖြစ်သည်။ “ရှယ်ပြော” အစီအစဉ်ကိုရယူလိုပါက *234*3# ကိုရိုက်နှိပ်ခေါ်ဆိုပြီးလွယ်ကူစွာ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

၁၄။ ကျွန်တော့်ရဲ့ဖုန်းက “ရှယ်ပြော” အစီအစဉ်ကိုလျှောက်ထားရယူလို့မရပါဘူး။ ဘာဖြစ်လို့ပါလဲ။

• ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။လူကြီးမင်းသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲမှု တစ်ကြိမ်ထက်ပိုသွားပါက လျှောက်ထားမှုအောင်မြင်မည် မဟုတ်ပါ။ နောက်တစ်ရက်တွင် ပြန်လည်လျှောက်ထားရယူပါ။
• လူကြီးမင်း၏ SIM Card သည် အသုံးပြုမှုယာယီပိတ်သိမ်းခံထားရပါက (One-way block/Two-way block) လျှောက်ထားမှုအောင်မြင်မည် မဟုတ်ပါ။ ဖုန်းငွေဖြည့်ပြီး ပြန်လည်လျှှောက်ထားရယူပါ။

၁၅။ ကျွန်တော်အသုံးပြုနေတဲ့အစီအစဉ်ကိုဘယ်လိုစစ်ဆေးကြည့်နိုင်မှာပါလဲ။

• *224# ကိုရိုက်နှိပ်ခေါ်ဆိုပါ။ (သို့မဟုတ်) ၁၃၃၁ သို့ BAL ဟု စာတိုပေးပို့ပါ။

၁၆။ ရှယ်ပြော အစီအစဉ်ကို အသုံးပြုနေပါတယ်။ ဖုန်းနံပါတ်ကို ၅ စက္ကန့်ကြာဖုန်းခေါ်ဆိုတဲ့အခါ ၁၅ စက္ကန့်စာ ဖုန်းခေါ်ဆိုခကျသင့်ပါတယ်။ဘာဖြစ်လို့ပါလဲ။

၂၀၁၇ ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး Base Tariff မှလွဲ ၍ ပြည်တွင်း ဖုန်းခေါ်ဆိုမှုများ အားလုံးကို ၁၅ စက္ကန့်နှုန်းထားဖြင့် ကောက်ခံသွားမည် ဖြစ်ပါသည်။

ဥပမာ – MPT အချင်းချင်းဖုန်းခေါ်ဆိုပါက

– ၀ မှ ၁၅ စက္ကန့် : ၃.၇၅ ကျပ် (excluding tax)
– ၁၆ မှ ၃၀ စက္ကန့် : ရ.၅၀ (excluding tax)
– ၃၁ မှ ၄၅ စက္ကန့် : ၁၁.၂၅ ကျပ် (excluding tax)
– ၄၆ မှ ၆၀ စက္ကန့် : ၁၅ ကျပ် (excluding tax)

Swe Thahar

၁။ အသစ်ပြင်ဆင်လိုက်တဲ့ ဆွေသဟာအစီအစဉ်ဈေးနှုန်း ဆိုတာဘာပါလဲ။

  •  MPT GSM/WCDMA SIM Card အသစ်စတင်အသုံးပြုသူတိုင်းသည် ဆွေသဟာအစီအစဉ်ကို အလိုအလျောက်ရယူထားပြီးဖြစ်၍ ဖုန်းအသုံးပြုမှုများအတွက် အောက်ဖော်ပြပါနှုန်းထားများအတိုင်းကျသင့်စေမည်ဖြစ်ပါသည်။

– မည်သည့်ပြည်တွင်းဖုန်းနံပါတ်သို့မဆိုဖုန်းခေါ်ဆိုခ – ၁မိနစ် = ၂၇ကျပ်
– မည်သည့်ပြည်တွင်းဖုန်းနံပါတ်သို့မဆို SMSပေးပို့ခ – ၁စောင် = ၁၅ကျပ်
– အင်တာနက်အသုံးပြုခ – 1MB = ၇ကျပ်

  • လက်ရှိတွင် ဆွေသဟာအစီအစဉ်အသုံးပြုနေသူများသည်လည်း နိုဝင်ဘာလ(၂၃)ရက်မှစပြီး အထက်ပါနှုန်းထားများအတိုင်းကျသင့်မည်ဖြစ်ပါသည်။

၂။ အလွန်သက်သာတဲ့နှုန်းထားနဲ့ အသုံးပြုလိုပါတယ်။ ဘယ်ဝန်ဆောင်မှုကို ရယူသင့်ပါသလဲ။

– ပိုမိုသက်သာသောနှုန်းထားဖြင့်ဖုန်းခေါ်ဆိုလိုပါက Prepaid စနစ်အသုံးပြုနေသူများသည် *234*4#ကိုလည်းကောင်း၊ Postpaid စနစ်အသုံးပြုနေသူများသည် *235*4#ကိုလည်းကောင်း ရွှေစကားအစီအစဉ်ကိုရယူပါ။ MPTဖုန်းများသို့ခေါ်ဆိုခ ၁မိနစ်=၁၀ကျပ်၊ အင်တာနက်အသုံးပြုခ 1MB=၈ကျပ်နှုန်းကျသင့်ပါမည်။
– 1MB=ဝ.၉ကျပ်အထိ သက်သာသောနှုန်းထားများဖြင့်အင်တာနက်အသုံးပြုရန်၊ MPTဖုန်းများသို့ ၁မိနစ်=၅ကျပ်အထိသက်သာသောနှုန်းထားများဖြင့် ဖုန်းခေါ်ဆိုရန် *555#ကိုခေါ်ဆိုပြီး ဝန်ဆောင်မှုများရွေးချယ်ရယူပါ။
– ဈေးနှုန်းအလွန်သက်သာသော MPT Data Package များကို ရွေးချယ်ဝယ်ယူရန် *7777#ကိုခေါ်ဆိုပါ။
– ဈေးနှုန်းအလွန်သက်သာသော MPT Voice Package များကို ရွေးချယ်ဝယ်ယူရန် *600#ကိုခေါ်ဆိုပါ။
– ဖုန်းဘေလ်ကို ငါးဆတိုးပြီး MPT ဖုန်းများသို့ဖုန်းခေါ်ခြင်းနှင့် SMS ပို့ခြင်း၊ အင်တာနက်သုံးခြင်းတို့ပြုလုပ်လိုပါက *500#ကိုခေါ်ဆိုပြီး ထောဘီဖုန်းဘေလ်များလဲလှယ်ရယူပါ။

၃။ အခြားအစီအစဉ်(Price Plan) တစ်ခုကို ပြောင်းလို့ရပါသလား။

– ကြိုက်နှစ်သက်ရာ Price Plan ကိုပြောင်းလဲနိုင်ပါသည်။ ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်လျှင် Price Plan ပြောင်းလဲမှု အများဆုံးတစ်ကြိမ်ပြုလုပ်နိုင်ပါသည်။
– Price Plan ပြောင်းလဲမှုကိုအခမဲ့ပြုလုပ်နိုင်ပါသည်။
– အသေးစိတ်ကိုအောက်ပါဇယားတွင် ကြည့်ရှုပါ။

Plan Name Cost To Subscribe
Prepaid Postpaid
ရွှေစကား အခမဲ့ *234*4# သို့ခေါ်ဆိုပါ။ *235*4#  သို့ခေါ်ဆိုပါ။
ရှယ်ပြော အခမဲ့ *234*3#  သို့ခေါ်ဆိုပါ။ *235*3#  သို့ခေါ်ဆိုပါ။
ဆွေသဟာ အခမဲ့ *234*2#  သို့ခေါ်ဆိုပါ။ *235*2#  သို့ခေါ်ဆိုပါ

၄။ ဆွေသဟာအစီအစဉ်အသုံးပြုနေစဉ်မှာ Data Package နဲ့ Voice Packageတွေ ဝယ်ယူအသုံးပြုနေပါတယ်။ အခြားPrice Plan ကိုပြောင်းလိုက်ရင် ဘာဖြစ်သွားမှာပါလဲ။

  • Price Planပြောင်းလဲလိုက်ပါကလည်း လက်ရှိအသုံးပြုလျက်ရှိသော Packageများကို ဆက်လက်အသုံးပြုနိုင်ပါမည်။ အလေအလွင့်တစ်စုံတစ်ရာရှိမည်မဟုတ်ပါ။

၅။ ဘယ်Price Plan ကို သုံးနေတယ်ဆိုတာကို ဘယ်လိုစစ်ဆေးကြည့်နိုင်ပါသလဲ။

*224#ကိုဖုန်းခေါ်ဆိုပြီး လက်ရှိအသုံးပြုနေသော Price Plan ကိုစစ်ဆေးကြည့်နိုင်ပါသည်။