MPT Myanmar | Moving Myanmar Forward FTTH General Trouble Shooting mm - MPT Myanmar | Moving Myanmar Forward
×

1)  When you experience slow internet or disconnection?

2) How to change username and password ?

(Huawei ONU)

3)  How to change username and password ?

(ZTE ONU)

MPT ၏ အိမ်သုံးအင်တာနက် ဝန်ဆောင်မှု

FTTH အခက်ခဲများ ဖြေရှင်းခြင်း လမ်းညွှန်

လူကြီးမင်း ၏ အင်တာနက် (သို့) လိုင်းဆွဲအားနှေးနေပါက ပထမဦးစွာ အောက်ပါနည်းလမ်းများကို လုပ်ဆောင်ပေးပါ။

STEP-1

ပါဝါ အချက်ပြမီးကို စစ်ဆေးပါ။

Router ပေါ်တွင်ရှိသော ပါဝါ အချက်ပြမီးသည် အစိမ်းရောင်ဖြစ်ရမည်။ အကယ်၍ အချက်ပြမီးမလာပါက ပါဝါကြိုးသွင်းရာ နေရာကို စစ်ဆေးပါ။

STEP-2

ပါဝါ ဖွင့်၊ ပိတ် လုပ်ပါ

အင်တာနက် အသုံးပြုနေချိန်တွင် လိုင်းမတည်ငြိမ်ပါက router မှ ပါဝါ ခလုတ်ကို အဖွင့် အပိတ် လုပ်ပေးပါ။

STEP-3

Wi-fi router နှင့် ချိတ်ဆက်ထားသော စက်ပစ္စည်း အရေအတွက်ကို စစ်ဆေးပါ

၁၀ မီပါဘိုက်၊ ၂၅ မီပါဘိုက် နှင့် ၅၀ မီပါဘိုက် တို့အတွက် တစ်ပြိုင်နက် အသုံးပြုနိုင်သော စက်ပစ္စည်းအရေအတွက်မှာ အများဆုံး ၁၀ လုံးသာ ဖြစ်ပါသည်

STEP-4

ငွေပေးချေမှုကို စစ်ဆေးပါ

သုံးစွဲသူမှ ငွေပေးချေမှုကို အချိန်မှီ မပေးဆောင်နိုင်ပါက လိုင်းယာယီ ဖြတ်တောက်မည် ဖြစ်ပါသည်။ ထို့ကြောင့် ကျေးဇူးပြု၍ ငွေပေးချေမှုကို စစ်ဆေးပေးပါ။
သုံးစွဲသူမှ အင်တာနက်ကို ဆက်လက် အသုံးမပြုနိုင်တော့ပါက ကျေးဇူးပြု၍ ဝန်ဆောင်မှု hot line ၁၀၆ (MPT ဖုန်းများသာ) (သို့မဟုတ်) ၀၁-၂၃၉၉၁၀၆ (အခြားသော ဖုန်းများ) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

FTTH Fiber To The Home အခြေခံ ပြဿနာ ဖြေရှင်းနည်း Click here>>> PDF link

MPT ၏ အိမ်သုံးအင်တာနက် ဝန်ဆောင်မှု

ဝိုင်ဖိုင် username နှင့် password ပြောင်းရန် လမ်းညွှန်

HUAWEI ONU သုံးစွဲသူများအတွက်,

သုံးစွဲသူမှ ဝိုင်ဖိုင် username နှင့် password ကို ပြောင်းလဲလိုလျှင် ကျေးဇူးပြု၍ hotline no 2800 သို့ ဖုန်းခေါ်ဆိုမှု ပြုလုပ်ပေးပါ။ MPT နည်းပညာ အဖွဲ့မှ သုံးစွဲသူထံသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမည် ဖြစ်ပြီး သုံးစွဲသူအနေဖြင့် အောက်ပါ လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။

STEP-1

FTTH ဝန်ဆောင်မှု၏ LAN network (သို့) wireless network ကို ချိတ်ဆက်ပေးပါ။

ကျေးဇူးပြု၍ uername နှင့် password ပြောင်းရန် FTTH ဝန်ဆောင်မှု၏ LAN network (သို့) wireless network ကို ချိတ်ဆက်ပေးပါ။

ONU Log-in page သို့ သွားပါ။

Web browser ကို ဖွင့် ၍ 192.168.100.1 ကို ရိုက်ထည့်ပါ။

STEP-2

Username နှင့် password ရိုက်ထည့်ပါ။

MPTမှ သုံးစွဲသူကို username နှင့် password တစ်ကြိမ် ရိုက်ထည့်ရန် ထောက်ပံ့ပေးမည် ဖြစ်ပါသည်။ ကျေးဇူးပြု ၍ သုံးစွဲသူမှ username နှင့် password ကို ရိုက်ထည့်ပါ။

STEP-3

WLAN Tab ကို ရွေးပါ။

Username နှင့် password အသစ်ပြုလုပ်ရန် “WLAN” tab သို့ သွားပါ။

STEP-4

Wifi username နှင့် password အသစ်ကို ရိုက်ထည့်ပါ။

ဝိုင်ဖိုင် username အသစ်ကို “SSID Name” ထဲတွင် ရိုက်ထည့်ပါ။

ဝိုင်ဖိုင် password အသစ်ကို “WPA PresharedKey:” ထဲတွင် ရိုက်ထည့်ပါ။

STEP-5

Wifi username နှင့် password အသစ်ကို အသုံးပြုပါ။

Wifi username နှင့် password အသစ်ကို အသုံးပြုရန် Apply ကို နှိပ်ပါ။

STEP-6

Wifi-router ကို reboot ပြုလုပ်ပါ။

လူကြီးမင်း ၏ wifi-router တွင် reboot ဖြစ်ရန် power on-off ခလုတ်ကို ၂ ချက်နှိပ်ပေးပါ။

STEP-7

Wifi connection ကို စစ်ဆေးပါ။

လူကြီးမင်း ၏ စက်တွင် ဝိုင်ဖိုင် ကို ချိတ်ဆက်ပြီး အင်တာနက် ပြန်သုံးကြည့်ပါ။

ဝိုင်ဖိုင်နှင့် အင်တာနက် ချိတ်ဆက်ရန် အခက်အခဲ ဖြစ်နေသေးပါက ကျေးဇူးပြု၍ hotline no 2800 သို့ ဖုန်းခေါ်ဆိုမှု ပြုလုပ်ပေးပါ။

HUAWEI ONU  Wifi Setting Guide Click here>>> PDF link

MPT ၏ အိမ်သုံးအင်တာနက် ဝန်ဆောင်မှု

ဝိုင်ဖိုင် username နှင့် password ပြောင်းရန် လမ်းညွှန်

ZTE ONU သုံးစွဲသူများအတွက်

သုံးစွဲသူမှ ဝိုင်ဖိုင် username နှင့် password ကို ပြောင်းလဲလိုလျှင် ကျေးဇူးပြု၍ hotline no 2800 သို့ ဖုန်းခေါ်ဆိုမှု ပြုလုပ်ပေးပါ။ MPT နည်းပညာ အဖွဲ့မှ သုံးစွဲသူထံသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမည် ဖြစ်ပြီး သုံးစွဲသူအနေဖြင့် အောက်ပါ လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။

STEP-1

FTTH ဝန်ဆောင်မှု၏ LAN network (သို့) wireless network ကို ချိတ်ဆက်ပေးပါ။

ကျေးဇူးပြု၍ username နှင့် password ပြောင်းရန် FTTH ဝန်ဆောင်မှု၏ LAN network (သို့) wireless network ကို ချိတ်ဆက်ပေးပါ။

STEP-2

ONU Log-in page သို့ သွားပါ။

Web browser ကို ဖွင့် ၍ 192.168.100.1 ကို ရိုက်ထည့်ပါ။

STEP-3

Username နှင့် password ကို Log-in ဝင်ပါ။

MPT၏ နည်းပညာအဖွဲ့မှ သုံးစွဲသူကို username နှင့် password တစ်ကြိမ် ရိုက်ထည့်ရန် ထောက်ပံ့ပေးမည် ဖြစ်ပါသည်။ ကျေးဇူးပြု ၍ username နှင့် password ရိုက်ထည့်ပါ။

STEP-4

WLAN Tab ကို ရွေးပါ။

“WLAN” tab သို့ သွား ၍ ဝိုင်ဖိုင်username အသစ်ပြုလုပ်ရန် “SSID Settings” ကို ရွေးပါ။

STEP-5

Wifi username အသစ်ကို ပြုလုပ်ပါ။

Input your new wifi-username in “SSID Name:” Box.
ဝိုင်ဖိုင် username အသစ်ကို “SSID Name” ထဲတွင် ရိုက်ထည့်ပါ။

Click “Submit” to complete your new wifi-username setting.
ဝိုင်ဖိုင် username အသစ် ရိုက်ထည့်ပြီးနောက် “Submit” ကို နှိပ်ပါ။

STEP-6

WLAN Tab ကို ရွေးပါ။

“WLAN” tab သို့ သွား ၍ ဝိုင်ဖိုင်password အသစ်ပြုလုပ်ရန် “Security” ကို ရွေးပါ။

STEP-7

ဝိုင်ဖိုင် username အသစ်ကို ပြုလုပ်ပါ။

ဝိုင်ဖိုင် password အသစ်ကို “WPA Passphrase” ထဲတွင် ရိုက်ထည့်ပါ။

ဝိုင်ဖိုင် password အသစ် ရိုက်ထည့်ပြီးနောက် “Submit” ကို နှိပ်ပါ။

STEP-8

Wifi-router ကို reboot ပြုလုပ်ပါ။

လူကြီးမင်း၏ ဝိုင်ဖိုင် router တွင် reboot ဖြစ်ရန် power on-off ခလုတ်ကို ၂ ချက် ဆက်တိုက် နှိပ်ပေးပါ။

STEP-9

ဝိုင်ဖိုင် connection ကို စစ်ဆေးပါ။

လူကြီးမင်း ၏ စက်တွင် ဝိုင်ဖိုင် ကို ချိတ်ဆက်ပြီး အင်တာနက် ပြန်သုံးကြည့်ပါ။

ဝိုင်ဖိုင်နှင့် အင်တာနက် ချိတ်ဆက်ရန် အခက်အခဲ ဖြစ်နေသေးပါက ကျေးဇူးပြု၍ hotline no 2800 သို့ ဖုန်းခေါ်ဆိုမှု ပြုလုပ်ပေးပါ။

ZTE ONU Wifi Setting Guide Click here>>> PDF link