MPT Myanmar | Moving Myanmar Forward Postpaid မှ Prepaid ဝန်ဆောင်မှု သို့ ပြောင်းလဲခြင်း - MPT Myanmar | Moving Myanmar Forward
×

Postpaid မှ Prepaid သို့ ပြောင်းလဲခြင်းဆိုတာဘာလဲ။

Postpaid မှ Prepaid သို့ ပြောင်းလဲခြင်းဆိုသည်မှာ ယခုလက်ရှိတွင် Postpaid ဝန်ဆောင်မှုစနစ် (အသုံးပြုပြီးနောက်လတွင် ထွက်ရှိလာသည့် invoice အားငွေပေးချေရသည့်စနစ်) မှ Prepaid ဝန်ဆောင်မှုစနစ် (ဖုန်းဘေလ်ကြိုတင်ဖြည့်ပြီး အသုံးပြုရသည့်စနစ်) သို့ ပြောင်းလဲခြင်း ကို ဆိုလိုပါသည်။

Postpaid to Prepaid ပြောင်းလဲခြင်းကို ဘယ်လိုလုပ်လို့ရမလဲ။

နိုဝင်ဘာလ (၁)ရက်နေ့ မှစတင်ပြီး

(က) ရန်ကုန်မြို့ရှိ Mobile သုံးစွဲသူများသည် ရန်ကုန်မြို့ရှိ (လမ်း ၄၀ ရုံး)နှင့် ဆူးလေ၊ အလုံ နှင့် အင်းစိန် တယ်လီဖုန်းအခွန်ဌာန (TRA) များတွင် လျှောက်လွှာပုံစံ ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။

(ခ) အခြားနယ်များမှ Mobile သုံးစွဲသူများသည် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးဌာနများ တွင် လျှောက်ထားနိုင်ပါသည်။

(ဂ) ရန်ကုန်မြို့ရှိ PSTN သုံးစွဲသူများသည် ရန်ကုန်မြို့ရှိ (လမ်း ၄၀ ရုံး)  တွင် လျှောက်ထားနိုင်ပါသည်။

ရန်ကုန်မြို့ရှိ Postpaid to Prepaid ပြောင်းလဲခြင်းကို လက်ခံဆောင်ရွက်ပေးနေသော ရုံးလိပ်စာများ သိချင်ပါတယ်။

လမ်း(၄၀) ရုံး – အမှတ်(၁၀၃)၊ လမ်း(၄၀)၊ စီးပွားရေးဌာန၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ်- ၀၁-၂၅၂၃၂၂၊ ၀၁-၂၅၄၂၅၄ သို့ ဆက်သွယ်နိုင်ပါသည်။

ဆူးလေရုံး – အမှတ် (၄၆၅/၄၆၉)၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

အလုံရုံး -အမှတ်(၁၈၉)၊ အောက်ကြည့်မြင်တိုင်လမ်းနှင့်သစ်တောလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

အင်းစိန်ရုံး – အမှတ်(၂)၊ လှိုင်မြင့်လမ်း၊ အရှေ့ရွာမ၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

 

Postpaid to Prepaid ပြောင်းလဲခြင်းကို ဘယ်အချိန်တွေမှာ လုပ်လို့ရမလဲ

တနင်္လာနေ့မှ သောကြာနေ့အထိ (အစိုးရရုံးပိတ်ရက်များမှအပ) မနက် (၉:၃၀) နာရီ မှ နေ့လည် (၂:၀၀) နာရီအတွင်း သွားရောက်လျှောက်ထားနိုင်ပါတယ်။

Postpaid to Prepaid ပြောင်းလဲခြင်းအား လျှောက်ထားရန် ဘာစာရွက်စာတမ်းတွေ လိုအပ်မလဲ။   

၁- နိုင်ငံသားစီစစ်ရေးကဒ်ပြားမိတ္တူ။

၂- မူရင်းပိုင်ဆိုင်မှုအထောက်အထားစာချုပ်/စာအုပ်။

၃- ကိုယ်စားလှယ်လွှဲစာ၊    မူရင်းပိုင်ရှင်၏     နိုင်ငံသားစီစစ်ရေးကဒ်ပြားမူရင်း (မူရင်းပိုင်ရှင်ကိုယ်စား လျှောက်ထားလာမှုအတွက်)။

 

Postpaid to Prepaid ပြောင်းလဲခြင်းအား လျှောက်ထားရန် ဘယ်လောက်ပေးဆောင်ရမလဲ။

Postpaid to Prepaid ပြောင်းလဲခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ပါ။

သုံးစွဲသူမှ Postpaid မှ Prepaid ပြောင်းလဲခြင်း မပြုလုပ်မှီ အောက်ဖော်ပြပါအတိုင်း ငွေပေးဆောင်ရမည်။

၁)Postpaid စနစ်အသုံးပြုစဉ်ကာလအတွင်း ထွက်ရှိထားသော လစဉ်ကြေးများ အားလုံး နှင့်

၂) နောက်လတွင် ထွက်ရှိလာမည့် လစဉ်ကြေးငွေတောင်းခံလွှာများအတွက် ကြိုတင်ငွေ

  • လစဉ် (၁)ရက်နေ့မှ (၆)ရက်နေ့အတွင်း လျှောက်ထားပါက နောက်ဆုံးထွက်ရှိထားသော လစဉ်ငွေတောင်းခံလွှာ၏ သုံးလစာနှင့်ညီမျှသော ကြိုတင်ငွေ
  • လစဉ် (၇)ရက်နေ့မှ လတစ်လ၏ နောက်ဆုံးရက်နေ့အတွင်း လျှောက်ထားပါက နောက်ဆုံးထွက်ရှိထားသော လစဉ်ကြေး၏ နှစ်လစာနှင့်ညီမျှသော ကြိုတင်ငွေ

Postpaid to Prepaid ကို ပြောင်းလဲရန် အချိန်ဘယ်လောက်ကြာမလဲ

သုံးစွဲသူမှ လိုအပ်သော စာရွက်စာတမ်းများထောက်ပံ့ခြင်း၊ လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်ပေးခြင်း၊ထွက်ရှိပြီးသော လစဉ်ငွေတောင်းခံလွှာအားလုံး နှင့် သတ်မှတ်ထားသော ကြိုတင်ငွေများ ပေးချေပြီးပါက  ရုံးဖွင့်ရက် တစ်ရက်အတွင်း Postpaid to Prepaid ကို ပြောင်းလဲပေးပါမည်။

Postpaid account တွင် ပိုနေသည့်ငွေနှင့် လိုသည့်ငွေများအား ရှိပါက မည်သို့ပြုလုပ်မည်နည်း။

Postpaid မှ Prepaid သို့ ပြောင်းလဲရန် လျှောက်ထားသည့်အချိန်တွင် ပေးသွင်းခဲ့သော ကြိုတင်ငွေထဲမှ နောက်လတွင်ထွက်ရှိလာမည့် ငွေတောင်းခံလွှာကို ခုနှိမ်ပြီးနောက် Postpaid စနစ် အသုံးပြုစဉ်ကာလ တွင် ကြွေးကျန် ကျန်ရှိနေသေးပါက MPT မှ စာတိုပေးပို့ပြီး အဆိုပါ ကြွေးကျန်အား Prepaid account ထဲသို့ ပြောင်းရွှေ့သွားမည် ဖြစ်ပြီး Prepaid လက်ကျန်ငွေထဲမှ ဖြတ်တောက်သွားမည်။

Postpaid account တွင် ကြိုတင်ငွေ ကျန်ရှိနေပါက MPT မှ စာတိုပေးပို့ပြီး အဆိုပါ ကြိုတင်ငွေ လက်ကျန်အား Prepaid account ထဲသို့ ပြောင်းရွှေ့ပေး သွားမည် ဖြစ်သည်။

Frequently Asked Questions

၁ ။ Postpaid မှ Prepaid သို့ ပြောင်းလဲခြင်းဆိုတာဘာလဲ။

Postpaid မှ Prepaid သို့ ပြောင်းလဲခြင်းဆိုသည်မှာ ယခုလက်ရှိတွင် Postpaid ဝန်ဆောင်မှုစနစ် (အသုံးပြုပြီးနောက်လတွင် ထွက်ရှိလာသည့် invoice အားငွေပေးချေရသည့်စနစ်) မှ Prepaid ဝန်ဆောင်မှုစနစ် (ဖုန်းဘေလ်ကြိုတင်ဖြည့်ပြီး အသုံးပြုရသည့်စနစ်) သို့ ပြောင်းလဲခြင်း ကို ဆိုလိုပါသည်။

၂ ။ Postpaid to Prepaid ပြောင်းလဲခြင်းကို ဘယ်လိုလုပ်လို့ရမလဲ?

နိုဝင်ဘာလ (၁)ရက်နေ့ မှစတင်ပြီး

(က) ရန်ကုန်မြို့ရှိ Mobile သုံးစွဲသူများသည် ရန်ကုန်မြို့ရှိ (လမ်း ၄၀ ရုံး)နှင့် ဆူးလေ၊ အလုံ နှင့် အင်းစိန် တယ်လီဖုန်းအခွန်ဌာန (TRA) များတွင် လျှောက်လွှာပုံစံ ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။

(ခ) အခြားနယ်များမှ Mobile သုံးစွဲသူများသည် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးဌာနများ တွင် လျှောက်ထားနိုင်ပါသည်။

(ဂ) ရန်ကုန်မြို့ရှိ PSTN သုံးစွဲသူများသည် ရန်ကုန်မြို့ရှိ (လမ်း ၄၀ ရုံး) သို့ တွင် လျှောက်ထားနိုင်ပါသည်။

၃ ။ ရန်ကုန်မြို့ရှိ Postpaid to Prepaid ပြောင်းလဲခြင်းကို လက်ခံဆောင်ရွက်ပေးနေသော ရုံးလိပ်စာများ သိချင်ပါတယ်။

လမ်း(၄၀) ရုံး – အမှတ်(၁၀၃)၊ လမ်း(၄၀)၊ စီးပွားရေးဌာန၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ်- ၀၁-၂၅၂၃၂၂၊ ၀၁-၂၅၄၂၅၄ သို့ ဆက်သွယ်နိုင်ပါသည်။

ဆူးလေရုံး – အမှတ် (၄၆၅/၄၆၉)၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

အလုံရုံး -အမှတ်(၁၈၉)၊ အောက်ကြည့်မြင်တိုင်လမ်းနှင့်သစ်တောလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

အင်းစိန်ရုံး – အမှတ်(၂)၊ လှိုင်မြင့်လမ်း၊ အရှေ့ရွာမ၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

၄ ။ Postpaid to Prepaid ပြောင်းလဲခြင်းကို ဘယ်အချိန်တွေမှာ လုပ်လို့ရမလဲ?

တနင်္လာနေ့မှ သောကြာနေ့အထိ (အစိုးရရုံးပိတ်ရက်များမှအပ) မနက် (၉:၃၀) နာရီ မှ နေ့လည် (၂:၀၀) နာရီအတွင်း သွားရောက်လျှောက်ထားနိုင်ပါတယ်။

၅ ။ Postpaid to Prepaid ပြောင်းလဲခြင်းအား လျှောက်ထားရန် ဘာစာရွက်စာတမ်းတွေ လိုအပ်မလဲ?

၁- နိုင်ငံသားစီစစ်ရေးကဒ်ပြားမိတ္တူ။

၂- မူရင်းပိုင်ဆိုင်မှုအထောက်အထားစာချုပ်/စာအုပ်။

၃- ကိုယ်စားလှယ်လွှဲစာ၊    မူရင်းပိုင်ရှင်၏     နိုင်ငံသားစီစစ်ရေးကဒ်ပြားမူရင်း (မူရင်းပိုင်ရှင်ကိုယ်စား လျှောက်ထားလာမှုအတွက်)။

၆ ။ Postpaid to Prepaid ပြောင်းလဲခြင်းအား လျှောက်ထားရန် ဘယ်လောက်ပေးဆောင်ရမလဲ?

Postpaid to Prepaid ပြောင်းလဲခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ပါ။

သုံးစွဲသူမှ Postpaid မှ Prepaid ပြောင်းလဲခြင်း မပြုလုပ်မှီ အောက်ဖော်ပြပါအတိုင်း ငွေပေးဆောင်ရမည်။

၁)Postpaid စနစ်အသုံးပြုစဉ်ကာလအတွင်း ထွက်ရှိထားသော လစဉ်ကြေးများ အားလုံး နှင့်

၂) နောက်လတွင် ထွက်ရှိလာမည့် လစဉ်ကြေးငွေတောင်းခံလွှာများအတွက် ကြိုတင်ငွေ

  • လစဉ် (၁)ရက်နေ့မှ (၆)ရက်နေ့အတွင်း လျှောက်ထားပါက နောက်ဆုံးထွက်ရှိထားသော လစဉ်ငွေတောင်းခံလွှာ၏ သုံးလစာနှင့်ညီမျှသော ကြိုတင်ငွေ
  • လစဉ် (၇)ရက်နေ့မှ လတစ်လ၏ နောက်ဆုံးရက်နေ့အတွင်း လျှောက်ထားပါက နောက်ဆုံးထွက်ရှိထားသော လစဉ်ကြေး၏ နှစ်လစာနှင့်ညီမျှသော ကြိုတင်ငွေ

၇ ။ Postpaid to Prepaid ကို ပြောင်းလဲရန် အချိန်ဘယ်လောက်ကြာမလဲ။

သုံးစွဲသူမှ လိုအပ်သော စာရွက်စာတမ်းများထောက်ပံ့ခြင်း၊ လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်ပေးခြင်း၊ထွက်ရှိပြီးသော လစဉ်ငွေတောင်းခံလွှာအားလုံး နှင့် သတ်မှတ်ထားသော ကြိုတင်ငွေများ ပေးချေပြီးပါက  ရုံးဖွင့်ရက် တစ်ရက်အတွင်း Postpaid to Prepaid ကို ပြောင်းလဲပေးပါမည်။

၈ ။ Postpaid account တွင် ပိုနေသည့်ငွေနှင့် လိုသည့်ငွေများအား ရှိပါက မည်သို့ပြုလုပ်မည်နည်း။

Postpaid မှ Prepaid သို့ ပြောင်းလဲရန် လျှောက်ထားသည့်အချိန်တွင် ပေးသွင်းခဲ့သော ကြိုတင်ငွေထဲမှ နောက်လတွင်ထွက်ရှိလာမည့် ငွေတောင်းခံလွှာကို ခုနှိမ်ပြီးနောက် Postpaid စနစ် အသုံးပြုစဉ်ကာလ တွင် ကြွေးကျန် ကျန်ရှိနေသေးပါက MPT မှ စာတိုပေးပို့ပြီး အဆိုပါ ကြွေးကျန်အား Prepaid account ထဲသို့ ပြောင်းရွှေ့သွားမည် ဖြစ်ပြီး Prepaid လက်ကျန်ငွေထဲမှ ဖြတ်တောက်သွားမည်။Postpaid account တွင် ကြိုတင်ငွေ ကျန်ရှိနေပါက MPT မှ စာတိုပေးပို့ပြီး အဆိုပါ ကြိုတင်ငွေ လက်ကျန်အား Prepaid account ထဲသို့ ပြောင်းရွှေ့ပေး သွားမည် ဖြစ်သည်။