- ယခု ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုအသစ်သည် လစဉ်ငွေတောင်းခံလွှာများ ရရှိသော Postpaid Service နှင့် FTTH သုံးစွဲသူများအတွက် ပိုမို အဆင်ပြေ လွယ်ကူစွာဖြင့် ငွေပေးချေမှုများအား အချိန်မှီ ပေးသွင်းနိုင်ရန် အတွက် ရည်ရွယ်ပါသည်။
- Postpaid service (PSTN, GSM, CDMA, ADSL , IP Star) များအပြင် FTTH သုံးစွဲသူများအားလုံး သည် ဤငွေပေးချေမှု ဝန်ဆောင်မှု အသစ်ဖြင့် ပေးဆောင်နိုင်မည် ဖြစ်ပါသည်။
- ငွေပေးချေရန် MPT GSM Prepaid Mobile ဖုန်းအသုံးပြုပြီး ပေးဆောင်ပါက ငွေဖြည့်ကတ် (သို့) Prepaid ဖုန်းလက်ကျန်ငွေ ဖြင့် ပေးဆောင်နိုင်မည်ဖြစ်ပြီး MPT GMS Postpaid Mobile ဖုန်း အသုံးပြုပြီး ပေးဆောင်ပါက ငွေဖြည့်ကတ်ဖြင့်သာ ပေးဆောင်နိုင်မည် ဖြစ်ပါသည်။
- ယခု ဝန်ဆောင်မှုအား စတင်မိတ်ဆက်ခြင်း ပရိုမိုးရှင်း အနေဖြင့် ဝန်ဆောင်ခ ပေးရန်မလိုပဲ ကြေငြာချက် ထပ်မံမထုတ်ပြန်ချိန်အထိ သုံးစွဲနိုင်မည် ဖြစ်ပြီး ထို့နောက် ငွေပေးချေမှုအပေါ်တွင် ဝန်ဆောင်ခအား သတ်မှတ် ကောက်ခံသွားမည်ဖြစ်ပါသည်။
လစဉ်ငွေတောင်းခံလွှာများကို ဖုန်းငွေဖြည့်ကတ် (သို့) ဖုန်းလက်ကျန်ငွေ မှ တစ်ဆင့် ပေးဆောင်နိုင်ပါပြီ။

Postpaid Service နှင့် FTTH ဝန်ဆောင်မှုအားလုံး၏ နောက်ဆုံးထွက်ရှိထားသော လစဉ်ငွေတောင်းခံလွှာများကို E-invoice ဖြင့် SMS မှ တစ်ဆင့် ရယူလိုပါက *260# သို့ ဖုန်းခေါ်ဆိုကာ ငွေစာရင်းအမှတ် ထည့်သွင်း၍ ရယူနိုင်ပါသည်။
ထပ်ဆောင်းဝန်ဆောင်ခ ပေးဆောင်ရန် မလိုပါ။
Frequently Asked Questions
၁။ လစဉ်ငွေတောင်းခံလွှာများကို ဖုန်းငွေဖြည့်ကတ် (သို့) ဖုန်းလက်ကျန်ငွေဖြင့် ပေးဆောင်နိုင်တယ် ဆိုတာ ဘာလဲ?
Postpaid လစဉ်ကျသင့်ငွေတောင်းခံလွှာများအား ဖုန်းလက်ကျန်ငွေ မှဖြစ်စေ (Prepaid SIM) (သို့) ဖုန်းငွေဖြည့်ကတ်ဖြင့် ဖြစ်စေ (Prepaid/Postpaid SIM) များဖြင့် MPT GSM မိုလ်ဘိုင်းဖုန်းအား အသုံးပြုပြီး ငွေပေးချေနိုင်သော ဝန်ဆောင်မှု အသစ်ဖြစ်ပါသည်။
၂။ ငွေပေးချေမှု ဝန်ဆောင်မှု အသစ်ဖြင့် မည်သည့် လစဉ်ငွေတောင်းခံလွှာများကို ပေးဆောင်နိုင်ပါသလဲ ?
MPT Postpaid Service (PSTN, ADSL, GSM, CDMA, IPStar) နှင့် FTTH ဝန်ဆောင်မှု အမျိုးအစားအားလုံး ကို ပေးဆောင်နိုင်ပါသည်။
၃။ ယခု ငွေပေးချေမှု ဆိုင်ရာ ဝန်ဆောင်မှု အသစ်ကို အသုံးပြုသည့်အတွက် ဝန်ဆောင်ခရှိပါသလား?
ယခု ဝန်ဆောင်မှုအား စတင်မိတ်ဆက်ခြင်း ပရိုမိုးရှင်း အနေဖြင့် ဝန်ဆောင်ခ ပေးရန်မလိုပဲ ကြေငြာချက် ထပ်မံမထုတ်ပြန်ချိန်အထိ သုံးစွဲနိုင်မည် ဖြစ်ပြီး ထို့နောက် ငွေပေးချေမှုအပေါ်တွင် ဝန်ဆောင်ခအား သတ်မှတ် ကောက်ခံသွားမည်ဖြစ်ပါသည်။
၄။ MPT GSM မိုလ်ဘိုင်းဖုန်းနဲ့ ဘယ်လို ငွေပေးချေရမလဲ?
*258# ကို ဖုန်းခေါ်ဆိုပြီး လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ပါ။
၅။ငွေပေးချေရန် အခြား အော်ပရေတာများ၏ GSM မိုလ်ဘိုင်းဖုန်းများကို အသုံးပြုနိုင်ပါသလား?
MPT GSM မိုလ်ဘိုင်းဖုန်းအသုံးပြု၍သာ ပေးဆောင်နိုင်ပါသည်။
၆။ ငွေပေးချေပြီးပါက အောင်မြင်ခြင်း ရှိ မရှိ ဘယ်လိုသိရှိနိုင်မလဲ?
ငွေပေးချေမှု အောင်မြင်ပါက MPT မှ ငွေလက်ခံရရှိကြောင်း SMS ပေးပို့သွားမည်ဖြစ်ပါသည်။