MPT Myanmar | Moving Myanmar Forward 3Gဆင်းမ်ကတ်များကို 4G ဆင်းမ်ကတ်ဖြင့်လဲလှယ်ခြင်း - MPT Myanmar | Moving Myanmar Forward
×

2G/3G ဆင်းမ်ကတ်အဟောင်းများကို မြန်နှုန်းမြင့် 4G LTE+ဆင်းမ်ကတ်များဖြင့်လဲလှယ်ခြင်း

*106*5# ကိုဖုန်းခေါ်ဆိုပြီး သင်၏ ဆင်းမ်ကတ် 4G/LTE+ ဆင်းမ်ကတ်(USIM) ဖြစ်မဖြစ်ကိုစစ်ကြည့်ပါ။

 SMSဖြင့်သင်၏ဆင်းမ်ကတ်အမျိုးအစားကိုအကြောင်းကြားပေးပါသည်။ 2G/3G ဆင်းမ်ကတ်ဖြစ်ပါက

 3Gကွန်ရက်ထက်ပိုမိုမြန်ဆန်သောအရည်အသွေးမြင့် LTE+ကွန်ရက်ကိုအသုံးပြုရန် 4Gဆင်းမ်ကတ်အားလွယ်ကူစွာပြောင်းလဲလိုက်ပါ။

(၁) 4Gဆင်းမ်ကတ်ကိုအခမဲ့ပြောင်းလဲနိုင်ပါသည်။

(၂) မိမိ၏မူလဖုန်းနံပါတ်အတိုင်းပြန်လည်ရရှိပါသည်။

(၃) နီးစပ်ရာ MPT ပစ္စည်းအရောင်းဆိုင်များတွင်သွားရောက်လဲလှယ်နိုင်ပါသည်။ 4G ဆင်းမ်ကတ်လဲလှယ်နိုင်သော

      MPTဆိုင်များကိုဤလင့်ခ်တွင် (https://tinyurl.com/y2x9k7jw) ကြည့်ရှု့နိုင်ပါသည်။

(၄) 4G ဆင်းမ်ကတ်လဲလှယ်ခြင်းအတွက်နေ့ချင်းပြီးဆောင်ရွက်ပေးပါသည်။

(၅) MPT အရောင်းဆိုင်များသို့ 4G ဆင်းမ်ကတ်လဲလှယ်ရန် သွားရောက်မည်ဆိုပါက

       ၁။ သင်၏လဲလှယ်လိုသော 2G/3G ဆင်းမ်ကတ်

       ၂။ မှတ်ပုံတင် မူရင်း မိတ္တူ ယူသွားရန်လိုအပ်ပါသည်။

(၆) ၂၀၂၀ ဇူလိုင် ၁ မှစက်တင်ဘာ ၃၀ အထိ 4G ဆင်းကတ်လဲလှယ်ပြီးတစ်ပတ်အတွင်း 1GB ဒေတာလက်ဆောင်ရရှိနိုင်ပါသည်။

Frequently Asked Questions

၁။ 4G ဆင်းမ်ကတ် ဘာ့ကြောင့်လဲလှယ်ရန်လိုအပ်ပါသလဲ။

MPT ၏ ပိုမိုလျင်မြန်သော LTE+ network ကိုအသုံးပြုနိုင်ရန်ဖြစ်သည်။

၂။ LTE+ network ဆိုတာဘာလဲ။ 4G ဆင်းမ်ကတ်သုံးရင် 2G/3G ကတ်ထက်ပိုမိုကုန်ကျနိုင်လား။

LTE+ network သည် MPT ၏ ပိုမိုမြန်ဆန်သော အရည်အသွေးမြင့် LTE+ ကွန်ရက်ဖြစ်ပြီး Website များအားကြည့်ခြင်း ၊ High Definition ဗီဒီယိုများကြည့်ခြင်း၊

video ဖုန်းခေါ် ခြင်း ၊ အွန်လိုင်းဂိမ်းကစားခြင်း ၊ download ဆွဲခြင်း နှင့် ဓာတ်ပုံတင်ခြင်းများအား ယခင်ကထက်ပိုမိုလျင်မြန်စွာ လိုင်းအပြတ်အတောက်မရှိ၊ ရပ်တန့်သွားခြင်း

မကြုံရဘဲအဆင်ပြေစွာ ဆာင်ရွက်နိုင်ပါလိမ့်မည်။ 3G ကွန်ရက်ထက်ပိုမြန်သော်လည်း ဝန်ဆောင်ခပိုပေးစရာမလိုပါ။

၃။ သင်၏ဆင်းမ်ကတ်သည် 2G/3G လား 4G လားဘယ်လိုသိရှိနိုင်မလဲ။

*106*5#ကိုဖုန်းခေါ်ဆိုပါ။ SMS ဖြင့်သင်၏ဆင်းမ်ကတ်အမျိုးအစားကိုအကြောင်းကြားပေးပါသည်။ 2G/3G ဆင်းမ်ကတ်ဖြစ်ပါက 4G ဆင်းမ်ကတ်ပြောင်းလဲရန်လိုအပ်ပါသည်။

၄။ 4G ဆင်းမ်ကတ်ကိုဘယ်လိုပြောင်းလဲနိုင်ပါသလဲ။

အနီးဆုံးMPT ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ပြီး 4G ဆင်းကတ်ကို မိမိ၏မူလဖုန်းနံပါတ်အတိုင်း အခမဲ့လဲလှယ်နိုင်ပါသည်။

၅။ 4G ဆင်းမ်ကတ်လဲလှယ်နိုင်သည့်MPT ပစ္စည်းအရောင်းဆိုင်များမည်သည့်နေရာတွင်ရှိပါသနည်း။

အနီးဆုံး MPT branded shops များနှင့် ကိုယ်စားလှယ်ဆိုင်များစာရင်းကို ဤ link (https://tinyurl.com/y2x9k7jw) တွင်စစ်ဆေးနိုင်ပါသည်။

၆။ MPT အရောင်းဆိုင်များသို့ 4G ဆင်းမ်ကတ်လဲလှယ်ဖို့သွားလျင် ဘာတွေယူသွားဖို့လိုပါသလဲ။

(၁) သင်၏လဲလှယ်လိုသော 2G/3G ဆင်းမ်ကတ်

(၂) မှတ်ပုံတင် မူရင်းနှင့် မိတ္တူ ယူသွားရန်လိုအပ်ပါသည်

၇။ MPT အရောင်းဆိုင်များသို့ 4G ဆင်းမ်ကတ်လဲလှယ်ဖို့သွားလျင် အချိန်ဘယ်လောက်ကြာနိုင်ပါသလဲ။

4G ဆင်းမ်ကတ်လဲလှယ်ခြင်းအတွက်နေ့ချင်းပြီးဆောင်ရွက်ပေးပါသည်။ သို့သော် သွား ရောက်လျှောက်ထားသည့်ဆိုင်ပေါ်မူတည်၍ လူဦးရေ အနည်းအများပေါ်မူတည်၍ အချိန်ကြာကောင်းကြာနိုင်ပါသည်။

၈။ 4Gဆင်းမ်ကတ်လဲလှယ်ခြင်းအတွက် အခကြေးငွေပေးရန်လိုအပ်ပါသလား။

4Gဆင်းမ်ကတ်လဲလှယ်ခြင်းအတွက် အခမဲ့ဖြစ်ပါသည်။

၉။ မိမိ၏မူလဖုန်းနံပါတ်ပြောင်းလဲသွားနိုင်ပါသလား။

မပြောင်းလဲပါ။ မိမိ၏မူလဖုန်းနံပါတ်အတိုင်း 4Gဆင်းမ်ကတ်လဲလှယ်နိုင်ပါသည်။

၁၀။ MPT ၏ LTE network ကို ဘယ်လိုအသုံးပြုနိုင်ပါသလဲ။

MPT ၏ data package များဝယ်ယူပြီး LTE network ကိုအသုံးပြုလိုက်ပါ။ Data package အသေးစိတ်အား ဤ link (https://tinyurl.com/ycvyqg73) တွင်ကြည့်ရှုနိုင်ပါသည်။