MPT Myanmar | Moving Myanmar Forward Htaw B Video Contest Terms & Conditions MM - MPT Myanmar | Moving Myanmar Forward
×

ဒုတိယအပတ် ထောဘီ အကဗီဒီယိုပြိုင်ပွဲ၏ စည်းကမ်းသတ်မှတ်ချက်များ

ထောဘီ အက ဗီဒီယိုပြိုင်ပွဲသည် MPT မှ ကျင်းပသော ပြိုင်ပွဲဖြစ်ပြီး ၂၀၁၈၊ နိုဝင်ဘာ ၂၉ ရက်နေ့မှ ၂၀၁၈၊ ဒီဇင်ဘာ ၅ရက်နေ့၊ ညနေ ၅နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။
MPT နှင့် ဆက်စပ်နေသော ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါ။

စည်းကမ်းသတ်မှတ်ချက်များ

၁) ပါဝင်ယှဉ်ပြိုင်သူသည် ပြိုင်ပွဲဝင်ဗီဒီယိုကို မိမိ၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် သို့မဟုတ် Titktok အကောင့်တွင် hashtag #HtawBDance ဖြင့် Public ထားကာ တင်ပေးရမည်။

၂) ဗီဒီယိုများသည် ကိုယ်ပိုင်ဖြစ်ရမည်ဖြစ်ပြီး မသင့်လျော်သောဗီဒီယို မဖြစ်ရပါ။

၃) ပြိုင်ပွဲဝင် ဗီဒီယိုများသည် ပိုင်ရှင်၏ ခွင့်ပြုချက်ပါရမည်ဖြစ်ပြီး MPT မှ အခြေအနေအမျိုးမျိုးတွင် သုံးခွင့်ရှိသည်ဟု ယူဆပါမည်။

၄) ထောဘီ အကဗီဒီယိုပြိုင်ပွဲ ပထမအပတ်တွင် ဆုရရှိထားသူများသည် ယခုအပတ်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။

၅) ပထမအပတ်တွင် ပါဝင်ယှဉ်ပြိုင်ထားပြီး ဆုမရရှိသော ပြိုင်ပွဲဝင်များသည် ယခုဒုတိယအကြိမ် ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲဝင်ဗီဒီယိုအသစ်ဖြင့် ယှဉ်ပြိုင်ရမည်။

၆) ဒုတိအပတ်တွင် ဆုများကို အထူးဆု iPad Pro ၅ဆုနှင့် ၁၀,၀၀၀ တန် Htaw B balance ၂၅၀ ဆု ရွေးချယ်ပေးအပ်ပေးသွားမည်ဖြစ်သည်။

၇) Facebook နှင့် Tiktok တွင် ပြိုင်ပွဲဝင်ထားသော ပြိုင်ပွဲဝင် ဗီဒီယိုများထဲမှ Votes အများဆုံးရရှိသူ ၅ဦးကို အထူးဆုများဖြစ်သော iPad Pro များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ထိုဆုရှင်များမှာ စည်းမျဉ်းစည်းကမ်းများနှင့်လည်း ညီညွတ်ရမည်။ ကျန် Htaw B Balance ဆုများကို MPT မှ မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်သည်။

၈) အထူးဆုများနှင့် HtawB balance ဆုရရှိသူ စုစုပေါင်း ၂၅၅ယောက်ကို ဒီဇင်ဘာလ ၇ရက်တွင် MPT Official Facebook စာမျက်နှာ မှတစ်ဆင့် ကြေညာပေးသွားမည်။

၉) ယှဉ်ပြိုင်သူသည် votes အတုများ သုံးထားပါက သို့မဟုတ် စည်းမျဉ်းစည်းကမ်းနှင့် မညီညွတ်ပါက ပြိုင်ပွဲမှ အလိုအလျောက် နှုတ်ထွက်ရမည်ဖြစ်သည်။

၁၀) ပါဝင်ယှဉ်ပြိုင်သူသည် အထက်ပါ စည်းမျဉ်းစည်းကမ်းချက်များကို ဖတ်ရှုနားလည်ပြီးသည်ဟု ယူဆမည်ဖြစ်သည်။

၁၁) စည်းမျဉ်းစည်းကမ်းများကို MPT မှ အခါအားလျော်စွာ ပြောင်းလဲခွင့်ရှိသည်။

၁၂) အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် MPT ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။