Htaw B x 7 times Pack
ထောဘီ ၇ ဆဆိုတာဘာပါလဲ။
MPT နှင့် KSGM အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း (၇)နှစ်မြောက်ရောက်ရှိခြင်းအထိမ်းအမှတ်အဖြစ် အစဉ်တစိုက် အားပေးကြပါသော MPTသုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ထောဘီ ၇ဆ ပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါသည်။ ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၇ ဆ ပွားကာ ထောဘီ ၇ ဆဖုန်းဘေလ်အဖြစ် ပြောင်းလဲ၍ သတ်မှတ်နှုန်းထားများဖြင့် ဝန်ဆောင်မှုများကို စိတ်တိုင်းကျအသုံးပြုနိုင်မည်ဖြစ်ပါသည်။
ဒေတာ | MPT ဖုန်းများသို့ခေါ်ဆိုရန် | MPT ဖုန်းများသို့စာတိုပေးပို့ရန် |
7.4Ks/MB | 36.8 Ks/min | 20 Ks/SMS |
အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၇ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။
အသေးစိတ် | ထောဘီ ၇ဆ ဖုန်းဘေလ် သက်တမ်း |
---|---|
ပုံမှန်ဖုန်းဘေလ် ၁၁၁၁ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၇၇၇၇ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၁၅ ရက် |
ပုံမှန်ဖုန်းဘေလ် ၂၂၂၂ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၁၅၅၅၄ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၃၀ ရက် |
ပုံမှန်ဖုန်းဘေလ် ၅၅၅၅ ကျပ်ကို ထောဘီ ၇ဆ ဖုန်းဘေလ် ၃၈၈၈၅ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၆၀ ရက် |
ထောဘီ ၇ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။
MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ(သို့)ရှယ်ပြော(သို့)ရွှေစကား) အစီအစဉ်အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။
ထောဘီ ၇ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။
ထောဘီ ၇ ဆ ဖုန်းဘေလ်ကိုအောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူအသုံးပြုနိုင်ပါသည်။
ထောဘီ ၇ဆ ဖုန်းဘေလ် | ထောဘီ ၇ဆ ဖုန်းဘေလ် သက်တမ်း |
ရယူနိုင်သည့်နည်းလမ်းများ | အခြား | |||
---|---|---|---|---|---|---|
SMS | Direct USSD | Common USSD | အခြား | |||
ပုံမှန်ဖုန်းဘေလ် ၁၁၁၁ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၇၇၇၇ ကျပ် | ၁၅ ရက် | Send 1111 to 1332 | *7001# | *700# | MPT4U | *224# |
ပုံမှန်ဖုန်းဘေလ် ၂၂၂၂ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၁၅၅၅၄ ကျပ် | ၃၀ ရက် | Send 2222 to 1332 | *7002# | |||
ပုံမှန်ဖုန်းဘေလ် ၅၅၅၅ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၃၈၈၈၅ ကျပ် | ၆၀ ရက် | Send 5555 to 1332 | *7005# |
ထောဘီ ၇ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။
ထောဘီ ၇ဆ ဖုန်းဘေလ်ကို MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၇ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။
ထောဘီ ၇ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။
ထောဘီ ၇ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။
• ဒေတာ – 7.4Ks/MB (အင်တာနက်အသုံးပြုမှုကို 200KB နှုန်းဖြင့်ကောက်ခံပါမည်)
• MPT ဖုန်းများသို့ခေါ်ဆိုခြင်း – 36.8Ks/min (ဖုန်းခေါ်ဆိုမှုကို ၂၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
• MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – 20Ks/SMS
(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)
ထောဘီ ၇ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။
လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၇ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူအသုံးပြုခြင်းဖြစ်ပါသည်။ MPTဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် အသုံးပြုပါကထောဘီ ၇ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။
ထောဘီ ၇ဆ ဖုန်းဘေလ်ဝယ်ယူထားပြီး အခြားအော်ပရေတာနံပါတ်များသို့ခေါ်ဆိုခြင်း (သို့) အခြားအော်ပရေတာ နံပါတ်များသို့စာတိုပေးပို့ခြင်း (သို့) ပက်ကေ့ချ်နှင့် VAS ဝန်ဆောင်မှုများဝယ်ယူခြင်းတို့ပြုလုပ်လျှင် ဘယ်လိုကျသင့်မှာပါလဲ။
ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ(သို့) ရှယ်ပြော(သို့)ရွှေစကား]အတိုင်း ကျသင့်စေမည်ဖြစ်ပါသည်။
ထောဘီ ၇ဆ ဖုန်းဘေလ် ဘယ်နှကြိမ်ပြောင်းလဲရယူနိုင်ပါသလဲ။ အကြိမ်ကြိမ်ပြောင်းလဲနိုင်မှာပါလား။
အကြိမ်အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပြီး ထောဘီ ၇ဆဖုန်းဘေလ်များပေါင်းစည်းကာ အရှည်ဆုံးသက်တမ်းထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ထောဘီ ၇ဆ ဖုန်းဘေလ်ကိုသုံးပြီး packs တွေဝယ်ယူနိုင်မှာပါလား။
ထောဘီ ၇ဆ ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီ ၇ဆ ဖုန်းဘေလ်ဖြင့် သတ်မှတ်ဝန်ဆောင်မှုများကို သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။