×

Huawei ၏ GR 5 ဖုန်း အသစ်နှင့်အတူ MPT မှ ဆုလက်ဆောင်များ ပေးမည်

19 Dec 2016

(ရန်ကုန်၊ ဒီဇင်ဘာ ၁၉၊ ၂၀၁၆ ခုနှစ်) – ၂၀၁၇ ခုနှစ်ထုတ် မော်ဒယ်မြင့် စမတ်ဖုန်းဖြစ်သည့် Huawei GR5 2017 ကို MPT မှတစ်ဆင့် ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး အများပြည်သူတို့ထံသို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ လ (၁၀) ရက်နေ့တွင် ရောင်းချသွားမည်ဖြစ်သည်။

စတိုင်ကျလှပပြီး အရည်အသွေးမြင့်မားသည့် စမတ်ဖုန်းကို အားလုံးထက်စောစီးစွာ ကိုင်ဆောင်လိုသည့် သုံးစွဲ သူ မိဘပြည်သူများအနေဖြင့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ MPT အမှတ်တံဆိပ် စတိုးဆိုင်များတွင် ပြုလုပ်မည့် အရောင်းပြပွဲများတွင် သွားရောက်ကြည့်ရှု လေ့လာနိုင်ကြမည်ဖြစ်ပါသည်။ အဆိုပါ အရောင်းပြပွဲများကို မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ ပြင်ဦးလွင်၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ်၊ ဘားအံနှင့် တောင်ကြီးမြို့များတွင်လည်း ကျင်းပသွားမည်ဖြစ်ပါသည်။

GR5 ဖုန်းများကို ဆောလျင်စွာ ကြိုတင်မှာကြားမှုများ ပြုလုပ်မည့် သုံးစွဲသူများအတွက် MPT မှ အထူးလက်ဆောင် များကိုလည်း ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ Power Bank တစ်လုံး၊ အကောင်းစား ကျောပိုးအိတ်တစ်လုံး နှင့် အရည်အသွေးမြင့် ဓါတ်ပုံများ၊ ဗီဒီယိုများနှင့် အခြားဒေတာများကို သိမ်းဆည်းရန် အသင့်တော်ဆုံးဖြစ်သော 32GB ပမာဏရှိ SD ကတ်တစ်ခုတို့ကို အခမဲ့ရရှိနိုင်မည်ဖြစ်ပါသည်။

MPT မှ Huawei GR5 2017 အတွက် အထူး Data Package များကို သီးသန့်ဖန်တီးပေးထားပြီး ဖုန်းတိုင်းတွင် ဆင်းမ်ကတ်တစ်ခု ပါဝင်မည်ဖြစ်ကာ သုံးစွဲသူ မှ ၆ လဆက်တိုက် တစ်လလျှင် ကျပ် ၅၀၀၀ ဖုန်းငွေ ဖြည့်သွင်းလျှင် အင်တာနက်ဒေတာ 4GB ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် MPT Special Edition ဖုန်းတွင် သုံးစွဲသူများအဆင်ပြေ လွယ်ကူစေရန်အတွက် MPT4U, Lotaya, Facebook, Viber နှင့် Line အစရှိသည့် အသင့်သုံးစွဲနိုင်သော ဝန်ဆောင်မှုများကိုလည်း ကြိုတင်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ GR5 ဖုန်းသည် အင်တာနက် 4G အသင့်ပါဝင်ပြီးသား ဖြစ်သည့်အတွက် ၂၀၁၇ ခုနှစ်တွင် MPT မှ မိတ်ဆက်မည့် 4G ကွန်ရက်ကို အပြည့်အဝ သုံးစွဲနိုင်သည့် အခွင့်ကောင်းတစ်ခု ရရှိခြင်းပင်ဖြစ်ပါသည်။

ခေတ်ရေစီးကြောင်းနှင့်အညီ နောက်ဆုံးပေါ်ဒီဇိုင်းများကို ကြိုက်နှစ်သက်ပြီး စျေးနှုန်းချိုသာသည့် စမတ်ဖုန်းများကို ရှာဖွေနေသူများအတွက် Huawei မှ GR5 2017 ကို စွမ်းဆောင်ရည်မြင့်မားသော premium ဖုန်းတစ်လုံး၏ specification များနှင့် ဖွဲ့စည်းထားပြီး ဆွဲဆောင်မှုရှိသော သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါသည်။ ကျောဘက်တွင် ကမ္ဘာ့အဆင့်မီ ကင်မရာနှစ်လုံးပါ၀င်ခြင်းကြောင့် အသေးစိတ် (depth of field) မှအစ တိကျသေသပ်လှပသောပုံရိပ်များကို နာမည်ထင်ရှားပြီးဖြစ်သည့် ယခင်က အလားတူ ဖုန်းများထက် ပိုမိုလျှင်မြန်သွက်လက်စွာ ရိုက်ကူးပေးနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် 8MP ရှိသော ရှေ့ကင်မရာပင်ဖြစ်ပြီး မြင်ကွင်းကျယ်ရိုက်ကူးနိုင်မည့် wide-angle lens ပါ၀င်သဖြင့် ဆယ်လ်ဖီများကို အကောင်းမွန်ဆုံးရယူကာ အမှတ်တရ အခိုက်အတန့်များကို သိမ်းဆည်းနိုင်မည် ဖြစ်သည်။ သုံးစွဲသူ၏ မျက်နှာကို မှတ်မိသော Face Recognition နှင့် ရိုက်ကူးပြီးသား ဓာတ်ပုံများကို ပြန်လည်ပြုပြင်နိုင်မည့် retouch software များ ပါ၀င်မှုကြောင့် အကောင်းဆုံးသော ဓာတ်ပုံများကို ဖန်တီးနိုင်စေမည်ဖြစ်ပါသည်။ ထို့အပြင် စျေးနှုန်းသက်သာသည့်အလျောက် အရည်အသွေးပိုင်းတွင် လျော့နည်းသွားခြင်းမရှိဘဲ ကြာရှည်ခံသော ဘက်ထရီသက်တမ်း၊ လက်ဗွေစနစ်ပါ၀င်မှု၊ ပရောဆက်ဆာ မြန်ဆန်မှု၊ ၅.၅ လက်မရှိ အရောင်အသွေး စိုပြေတောက်ပသော HD မျက်နှာပြင်ကျယ် တို့ပါ၀င်သည်ကို အံ့အားသင့်စွာ တွေ့မြင်ရမည်ဖြစ်ပါသည်။
MPT-KSGM မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “စွမ်းဆောင်ရည် ကောင်းမွန်ပြီး စျေးနှုန်းအားဖြင့်လည်း ချိုသာတဲ့ ဒီစမတ်ဖုန်းဟာ MPT ရဲ့ ၀န်ဆောင်မှုများထဲက နောက်ထပ်ပေးသွားမယ့် အံ့အားသင့်ဖွယ် ၀န်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အသုံးပြုသူများအနေနဲ့လည်း GR5 မှာ ပါ၀င်တဲ့ ကင်မရာနှစ်လုံးစနစ်ကို သဘောကျနှစ်ခြိုက်ကြပါလိမ့်မယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားလို့ ဘက်စုံကောင်းမွန်တဲ့ အရည်အသွေးမြင့် စမတ်ဖုန်းတစ်လုံးလို့ ပြောလို့ရပါတယ်။ MPT က ပေးမယ့် ဒေတာလက်ဆောင်ပရိုမိုးရှင်းတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင် Huawei GR5 ဟာ သုံးစွဲသူများ အကြားမှာ အတော်လေး နာမည်ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မရဘူးမဖြစ်ရ လေအောင် ဒီနေ့ပဲ ကြိုတင်အော်ဒါတင်ပြီး လက်ဆောင်ပစ္စည်းတွေကို အခမဲ့ရယူနိုင်ပါပြီ” ဟု ဆိုပါသည်။ 

Huawei GR5 2017 စတင်ရောင်းချခြင်းနှင့် အရောင်းပြပွဲများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ကို MPT ၀က်ဘ်ဆိုဒ်တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

ဆိုင်အမည်တိုင်းဒေသကြီး/ ပြည်နယ်လိပ်စာအရောင်းစသည့် ရက်
Mobile Mall MPT အမှတ်တံဆိပ်ဆိုင်မန္တလေး၈၄ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်။ဒီဇင်ဘာလ ၂၄ ရက်
Mobile Mother လမ်း ၆၀၊ MPT ဆိုင်မန္တလေးလမ်း ၆၀ ထောင့်၊ မနော်ဟရီလမ်း၊ မန္တလေး၊ MPT ဆိုင်ခွဲဒီဇင်ဘာလ ၂၁ ရက်
မြန်မာပိတောက် ကျောက္ကာ၊ MPT ဆိုင်မုံရွာနံပါတ် ၂၀၂၊ ကျောက္ကာလမ်း၊ ရန်ကင်းရပ်ကွက်။ဒီဇင်ဘာလ ၂၄ ရက်
Ecity (ဆူးလေ)ရန်ကုန်ဆူးလေ၊ MPT ဆိုင်။ဒီဇင်ဘာလ ၂၁ ရက်
MEDC MPT အမှတ်တံဆိပ်ဆိုင်၊ တောင်ဥက္ကလာပမြို့နယ်။ရန်ကုန်အမှတ် (၀၀၅)၊ တိုက် (A)၊ ၁၄/၁ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။ဒီဇင်ဘာလ ၂၄ ရက်
Unitel MPT ဆိုင်၊ ရန်ကင်းမြို့နယ်ရန်ကုန်အမှတ် (၁၀၃/၅)၊ ရန်ကင်းလမ်း၊ (၁) ရပ်ကွက်၊ ရန်ကင်းမြို့နယ်။ဒီဇင်ဘာလ ၂၁ ရက်
FPT Mobiltel MPT အမှတ်တံဆိပ်ဆိုင်ရန်ကုန်Hledan Centreဒီဇင်ဘာလ ၂၄ ရက်
Citicom MPT Banana ၊ မြန်မာပလာဇာရန်ကုန်K 101, မြန်မာပလာဇာ၊ ပထမထပ်၊ အမှတ် ၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်။ဒီဇင်ဘာလ ၂၄ ရက်
ပြင်ဦးလွင် MPT အမှတ်တံဆိပ်ဆိုင်ပြင်ဦးလွင်ကြေးနန်းလမ်းနှင့်၊ မန္တလေး – လားရှိုး လမ်းထောင့်၊ မြန်မာ့စီးပွားရေးဘဏ်၊ အမှတ် ၅ ရပ်ကွက်။ဒီဇင်ဘာလ ၂၁ ရက်
မော်လမြိုင် MPT အမှတ်တံဆိပ်ဆိုင်မော်လမြိုင်တိုင်းမန်နေဂျာရုံး၊ MPT၊ သစ်ကယ်ကုန်းရပ်ကွက်၊ မော်လမြိုင်မြို့။ဒီဇင်ဘာလ ၂၁ ရက်
ပဲခူး MPT အမှတ်တံဆိပ်ဆိုင်ပဲခူးရန်ကုန်-မန္တလေးလမ်း၊ နာရီစင်အနီး၊ MPT ခရိုင်မန်နေဂျာရုံးဒီဇင်ဘာလ ၂၁ ရက်
ပုသိမ် MPT အမှတ်တံဆိပ်ဆိုင်ပုသိမ်ခရိုင်မန်နေဂျာရုံး MPT၊ မဟာဗန္ဓုလလမ်း၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့။ဒီဇင်ဘာလ ၂၁ ရက်
ဘားအံ MPT အမှတ်တံဆိပ်ဆိုင်ဘားအံဘားအံစာတိုက်ဝင်း၊ ပဒုမ္မာလမ်း၊ အမှတ် (၁) ရပ်ကွက်။ဒီဇင်ဘာလ ၂၁ ရက်
သင်္ဃန်းကျွန်း  MPT အမှတ်တံဆိပ်ဆိုင်ရန်ကုန်သုမင်္ဂလာလမ်းနှင့် သုမနလမ်းထောင့်၊ သင်္ဃန်းကျွန်းမြို့နယ်။ဒီဇင်ဘာလ ၂၁ ရက်
ပန်းဆိုးတန်း MPT အမှတ်တံဆိပ်ဆိုင်ရန်ကုန်မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်း လမ်းထောင့်၊ ကျောက်တံတားမြို့နယ်။ဒီဇင်ဘာလ ၂၁ ရက်
တောင်ကြီး MPT အမှတ်တံဆိပ်ဆိုင်တောင်ကြီးတိုင်းမန်နေဂျာရုံးအတွင်း၊ ဗိုလ်ချုပ်လမ်း၊ သစ်တော်ရပ်။ဒီဇင်ဘာလ ၂၁ ရက်