×

နိုင်ငံတကာဖုန်းခေါ်ဆိုခြင်းဆိုင်ရာ အမေးအဖြေများ

ပြည်ပခရီးသွားလ ျှင် လက်ရှိသုံးနေသောဖုန်းကို ယူဆောင်အသုံးပြုနိုင်ပါသလား။

ပြည်ပခရီးထွက်ပါက ယခု မိမိလက်ရှိအသုံးပြုနေသောဖုန်းကို ဆက်လက်သုံးစွဲနိုင်ပါပြီ။ GSM နှင့် WCDMA ကြိုတင်ငွေဖြည့်သုံးစွဲသူများမှာ ဖုန်းခေါ်ဆိုခြင်း၊စာတိုပေးပို့ခြင်းတို့ကို လုပ်ဆောင်နိုင်ပါပြီ။ ဝန်ဆောင်မှုအား လေ ျှာက်ထားရန် မလိုအပ်ပါ။ နိုင်ငံရပ်ခြားရောက်ရှိစဉ်         ဝန်ဆောင်မှုအား အသုံးပြုပါက မိမိနိုင်ငံတွင်း ကောက်ခံသည့်နှုန်းထားများနှင့် မတူညီပါ။

ပြည်ပနိုင်ငံတွေမှာ မိုဘိုင်းဖုန်းအသုံးပြုခြင်းအတွက် နှုန်းထားတွေ ဘယ်လောက် သတ်မှတ်ထားပါသလဲ။အမ်ပီတီကဒ်တွေကို ဘယ်နိုင်ငံတွေမှာ အသုံးပြုလို့ ရပါသလဲ။

နိုင်ငံတကာဖုန်းခေါ်ဆိုမှုနှုန်းထားတွေနဲ့ ဖုန်းကဒ်အသုံးပြုနိုင်တဲ့နိုင်ငံအမည်တွေကို အမ်ပီတီဝက်ဆိုက်ရဲ့ နိုင်ငံတကာခေါ်ဆိုမှုဆိုင်ရာ စာမျက်နှာမှာ ဖော်ပြပေးထား ပါတယ်။http://mpt.com.mm/mm/home-mm/mobile-services-mm/roaming-international-calls-mm/  မှာ ကြည့်ရှုနိုင်ပါတယ်။

နိုင်ငံတကာဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုကို အသုံးပြုရာမှာ (အိမ်) ကြိုးဖုန်းကို ဘယ်လိုခေါ်ရမလဲ။

International Call Prefix ဒါမှမဟုတ် (+) ၊ (နိုင်ငံဆိုင်ရာ ကုတ် နံပါတ်) နဲ့ (ဒေသဆိုင်ရာကုတ်နံပါတ်ကို သုညမပါဘဲနှိပ်ပြီး) (ဒေသဆိုင်ရာ နံပါတ်)  ကိုနှိပ်ခြင်းဖြင့် ခေါ်ဆိိုနိုင်ပါတယ်။ ဥပမာ- မြန်မာနိုင်ငံ၊ မန္တလေးမြို့ကို ခေါ်မယ်ဆိုရင်  (၀၀ ဒါမှမဟုတ် +)၊ (၉၅)၊ (၂) နဲ့ (ဒေသဆိ်ုင်ရာနံပါတ်)ကို ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံက Ang Mo Kio ကို ခေါ်မယ်ဆိုရင် (၀၀ ဒါမှမဟုတ်  +) ၊(၆၅)၊ (၆၄၅) နဲ့ (ဒေသဆိုင်ရာနံပါတ်) ကို ခေါ်ဆိုရမှာပါ။

တစ်ယောက်ယောက်ဆီကို ဖုန်းခေါ်လိုက်တဲ့အခါမှာ တစ်ဖက်က ဖုန်းခေါ်ဆိုမှုကို ပြန်မဖြေဘဲ voice mail ဒါမှမဟုတ် ဖုန်းဖြေကြားစက် (answering machine)နဲ့ ဖုန်းလက်ခံထားလိုက်ရင် ဖုန်းခေါ်ဆိုခပေးဆောင်ရမှာလား။

machineဟုတ်ကဲ့၊ဖုန်းခေါ်ဆိုခ ပေးရမှာပါ။ လူကြီးမင်းရဲ့ ဖုန်းခေါ်ဆိုမှုကို voice mail ဒါမှမဟုတ် ဖုန်းဖြေကြားစက်က လက်ခံလိုက်ရင် ဖုန်းလက်ခံပြန်ကြားချိန်ပေါ်မူတည်ပြီး ၀န်ဆောင်ခ ပေးဆောင်ရမှာဖြစ်ပါတယ်။

နိုင်ငံတကာဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုကနေ ဘယ်လိုဝန်ဆောင်မှုတွေ ရယူနိုင်ပါသလဲ။

ရယူနိုင်တဲ့ ၀န်ဆောင်မှုတွေကတော့ နိုင်ငံတွေနဲ့ အော်ပရေတာတွေပေါ် မူတည်ပြီး တစ်ခုနဲ့တစ်ခု မတူပါဘူး။ ရနို််င်တဲ့ ၀န်ဆောင်မှုတွေအတွက် အမ်ပီတီရဲ့ အော်ပရေတာ စာရင်းကို http://mpt.com.mm/wp-content/uploads/ 2016/08/ Outbound-Roaming-Operator-List-Eng.pdf  မှာ ကြည့်ရှုနိုင်ပါတယ်။

နိုင်ငံတကာဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုကို အသုံးပြုရာမှာ ငွေဘယ်လို့ ဖြည့်ရမှာလဲ။

စီဘီဘဏ် ငွေဖြည့်ဝန်ဆောင်မှု ဒါမှမဟုတ် credit transfer/top up transfer ကနေ တဆင့် လူကြီးမင်းအတွက် ငွေဖြည့်ပေးနိုင်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အသိမိ်တ်ဆွေတစ်ဦးဦး ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးကို အကူအညီတောင်းရမှာဖြစ်ပါတယ်။ အမ်ပီတီရဲ့ နိုင်ငံတကာ ဖုန်းခေါ်ဆိုခြင်းဝန်ဆောင််မှုကို  ပြည်ပနိုင်ငံတစ်ခုခုကနေ အသုံးပြုမယ််ဆိုရင် လူကြီးမင်းရဲ့ ဖုန်းဘေလ်မှာ အနည်းဆုံး ကျပ် ၂၀,၀၀၀ဖြည့်ဖို့ အကြံပြုပါရစေ။

Data Roaming Service ဆိုတာဘာပါလဲ။

Data Roaming Service ဆိုတာ တခြားနိုင်ငံက မိုဘိုင်းလ် ၀န်ဆောင်မှုကုမ္ပဏီ တစ်ခုခုရဲ့ ကွန်ယက်မှာ သင့်ရဲ့ မိုဘိုင်းလ်ဖုန်းကို အသုံးပြုနိုင်စေမယ့်ဝန်ဆောင်မှုပါ။  ဒီဝန်ဆောင် မှုကြောင့် သင်ပြည်ပနိုင်ငံတစ်ခုခု ရောက်နေတဲ့အချိန်မှာလည်း  MPT ကွန်ရက် အသုံးပြု အင်တာနက်ဆက်သွယ်မှု လိုအပ်တဲ့  အင်တာနက်နဲ့  Application တွေကို အသုံးပြုနိုင်သလို MPT အင်တာနက်ကွန်ရက်ပေါ်မှာ ဆက်ပြီးရှိနေနို်င်စေမှာပါ။ ဒီဝန်ဆောင်မှုအတွက် ကျသင့်ငွေကို MPT ကသုံးစွဲသူထံမှ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

အမ်ပီတီရဲ့ ကြိုတင်ငွေဖြည့်စနစ်သုံးဆင်းမ်ကတ် နဲ့ လစဉ်ပေးစနစ်သုံး ဆင်းမ်ကတ်တွေ မှာ International Roaming Service ကိုရယူဖို့ ၀န်ဆောင်မှုလျှောက်ထားရန် (သို့) activate လုပ်ရန် လိုအပ်ပါသလား။

ကြိုတင်ငွေဖြည့်စနစ်သုံးဆင်းမ်ကတ်အသုံးပြုသူတွေကတော့ ၁၃၃၂ သို့ RMDON ဟု စာတိုပေးပို့ပြီး ၀န်ဆောင်မှုကို ရယူနိုင်ပါတယ်။ဒီဝန်ဆောင်မှုကို ပိတ်ချင်တယ်ဆိုရင်  ၁၃၃၂ သို့ RMDOFF ဟု စာတိုပေးပို့ရမှာပါ။ လစဉ်ပေးစနစ်သုံးဆင်းမ်ကတ် အသုံးပြုသူ တွေကတော့  MPT အမှတ်တံဆိပ်ဆိုင်တွေကနေတဆင့် လျှောက်ထားရမှာပါ။ Corporate Post Paid  သုံးစွဲသူတွေကတော့ သက်ဆိုင်ရာ B2B မန်နေဂျာကဆင့် ဆက်သွယ် လျှောက်ထားနိုင်ပါတယ်။

International Roaming Service ဆိိုုတာဘာလဲ။

International Roaming Service ဆိုတာ တခြားနိုင်ငံက မိုဘိုင်းအော်ပရေတာ ကွန်ယက်တစ်ခုခုမှာ လူကြီးမင်းရဲ့ဖုန်းကို အသုံးပြုနိုင်အောင် စီစဉ်ပေးထားတာပါ။ဒီဝန်ဆောင်မှုဟာ လူကြီးမင်းတို့ ပြည်ပနို်င်ငံတစ်ခုခုမှာ ရောက်နေတဲ့အချိန် မြန်မာနို်င်ငံက ဒါမှမဟုတ် တခြားပြည်ပနိုင်ငံတစ်ခုခုမှာရှိနေတဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို ဖုန်းဆက်နိုင်အောင် စီစဉ်ပေးထားတာပါ။ ဒီဝန်ဆောင်မှု အတွက် သုံးစွဲသူတွေဆီကနေ ၀န်ဆောင်ခကို အမ်ပီတီက ကောက်ခံသွားမှာပါ။

တခြားနိုင်ငံတွေမှာ မိုဘိုင်းဖုန်းတွေကိုသုံးစွဲရာမှာ ဖုန်းအဝင်လက်ခံခြင်း နဲ့ အဝင် မက်ဆေ့ချ်တွေအပေါ်မှာ ၀န်ဆောင်ခကောက်ခံပါသလား။

ဖုန်းအဝင်လက်ခံခြင်းအတွက် ၀န်ဆောင်ခကောက်ခံပါတယ်။မက်ဆေ့ချ်အဝင် လက်ခံခြင်းအတွက်တော့ ၀န်ဆောင်ခ မပေးရပါဘူး။  ဒါပေမဲ့  ပြည်ပနို်င်ငံမှာ မ်ိုဘိုင်းဖုန်းကို အသုံးပြုနေတဲ့အချိန် မက်ဆေ့ချ်ပို့ခဲ့မယ်ဆိုရင်တော့ ၀န်ဆောင်ခ ပေးဆောင်ရမှာပါ။

နိုင်ငံတကာဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုကို အသုံးပြုရာမှာ မိုဘိုင်းဖုန်းတွေကို ဘယ်လိုခေါ်ရမလဲ။

(IDD) ဒါမှမဟုတ် (+)၊ (နိုင်ငံဆိုင်ရာကုတ်) နဲ့ (မိုဘိုင်းဖုန်းနံပါတ်ကို အရှေ့ဆုံးက သုည မပါဘဲ) နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။ဥပမာ- မြန်မာမိုဘိုင်းဖုန်းနံပါတ်ကို ခေါ်မယ်ဆိုရင်  (၀၀ ဒါမှမဟုတ် +)၊ (၉၅) နဲဲ့ (မိုဘိုင်းဖုန်းနံပါတ်ကို အရှေ့ဆုံးက သုညမပါဘဲ) ခေါ်ဆိုရမှာပါ။ စင်ကာပူမိုဘိုင်းဖုန်းကို ခေါ်မယ်ဆိုရင်  (၀၀ ဒါမှမဟုတ် +)၊ (၆၅) နဲ့ (မိုဘိုင်းဖုန်းနံပါတ်ကို ရှေ့ဆုံးက သုညမပါဘဲ )ခေါ်ဆိုရမှာပါ။

တစ်ယောက်ယောက်ကို ဖုန်းခေါ်လိုက်တဲ့အခါ တစ်ဖက်က ပြန်မခေါ်တဲ့အတွက် ( miss call) ဖြစ်သွားခဲ့ရင် ဖုန်းခေါ်ဆိုခ ပေးဆောင်ရပါသလား။

တစ်ဖက်က ဖုန်းလက်ခံခြင်းမရှိဘဲ (Miss call) ဖြစ်သွားတဲ့အတွက် ဖုန်းခေါ်ဆိုခ ပေးစရာ မလိုပါဘူး။

အမ်ပီတီရဲ့ Prepaid နဲ့ Postpaid ကဒ်တွေအတွက် နိုင်ငံတကာဖုန်းခေါ်ဆိုခြင်း ၀န်ဆောင်မှုကို လျှောက်ထားတာတို့၊ ၀န်ဆောင်မှုစတင်ဖို့ activate လုပ်တာတို့ လိုအပ်ပါသလား။

ဟုတ်ကဲ့၊  Prepaid အသုုံးပြုသူတွေကတော့  ၁၃၃၂ကို <RMV ON> လို့ ရိုက်ပို့ပေးဖို့ လိုပါတယ်။Post paid အသုံးပြုသူတွေကတော့  အမ်ပီတီဆိုင် ( MPT brand shop) တွေမှာ ၀န်ဆောင်မှုကို တောင်းခံဖို့လိုပါတယ်။ Corporate Post Paid သုံးစွဲသူတွေ ကတော့ account manager တွေကို ဆက်သွယ်နိုင်ပါတယ်။

အမ်ပီတီရဲ့ Prepaid နဲ့ Postpaid ကဒ်တွေအတွက် နိုင်ငံတကာဖုန်းခေါ်ဆိုခြင်း ၀န်ဆောင်မှုကို လျှောက်ထားတာတို့၊ ၀န်ဆောင်မှုစတင်ဖို့ activate လုပ်တာတို့ လိုအပ်ပါသလား။

ဟုတ်ကဲ့၊  Prepaid အသုုံးပြုသူတွေကတော့  ၁၃၃၂ကို <RMV ON> လို့ ရိုက်ပို့ပေးဖို့ လိုပါတယ်။Post paid အသုံးပြုသူတွေကတော့  အမ်ပီတီဆိုင် ( MPT brand shop) တွေမှာ ၀န်ဆောင်မှုကို တောင်းခံဖို့လိုပါတယ်။ Corporate Post Paid သုံးစွဲသူတွေ ကတော့ account manager တွေကို ဆက်သွယ်နိုင်ပါတယ်။

Data roaming ၀န်ဆောင်မှုအတွက် ၀န်ဆောင်ခကို ဘယ်လောက်သတ်မှတ်ထား ပါသလဲ။ဒီဝန်ဆောင်မှုကို အမ်ပီတီဆင်းမ်ကတ်နဲ့ ဘယ်နိုင်ငံတွေမှာ အသုံးပြုနိုင်ပါသလဲ။

ကျွန်တော်တို့ရဲ့ Roaming နှင့် နိုင်ငံတကာခေါ်ဆိုမှု စာမျက်နှာမှာ ၀န်ဆောင်ခနဲ့ ၀န်ဆောင်မှု အသုံးပြုနိုင်တဲ့နို်င်ငံတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဖော်ပြပေး ထားပါတယ်။http://mpt.com.mm/mm/home-mm/mobile-services-mm/roaming-international-mm/ မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

ပြည်ပရောက်စဉ် အမ်ပီတီဖုန်းကတ်အသုံးပြုချိန်မှာ ငွေဘယ်လိုဖြည့်ရမှာပါလဲ။

မြန်မာနိုင်ငံမှာရှိနေတဲ့ မိတ်ဆွေ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးရဲ့အကူအညီနဲ့ CB ဘဏ်ရဲ့ငွေဖြည့်ဝန်ဆောင်မှု ဒါမှမဟုတ် credit transfer/top up transfer  ကနေတဆင့်  ငွေဖြည့်နိုင်ပါတယ်။ ပြည်ပနိုင်ငံမှာ  MPT ရဲ့  Data Roaming  ၀န်ဆောင်မှုတွေကို အသုံးပြုဖို့အတွက် သင့်ရဲ့ဖုန်းထဲမှာ အနည်းဆုံး ကျပ်၃၀,၀၀၀ ဖြည့်ဖို့တော့ လိုပါတယ်။