×

Joint Operations (JO) ၏ (၇) နှစ်မြောက်သို့ ရောက်ရှိခြင်း အထိမ်းအမှတ်အဖြစ် MPT ကို အစဉ်တစိုက် သုံးစွဲသူများအတွက် “(၇) နှစ်မြောက် ကျေးဇူးတုံ့ပြန် ကံစမ်းပွဲ” အထူးအစီအစဉ် ပြုလုပ်

17 Aug 2020

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ ၁၇ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ဂျပန် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့ ပူးပေါင်း ဆောင်ရွက်ထား သည့်   KDDI Summit Global Myanmar (KSGM) တို့၏ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် Joint Operations (JO)  အဖြစ်  လုပ်ငန်းပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတစ်ဝန်းရှိ မြန်မာပြည်သူ ပြည်သားများ၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုက်အဝန်းများအတွက် အကောင်းဆုံးသော တယ်လီကွန်း ဆက်သွယ်ရေး ဝန်ဆောင်မှု များ ပေးအပ်ခြင်း (၇) နှစ်မြောက်သို့ရောက်ရှိလာပြီး မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီ ဖြစ်သည်။

ယခုကဲ့သို့ မှတ်တိုင်သစ် စိုက်ထူနိုင်ခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းမှ အစဉ်တစိုက် သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သည့် “၇ နှစ်မြောက် ကျေးဇူးတုံ့ပြန် ကံစမ်းပွဲ” အထူးအစီအစဉ်ကို စတင်လိုက်ပြီဖြစ်သည်။ အဆိုပါ အစီအစဉ်ကို MPT GSM/WCDMA ကြိုတင်ငွေ့ဖြည့်ကတ်စနစ် သုံးစွဲသူများအနေဖြင့် မည်သည့် နည်းလမ်း (USSD/ E Top-Up/ DMS/ SDP/ MPT4U/ Mobile Money) ကိုမဆို အသုံးပြုပြီး ငွေကျပ် ၁, ၀၀၀ နှင့်အထက် ဖုန်းဘေလ် ဖြည့်လိုက်ရုံဖြင့် စုစုပေါင်း မြန်မာကျပ် သိန်းပေါင်း တစ်သောင်းကျော်နှင့် ညီမျှသော ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆုလက်ဆောင်များ ရယူနိုင်မည့် အခွင့်အရေး ရရှိကံထူးနိုင်မည်ဖြစ်သည်။

သုံးစွဲသူများသည် နေ့စဉ်ဆုလက်ဆောင်များနှင့် အပတ်စဉ် ဆုကြီးများကို ရယူပိုင်ဆိုင်နိုင်ရန် နည်းလမ်းများစွာဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဖုန်းဘေလ် ကျပ် ၁, ၀၀၀ ဖြည့်သွင်းမှုတိုင်းအတွက် Chance (၁)ခုကို ရရှိမည်ဖြစ်ပြီး MPT4U app ထဲရှိ “Top up Hti Pauk” ၌ Chance များဖြင့် ကံစမ်းခွင့်ရရှိမည်ဖြစ်ပြီး 777GB အထိ ဒေတာ လက်ဆောင်များကို ချက်ချင်း ရယူကံထူးနိုင်မည် ဖြစ်သည်။

ထို့အပြင် သုံးစွဲသူများအနေဖြင့် MPT4U app ထဲရှိ “Top-Up Hti Pauk” မှတစ်ဆင့် စိတ်လှုပ်ရှားဖွယ်ကောင်းသော  အထူးဆုကြီးများကို ကံထူးနိုင်သည့် “Ticket” များကို လက်ခံရရှိမည်ဖြစ်ပြီး အပတ်စဉ် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့်ရရှိမည် ဖြစ်သည်။ စိတ်လှုပ်ရှားဖွယ် ကံစမ်းနိုင်သည့်ဆုကြီးများကို   အပတ်စဉ် တနင်္လာနေ့တိုင်း MPT ၏ တရားဝင်  ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာတို့တွင် ကြေညာပေးသွားမည် ဖြစ်သည်။

အဆိုပါ အထူးကံစမ်းမဲ အစီအစဉ်ကို ၂၀၂ဝ ပြည့်နှစ် ဩဂုတ်လ ၁၇ ရက်မှ အောက်တိုဘာလ ၂၅ ရက် အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် ဖုန်းဘေလ်များများဖြည့်ပါက “Chance” များများ ရရှိကံစမ်း နိုင်မည်ဖြစ်ပြီး ဖုန်းဘေလ်ဖြည့်သွင်းခြင်းကို အကန့်အသတ်မရှိ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ စိတ်လှုပ်ရှားဖွယ် အထူးဆုကြီးများ၏ အပတ်စဉ် ကံထူးသူများစာရင်းကို ပရိုမိုးရှင်းသီတင်းပတ်အပြီး နောက်တစ်ပတ် စနေနေ့တွင် MPT ၏ တရားဝင်  Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်ဖြစ်သည်။ ပထမဉီးဆုံး ရက်သတ္တပတ်၏ ကံထူးဆုကို ငွေသားဖြင့် ချီးမြှင့်သွားမည် ဖြစ်ပြီး ကံထူးရှင် (၁) ဉီးလျှင် ငွေသား ကျပ်(၇) သန်းဖြင့် (၇) ဉီး ကံထူး ရရှိနိုင်မည် ဖြစ်သည်။ ကျန်သည့် ရက်သတ္တပတ် (၉) ပတ်အတွက် သုံးစွဲသူများသည် အပတ်စဉ်တိုင်းတွင် အဆိုပါ ဆုနှင့် ညီမျှသည့် (သို့မဟုတ်) ပိုပြီး တန်ဖိုးကြီးသည့် ဆုများကံထူးနိုင်မည့် အခွင့်အရေးကို ရရှိနိုင်မည် ဖြစ်သည်။

ထို့အပြင် MPT Club အဖွဲ့ဝင်များသည် ကံစမ်းမဲ အစီအစဉ် ကာလအတွင်း လစဉ် ၅၊ ၁၅၊ ၂၅ ရက် (Lucky 5 နေ့များ) တို့တွင် ‌ဖုန်းငွေဖြည့်သွင်းသည့် အကြိမ်တိုင်းအတွက် “Chance” တစ်ခုကို ထပ်ဆောင်း ရရှိနိုင်မည်ဖြစ်သည်။

“၇ နှစ်မြောက် ကျေးဇူးတုံ့ပြန် ကံစမ်းပွဲ” အထူးအစီအစဉ် မိတ်ဆက်ခြင်းနှင့် ပတ်သက်၍ MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima က “မြန်မာ့ဆက်သွယ်ရေး လောကမှာ Joint Operations အနေနဲ့ ဝန်ဆောင်မှုပေးနေတာ (၇) နှစ်ထဲကို ရောက်ရှိလာတဲ့ အထိမ်းအမှတ်အဖြစ် MPT ကို အစဉ်တစိုက် သုံးစွဲသူတွေအားလုံးကို ကျွန်တော်တို့အနေနဲ့ ပြန်လည်ကျေးဇူးတုံ့ပြန်ချင်ပါတယ်။ ဒါကြောင့် စုစုပေါင်း မြန်မာကျပ် သိန်းပေါင်း တစ်သောင်းကျော်နဲ့ ညီမျှတဲ့ 777 GB အထိဒေတာအပိုလက်ဆောင်တွေ နဲ့ တယ်လီကွန်း ဆုတွေမဟုတ်တဲ့ အထူးလက်ဆောင်ဆုကြီးတွေကို ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ ဒါဟာ MPT ကို အစဉ်တစိုက် သုံးစွဲသူတွေကို တန်ဖိုးထားပြီး ကျေးဇူးတင်ရှိကြောင်း ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဟု ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ဂျပန် အခြေစိုက်ကုမ္ပဏီကြီးများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့ ပိုင်ဆိုင်သည့် KDDI Summit Global Myanmar (KSGM) နှင့် MPT တို့ လုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်းအတွက် သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ လုပ်ငန်းပူးပေါင်း ဆောင် ရွက်မှု JO ၏ အဓိကရည်ရွယ်ချက်မှာ သုံးစွဲသူများအတွက် အကောင်းဆုံးသော မြန်နှုန်းမြင့်ဝန်ဆောင်မှုနှင့် ကောင်း မွန်ခိုင်မာသည့် ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ အခြေခံအဆောက်အဦများ ကမ်းလှမ်းပေး အပ်နိုင်ရန် ဖြစ်သည်။

ယနေ့တွင် MPT သည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးစျေးကွက် တိုးတက်မှုကို ဉီးဆောင်လျက်ရှိပြီး အရေးပါသည့် နေရာများတွင် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်မှုများနှင့် ကွန်ရက်လွှမ်းခြုံမှုများကို ပံ့ပိုးပေးခြင်းဖြင့် “မြန်မာပြည်နှင့် အတူရှိနေမည့် MPT” ဆိုသည့် ဆောင်ပုဒ်ပါ ကတိကဝတ်အတိုင်း ဆောင်ရွက်လျက်ရှိနေပါသည်။

MPT သုံးစွဲသူများအနေဖြင့် MPT4U App ကို *4040# သို့ခေါ်ဆိုကာ ဒေါင်းလုတ်ရယူနိုင်သည့် အပြင် iOS နှင့် Android ဗားရှင်းများအတွက် https://bit.ly/MPT4Ufree လင့်ခ်မှလည်း တိုက်ရိုက် ဒေါင်းလုတ်ရယူနိုင်ပါသည်။ MPT Club သို့ ဝင်ရောက်လိုပါက *345# သို့ ဖုန်းခေါ်ဆို၍ လည်းကောင်း၊ 345 သို့ “REG M” (သို့) “REG F” ဟု စာတိုပေးပို့၍သော်လည်းကောင်း ၊  MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် စာရင်းသွင်း၍ သော်လည်းကောင်း ပြုလုပ်နိုင်မည်ဖြစ်သည်။

MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာ နိုင်ပါသည်။